← Chapters

ဓားသမား တစ်ယောက်က ... မျက်ရည် ကျနေ တာလား။

Vol. 118 Ch. 1644

ဓားသမား တစ်ယောက်က ... မျက်ရည် ကျနေ တာလား။

Vol. 118 Ch. 1644

“ ဖပ် ... ။ ”

ကျန့်လင်း လက်ဖဝါးက လင်းယွန် ကျောပြင်ပေါ် ကျရောက် လာသည်။ အကန့် အသတ် မရှိသော စွမ်းအင်များ ဝင်ရောက် လာတော့၏။

ယင်းက လေနှင့် မိုးကြိုး စွမ်းအင်များ ဖြစ်ကာ၊ သွေးများ ပွက်ပွက်ဆူ လာစေသည်။ များ မကြာခင် မိုးကြိုး မုန်တိုင်း ဖြစ်တည် လာပြီး၊ သူ့အား ဖုံးအုပ် တော့၏။

“ မင်းရဲ့ ... ဓားသုတ္တန်ကို လှည့်ပတ်ပြီး ဒုက္ခကို ခံယူဖို့ ပြင်ပါ။ ”

နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား ဖြန့်ကျက်ကာ၊ ကျန့်လင်း၏ စွမ်းအင် များကို စုပ်ယူ သန့်စင် လိုက်သည်။

“ ဒီနေ့ ... မင်း ရရှိခဲ့တဲ့ ... ၊ အခွင့် အရေးက အရမ်း တန်ဖိုး ကြီးတယ်၊ အထူး သဖြင့် နဂါးပြာ သွေးပဲ၊ သူက အခြေခံ အုတ်မြစ်ကို ဆယ်ဆ တိုးစေတဲ့ အတွက်၊ ...

... စတုတ္ထ သွေးလွှတ်ကြောမှာ၊ အလွန် အန္တရာယ်များ လိမ့်မယ်၊ ဒါပေမယ့် အနာဂါတ် လမ်းကြောင်း ကတော့ ချောမွေ့ နေမှာပါ၊ တစ်ချိန်မှာ ...

... နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာရပ်နဲ့ နဂါး သွေးကို၊ လုံးလုံး ချေဖျက်ပြီး၊ နဂါး သွေးလွှတ် ကြော နယ်ပယ်ရဲ့ ကန့်သတ် ချက်ကို ရောက်အောင် သွားပါ၊ ဒါက ...

... ရှေးဦးခေတ် မှာတောင်၊ လူတိုင်း မလုပ်နိုင်တဲ့ အရာပဲ၊ ဒီနေ့ မင်း အစ်ကိုကြီးက လမ်းဖွင့်ပေး လိုက်မယ်။ ”

မိုးပြာ နဂါး နက္ခတ်က ကောင်းကင်၌ ပျောက်ကွယ် သွားပြီး၊ တိမ်ညိုများ ဖြစ်ပေါ် လာသည်။

မျက်လုံးများ မှိတ်လျက်၊ ပြင်ပ အကူ အညီဖြင့်၊ ပိတ်ဆို့မှု များကို ပယ်ဖျက် နေမိ၏။ ပြင်ပ ကမ္ဘာနှင့် အဆက် ပြတ်ကာ၊ မည်သည့် အာရုံ ကိုမျှ မခံစား ရတော့ချေ။

ခန်းမ ထဲ၌၊ အမျိုး မျိုးသော ဖြစ်ရပ်များ ပေါ်လာ သော်လည်း၊ ကောင်းကင် ဒေါသက မဆင်းသက် နိုင်သေးချေ။

ထို့ကြောင့် ယခင်ထက် ပို၍ လွယ်ကူ လာခဲ့သည်။ စတုတ္ထ သွေး လွှတ်ကြောမှာ မြစ် တစ်စင်း ကဲ့သို့၊ တဖြည်းဖြည်း ကျယ်ပြန့် လာ၏။

“ ဟား ဟား ဟား ... ။ ”

ကျန့်လင်းက ရယ်မောလျက်၊ လင်းယွန် ကျောပြင်မှ လက်ကို ခွာကာ၊ ဒေါသ တကြီး သောင်းကျန်း နေသော လျှပ်စီး သားရဲထံ၊ လက်လှမ်း လိုက်သည်။

“ ဝှစ် ... ။ ”

“ အား ... ။ ”

နဂါး လက်သည်းကြီး တစ်ဖက် တိမ်တိုက်ထဲသို့ ပြေးဝင် သွားပြီး၊ အော်သံ နက်ကြီး ထွက်ပေါ် လာ၏။

လက်သည်း ကြီးမှ လျှပ်စီး သားရဲကို ဖမ်းမိသွား ပုံ ပေပင်။ ကျန့်လင်းက လက်သီး ဆုပ် လိုက်ရာ၊ လျှပ်စီး သားရဲ ခမျာ၊ ကြေမွ ပျောက်ကွယ် သွားသည်။

