← Chapters

ငါ့ နာမည် ပန်းသင်္ချိုင်း။

Vol. 118 Ch. 1649

ငါ့ နာမည် ပန်းသင်္ချိုင်း။

Vol. 118 Ch. 1649

ထိုအချိန်တွင် ကျန်းယွမ်နှင့် လွီရှက ချင်းတန်အား ကူညီရန် ရောက်ရှိ လာပြီ ဖြစ် လေသည်။

ချင်းတန် မျက်နှာ ဖြူဖျော့နေ သဖြင့်၊ သူ့ဒဏ်ရာမှာ မပေါ့ ပါးကြောင်း ထင်ရှား ချေ၏။

လင်းယွန်၏ ဓား ဝိညာဉ်သည် သူ့ခန္ဓာ ကိုယ်ကို ဖြတ်ကာ၊ ဝိညာဉ်အား ဒဏ်ရာ ပေး သွားခဲ့သည်။

“ အစ်ကိုကြီး အဆင်ပြေ ရဲ့လား။ ”

လွီရှမှ စိုးရိမ် တကြီး မေးသည်။

“ အဆင် ပြေတယ် ပြန်သွား ... ။ ”

ချင်းတန်က ရွှေနဂါး နတ်ဘုရား အလံကို ပြန်ခေါ်ကာ၊ ဝှေ့ယမ်းပြီး ပြန်ဖြေ၏။

“ မင်းတို့ ရောက်လာ မှတော့ ခဏ နေပါဦး။ ”

လင်းယွန်က ပြုံးလျက် ပြောလိုက် လေသည်။ သူ့ နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသား တောက်ပ လာပြီး၊ အစွမ်း ထက်သော ဓား ရည်ရွယ်ချက်အား ထုတ်လွှတ် လာ၏။

လူတိုင်း အတွက်၊ တုန်လှုပ် ခြောက်ခြား ဖွယ်ရာ ပေပင်။ ဓား မြည်သံများ ပဲ့တင်ထပ် လာပြီး၊ အနက်ရောင် တိမ်ထုမှာ၊ အဝေးသို့ ထွက်ပြေး တော့၏။

မိုးပြာ နဂါး ပေါ်တွင် ရပ်လျက်၊ ကောင်းကင်ကို လက်မြှောက် ရုံဖြင့်၊ ဆွဲကိုင်နိုင် မည်ဟု၊ ထင်မြင်လာ စေသည်။

ဤအခိုက် အတန့်တွင် သူ့အား ကောင်းကင်နှင့် တစ်သားတည်း ဖြစ်စေသော အမိုး အကာ တစ်ခု အလား ခံစား မိလာ၏။

“ ကောင်းကင် အမိုးဓား ရည်ရွယ်ချက်။ ”

“ ဒါက ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

“ တကယ်ပဲ ကောင်းကင် အမိုး ဓားလား၊ နဂါးသွေး လွှတ်ကြော နယ်ပယ်နဲ့၊ သူ ဘယ်လို ရထား တာလဲ။ ”

အမျိုး မျိုးသော ဖြစ်စဉ် များကို ကြည့်ပြီး၊ လူတိုင်း ဦးရေပြားများ ယားယံ လာတော့သည်။ ကျန်းယွမ်နှင့် လွီရှတို့မှာ ထွက်ခွာရန် တုံ့ဆိုင်း နေ၏။

“ ဝေါ့ ... ။ ”

ထိုကြောင့် ဓား ရည်ရွယ်ချက်၏ ရိုက်ခတ်ခြင်း ခံရကာ၊ သွေးအန် လွင့်စဉ် ကုန် လေသည်။

ယင်းက ဤတိုက်ပွဲတွင် ဝင်ရောက် စွက်ဖက်ရန်၊ အရည်အချင်း မရှိဟု ထုတ်ဖော် ပြသရာ ရောက်လေသည်။

“ ကောင်းကင် အမိုးဓား လေးနဲ့၊ ငါ့ကို အနိုင်ယူ ချင် တာလား၊ အိမ်မက် မက်မနေနဲ့။ ”

