မိုးပြာ နဂါး သခင်။
Vol. 118 Ch. 1643
ကျန့်လင်း စကား ကြောင့် လင်းယွန်မှာ၊ အံ့သြ သွား၏။ မိုးပြာ နဂါး သခင်ပင် မမြင်ဖူး ခဲ့သော ဤထီးမှာ၊ မည်မျှ တန်ခိုးထွား မည်ကို သိချင်လာ တော့သည်။
“ ဒီထီးက ... အရမ်း အစွမ်းထက် တာလား။ ”
“ ဟုတ်တယ် ... အဲဒီတုန်း ကသာ ... ၊ ငါနဲ့ အတူ ရှိနေရင်၊ သူတို့ကို ပိုသတ်နိုင် လိမ့်မယ်။ ”
“ နတ်ဘုရား လက်ရာတွေ မရှိ ဖူးလား။ ”
လင်းယွန် မေးခွန်းကြောင့်၊ ကျန့်လင်းက သူ့အား ခေါင်း ခေါက်လိုက်ပြီး၊ အထင် အမြင် သေးစွာဖြင့်၊
“ မင်းက ဘာကောင်လဲ၊ ခွန်လွန်မှာ နတ်ဘုရား လက်ရာ ဆယ်ပါးပဲ ရှိတယ်၊ နတ် ဘုရား လက်ရာကို အသုံးပြု ခြင်းက၊ အရမ်း ပေးဆပ် ရတယ်၊ ...
... ဒီထီး ကတော့ ငါ့မျိုးရိုးရဲ့ အုပ်စိုးရှင် လက်ရာမို့၊ အဲဒီလောက် အားစိုက် စရာ မလိုပဲ၊ နတ်ဘုရား လက်ရာ တွေကို ယှဉ်နိုင်တယ်။
မိုးပြာ နဂါး နေ-လ ထီးသည်၊ မိုးပြာ နဂါး မျိုးနွယ်စု လက်ထဲ၌ နတ်ဘုရား လက်ရာ နီးပါး အစွမ်းထက် သည်ဟု အဓိပ္ပါယ် ရ၏။
ထို့ကြောင့် ပထမ တံဆိပ်ကို ဖျက်နိုင် သော်မှ၊ လင်းယွန် လက်၌ တင်းပုတ် ကဲ့သို့သာ ရန်သူ များကို၊ ရိုက်နိုင် ခဲ့သည်။
“ ဘာတွေ ... တွေးနေ တာလဲ။ ”
“ အစ်ကို ကျန့် ထီးပေါ်က တံဆိပ်ကို ဖျက်ပေးမှ ဖြစ်မယ်၊ မဟုတ်ရင် ကျွန်တော့် လက်မှာ၊ ဂုဏ်ယူ ရတဲ့ ဒီထီးက၊ တင်းပုတ် တစ်လက်နဲ့ ခြားမှာ မဟုတ်ဘူး၊ ဒါက လူ ရယ်စရာ မဟုတ်လား။ ”
လင်းယွန်က ပြုံးကာ ပြောလိုက်သည်။
“ ဟား ဟား ဟား ... ကောင်းပြီ၊ သေချာ ကြည့်ထား၊ ကန့်သတ်ချက်ကို ဖျက်လိုက်မယ် နေ-လ ရောင်ခြည်တော်။ ”
ထီး ပွင့်လာသော အခါ၊ အရွက် ပေါ်တွင် ရေးထွင်း ထားသည့် ဘုန်း နေမင်းနှင့် ဘုန်း လမင်း ဝိညာဉ်များ အသက်ဝင် လာသည်။
ကောင်းကင် (၃၆) လွှာ၊ ဖွင့်လိုက် သလို ခံစား လိုက်ရ၏။ နေနှင့် လ လှည့်ပတ် လာပြီး၊ လေဟာနယ် ကွဲအက် သွားသည်။
လင်းယွန်က သူ့လက်ကို ဆန့်ကာ ကျန့်လင်းကို တို့ထိ ကြည့်၏။ ထိတော့မည့် အချိန်၌ အာကာပြင် ကွဲထွက် သွားကာ၊ ထိ၍ မရ တော့ချေ။
