← Chapters

သူတို့ကို မသေစေ ချင်ဘူး။

Vol. 118 Ch. 1645

သူတို့ကို မသေစေ ချင်ဘူး။

Vol. 118 Ch. 1645

လင်းယွန်က မထွက်ခင် ခန်းမ ထဲကို ပြန်လှည့်ကြည့် လိုက်သည်။ နဂါးဝိုင် မျိုးစုံ ဤနေရာ၌ ရှိသည်။

၎င်းတို့မှာ နတ်ဘုရား ဆေးလုံး ထက်၊ များစွာ အကျိုး ကျေးဇူး ရှိလေသည်။ သို့သော် အစ်ကို ကြီးမှာ၊ ဝိုင်ကို ကြိုက်လွန်း သဖြင့်၊ လျစ်လျူရှု လိုက်သည်။

“ ကျွီ ... ။ ”

တံခါး ဖွင့်ပြီး လှမ်းထွက် လိုက် သည်နှင့်၊ ပြောင်သလင်း ခါနေသော တောင်ကြီးအား မြင် လိုက်ရ၏။

ဤအရာသည် လူတိုင်းအား နှမျောစိတ်၊ ဝင်လာ စေသည်။ အဆုံးတွင် ထိုသူတော်စင် အဆင့် ဆေးဖက်ဝင် အပင် များသည်၊ ထိပ်တန်း အဆင့် ဖြစ်သည်။ အားလုံး ချင်းတန်မှ ယူဆောင် သွားခေျ၏။

“ နဂါးခေါင်း နန်းတော်ကို မြန်မြန် သွားရအောင်။ ”

ကူရို့ချန်မှ ပြော၏။ လမ်း တစ်လျှောက် မည်သူ့ ကိုမျှ ထပ် မကြုံရ သဖြင့်၊ မျက်နှာများ ပြောင်းလဲ လာကုန်သည်။

“ ဓားဂိုဏ်းရဲ့ တပည့်တွေ တစ်ယောက်မှ မတွေ့ ပါလား။ ”

မူရွယ်ချင်းမှာ မနေ နိုင်တော့ချေ။ ရီချင်းရွှမ်နှင့် ကြယ် နှစ်ဖော်မှာ ကျန်သူ များကို ရှာရန် ထွက်သွား ခဲ့သည်။ ထို့ကြောင့် လမ်း၌ တွေ့သင့်ပြီ ဖြစ်၏။

“ စိတ်မပူ ပါနဲ့ ... သူတို့က၊ ငါတို့ထက် ရှေ့ ပိုရောက် နေတာလည်း ဖြစ်မှာပေါ့။ ”

“ မျှော်လင့် ရတာပဲ။ ”

လူတိုင်းက တိုးတိုး ဆိုကာ၊ အားတင်း မိသော်လည်း၊ စိတ် ခံစားချက်မှာ ကောင်းမွန် လာခြင်း၊ မရှိ တော့ချေ။

အရှေ့ဘက် စစ်မြေပြင်မှ ထွက်လို ပါက၊ မည်သူ မဆို နဂါး တံခါး ပလ္လင်အား ဖြတ်သန်း ရမည် ဖြစ်သည်။

ထို့ကြောင့် ပလ္လင် အနား၌၊ ကောင်းကင်ယံ ဂိုဏ်း၏ တပည့်များ စုရုံး နေ၏။ အရေ အတွက် ခြောက်ရာမှ ခုနစ်ရာ အထိ ရှိလေသည်။

သူတို့ တစ်ဦး စီသည် ရှေးဟောင်း ကျောက်စိမ်းတုံး တစ်လုံး စီကို၊ ကိုင်ဆောင် ထား ကြသည်။

နဂါး မူလကို ထိုကျောက်စိမ်း တုံးထဲ လောင်းထည့် လိုက်ရုံဖြင့်၊ ယဇ်ပလ္လင် တစ်ခုလုံး ဖုံးအုပ် နိုင်သည့်၊ ဧရာမ အစီရင် တစ်ခု ဖြစ်ပေါ် လာပေမည်။

“ အစ်ကိုကြီး၊ သူတို့ လာပြီ။ ”

ချင်းတန်မှ မျက်လုံးဖွင့် လိုက်သည်။ အနက်ရောင် သူတော်စင် စွမ်းအင် အလုံးကြီး တစ်လုံးအား သူ့လက် ထဲတွင် ကိုင်ထား၏။

