သွေးကြွေးကို ... ၊ သွေးနဲ့ပဲ ပေးဆပ် ရတယ်။
Vol. 118 Ch. 1650
ဤမြင်ကွင်းကို မြင်သော အခါ၊ လူတိုင်း မျက်လုံးများ ထွက်ကျ လုမတတ် ပြူးထွက် လာ တော့သည်။ ဦးခေါင်းမဲ့ ခန္ဓာကြီး ပြိုကျ လာမှ သာလျှင်၊ လူတိုင်း အသိဝင် လာကုန်၏။
“ စီနီယာ အစ်ကို ... ။ ”
ဓားဂိုဏ်း တပည့် များနှင့် တိုက်ခိုက် နေသော ကောင်းကင်ယံ ဂိုဏ်း၏ တပည့် များမှာ၊ ထိတ်လန့်စွာ အော်ဟစ် သည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
“ ငါတို့ စီနီယာ အစ်ကိုက ပြိုင်ဘက် ကင်းဘဲ၊ သူတော်စင် ဘုရင် ကိုယ်တိုင် သင်ပေး ထားတာပါ၊ ဘာလို့ သေရ တာလဲ။ ”
ချင်းတန် သေဆုံး ခြင်းသည် သူတို့အား စိတ်ဓာတ်ကျ စေ၏။ ရှေးဟောင်း ပျက်သုဉ်း မြေ၏ ပြိုင်ဘက်ကင်း ကောင်းကင်ဘုံ သူတော်စင် ဘုရင် ဟူသော ရွတ်ဆို သံသည် အမှန်ပင် ရင်ထဲမှ လာသော ယုံကြည်မှု ဖြစ်သည်။
နှလုံးသား ထဲရှိ၊ အံ့ဩဖွယ်ရာ တည်ရှိမှု ဖြစ်၏။ သက်တံဓား သူတော်စင်ကြီး မှတပါး၊ သူ့အား မည်သူမျှ အနိုင် မယူ နိုင်ချေ။
ထို့ကြောင့် စီနီယာ အစ်ကို ချင်းတန်သည် ကောင်းကင်ဘုံ သူတော်စင် ဘုရင်ကို ကိုယ်စား ပြုကာ၊ စစ်မြေပြင်သို့ လာခြင်း ဖြစ်သည်။
သို့သော် သက်တံဓား သူတော်စင် တပည့် လက်၌ ပြုတ်ကျ သွားခဲ့၏။ ထိုမြင်ကွင်းကြောင့် ကူရို့ချန်မှာ၊ သွေးများ ပွက်ပွက်ဆူ လာတော့ သည်။
ဓားဂိုဏ်း၏ ရွှေမျိုးဆက်ကို ဆုံးရှုံးခဲ့ ရသော သွေးကြွေးကို ပြန်ဆပ် နိုင်ပြီ ဖြစ်သည်။ ဤနှစ်များ အတွင်း ဓားဂိုဏ်း၏ တပည့် များမှာ အနိုင် ကျင့်ခံ ခဲ့ရ၏။
“ လမင်း တည်နေ သရွေ့၊ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ ”
ကူရို့ချန်၏ ကြွေးကြော် သံမှာ၊ ကျန်တပည့်များ အားလုံး၏ စိတ်နှလုံးကို တုန်ခါလာ စေသည်။
ဤအချိန်တွင် ဓားဂိုဏ်း ဟူသည် ကောင်းကင်၌ တောက်ပ နေသော လမင်း တစ်စင်း ဖြစ်၏။
“ လမင်း တည်နေ သရွေ့၊ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ ”
“ လမင်း တည်နေ သရွေ့၊ ဓားဂိုဏ်း ဘယ်ကိုမှ မရွေ့။ ”
တစ်ချိန်က အရှေ့ဘက် ပျက်စီးခြင်း၊ နယ်မြေကို အုပ်စိုးသော ဓားဂိုဏ်းကြီး ပြန်လာ ပြီ ဖြစ်သည်။