“ ဒါက မထူးဆန်း ပါဘူး၊ ငါ့ အဆင့် ရောက်ရင်၊ အာကာပြင်ကို မင်း ဆန္ဒ အတိုင်း ထိန်းချုပ် နိုင်လိမ့်မယ်၊ နေနဲ့ လကို လှည့်ပတ် နိုင်သရွေ့၊ ဘယ်သူမှ မင်းကို ထိလို့ မရဘူး။ ”
ကျန့်လင်းက ပြုံးကာ ဆိုလိုက်သည်။
“ ဖွင့် ... ။ ”
ပြီးသည်နှင့် နောက် တစ်ဆင့်ကို ချိုးဖြတ် လိုက်ရာ၊ နေနှင့်လ အထက်တွင် ကြယ်ရောင်စုံ ကောင်းကင်ကြီး ပေါ်လာသည်။
နေ-လ ထီးမှ မိုးပြာ နဂါး ကိုးကောင် ပျံထွက် လာသည်။ ၎င်းမှာ မဟာ သူတော်စင် အဆင့်၊ နဂါး ဝိညာဉ်များ ဖြစ်၏။
“ ဒီနဂါး တွေရဲ့ စွမ်းအားက မင်းရဲ့ သိုင်းရည်ရွယ်ချက် အပေါ်မှာ မူတည်တယ်၊ သိုင်း ရည်ရွယ်ချက် အားကောင်းရင်၊ ပို ကြောက်စရာ ကောင်းမယ်၊ ...
... ကောင်းကင် အမိုး ဓားနဲ့ဆို ... ၊ နဂါး တွေက လောက နိယာမ နယ်ပယ် စွမ်းအားကို ထုတ်လွှတ် နိုင်တယ်၊ ဓား ရည်ရွယ်ချက် ကိုသာ အထွတ် အထိပ် အထိ၊ ထုတ်ဖော် နိုင်ခဲ့ရင် ကောင်းကင် သခင် အဆင့်ထိ ရနိုင်တယ်။ ”
ထိုစွမ်းအားသည် အနည်းငယ် ကြောက်စရာ ကောင်း သောကြောင့် လင်းယွန် တစ်ယောက် မျက်လုံး ပြူး သွားသည်။
“ ဒါပေမယ့် ... မင်းရဲ့ လက်ရှိ ကျင့်ကြံမှု အရဆိုရင်၊ ဒါကို ... ကောင်းကောင်း ထိန်းချုပ် နိုင်မှာ မဟုတ်ဘူး။ ”
“ အစ်ကိုကျန့် အဆင့်နဲ့ ဆိုရင်ရော။ ”
“ အထွတ် အထိပ် သူတော်စင် နယ်ပယ်၊ နဂါး ကိုးကောင် ပေါင်းစပ် လိုက်ရင်၊ ဧကရာဇ် နယ်ပယ်၊ ဒါပေမယ့် ... ငါက မိုးပြာ နဂါး သခင် မို့ပဲ။ ”
ကျန့်လင်းက ဂုဏ်ယူစွာ ပြုံးလိုက် ပြီးနောက်၊ ထီးကို ပိတ်ကာ ပြန်ပေး လာ၏။
“ ကောင်းကောင်း အသုံး ချပါ။ ”
“ အစ်ကို ကျန့် ... ကြိုက်ရင် ယူလိုက်လေ။ ”
“ မင်းက အရူးလား၊ ဘာတွေ ပြောနေ တာလဲ၊ ကောင်းကောင်း သိမ်းထား၊ တံဆိပ် သုံးခုကို ငါ ပြန်ပြင် ပေးပြီးပြီ၊ စောစောက မင်းကို ပေးစရာ ... ဘာတစ်ခုမှ မကျန် တော့လို့ ငါ စိတ်ရှုပ် နေတာ၊ အခု အဆင် ပြေပြီ။ ”
“ တတိယ တံဆိပ် ရော ဖွင့်လိုက် တာလား။ ”
လင်းယွန်က ထီးကို ပြန်ယူကာ မေးသည်။