၎င်းကို (၇၀%)ခန့်၊ သန့်စင် ထားပြီး၊ ဖြစ်လေသည်။ ဤသည်မှာ နဂါးပြာ ဦးခေါင်း နန်းတော်မှ ရရှိသော၊ ရတနာ ဖြစ်၏။

ထို့အပြင် မပြည့် စုံသော ကိုယ်ခံ ပညာ ရပ်များ၊ သူတော်စင် ဆေးလုံးများ၊ လျှို့ဝှက် လက်နက် များလည်း၊ ရရှိ ထားသည်။

သန့်စင် နေသော လက်ထဲရှိ အရာကို၊ ကောင်းကင် မူလ သူတော်စင် ဆေးလုံး ကြီးဟု ခေါ်သည်။

ကျင့်ကြံမှုနှင့် နဂါး မူလကို အချိန်တို အတွင်း၊ မြှင့်တင် နိုင်ကာ၊ သိုင်း ရည်ရွယ်ချက်၊ အပေါ်၊ နားလည် နိုင်စွမ်းလည်း တိုးစေ၏။

ယဇ်ပလ္လင် အနား၌ ဂိုဏ်းပေါင်းစုံ တပည့် များနှင့်၊ မိစ္ဆာ ဂိုဏ်းဝင် များမှာ၊ ပြင်းထန် သော ဒဏ်ရာ များဖြင့်၊ လဲကျ နေသည်။

“ ချင်းတန်က အရမ်း သန်မာ လာတယ်။ ”

ကောင်းကင် မှတ်စု ဂိုဏ်းမှ လင်းဝမ်က တိုးတိုးလေး ပြောသည်။ တန်ခိုးကြီး ဂိုဏ်းများ ၏ တပည့်ကြီး များမှာ၊ ကြောက်ရွံ့ နေကြ၏။

မည်သူ့ ကိုမျှ ထွက်ခွာခွင့် မပြုဘဲ၊ ဤနေရာအား ပိတ်ဆို့ထား သည်မှာ၊ ရက်ပေါင်း မနည်း တော့ချေ။

သူတို့၏ ရတနာ အချို့ ကိုပင်၊ လုယက် သိမ်းယူ ထားသည်။ များ မကြာခင် လင်းယွန် ဦးဆောင်သော အဖွဲ့ ရောက်ရှိ လာသည်။

“ လင်းယွန် ... ငါ မင်းကို စောင့်နေတယ်၊ လွီရှ ... သူတို့ကို ခေါ်လာခဲ့။ ”

ချင်းတန် အမိန့်ကြောင့်၊ လွီရှက ဓားဂိုဏ်း၏ တပည့် အားလုံးကို ခေါ်ထုတ်ပြီး၊ ဒူးထောက် ခိုင်းသည်။

“ ဒူး ထောက် ... ။ ”

သို့သော် ဓားဂိုဏ်း၏ တပည့် များမှာ၊ ဖိအားကို အံကြိတ် ခံလျက် သူ့ကို ဂရု မစိုက်ဘဲ ရပ်နေ ခဲ့ကြ၏။

“ မင်း ... မကြား ဖူးလား။ ”

“ အား ... ။ ”

လွီရှက ပြုံးလျက် ရီချင်းရွှမ်၏ ဒူးဆစ်ကို ကန်ခွဲ လိုက်သည်။ ယင်းကြောင့် နာကျင်စွာ အော်ဟစ်သံ ထွက်လာ ၏။

“ အား ... ၊ တိရစ္ဆာန်မ သား ... ။ ”

“ ..... ။ ”

သို့သော် ရီချင်းရွှမ်မှ ဒူး မထောက်ချေ။ ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များက၊ ကျန် သူများအား၊ ဒူးဆစ်များ ကန်ခွဲ လိုက်ကြ၏။

ဤမြင်ကွင်းက မူရွယ်ချင်း မျက်နှာကို ဖြူဖျော့ သွားစေသည်။ မူးမေ့ လဲလုနီးပါး ဖြစ် လာတော့၏။

ပြေးဝင်ရန် ပြင်နေသော ကူရို့ချန်ကို၊ လင်းယွန်မှ အမြန် ဖမ်းဆွဲ လိုက်ပြီး၊

“ အစ်ကိုကြီး ... စိတ်အေးအေး ထား၊ အဲဒီပလ္လင် အနားမှာ အစီရင် တစ်ခု ခင်းကျင်း ထားတယ်၊ အနား မကပ်နဲ့ဦး၊ အသတ်ခံ ရလိမ့်မယ်။ ”