ချင်းတန်က ဟစ်အော် လိုက်ပြီး၊ ရွှေနဂါး အရိုးကို ဖြန့်ကျက် လိုက်သည်။ ရွှေနဂါး အလံ ပေါ်ရှိ၊ ဘုန်း ဝိညာဉ် နှစ်ပါး အသက် ဝင်ကာ၊ မီးထ တောက် လာ၏။

ယင်းကြောင့် ရွှေနဂါး ကြီးက အလံ ပေါ်၌ သက်ရှိ တစ်ကောင် ကဲ့သို့၊ လူးလွန့် လာ လေ သည်။ ၎င်း၏ မျက်ဝန်း များတွင် ဘုန်းနေ ဝိညာဉ်နှင့် ဘုန်း မီးဝိညာဉ်များ ပါရှိ၏။

“ ရွှပ် ... ။ ”

မီးနဂါး ကြီးက၊ မျက်ဝန်းမှ ရောင်ခြည် တန်းများ ထုတ်လွှတ်ကာ၊ လင်းယွန်၏ ဓား ရောင်ဝါကို ဖြိုခွင်း လေသည်။

“ သေ စမ်း ... ။ ”

အလံ ပေါ်ရှိ ရွှေနဂါး ကြီးက၊ ကောင်းကင် အပြည့် ရွှေမီးတောက် များကို မှုတ်ထုတ် တော့ သည်။ အဝေးမှ လှမ်းကြည့် သော် ကောင်းကင် အား မီးလောင်တိုက် သွင်း နေခြင်းနှင့် တူ နေ၏။

လင်းယွန်က မီးပင်လယ် ကြီးကို မော့ကြည့်ကာ၊ မိုးပြာ နဂါးအား လှည့်ပတ် စီးနင်းလျက်၊ ပန်းသင်္ချိုင်း ဓားဖြင့် လွှဲခုတ် လိုက်သည်။

“ ဝုန်း ... ။ ”

ဓားရောင်ခြည် များနှင့် မီးတောက်များ အကြိမ်ကြိမ် ပေါက်ကွဲ နေပြီး၊ လင်းယွန် ပုံရိပ် များမှာ၊ လောင်ကျွမ်း ခံနေ ရသည်။

ဤအခိုက်တွင် လူတိုင်း၏ အကြည့် များက၊ လင်းယွန် ထံမှ မခွာ ခဲ့ချေ။ စိတ် လှုပ်ရှားစွာနှင့်၊ အာရုံစိုက် နေကြ သည်။

“ သတ် ... ။ ”

လင်းယွန်က နဂါး ခေါင်းပေါ်မှ ခုန်ဆင်း သွားကာ၊ မြေပြင်ပေါ် ရောက် သည်နှင့်၊ သူ့ကို ဖုံးလွှမ်း နေသော ဓားရောင်ဝါ များမှာ၊ ပို၍ သိပ်သည်း လာတော့သည်။

“ ကောင်းတယ် လာခဲ့ ... ၊ ဟား ဟား ဟား ... ။ ”

ချင်းတန်မှ ရယ်မောပြီး၊ မြေပြင်ကို ခြေဖျားနှင့် ပုတ်ကာ၊ ပြေးလာသော လင်းယွန် ထံ၊ အလံဖြင့် ထိုးချိန် လိုက်သည်။

“ ဟား ဟား ဟား ... ၊ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့၊ ပြိုင်ဘက်ကင်း ကောင်းကင် ဘုံ၊ သူတော်စင် ဘုရင်။ ”

သူ့ ရယ်သံမှာ ပို၍- ပို၍ ကျယ်လောင် လာသည်။ နေနှင့် လသည် အလံ တစ်ဝိုက်တွင်၊ လည့်ပတ် လာပြီး၊ အနည်းငယ် လှုပ်ခါ ရုံဖြင့် မြေပြင် တစ်ခုလုံး၊ တုန်ခါ သွား၏။

“ ဟိတ် ... ။ ”

ထိုအချိန်တွင် လင်းယွန် တစ်ယောက် ရောက်ရှိ လာခဲ့ပြီ ဖြစ်၏။ ရှေ့ တစ်လှမ်း လှမ်း တက်ကာ၊ အလံဖြင့် ထိုးချ လိုက်သည်။

