တစ်ယောက်မှ မသေ စေနဲ့ ... ။
Vol. 118 Ch. 1648
“ ဟမ့် ... ။ ”
ချင်းတန်မှ နှာခေါင်း ရှုံ့ပြီး၊ လက်ညှိုးကို တောက်ထုတ် လိုက်၏။ သို့သော် ပန်းသင်္ချိုင်း ဓားသည် ဘုန်း ဝိညာဉ် များကို အသက် သွင်း ထားသဖြင့်၊ အလေးချိန် သိသိ သာသာ တိုး နေခဲ့သည်။
ထို့ကြောင့် ဓား လမ်းကြောင်းကို ရွေ့အောင် မလုပ်နိုင် ခဲ့ချေ။ ပန်းသင်္ချိုင်း ဓားမှ တုန်ခါလျက် ထိုစွမ်းအင်ကို ပျံ့ကျဲ စေလိုက်သည်။
ဤမြင်ကွင်းက ချင်းတန် မျက်နှာကို ပြောင်းလဲ သွားစေသည်။ ချက်ချင်းပင် ဘေးသို့ စောင်းငဲ့ ရေှာင်တိမ်း လိုက် သော်လည်း၊ ဓား ရောင်ခြည်က ဆံပင် အချို့ကို၊ ဖြတ်တောက် သွားသေးသည်။
“ ရွှပ် ... ။ ”
ဓား ရောင်ခြည်ကို ရှောင်နေရ သဖြင့်၊ နောက်၌ ပါလာသော ဓားအား ရှောင်ချိန် မရ တော့ချေ။ ရင်ဘတ်အား ထိမှန် သွားသည်။
“ ထွီ ... ။ ”
ဝတ်ရုံ စုတ်ပြဲလျက် ပြတ်ရှရာ အချို့ ရရှိ သွားသည်။ ပါးစပ်ထဲ ပျို့တက် လာသော သွေး ကို၊ လင်းယွန် မျက်နှာထံ ထွေးထုတ် လိုက်၏။
“ ..... ။ ”
သို့သော် လင်းယွန်က သူ့ဓားအား အကြိမ်ကြိမ် လွှဲလျက်၊ ယပ်တောင် တစ်လက် ကဲ့သို့၊ ကာကွယ် လိုက်သည်။
ထိုသွေးစက် များမှာ၊ ရှေ့တိုး မရ သဖြင့်၊ ရွှေရောင် သွေးနဂါးကြီး အသွင် ပြောင်းလဲကာ၊ လျင်မြန်စွာ ကြီးထွားလာ တော့သည်။
“ ဒါပဲလား။ ”
ပန်းသင်္ချိုင်း ဓားအား စကြာ အသွင် ဝှေ့ယမ်းကာ၊ သွေး နဂါးကို ဖျက်ဆီး ပစ် လိုက်သည်။
လင်းယွန် တစ်ယောက် သွေးနဂါးနှင့်၊ အလုပ်ရှုပ် နေစဉ်၊ ချင်းတန်မှ လွတ်ရာသို့ ဆုတ် ခွာပြီး၊ စိုက်ကြည့် သည်။
ဤဓားကို လျှော့တွက် ထားမိ ကြောင်း သူ သဘောပေါက် လာ၏။
“ ချင်းတန်ကို ဒီလောက်ထိ ... ၊ ဖိအား ပေးနိုင် တာလား၊ ဘယ်လို တောင် ကြောက် စရာ ကောင်း လိုက်လဲ … ။ ”
လူအုပ် ကြီးက၊ ချင်းတန်အား ဒဏ်ရာ ရအောင် လုပ်နိုင် ခဲ့သော လင်းယွန်ကို ကြည့် ကာ၊ မယုံ ကြည်နိုင် ဖြစ်လာ သည်။
“ ဝေါ့ ... ။ ”
ချင်းတန် ခမျာ၊ မြေပြင်ပေါ် ဆင်းသက် လိုက်ပြီး နောက်၊ သွေးများကို ထပ်မံ ထေွးထုတ် ပစ်သည်။
“ သက်တံဓား သူတော်စင် တပည့်၊ မင်း လုပ်နိုင်တာ ဒါ အကုန် ပဲလား၊ ဒါဆို ... ဒီနေ့ ငါ ဘာလို့ ပြိုင်ဘက် ကင်းလဲ ဆိုတာ ပြမယ်။ ”