“ သူတို့ကို မသေစေ ချင်ဘူး။ ”

မူရွယ်ချင်းမှ အံကြိတ်လျက် ပြောလိုက် သည်။ သူမသည် ဂိုဏ်းထဲတွင် ကြီးပြင်း လာသူ ဖြစ်၏။ ထို့ကြောင့် ဓားဂိုဏ်းရှိ လူတိုင်းမှာ၊ သူမ၏ ဆွေမျိုးများ ဖြစ်သည်။

“ စိတ်မပူနဲ့ ... ကျွန်တော် ကယ်တင် ပေးမယ်။ ”

လင်းယွန် စကားကြောင့်၊ ကူရို့ချန်နှင့် မူရွယ်ချင်းမှ အံ့ဩတကြီး လှည့်ကြည့် လိုက်ရာ၊ အလေး အနက် ပြောနေကြောင်း၊ မြင်လိုက် ရသည်။

“ လင်းယွန် ... မင်းရဲ့ ညီအစ်ကို တွေရဲ့ အသက်ကို ပြန်လို ချင်ရင်၊ လေ နတ်ဘုရား အမိန့် ပေးပါ။ ”

ဓားဂိုဏ်း တပည့် များကို၊ ရိုက်နှက် နေခဲ့သော လွီရှ တို့ထံ၊ ချင်းတန်မှ လက်ဟန်ဖြင့် တားဆီး လိုက်သည်။

“ လေ နတ်ဘုရား အမိန့်လား၊ ငါတို့ မတွေ့ ခဲ့ဘူး ... ။ ”

ကုန်စွန်းယန်မှ ပြန်အော် ၏။

“ ငါ စကားပြော နေတာကို ... ၊ ဝင်ရှုပ် ရအောင်၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ... ဟမ့် ။ ”

ချင်းတန်က ယဇ်ပလ္လင် ပေါ်မှ နေ၍ ကုန်းစွန်းယန်အား လှမ်းကြည့် လာလေသည်။ သူ့ မျက်ဆန်၌ ရွှေတံဆိပ် တစ်ခု ပေါ်လာ၏။

ယင်းက ကုန်းစွန်ယန်၏ ဝိညာဉ်ကို ချက်ခြင်း နာကျင် စေပြီး၊ မျက်လုံး မှိတ်လျက် ချက်ချင်း နောက်ဆုတ် မိစေသည်။

စိတ် ဝိညာဉ်နှင့် သေွးသား စွမ်းအင်ကို၊ မိုးပြာ နဂါးမှ သန့်စင် ပေးထား သောကြောင့် သာလျှင်၊ ကံကောင်း သွားခြင်း ဖြစ်သည်။

“ အား ... ။ ”

မဟုတ်သော် မျက်ဝန်းများ ပေါက်ကွဲပြီး ဖြစ်ပေမည်။ သို့တိုင် အပ်ပေါင်း များစွာဖြင့် စွနေ သကဲ့သို့၊ ခံစား ရဆဲ ဖြစ်၏။

ထိုအချိန်တွင် လင်းယွန်က လက်ကို သူ့ ပခုံးပေါ် တင်လျက်၊ နဂါးပြာ အရိုးအား အသက် သွင်း လိုက်သည်။

အပြာရောင် အလင်း အချို့၊ ထိုလက်မှ တဆင့်၊ သူ့ခန္ဓာ ကိုယ်ထဲ စီးဝင်ကာ၊ အပ်များကို အငွေ့ အဖြစ်၊ မျက်ဝန်းမှ ပြန် တွန်းထုတ် တော့သည်။

“ နဂါးပြာ နတ်သွေး ... ။ ”

ယဇ်ပလ္လင်ပေါ် မှပင်၊ ၎င်းကို ကောင်းစွာ ခံစားနိုင် သဖြင့်၊ ချင်းတန်၏ မျက်နှာ ရွှင်မြူး သွားလေသည်။

“ လင်းယွန် ... ၊ မင်း အမွေ မရခဲ့ ဖူးလို့၊ ငြင်းချင် သေးလား ... ဟမ့်၊ ဒီနေ့ ဓားဂိုဏ်းရဲ့ တပည့် အားလုံး သေရမယ်၊ ...

... လွီရှ သူတို့ကို ကြည့်ထား ... ၊ ငါ သက်တံဓား သူတော်စင် တပည့်ကို၊ အရင် ဒူးထောက် ခိုင်းလိုက် ဦးမယ်။ ”

***

All Chapters