ယင်းကြောင့် ဓားနှင့် ပယ်ထုတ် လိုက် သော်လည်း၊ မအောင်မြင် သဖြင့်၊ လင်းယွန် ခမျာ၊ ပြန်လည် ဆုတ်ခွာ ပေးလိုက် ရ၏။

“ ဟား ဟား ဟား ... ။ ”

ဤအရာက ချင်းတန်ကို ယုံကြည်ချက် ပို၍တိုးလာ စေ၏။ သတ်ဖြတ်ရန် ရည်ရွယ် ချက်များ ထုတ်ဖော်ကာ၊ နောက် တစ်ကြိမ် အလံဖြင့်၊ ထိုးသွင်း လိုက်သည်။

“ ကောင်းကင် အမိုး ဓားလား၊ သိပ်ပြီး အထင် ကြီးလောက် စရာလည်း မရှိ ပါဘူး၊ အကြွင်းမဲ့ ခွန်အား ရှေ့မှာ အမှိုက် ပဲ။ ”

ချင်းတန်မှ လှောင်ပြောင် လေသည်။

“ ဒါက ကောင်းကင် အမိုးဓားလို့၊ ဘယ်သူ ပြောလဲ။ ”

လင်းယွန်က ချက်ချင်း တုန့်ပြန် ပြောလာ သဖြင့်၊ ချင်းတန် ခမျာ အရယ် ရပ်ကာ မျက်ဝန်း များ၊ မှေးစင်း သွားသည်။

“ ဝှစ် ... ။ ”

သူ့ အနား မရောက်ခင် လင်းယွန်က ပန်းသင်္ချိုင်း ဓားဖြင့်၊ ပစ်ပေါက်လာ သဖြင့်၊ စောင်းငဲ့ကာ၊ ရှောင်တိမ်း လိုက်သည်။

“ ရွှပ် ... ။ ”

ပြီးသည်နှင့် သိပ်စဉ်းစား မနေ တော့ဘဲ၊ ရင်ဘတ်ထံ ချိန်ရွယ် လျက်၊ ရွှေနဂါး နတ်ဘုရား အလံအား၊ ထိုးသွင်း ပစ်၏။

သူ့ အမြင်တွင်၊ တစ်ဖက် လူသည် မည်မျှ လျင်မြန် စေကာမူ၊ ဤအလံထက် မမြန် နိုင်ဟု ယုံကြည်သည်။

သို့သော် အတွေး မဆုံးခင်၊ သူ့အား ဖြတ်ကျော် သွားသော ပန်းသင်္ချိုင်း ဓားသည် ရုတ်တရက် တုန်ခါလျက်၊ လင်းယွန်ကို ဆင့်ခေါ် တော့၏။

“ ဝှစ် ... ။ ”

လင်းယွန်မှာ ရုတ်ချည်း ပျောက်ကွယ် ပြီးနောက် ဓားကိုင်လျက် သူ့နောက် ရွေ့ပြောင်း သွား၏။

“ ဘာ လဲ ဟ ... ။ ”

ချင်းတန် တစ်ယောက် မျက်လုံး ပြူး လာတော့သည်။ ရပ်ကြည့် နေသူများ အမြင်၌၊ လင်းယွန် တစ်ယောက် သူ့လက်မှ ဓားကို ပြင်ကိုင် လိုက်ရုံဖြင့်၊ ချင်းတန် နောက်သို့၊ ရွေ့ပြောင်း သွားသည်ဟု မြင်မိ၏။

ယင်းကြောင့် ချင်းတန် ခမျာ နောက်ကျောအား ဓားဖြင့် ထိုးခြင်း ခံလိုက် ရသည်။

နာကျင်မှုကြောင့် တွန့်လိမ် ရုန်းထွက်ကာ ပြန်အကြည့်တွင်၊ ဓားကိုင်လျက် သူ့အား ကြည့် နေသော လင်းယွန်ကို တွေ့လိုက် ရသည်။

“ ဓားမှ ခြယ်လှယ်ခြင်း။ ”