ပြီးသည်နှင့် လက်ကို ဝှေ့ယမ်း လိုက်ရာ၊ ရွှေရောင် အလံ တစ်လက် ပေါ်လာ လေသည်။
“ ရွှေနဂါး နတ်ဘုရား အလံ၊ နတ်နဂါး အင်ပါယာ ပိုင်တဲ့၊ ဘုန်း သူတော်စင် လက်ရာပဲ၊ ဘယ်လိုလုပ် သူ့ဆီမှာ ရှိနေရ တာလဲ။ ”
ထုတ်ယူ လိုက်သော လက်နက် ကြောင့် လူတိုင်း အံသြ သွားသည်။ အလံသည် လှံရှည် တစ်စင်းနှင့် တူပြီး၊ အရွက် ပေါ်၌၊ ရွှေနဂါးကို ရေးဆွဲ ထားသည်။
“ ဟား ဟား ဟား ... ၊ အခု ငါ့ကို ဘယ်သူက ဖက်ပြိုင် နိုင်ဦး မှာလဲ။ ”
ချင်းတန်က ရယ်မောလျက်၊ လင်းယွန်ထံ တိုးဝင် လာသည်။ သူတို့ နှစ်ဦး၏ ဘုန်း ဝိညာဉ် များကြောင့်၊ ပုံရိပ်များ မှုန်ဝါး လာ တော့၏။
“ ဟိတ် ... ။ ”
“ ထန် ... ထန် ... ။ ”
လက်နက်များ ထိပ်တိုက် တွေ့သည့် အကြိမ်တိုင်း၊ ကောင်းကင်မှာ လင်း တစ်လှည့် အမှောင် တစ်လှည့်၊ ပြောင်းလဲ လာသည်။
ကာယကံရှင် နှစ်ဦး မှာမူ၊ လက်နက်များ လွတ်မကျ စေရန် အံကြိတ်လျက် တိုက်ခိုက် နေရသည်။
“ အဓိပတိ နဂါး တံဆိပ် ... ။ ”
“ နေ-လ စက်ဝန်း ... ။ ”
ရိုက်ခတ်မှု လှိုင်း များက၊ ပတ်ဝန်းကျင် လေထု အတွင်း ပျံ့ကား လာကာ၊ ထိမိ သူတိုင်း သွေးအန် ကုန်၏။
“ ခရစ် ... ။ ”
တိုက်ပွဲ ဖြစ်ပွား နေစဉ်၊ ကောင်းကင် ကြီး နောက်တစ်လွှာ ကွဲအက်လျက် ကြယ်ရောင်များ ပြိုကျ လာသည်။
ရေွ့လျားမှုမှာ မြန်ဆန်လွန်း သောကြောင့်၊ တစ်ယောက်၏ တိုက်ခိုက်မှုကို တစ်ယောက်က အလုံးစုံ မရေှာင် နိုင်ခဲ့ချေ။
ထို့ကြောင့် အလံသည်၊ လင်းယွန်၏ ခန္ဓာကိုယ်ပေါ် ရိုက်မိ တတ်ပြီး၊ ဓား ရောင်ခြည် များ သည်လည်း၊ ချင်းတန်အား ထိမှန် နေချေ၏။
“ ဟား ဟား ဟား ... ၊ လင်းယွန် မင်းငါ့ကို အနိုင်ယူ နိုင်မှာ မဟုတ် ပါဘူး။ ”
ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်နေ လျက်မှ ချင်းတန်က ပြောလေသည်။ ထို့နောက် သွေးနှင့် လှမ်းထွေး လိုက်၏။ ယင်းက သွေး နဂါးကြီး အသွင် ပြောင်းလဲ လာသည်။
နှစ်ဦးသား ထိပ်တိုက် တွေ့နေစဉ်၊ အချိန် အခါ ဖြစ်သဖြင့်၊ သွေးနဂါး ကြီးအား လင်းယွန်မှ ရှောင်တိမ်း နိုင်ခြင်း မရှိ တော့ချေ။
၎င်းမှာ မည်မျှ အန္တရာယ် ပေး နိုင်ကြောင်း မြင်နေရ သဖြင့်၊ ဓားဂိုဏ်း၏ တပည့်များ စိုးရိမ် လာသည်။