ထိုအချိန်တွင် လင်းယွန် ခန္ဓာကိုယ် အတွင်းရှိ၊ စတုတ္ထ သွေးလွှတ်ကြောမှာ အထွတ် အထိပ်သို့၊ ရောက်ရှိ သွား၏။

ဤသည်မှာ သတင်းကောင်း ဖြစ်သည်။ ထို့ကြောင့် ကျန့်လင်း မျက်နှာ ပေါ်၌ အပြုံး တစ်ပွင့် ပေါ်လာ တော့၏။

သို့သော် လင်းယွန် မှာမူ မပျော်နိုင် တော့ချေ။ ပါးပြင်ပေါ် မျက်ရည် နှစ်စက် လှိမ့်ဆင်း လာသည်။

“ အိုး ... ဓားသမား တစ်ယောက် ကလည်း၊ ငိုတတ် တယ်လား။ ”

ကျန့်လင်းက လင်းယွန် ဖြစ်ပျက် နေ သမျှအား ဘေးမှ ထိုင်ကြည့်ကာ၊ အရွှန်း ဖောက် လေသည်။

“ အစ်ကိုကြီး ... ။ ”

လင်းယွန်က သူ့ ဒုက္ခကို ဖြတ်ကျော် ပြီးနောက်၊ မတ်တပ် ထရပ်ကာ၊ ကျန့်လင်း လက်ကို ဆုပ်ကိုင် မိ၏။ သို့သော် လက်အား ဖြတ်ကာ၊ လေကို ဖမ်းမိ သွားသည်။

“ နတ်နဂါး ခေတ်မှာ ... ၊ အသက် ရှည်ဖို့ ကျင့်ကြံကြ ပေမယ့်၊ လူတိုင်း သေကြရ တာပဲ၊ ဒါကြောင့် သေခြင်း တရား ဆိုတာ၊ နောက်ထပ် တံခါး တစ်ချပ် ... ”

စကား မဆုံးခင် ကျန့်လင်း ပျောက်ကွယ် သွားသည်။ ကံကြုံလျှင် ပြန်ဆုံ ကြမည် ဟုပင်၊ မပြောနိုင် ခဲ့သည့် အတွက်၊ လင်းယွန် ရင်ထဲ လစ်ဟာ သွား၏။

လေးနာရီ ကြာ ပြီးနောက်၊ စိတ် ခံစားချက်များ ငြိမ်သက် သွားသော အခါတွင်၊ လက်ရှိ အခြေ အနေအား စတင် တွေးတော လာမိသည်။

ခရမ်းရောင် နန်းတော် အတွင်း လေနှင့် မိုးကြိုး စွမ်းအင် အကြွင်း အကျန်များ တည်ရှိ နေသေး၏။

“ ကျင့်ကြံမှု တည်ငြိမ်အောင်၊ အရင် လုပ်ရမယ်၊ ဒါက ပဉ္စမ သွေးလွှတ် ကြောက ချင်းတန်ကို ရင်ဆိုင်ဖို့ ပြဿနာ မရှိ လောက်တော့ဘူး။ ”

အစ်ကိုကြီး ကျန့်ကျင်းရှန် အတွက် လက်စားချေရန်၊ အချိန် ကျပြီ ဖြစ်သည်။ ဆရာ သခင်နှင့် ဂိုဏ်း၏ အသရေကို ပြန်ယူရ ပေမည်။ ထို့ကြောင့် ဝမ်းနည်း ပူဆေွး နေရန် အချိန် မရှိချေ။

နှစ်ရက် အကြာတွင်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား ပဉ္စမ အဆင့်သို့ အောင်မြင်စွာ တက်ရောက် နိုင်ခဲ့သည်။

နဂါးမြစ် အတွင်း နဂါး-ဖီးနစ် ဓား ရောင်ဝါ များနှင့် ပြည့်နေပြီး၊ ဓားကြိုး တစ်ထောင်ကျော် ရှိလာ လေသည်။

ထို့စဉ် ဓား ပင်လယ်မှ ရောင်ဝါ တစ်ခု ထွက်လာ၏။ ဤသည်မှာ အလွန်ဖိနှိပ် နိုင်သော ဓားတစ်လက် အဖြစ်၊ လျင်မြန်စွာ ဖြစ်ပေါ် လာသည်။

ကောင်းကင် အမိုးဓား အလယ် အလတ် ကျွမ်းကျင်မှု ပေပင်။ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို အောင်မြင်မှု ရယူနိုင် ခြင်းဖြင့်၊ ဓား ရည်ရွယ်ချက်အား၊ ပိုနားလည် လာစေသည်။