“ ဟုတ်တယ်၊ ဒါပေမယ့် ဒီနေရာမှာ၊ ငါထုတ်ပြလို့ မရဘူး ... ၊ တတိယ တံဆိပ်က ကောင်းကင် (၃၆) လွှာကို ခွဲပြီး၊ မိုးပြာ နဂါး နက္ခတ်ကို ဆင့်ခေါ် ခြင်းပဲ၊ တကယ့် ကြယ်စု နော် ၊ ဖြစ်စဉ် မဟုတ်ဘူး၊ ကဲ့ ... စမ်းကြည့် ပါဦး။ ”
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်က ထီးအား ဆုပ်ကိုင်ပြီး၊ နဂါး ရူရ်များ လောင်းထည့် လိုက်သည်။ ရုတ်တရက် သူ့ရှေ့ရှိ အရာ အားလုံး ပျောက်ကွယ် သွား၏။
ကောင်းကင်၌ များပြား လှသော ကြယ်စု ကြယ်ဝေးကြီး အဖြစ် ကြယ်များ စုဝေး နေသည် ကို၊ မြင်လာ ရသည်။
ယင်းက မျက်လုံး တစ်စုံ မျှသာ ဖြစ်၏။ သို့တိုင်မှ ၎င်းအောက်တွင် ရပ်နေသော သူ့ကိုယ် သူ၊ သေးနုပ် လှ သည်ဟု၊ ခံစား ရစေသည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
ထိုအချိန်တွင် နားထဲသို့ တိုးညှင်းသော အသံဝင် လာပြီး ဝိညာဉ်ကို ပုတ်နိုး ခံလိုက်ရ သည်။ လက်တွေ့ ဘဝ ပြန်ရောက် သည်နှင့် ပြုံးနေသော ကျန့်လင်းကို မြင်သည်။
“ မင်း ... ဘာတွေ့လဲ။ ”
“ မိုးပြာ နဂါး ... ။ ”
လင်းယွန်မှ ပြန်ဖြေ၏။
“ စောစောက မင်းရဲ့ ဝိညာဉ်က ခန္ဓာ ကိုယ်ကို စွန့်ခွာ သွားတယ်၊ ဒါက ထင်မှတ်မှား နေတာ မဟုတ်ဘူး၊ မင်း တကယ် မြင်ခဲ့တာ၊ အခု ဒီထီးမှာ မင်း အတွက် ကန့်သတ်ချက် မရှိတော့ဘူး၊ ...
... ထီးကို ဖွင့်လိုက် တာနဲ့၊ မိုးပြာ နဂါး နက္ခတ် နဲ့မင်း၊ အပြန် အလှန် မြင်နိုင် လိမ့်မယ်၊ အုပ်စိုးရှင် လက်နက် တိုင်းကို၊ သက်ဆိုင်ရာ အုပ်စိုးရှင် ကြယ်စုက၊ ...
... အသိ အမှတ် ပြုမိဖို့ လိုတယ် ... ၊ မဟုတ်ရင် သူတို့ တန်ခိုးကို ယူသုံးခွင့် မရ နိုင်ဘူး။ ”
လင်းယွန်က ထီးကို ငုံ့ ကြည့်လျက်၊
“ ဒါဆို ... နက္ခတ် တစ်ခု လုံးကို မခေါ်နိုင် ရင်တောင်၊ သူ့ရဲ့ စွမ်းအားကို ကျွန်တော် ငှားယူ လို့ ရတာပေါ့၊ ဒီလိုလား။ ”
“ ဟုတ်တယ် ... ၊ မိုးကြိုး မုန်တိုင်းနဲ့၊ နဂါး ရောင်ဝါကို ထိန်းချုပ် ခြင်းက၊ သူ့ စွမ်းအင်ကို မင်း ငှားယူသုံး နေတာပဲ၊ ပြီးတော့ အတင်း အကြပ် သူ့ကို တွေ့ဖို့ ကြိုးစား တာက၊ ...