“ ဂျူနီယာ လင်း ... ။ ”
“ သခင်လေး လင်း ... ။ ”
အန်းလျူယွင်နှင့် မူရွယ်ချင်းက ထိတ်လန့်တကြီး အော်ဟစ် သတိပေး လာ တော့သည်။
လင်းယွန်က ဒေါသ ထွက်လာ သဖြင့်၊
“ နဂါးပြာ ဖျက်သိမ်းခြင်း ... ။ ”
-ဟု ဟစ်အော် လိုက်သည်။
ယင်းက ရွှေလူသားကို၊ ဓား ပင်လယ် အတွင်းမှ ထွက်လာ စေ၏။ ရွှေ လူသားက ရွှေ နဂါး ကြီးအား ဆင့်ခေါ်ပြီး၊ သွေး နဂါးကို ချက်ချင်း ဝါးမြို စေတော့သည်။
“ ရွှပ် ... ရွှပ် ... ။ ”
ထိုအချိန်၌ လင်းယွန်က ဓားကို နှစ်ကြိမ် ခုတ်ပိုင်း လိုက်ပြီ ဖြစ်သည်။ ပထမ ဓားသည် ရွှေနဂါး နတ်ဘုရား အလံကို တွန်းထုတ်ပြီး၊ ဒုတိယ ဓားသည် ချင်းတန်အား ဒဏ်ရာ ရစေ၏။
“ ချင်းတန် ... ၊ ဒီနေ့ မင်း အသက်ကို ငါယူမယ်။ ”
လင်းယွန် ထံမှ နဂါး ရူရ် လေးသောင်း ပျံတက် လာကာ၊ မိုးပြာ နဂါး ရောင်ဝါ အဖြစ်၊ ကောင်းကင်၌ ထွက်ပေါ် လာသည်။ ထို့နောက် နဂါး ခေါင်းထံ ခုန်တက်လျက်၊ လင်းယွန်က ဟစ်ကြွေး လိုက်၏။
“ မကောင်း တော့ဘူး။ ”
ကောင်းကင်ယံ ဂိုဏ်း၏ တပည့်များ ခမျာ၊ စိုရိမ် တကြီး ဖြစ်လာသည်။ လွီရှနှင့် ကျန်းယွမ် မျက်နှာများ ပြောင်းလဲ သွားပြီး၊ ချက်ချင်း လှုပ်ရှား သွား၏။
“ မင်းတို့က ... ၊ အရေ အတွက်နဲ့ တိုက်ချင် နေတာလား။ ”
ကုန်းစွန်းယန်နှင့် အဖွဲ့မှာ၊ ထိုမြင်ကွင်း ကြောင့် ချက်ချင်း ဒေါသ ဖြစ်လာ ကြလေသည်။ သူတို့ အားလုံး ချင်းတန်၊ အပေါ် မကျေ မနပ် ဖြစ်နေ သည်မှာ ကြာပြီ ဖြစ်၏။
ထို့ကြောင့် အားလုံးက ဓားရောင်ခြည်များ လွှတ်တင်ကာ၊ လင်းယွန်အား ကူညီရန် ပျံသန်း သွားမိ ကြသည်။
“ လျူယွင် ... ၊ ဇီလင် ... ၊ မင်းတို့ နှစ်ယောက် ... ၊ ဓားဂိုဏ်းရဲ့ တပည့် တွေကို ကယ်တင်ဖို့ နည်းလမ်း ရှာပါ၊ တစ်ယောက်မှ မသေ စေနဲ့။ ”
မိုးပြာ နဂါး ခေါင်းပေါ်တွင် ရပ်နေ လျက်မှ လင်းယွန်က ပြောလိုက်သည်။
“ သ တိ ထား ... ။ ”
အမျိုးသမီး နှစ်ယောက်က လင်းယွန်ထံ တစ်ချက် ကြည့်ကာ၊ အံကြိတ်လျက် ချက်ချင်း ပြန်လှည့် သွား ကြ၏။
“ သွား ကြ စို့ ... ။ ”
ဤသို့ဖြင့် ယဇ်ပလ္လင် ကြီးထံ ဦးတည် နေသော ဓားရောင်ခြည် နှစ်စင်းအား ရိပ်ခနဲ မြင်လိုက် ရလေသည်။
***