နဂါး မူလကို လက်ချောင်း ထဲသို့ လောင်းထည့် လိုက်ရာ၊ လင်းယွန်၏ ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်လာသည်။

‘လေ’ ဟူသော စကားလုံးအား ရေးဆွဲ လိုက်သည်။ ၎င်း၏ စွမ်းအား ယိုဖိတ် သွားခြင်း မရှိအောင်၊ ရူရ်များက နံရံများ သဖွယ် ကာရံ ထား၏။ သို့တိုင် ခန်းမ တစ်ခုလုံး ပြင်းစွာ တုန်ခါ နေတော့သည်။

အိပ်ပျော် နေဆဲ သိုင်း မောင်နှမများထံ လှည့်ကြည့်ကာ၊ သက်ပြင်း တစ်ချက်ချ လိုက် မိသည်။ သူတို့ မနိုး နိုင်သေး သည်မှာ အကောင်းဆုံး ဖြစ်သည်။

အပူပင် ကင်းသော ဓားပုံစံ လေးခုအား ပြီးပြည့် စုံသော ကျွမ်းကျင်မှု ရောက်ရန်၊ ခြေ တစ်လှမ်းသာ လိုတော့၏။

အချိန် မဖြုန်း တော့ဘဲ၊ ထိုဓားရေးအား ဆက်၍ လေ့ကျင့် နေမိသည်။ သုံးရက် ပြည့်ပြီး နောက်၊ အပြည့် အဝ ကျွမ်းကျင် လာ၏။

နဝမ မြောက် ဓားပုံစံ ကိုပင်၊ လေ့ကျင့် နိုင်ခဲ့သည်။ လက်ချောင်း များကို ဓားတစ်လက် အသွင် ယူကာ၊ လေထဲ ခင်းကျင်း လိုက်၏။

အကန့် အသတ်မဲ့ နဂါး မူလနှင့် ဓား ရည်ရွယ်ချက်ကြောင့်၊ ‘လေ’ ဟူသော စကားလုံး ဖြစ်ပေါ် လာသည်။

“ ဝူး ... ။ ”

၎င်းက နံရံထံ လွင့်ပျံ သွားကာ၊ သူတော်စင် ရူရ်များ ပေါက်ကွဲလျက်၊ စွမ်းအားများ ရိုက်ခတ် လာ တော့၏။

“ ပန်းသင်္ချိုင်း ဓားနဲ့သာ ဆိုရင်၊ ဒီနံရံ ဘာဖြစ်မယ် မသိနိုင်ဘူး။ ”

သို့သော် စမ်းကြည့်ရန် မဝံ့ သေးချေ။ အစ်ကိုကျန့် မရှိ တော့သည့် အတွက် ၊ ပျက်စီး သွားသော် တစ်စုံ တစ်ရာ ဖြစ်ပျက် သွား မည်ကို စိုးရိမ်သည်။

ပေးစရာ မရှိဟု ဆိုသော်လည်း၊ လေ နတ်ဘုရား အမိန့်၊ နဂါးပြာ သွေး၊ မိုးပြာ နဂါး နေ-လ ထီး၏ ကန့်သတ်ချက်၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်း၊ မီးတောက်လ ဝိုင်နှင့်၊ နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာရပ် များကို ပေးခဲ့သည်။

“ ဒင် ... ။ ”

အတွေးများ ပျံ့လွင့် လာ သောကြောင့်၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းအား ထုတ်ယူကာ တီးခတ် မိ၏။

တိမ်လွှာ ဓားဂိုဏ်း၌ ဆုစီယာ နှင့်အတူ၊ မကြာ ခဏ ဆိုသလို တီးခတ်ဖူးသည်။ ယင်းက ဗျပ်စောင်းနှင့် မစိမ်းချေ။

“ ဒင် ... ။ ”

များ မကြာခင် ဂီတ အတွင်း နစ်မျော သွားပြီး၊ ရပ်တန့် မနေနိုင် တော့ဘဲ၊ နှလုံးသား ထဲရှိ၊ ဝမ်းနည်း ပူဆွေးမှုများ အားလုံးကို၊ သံစဉ် အဖြစ်၊ ထုတ်ဖော် နေမိသည်။

အစ်ကို ကျန့် ပြော သည်မှာ မှန်၏။ သေခြင်းသည် အိပ်မက် တစ်ပုဒ် ဖြစ်သည်။ လေ နတ်ဘုရား အမိန့်ကို ပိုင်ဆိုင် သူပင်၊ သေခြင်း အား မလွန်ဆန် နိုင်ချေ။

“ ဘယ်သူက လာပြီး ... ၊ လက်ဆော့ နေတာလဲ၊ နားညီး လိုက်တာ။ ”