... အဆင် မပြေဘူး၊ မင်းကို အန္တရာယ် မပြုတာတောင်၊ မင်း ဝိညာဉ်က ခံနိုင်တဲ့ အဆင့် မှာ မရှိဘူး၊ မင်း ကတော့ မရည်ရွယ် ပေမယ့်၊ မင်း တက်နင်း ခံရတဲ့ ပုရွက်ဆိတ်တွေ အတွက် တော့ သေခြင်းပဲ မဟုတ်လား။ ”
ဤသည်မှာ အုပ်စိုးရှင် သူတော်စင် လက်ရာ၏ အစစ် အမှန် စွမ်းအား ဖြစ်ကာ၊ အားနည်း သူများ အတွက်၊ အန္တရာယ် ရှိ လေသည်။
“ ကျွန်တော် မှတ်ထား လိုက်ပါ့မယ်။ ”
လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။
“ ဒါနဲ့ ခွန်လွန်မှာ ... ၊ နတ်ဘုရား လက်ရာ ဆယ်ပါးသာ ရှိတယ် ဆိုရင် ... ၊ အစ်ကို ကျန့် ပေးခဲ့ ဖူးတဲ့ ကောင်းကင် ချပ်ဝတ်က ဘယ် အဆင့်လဲ။ ”
“ မင်း ... သိပြီး သားကို၊ ဘာလို့ မေးနေ တာလဲ၊ ဒါနဲ့ ပတ်သက်ရင် ထူးခြားချက် နှစ်ခု ရှိတယ်၊ တစ်ခုက ဒီချပ်ဝတ်ကို နဂါး တံခါး သခင် အတွက်၊ ...
... ဘိုးဘေး နတ်ဘုရားက၊ ရည်ရွယ် ထားခဲ့တဲ့ ဘိုးဘေးပိုင် အမေွပဲ၊ ခွန်လွန်ရဲ့ နတ် ဘုရား လက်ရာ ဆယ်ပါးနဲ့ မသက် ဆိုင်ဘူး။ ”
ကောင်းကင် ချပ်ဝတ်၏ မူလမှာ၊ ခိုင်မာ နေသော ကြောင့်၊ လင်းယွန် ခမျာ ထိတ်လန့် သွားသည်။
“ ဒါကြောင့် ... ငါတို့ မိုးပြာ နဂါး နေ-လ ထီးထက် ပိုတန်ဖိုး ရှိတယ်၊ မလို အပ်ရင် လုံးဝ မသုံး ပါနဲ့။ ”
“ ဟုတ်ကဲ့ ... ကျွန်တော် နားလည် ပါပြီ။ ”
“ မင်းကို နောက်ထပ် ရတနာ တစ်ခု ပေးစရာ ရှိတယ်၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းလို့ ခေါ်တယ်၊ ဒါကို ငါ့ကောင်မလေး ပေးခဲ့တာ၊ နှစ်တွေ ဘယ်လောက် ကြာကြာ မစွန့်ရက် ခဲ့ဘူး၊ ...
... နတ်ဘုရား လက်ရာနဲ့ ... ၊ အုပ်စိုးရှင် သူတော်စင် လက်ရာ တွေကို မယှဉ်နိုင် ပေမယ့်၊ ထိပ်တန်း သူတော်စင် လက်ရာ ဆယ်ပါး စာရင်းထဲ ဝင်တယ်။ ”
ကျန့်လင်း အမူ အရာမှာ၊ ချက်ချင်း နူးညံ့ အိဖက် သွားသည်။ တစ်စုံ တစ်ဦးကို နောက်ဆုံး သတိရ နေခြင်းနှင့် တူ၏။
၎င်းက သူ့နှလုံးသားကို ထုတ်ပေး နေသကဲ့သို့၊ ထင်မြင် လာ သဖြင့်၊ လင်းယွန် တစ်ယောက် မျက်နှာပျက် သွားသည်။
“ သေချာ ဂရုစိုက်ပါ။ ”
သံသယများ ဝင်လာစဉ်၊ ကျန့်လင်းက သူ့ထံသို့၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းကို တွန်း ထုတ် လိုက်သည်။ ယင်းမှာ အကုန် မဟုတ်ချေ။ အပြာရောင် တံဆိပ် တစ်ခုကို၊ ထပ်မံ ထုတ်ယူ လိုက်ပြန်၏။
“ လေ နတ်ဘုရား အမိန့် ... ။ ”
လင်းယွန်မှ ထအော်သည်။
“ အိုး ... ဒါကို မင်း သိတာလား၊ သူ့ကို အုပ်စိုးရှင် သူတော်စင် ပစ္စည်းလို့ ခေါ်နိုင်တယ်၊ မိုးပြာ နဂါး သခင် ရာထူး အတွက်၊ ...၏
... သင်္ကေတ တံဆိပ် ပြားပဲ၊ ဒါကို ယူပြီး ကောင်းကင် နယ်မြေ၊ ဒေါသ ပင်လယ်မှာ ရှိတဲ့၊ နိဗ္ဗာန် ခန်းမ သခင် ကို ပြလိုက်ပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်က လက်ခံယူ လိုက်သည်။
“ လေ နတ်ဘုရား အမိန့် အပြင်၊ မိုးကြိုး နတ်ဘုရား အမိန့် ဆိုတာလည်း ရှိသေးတယ်၊ သူတို့ နှစ်ခု ပေါင်းလိုက်ရင်၊ မိုးပြာ နတ်ဘုရား အမိန့်၊ ...
