ငါ့မှာ ဓားတစ်လက် ရှိတယ်။
Vol. 118 Ch. 1646
ချင်းတန်က ယဇ်ပလ္လင် ပေါ်မှ ခုန်ဆင်းပြီး၊ လက်ဖြင့် လှမ်းကုပ် လိုက်သည်။ ထက်ရှသော ရွှေနဂါး လက်သည်းကြီး၊ ပြေးထွက် လာ၏။
ကောင်းကင် မူလ ဆေးလုံးကို သန့်စင် ပြီးနောက်၊ သူ့ ကျင့်ကြံမှုမှာ ပဉ္စမ သွေးလွှတ် ကြော အထွတ် အထိပ်၊ ရောက်ရှိ သွားသည်။
“ နတ်ဘုရား ပုံရိပ်ယောင် ဓား။ ”
လင်းယွန်က ခြေလှမ်း တစ်လှမ်း လှမ်းတက်ပြီး၊ ဓား ရောင်ခြည်ဖြင့် တောက် ထုတ်လိုက်၏။
“ ရွှပ် ... ။ ”
ယင်းက ကြယ် တစ်စင်း ကဲ့သို့ တောက်ပနေကာ၊ လေဟာနယ်ကို ခွဲလျက်၊ ပျံသန်း သွားသည်။
ချက်ချင်းပင် ရွှေနဂါး လက်သည်းအား ထိုးဖောက်လျက်၊ ချင်းတန် မျက်နှာထံ ဆက်၍ တိုးဝင် သွားတော့သည်။
“ သွား ... ။ ”
ရွှေနဂါး လက်သည်း ကြေမွှ သွား သောကြောင့်၊ နဂါး မူလကို ထုတ်ဖော်ကာ၊ ချင်းတန်က လက်သီးနှင့် ထိုးပြီး၊ ချေဖျက် လိုက်ရသည်။
သူ၏ ပေါ့ပေါ့ ပါးပါး လက်သီး တစ်ချက် သည်ပင်၊ စိတ်ကူး မယဉ် နိုင်သော စွမ်းအား ပါရှိ လေသည်။
“ အဓိပတိ နဂါး တံဆိပ်။ ”
လင်းယွန်က နဂါး မူလကို ဖြန့်ကျက် လိုက်သည်။ ခန္ဓာကိုယ် အနှံ့ စွမ်းအင်များ ပြည့် လာသော အခါ၊ တံဆိပ်များ ဆက်တိုက် ဖန်တီး ပစ်၏။
သက်တံ အလား၊ ရောင်စဉ် (၇)သွယ် ဖြာထွက်လျက်၊ တံဆိပ်က ချင်းတန်ထံ လွင့်ဝဲ သွားသည်။
“ ကလေး ကွက် လေးတွေ။ ”
ချင်းတန်မှ နှာခေါင်း ရှုံ့လိုက်၏။ သူ့ခန္ဓာ ကိုယ်တွင်၊ ရွှေနှင့် ငွေ အဆင်းများ တောက်ပ လာပြီး၊ ချပ်ဝတ် အဖြစ်၊ ပေါ် လာသည်။
“ ဝုန်း ... ။ ”
ထို့ကြောင့် တံဆိပ်က ချပ်ဝတ် အပေါ်၊ ထိမှန်ကာ ပေါက်ကွဲ သွားရ လေသည်။ ရလာဒ် အနေဖြင့်၊ ချင်းတန် တစ်ယောက် ခြေလှမ်း များစွာ နောက်ပြန် ဆုတ်သွား ရ၏။
အံဩ စွာဖြင့်၊ ချင်းတန်မှ ခေါင်းငုံ့ကြည့် လိုက်သော အခါတွင်၊ ချပ်ဝတ် အက်ကွဲကြောင်း တစ်လျှောက်၊ သွေးများ စီးကျ လာသည်ကို မြင်လိုက် ရသည်။
“ စီနီယာ အစ်ကို ချင်း ... ။ ”
ကောင်းကင်ယံ ဂိုဏ်း၏ တပည့်များ အားလုံး၊ မယုံနိုင် လောက်အောင် အံ့အားသင့် ကုန်ကြသည်။
သူတို့၏ စီနီယာ အစ်ကိုကို လင်းယွန်မှ ဒဏ်ရာ ရစေ သည်လော။ မဖြစ် နိုင်။ စီနီယာ အစ်ကို ဟူသည်မှာ၊ အခြားသော တပည့်ကြီး များကိုပင်၊ တစ်ဦးတည်း နှိမ်နင်း ခဲ့သည်။
“ အထွတ် အထိပ် ... ၊ စတုတ္ထ သွေး လွှတ်ကြော။ ”
ချင်းတန်မှ ပြုံးသည်။
“ လင်းယွန် ... ၊ ဟား ဟား ဟား ... ငါမှန်တယ်၊ မင်းမှာ နဂါးပြာ နန်းတော်ရဲ့ အမွေ ရှိနေ တာပဲ၊ ဒါပေမယ့် ငါ ယူလိုက်မယ်။ ”
ချင်းတန် တစ်ယောက် စိတ် လှုပ်ရှားမှုကြောင့် သွေးများ ပွက်ပွက်ဆူ လာ တော့သည်။