ကုန်းစွန်းယန်က အော်ငေါက်လျက် ဦးစွာ နိုးလာသည်။ ထိုအချိန်၌ လင်းယွန်က သံစဉ်ကို ရပ်ပြီး၊ ဗျက်စောင်းအား သိမ်းလိုက်သည်။

“ အိုး ... ငါ ဘာဖြစ် သွားတာလဲ။ ”

ခန္ဓာကိုယ် ထဲရှိ နောက်ထပ် ဖြစ်တည် လာသော နဂါး သွေးလွှတ် ကြောကို သတိထား မိကာ၊ ကုန်းစွန်းယန် တစ်ယောက် တုန်လှုပ် သွား၏။

သည့်အပြင် သွေးအတွင်း၊ နဂါးပြာ သွေး အချို့ပင် ပါရှိ နေပြီး၊ စိတ်ဝိညာဉ်အား သန့်စင် ပေးထား လေသည်။ ဉာဏ်ရည်- ဉာဏ်သွေး များ၊ နိုးကြားလာ သလို ပေပင်။

များမကြာခင် ကျန်သူများ နိုးလာပြီး၊ သူတို့၏ အပြောင်း အလဲ များကို သိရှိ ကုန် တော့၏။

“ ညီလေး ဘာတွေ ဖြစ်သွား တာလဲ ... ။ ”

“ ကျွန်တော်လည်း မသိဖူး ... ၊ နိုးလာတော့ အခုလို ဖြစ်နေ တာပဲ။ ”

ရတနာများကို သိမ်းထားပြီး ဖြစ်သဖြင့်၊ လင်းယွန်က ငြင်းဆန် လိုက်သည်။ ကျန့်လင်း ပေးခဲ့သော အရာ များသည်၊ မယုံနိုင် စဖွယ် ကောင်း သောကြောင့်၊ လျှို့ဝှက် ထားခြင်း သည်သာ၊ အကောင်းဆုံး ပေပင်။

ထုတ်ဖော် ပြောဆို လိုက် ခြင်းဖြင့်၊ သိုင်းညီအစ်ကို မောင်နှမ များကို ဘေးဥပဒ် များ ကျရောက် လာစေ နိုင်၏။

“ ကျေးဇူး တင်ပါတယ်၊ မိုးပြာ နဂါး သခင်။ ”

မမြင်ဖူး သော်လည်း၊ လူတိုင်းက ကျန့်လင်းအား ဒူးထောက်လျက် အရို အသေ (၃) ကြိမ်ပေး လိုက် ကြသည်။

“ ဒီမှာ လေနတ်ဘုရား အမိန့် ရှိရမယ် မဟုတ်လား။ ”

ကုန်းစွန်းယန်မှ သတိရ လာသည်။ ဤအရာက အခြား လူများ ကိုပါ လှည့်ပတ် ကြည့်မိ စေတော့၏။ သို့သော် မည်သည့် ရတနာ ကိုမျှ ထပ်မတွေ့ ရတော့ချေ။

ဆိုလို သည်မှာ၊ လျှို့ဝှက် ရတနာများ၊ သူတော်စင် အရင်း အမြစ် များနှင့် ကိုယ်ခံပညာ များသည်၊ နဂါးပြာ ဦးခေါင်း နန်းတော်တွင် ရှိနေ နိုင်ပေမည်။

ထို့ကြောင့် ချင်းတန် သည်လည်း၊ အခြေအနေ မဆိုးကြောင်း အဓိပ္ပါယ် ရလေ သည်။

အန်းလျူယွင်က ငြိမ်သက် လွန်းသော လင်းယွန်ကို ကြည့်ကာ၊ သံသယ ဝင်လာ၏။ နဂါးဖြူ အရိုးမှ ပေးသော ခံစားချက် အရ၊ အသွင်ပြောင်း နေသည်ကို၊ သိရှိသည်။

“ ဒီတစ်ခါတော့ ငါတို့ အများကြီး ရထား တာပဲ၊ ဒါကြောင့် လောဘတတ် မနေ နဲ့တော့၊ အမြန် ထွက်သွားဖို့ ပြင်ပါ။ ”

မူရွယ်ချင်းက သတိ ပေးလာသည်။

“ ဟုတ်တယ် ... သွားသင့်ပြီ၊ ဒီခရီး စဉ်က ရထားတဲ့ ရတနာ တွေကို၊ ဂိုဏ်း ပြန်ပေးအပ် ရ အောင်၊ ဒီအရင်း အမြစ် နဲ့သာ ဆိုရင်၊ ဓားဂိုဏ်း က ဆယ်နှစ် အတွင်း၊ ကောင်းကင်ယံ ဂိုဏ်းကို လိုက်မီ လာမှာပါ။ ”

ကူရို့ချန်က ခေါင်းညိတ်လျက်၊ လူတိုင်းကို အမိန့်ပေး လိုက်တော့သည်။

***

All Chapters