... ဖြစ်သွား လိမ့်မယ် ... ၊ မိုးပြာ နဂါး အမိန့်ပြားကို ပိုင်ဆိုင် သူက၊ ငါ့ မျိုးရိုးရဲ့ သခင် အသစ်ပဲ။ ”
ယင်းက မိုးပြာ နဂါး သခင် ရာထူးနှင့်၊ နဂါးတံခါး သခင် ရာထူးကို ဆက်ခံခြင်း မည် လေသည်။
၎င်းရာထူး အတွက်၊ ပြင်ဆင် ထားခြင်းမရှိ သောကြောင့်၊ လင်းယွန် တစ်ယောက် တုန်လှုပ် သွား၏။ အသိစိတ် ဝင်လာ ချိန်၌၊
“ အကိုကြီး ... ။ ”
-ဟု ခေါ် လိုက်မိသည်။
ကျန့်လင်းက ပြုံးလျက် ခေါင်းညိတ် လိုက်သည်။ ဤအရာက သူ့ ထင်ကြေး မှန်နေ သဖြင့်၊ လင်းယွန် တစ်ယောက် စိတ်ထိခိုက် လာသည်။
ကြည့်နေစဉ် မှာပင်၊ ကျန့်လင်း ပုံရိပ်မှာ မှိန်ဖျော့ လာသောကြောင့်၊ လှမ်းတက် လိုက်မိ သည်။
“ အစ်ကိုကြီး ... ။ ”
“ ထိုင် ... ။ ”
ကျန့်လင်းက သူ့ပခုံးအား ဖိချကာ၊ ကြင်ကြင် နာနာ ပြုံးပြ လာသည်။ ထိုအပြုံးက နှလုံးသားကို နာကျင် စေ၏။
ကျန့်လင်းနှင့် ပတ်သတ်သော ခံစားချက် များသည် အဘယ်ကြောင့် ထိခိုက် လွယ်နေရ သည်ကို၊ နားလည် လာတော့သည်။
ကျန့်လင်းသည် အစ်ကိုကြီး ရှင်းဂျူနှင့် တူနေ၏။
“ ဝမ်းနည်း မနေနဲ့ ... ၊ ဒီကမ္ဘာ ကြီးမှာ လူတိုင်း သေရတယ်၊ ဒါပေမယ့် ... သေခြင်းက အဆုံး မဟုတ်ဘူး၊ ငါ့မှာ နောင်တလည်း မရှိဘူး၊ ငါ့ အိပ်မက်က အလှမ်း ဝေးလွန်းတယ်၊ ကဲ ... မင်း အခု စတုတ္ထ သွေး လွှတ်ကြောကို ...
... တက်ရောက်ဖို့ အချိန် ကျပြီ၊ မသွားခင် မင်း ဒုက္ခကို ကူညီပေး ခဲ့မယ်၊ ဒီနေရာကို မိုးပြာ နဂါး သခင် ဆိုတဲ့ ငါ ပိုင်တယ်၊ ကောင်းကင်ဘုံ တောင်မှ မင်း အသက်ကို မယူနိုင် စေရဘူး၊ ဟား ဟား ဟား ... ။ ”
ကျန့်လင်း မျက်ဝန်း၌၊ ဂုဏ်ယူ ဝံကြွား လွန်းသော အငေွ့ အသက်များ၊ ပြန်၍ ရောက်ရှိ လာကာ၊ ရယ်မော တော့သည်။
***