ဘယ်လက်ဖြင့် တံဆိပ် ဖန်တီးကာ၊ ညာလက်ရှိ ပန်းသင်္ချိုင်း ဓားထံ ပေါင်းစပ်ကာ ပစ်ပေါက် လိုက်၏။

“ ဝှစ် ... ။ ”

ချင်းတန်က အလံဖြင့် ယမ်းကာ၊ ပျံသန်း လာသော ပန်းသင်္ချိုင်း ဓားကို ဖယ်ထုတ် လေ သည်။

သို့သော် ပန်းသင်္ချိုင်း ဓားက သက်ရှိ တစ်ကောင် ကဲ့သို့၊ သူ့ အလံအား လှည့်ပတ် ရေှာင်တိမ်း သွား၏။

ထိုအချိန်တွင် လင်းယွန်က ညာလက်ကို မြှောက်လျက်၊ ပန်းသင်္ချိုင်း ဓားအား ချင်းတန်၏ နဖူး ဆီသို့၊ လမ်းကြောင်း ပြောင်း လိုက်သည်။

“ ထန် ... ထန် ... ။ ”

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ယင်းကြောင့် ချင်းတန် ခမျာ မျက်နှာ ပြောင်းလဲ သွားပြီး၊ အလံဖြင့် ရိုက်ဖယ်ကာ၊ နောက်ပြန် ဆုတ်မိသည်။

“ တိမ်ဖုံး နေသော နေမင်း။ ”

လင်းယွန်က မူလ နေရာမှ မရေွ့ဘဲ၊ ကောင်းကင်ဓား ရေကန် ဓား၏ ပထမ ပုံစံကို ညာလက်ဖြင့် အကောင် အထည် ဖော်၏။

ဓား ရောင်ခြည် (၄၉)စင်း တိတိ၊ ဖြာထွက် လာကာ၊ ဆယ်မိုင် အကွာအား ကန့်သတ် ပစ်တော့သည်။

“ တိမ်နှင့် လေမုန်တိုင်း။ ”

“ ကောင်းကင်၌ ရွေ့လျား နေသော တိမ်။ ”

“ အဝေးမှ တိမ်တိုက်များ ... ။ ”

“ အသွင် ပြောင်းလဲသော တိမ် ... ။ ”

“ ကောင်းကင် ပေါ်သို့။ ”

လက်ဟန်များ မြန်လာ သည်နှင့် အမျှ၊ ပန်းသင်္ချိုင်း ဓားမှာ၊ ပို၍ လျင်မြန်စွာ ရွေ့လျား နေခဲ့သည်။

တစ်ချိန်လုံး တစ်လှမ်း မျှပင် မတက်ဘဲ၊ အဝေးမှ အော်ဟစ် နေရုံဖြင့် ဓားက နားလည် သည့် အလား၊ ချင်းတန်ကို တိုက်ခိုက် နေ၏။

ဤသို့သော တိုက်ပွဲ ဝင်သည့် ရန်သူမျိုး တစ်ကြိမ်မှ မကြုံဖူး ထားသဖြင့်၊ ချင်းတန် ခမျာ ဒဏ်ရာများ ရရှိ လာသည်။

ဤအရာသည် ဓား တစ်လက် မျှသာ ဖြစ်သည်။ ချို့ယွင်းချက် မရှိသော ဓားရေးအား အဘယ်ကြောင့် ထုတ်ဖော် နေနိုင် သည်ကို၊ အဖြေ မရှာနိုင် သေးချေ။

ရန်သူကို သတ်ရန် မဆိုနှင့် ဆယ်မိုင် အကွာတွင် ရပ်နေသော လင်းယွန် အနားပင်၊ တစ်လှမ်း တိုး မရနိုင် ဖြစ်နေသည်။

ထိုအချိန်တွင် လင်းယွန်မှာ ဖြစ်တည်မှု ပျောက်ဆုံး သွားပြီး၊ ဓားမှတဆင့် ချင်းတန်ကို မြင်နေ ရသည်။