နဂါးပြာ သွေး တစ်စက် ကပင်၊ တန်ဖိုး မဖြတ် နိုင်သော ရတနာ ဖြစ်ချေ၏။ တစ်ဖက် လူတွင် ရတနာ မည်မျှ ထပ်ရှိ ဦးမည်ကို၊ မမှန်းဆ နိုင်ချေ။
“ သူတို့ကို ကယ်တင်ဖို့ ... အခွင့် အရေး ရှာကြည့်ပါ။ ”
လင်းယွန်က လေသံဖြင့်၊ မှာကြား လိုက်သည်။ သူ့ မျက်နှာမှာ အပြောင်း အလဲ မရှိဘဲ၊ ရှေ့ လှမ်းတက် လိုက်၏။
“ နတ်နဂါး နေ-လ ဆေးအိုး ... ။ ”
ချင်းတန်က ဦးစွာ လှုပ်ရှား လာသည်။ သူ့မျက်ဝန်းများ အတွင်း၊ ရူးသွပ်မှု များဖြင့် ပြည့်နှက် နေခဲ့သည်။
ရွှေရောင် အလင်းများ နှင့် အတူ၊ နေလ ဆေးအိုးကြီး ထဲမှ၊ နတ်နဂါး တစ်ကောင် ထွက် လာ၏။
“ ဝုန်း ... ။ ”
လက်သီးချက် တိုင်းသည် ဉက္ကာခဲ များ အလား၊ ဝုန်းဒိုင်းကျဲ နေတော့၏။ သို့သော် လင်းယွန်မှ ထိတ်လန့်ခြင်း မရှိချေ။
နဂါး-ဖီနစ် ကမ္ဘာဖျက် ဆေးအိုးအား ဆင့်ခေါ်ကာ၊ ပယ်ဖျက်ခြင်း စွမ်းအင်ကို အသုံး ပြုပြီး၊ ချင်းတန် လက်သီးနှင့်၊ ထိပ်တိုက် ရင်ဆိုင် တော့သည်။
“ ဟား ဟား ဟား ... လာ ဦးမယ်။ ”
ချင်းတန် ဆံပင်များ တဖျပ်ဖျပ် ခတ်လျက်၊ နက္ခတ်ကို ထုတ်ယူ လိုက် လေသည်။ နက္ခတ်မှာ အဖိုးအို တစ်ဦး ဖြစ်၏။
၎င်းအဖိုးအို ထံမှ ရောင်ဝါသည် မိုင် တစ်ထောင် အတွင်း အနက်ရောင် တိမ်တိုက် များကို၊ ဖယ်ရှား ပေးသည်။
“ သူတော်စင် ကိုယ်ပွား ... ။ ”
“ ဒါ ... ရှေးဟောင်း သူတော်စင် ကိုယ်ပွား မဟုတ်လား။ ”
အဖိုးအိုကို ကြည့်ပြီး၊ လူတိုင်း အံသြ သွားသည်။ ဤကြယ်စုသည် ချင်းတန် တစ်ဦး တည်း အတွက်၊ ထျန်ရွှမ်ဇီမှ ပြင်ဆင် ပေး ထားခြင်း ဖြစ်ပေမည်။
ကူရို့ချန်ပင် ပါးစပ် အဟောင်းသား ဖြစ်လာ၏။ ချင်းတန် ကြယ်စုကို ပထမဆုံး အကြိမ်၊ မြင်ဖူးခြင်း ဖြစ်သည်။
ကောင်းကင်၌ သူတော်စင် ကိုယ်ပွား နက္ခတ်တစ်လုံး ရှိနေ သည်လား၊ မရှိ သည်လား၊ မဝေခွဲ နိုင်ချေ။ ထျန်ရွှမ်ဇီ ကိုယ်တိုင် ဖန်တီး ထား သည်လည်း ဖြစ်နိုင်၏။
သူတော်စင် နက္ခတ်၊ နတ်နဂါး နေ-လ ဆေးကြိုအိုး၊ ရွှေနဂါး အရိုး နှင့်အတူ၊ ချင်းတန် ရောင်ဝါမှာ၊ လင်းယွန်၏ ဓားရောင်ဝါကို ချက်ချင်း ဖိနှိမ် ပစ်သည်။
“ ဒါကို ဘယ်လို တားဆီး မလဲ ဆိုတာ ကြည့်ပါ ရစေ၊ နေ-လ စက်ဝန်း။ ”
ယင်းမှာ နဂါး ဝိညာဉ် အဆင့် နီးပါး အစွမ်းထက်သော ကိုယ်ခံ ပညာ တစ်ရပ် ဖြစ် ချေ၏။
ဤမြင်ကွင်းက ကူရို့ချန်အား စိတ်ပူ လာစေသည်။ ယခင် ထိုတိုက်ခိုက်မှုကြောင့် လင်းယွန်မှာ၊ ပြင်းစွာ ခံစား ခဲ့ရ၏။
“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် သခင်။ ”
“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် သခင်။ ”
“ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့၊ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် သခင်။ ”
ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များက၊ စိတ်အား တက်ကြွလာ ကြ၏။ သူတို့ စီနီယာ အစ်ကိုသည်၊ သန်မာလွန်း ချေပြီ။
နေနှင့် လမင်း စက်ဝန်းသည် လွှဝိုင်း ပြားကြီး အလား၊ ကောင်းကင်မှ ဆင်းသက် လာသော အခါ၊ ဓားဂိုဏ်း၏ တပည့်များ နောက်သို့၊ လွင့်စဉ် ကုန်တော့သည်။
ယင်းက ကူရို့ချန်နှင့် အန်းလျူယွင်တို့ ကဲ့သို့သော လူများ ကိုပင် ဒဏ်ရာ ပေးခဲ့သည်။ လင်းယွန် သည်သာ ရပ်လျက် ကျန်ရစ်၏။
ထိုစွမ်းအား အောက်တွင်၊ အချိန်များ လျင်မြန်စွာ ရွေ့လျား လာသဖြင့်၊ နေ့နှင့် ည တစ်လှည့်စီ ဖြစ်ပျက် နေသည်။
မြန်လွန်း သောကြောင့်၊ အများ အမြင်၌ အလင်း တစ်လှည့်- အမှောင် တစ်လှည့်၊ ဖြစ်နေ ခဲ့သည်။
“ သက်တံဓား သူတော်စင် တပည့် ... ၊ မင်းငါ့ကို ဘယ်လို ပြန်တိုက် မှာလဲ။ ”
နေ-လ စက်ဝန်းကို တွန်းထုတ်လျက်၊ ချင်းတန်က လိုက်ပါ လာသည်။ သူ့ နောက်၌ သူတော်စင် ပုံတူနှင့်၊ ရွှေနဂါး နှစ်ကောင် ရှိ နေ၏။
“ ငါ့မှာ ပန်းသင်္ချိုင်းလို့ ခေါ်တဲ့ ... ၊ ဓား တစ်လက် ရှိတယ်။ ”
လင်းယွန်က ရပ်နေရာမှ တစ်လှမ်းပင် မရွေ့ဘဲ၊ ပန်းသင်္ချိုင်း ဓားကို ထုတ်ယူကာ၊ ပစ်ထုတ် လိုက် လေသည်။
“ ဝှစ် ... ။ ”
ပန်းသင်္ချိုင်း ဓား ထွက်လာ သည်နှင့်၊ အလင်းတန်း တစ်ခုလို ပျံသန်းသွား ပြီးနောက်၊ နေ-လ စက်ဝန်း နှစ်ခု ကြားသို့ ဝင်သွား၏။
နေသည် စက်ဝန်း တစ်ခု၊ လသည် စက်ဝန်း တစ်ခု ဖြစ်ကာ၊ ၎င်းတို့ နှစ်ခုသည် ခွေးသွားစိတ် များ ကဲ့သို့၊ လည်ပတ် နေခြင်း ဖြစ်သည်။
“ ထန် ... ။ ”
ပန်းသင်္ချိုင်း ဓားမှာ ထိုစက်ဝန်း နှစ်ခု အကြား တိုးဝင်ကာ၊ လည်ပတ်မှုကို ရပ်စေ လိုက်၏။
တစ်ချိန်တည်း မှာပင်၊ လင်းယွန်က တံဆိပ်များ ဖွဲ့စည်းလျက်၊ ပန်းချီကား များစွာ ထုတ်ဖော် လာသည်။
တိတိ ပပ ဆိုရ ပါမူ၊ ပန်းချီကား ငါးချပ် ဖြစ်ချေ၏။
“ နက္ခတ် ငါးလုံးလား။ ”
ဤတစ်ကြိမ်၌ လူတိုင်း မျက်လုံး ပြူးကုန် တော့သည်။ ကြည့်နေဆဲ မှာပင် ပန်းချီကား (၅) ချပ်လုံး၊ တပြိုင်တည်း ပွင့်လာ ၏။
၎င်းတို့မှာ အသူရာ နဂါး၊ မြွေပျံ၊ ချွမ်ချီ၊ ဖီးနစ်နှင့်၊ ခွန်ပန်တို့ ဖြစ်သည်။ ထိုငါးမျိုးသော သတ္တဝါ တို့သည် ဖျက်ဆီးခြင်း သားရဲများ ဖြစ်ကုန်၏။
သူတို့ ပေါ်လာသော အခါ၊ လင်းယွန် မျက်ဝန်း ထဲ၌ သတ်ဖြတ် လိုသော ဆန္ဒများ တဖွားဖွား ဖြစ်ပွားလာ တော့သည်။
***