သည့်စဉ် စွမ်းအား တစ်ခုက သူ့အား စုပ်ယူ တော့သည်။ သို့သော် ဤတစ်ကြိမ် ပန်းသင်္ချိုင်း ဓား အနား မဟုတ်ဘဲ၊ ချင်းတန် နောက်သို့၊ ဆင့်ခေါ် လိုက်ခြင်း ဖြစ်သည်။

ပန်းသင်္ချိုင်း ဓားမှ သူ့အား ကြိုတင် စောင့်ဆိုင်း ခိုင်းထားခြင်း ဖြစ်ချေ၏။ သူရောက် သည်နှင့်၊ ပန်းသင်္ချိုင်း ဓားမှာ၊ သူထံ ပျံသန်း လာသည်။ ရောင်ဝါသည် ကောင်းကင်နှင့် တူလာ၏။

“ ဝေါ့ ... ။ ”

ထိုရောင်ဝါ ဖိအားကြောင့် ချင်းတန်မှာ၊ သွေးအန်လျက် လည်ထွက် သွားသည်။ ယင်းက မည်သည့် အရာများ ဖြစ်ပျက် သွားမှန်း မသိ သဖြင့်၊ လင်းယွန်ထံ ပြန်မော့ ကြည့်မိသည်။

“ ချင်းတန် မင်းကို သတ်ဖို့ ... ငါ့မှာ နည်းလမ်းတွေ အများကြီး ရှိတယ်၊ အခု ငါ့ကို တောင်းပန်ပါ၊ သက်တံဓား သူတော်စင်ကို အရှက် ခွဲလို့ မရဘူး။ ”

“ သူက သေလူပဲ ... ၊ ငါ ပြောတာ ဘာများ မှားလို့လဲ၊ မင်းကရော မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ကံကောင်းပြီး မင်းမှာ ကောင်းကင် အမိုးဓား ရှိနေလို့၊ မဟုတ်ရင် မင်းကို ဝက် တစ်ကောင်လို သတ်ပစ်လို့ ရတယ်။ ”

ချင်းတန်က အေးစက်စက် ပြန်ပြောပြီး အလံကို ဝေ့ယမ်းကာ သူတော်စင် ကိုယ်ပွား အား၊ ခေါ်ယူ လိုက်သည်။

၎င်းနက္ခတ်က သူ့ ခန္ဓာ ကိုယ်အား၊ ရွှေနဂါးကို ချပ်ဝတ်ဖြင့် ပံ့ပိုး ပေးလေသည်။

“ ဟား ... ဟား ... ဟား ... ကံကောင်း လို့တဲ့လား၊ ငါ့လမ်းမှာ ကံကောင်း လို့ပါ ဆိုတဲ့ အရာ မရှိဘူး၊ ဒီနေရာ အထိ ရောက်အောင်၊ သေခြင်းကို ဖြတ်ကျော်ပြီး၊ လာခဲ့ ရတာ၊ ...

... ငါက နဝမမြောက် ကောင်းကင် လမ်းရဲ့ ချန်ပီယံ၊ အောက်တန်း ကမ္ဘာရဲ့ သွေးစွန်းသော ဧည့်ခံပွဲ ချန်ပီယံ၊ ... ခွန်လွန်မှာ အင်ပါ ရီယန် ချန်ပီယံ၊ ပင်မ နတ်ဘုရား ချန်ပီယံ၊ ...

... ဒီချန်ပီယံ ... ချန်ပီယံ ဆိုတာက၊ ကံကောင်းပြီး ရခဲ့ တာလို့ ... ၊ မင်း ထင်နေလား၊ ကြည့်ရတာ ထျန်ရွှမ်ဇီ တပည့်က ဦးနှောက် မရှိ ဖူးပဲ။ ”

ချန်ပီယံ ချန်ပီယံဟု ပြောနေ လျက်မှ သွေးများ ပွက်ပွက်ဆူ လာပြီး၊ နဂါး - ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းအား အသက်သွင်း လိုက်သည်။

ခန္ဓာ ကိုယ်မှ နဂါးနှင့် ဖီးနစ် သဏ္ဍာန်များ ပါရှိသည့်၊ တောက်ပသော ဓား ရောင်ခြည်များ ပွင့်ထွက် လာပြီး၊

“ ပန်းသင်္ချိုင်း ဆိုတဲ့ ငါ့လမ်းမှာ၊ ကံတရား မရှိဘူး၊ ငါက အလောင်း တောင်ကို ဖြတ်ပြီး၊ ငရဲ လမ်းတွေ ကနေ၊ ဒီ အထိ လာခဲ့တာ။ ”

-ဟု ပြောလိုက်သည်။

သည့်နောက် ခြေလှမ်း တစ်လှမ်း လှမ်း တက်ပြီး၊ ဓားပုံစံ လေးမျိုး ထုတ်လွှတ် တော့၏။ လေ၊ မီး၊ လျှပ်စီးနှင့် ရေခဲ ဟူသော စကား လုံးများ ပြေးထွက် လာသည်။

မီး ရည်ရွယ်ချက်က ရွှေနဂါး ကြီးကို လောင်ကျွမ်းကာ၊ လေသည် သူတော်စင် နက္ခတ် အား၊ တစ်စစီ စုတ်ဖြဲ ပစ်၏။

လျှပ်စီးသည် ချင်းတန်၏ ရွှေချပ်ဝတ်ကို ခွဲလျက်၊ နောက်ဆုံး ရည်ရွယ်ချက်မှာ၊ ၎င်းအား ဒူးထောက် စေခဲ့သည်။

“ မဟုတ်ဘူး … မဟုတ်ဘူး … ။ ”

ချင်းတန် မျက်ဝန်း များ၍ အကြောက် တရားများ ဖြစ်ပေါ် လာသည်။ သူ ထရပ် ချင်မိ သော်လည်း၊ ရေခဲ ရည်ရွယ်ချက်က ခွင့် မပြု တော့ချေ။

အပ်စိုက်မှတ်များ အေးခဲ ကြေမွ ကုန်ကာ၊ သွေး လည်ပတ်မှု ရပ်တန့် သွား၏။

“ ရှုံးသွား တာလား ... ။ ”

ယဇ်ပလ္လင် ပေါ်ရှိ ကောင်းကင်ယံ ဂိုဏ်း၏ တပည့်များ အားလုံး၊ မယုံ နိုင်ဖွယ် မျက်လုံးများ ပြူးကျယ် သွားကုန်သည်။

သူတို့၏ ပြိုင်ဘက်ကင်း အစ်ကိုသည်၊ မြေပြင် ပေါ်တွင် ဒူးထောက်လျက်၊ သွေးများ အလိမ်း လိမ်း ပေကျံ နေတော့၏။

“ မင်း ... အား ... ။ ”

ချင်းတန်က စကားပြောရန် ပြင်လိုက် သော်လည်း၊ လင်းယွန်က ဓားဖြင့် သူ့လက်အား ခုတ်ဖြတ် ပစ် လိုက်သည်။

“ ဒီဓားက ... ငါ့ဆရာ သက်တံဓား သူတော်စင်ကို အရှက် ခွဲလို့ မရဖူး ဆိုတာ သတိ ပေးတာ။ ”

စကားဆုံး သည်နှင့် နောက်ထပ် လက်တစ်ဖက်အား ခုတ်ဖြတ်ချ လိုက်သည်။

“ အား ... ။ ”

“ ဒီဓားက လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က သွေးကြွေး အတွက်ပဲ၊ မင်းကို ထပ်ပြော လိုက် ဦးမယ်၊ ငါ အခုချိန် အထိ၊ အသက်ရှင် နေတာ ကံကောင်း လို့ မဟုတ်ဘူး။ ”

ဤတစ်ကြိမ်၌ ချင်းတန် ခမျာ၊ အသံပင် မထွက် နိုင်တော့ချေ။ ရုတ်တရက် သူ့ ကမ္ဘာကြီး တစ်ခုလုံး၊ ချာချာ လည်သွား တော့သည်။

“ ငါ့ နာမည် ပန်းသင်္ချိုင်း ... ၊ ပန်းတွေနဲ့ လူတွေကို မြှပ်နှံပေးတယ်။ ”

***

All Chapters