ကောင်းကင်ယံ ဂိုဏ်း၏၊ ကာကွယ်ရေး အစီရင် ပျက်စီး သွားပြီး၊ ၎င်းတပည့် များက ကျန်းယွမ်နှင့် လွီရှတို့ အနား၊ ထိတ်လန့်စွာ တိုးကပ် သွားကုန်၏။
“ အစ်ကို လွီ ... ၊ အခု ငါတို့ ဘာလုပ် သင့်လဲ။ ”
လက်ရှိ အချိန်၌ လွီရှ သည်သာ အသန်မာဆုံး ဖြစ်သဖြင့်၊ အကြံဉာဏ် တောင်း လိုက်မိသည်။
လွီရှ သည်လည်း အဆင်ပြေ လှသည် မဟုတ်ချေ။ ချင်းတန်ပင် အသတ်ခံ လိုက်ရပြီ ဖြစ်ရာ၊ နှုတ်ခမ်းများ ဖြူဖျော့ လာ၏။
ထိုအချိန်တွင် ချင်းတန် အလောင်း ထံမှ ရွှေနဂါး အရိုးကို လင်းယွန် နှိုက်ယူနေ သဖြင့်၊ ကြောက်ရွံ့မှု အစား ဒေါသများ ဝင်ရောက် လာခဲ့သည်။
“ လင်းယွန် ... မင်း ဘာလုပ် နေတာလဲ။ ”
“ မမြင် ဖူးလား ... ။ ”
“ မင်း ရပ်စမ်း ... ရွှေနဂါး အရိုးကို ပြန် ပေးလိုက်၊ ငါတို့ရဲ့ အစ်ကို ကြီးကို သတ်လိုက် တာနဲ့တင်၊ မင်းက ...
... သေဖို့ ထိုက်တန်တဲ့ ... ၊ အပြစ်သား ဖြစ်နေပြီ၊ ဒါတောင် ငါတို့ ဂိုဏ်းပိုင်တဲ့ .. ရွှေနဂါး အရိုးကို နှိုက်ယူဖို့၊ သတ္တိ ရှိတယ်လား။ ”
“ ဟား ဟား ဟား ... ။ ”
လင်းယွန်က ရွှေနဂါး အရိုးကို သိမ်းဆည်းလျက်၊ အေးစက်စွာ ပြန်လှည့် ကြည့်သည်။
“ ချင်းတန်က ငါ့ကို သတ်ချင် နေတာ ဆိုတော့ ... ၊ ဘာလို့ သူ့ကို ငါက လွတ်ထား ရမှာလဲ၊ နဂါး အရိုးကို ပြန်လို ချင်လား၊ ...
... ဒီလို လုပ်ဖို့ မင်းတို့မှာ ... ၊ အခွင့် အရေး မရှိ တော့ပါဘူး၊ ဒီနေ့ မင်းတို့ အားလုံး သေကြ ရ လိမ့်မယ်။ ”
သူ့စကားကြောင့် လွီရှက ရယ်သည်။ ဤနေရာ၌ ကောင်းကင်ယံ ဂိုဏ်း တပည့်ပေါင်း (၇၀၀) နီးပါး ရှိသည်။
“ ဟား ဟား ဟား ... ၊ လင်းယွန် မင်းက ရူးနေ တာပဲ၊ အစ်ကို ချင်းကို သတ်တဲ့ အတွက် မင်းကို ကောင်းကင်ယံ ဂိုဏ်းက ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ဒါနဲ့တောင် ငါတို့ကို သတ်ချင် နေသေးတယ်။ ”
သို့သော် လင်းယွန်က တစ်ခွန်းမျှ ပြန်မပြော တော့ဘဲ၊ လွန်ခဲ့သည့် အနှစ် (၂၀)မှ ရန်ကြွေးကို ပြန်လည် ရယူ တော့သည်။
“ အား ... ။ ”
“ အား ... ။ ”
ချက်ချင်းပင် ကောင်းကင်ယံ ဂိုဏ်းမှ၊ တပည့်များ၏ အော်သံများ ညံလာ တော့သည်။ ထွက်ပြေးရန် ကြံရွယ် သော်လည်း၊ တစ်ဖက် လူ၏ ဓား ရည်ရွယ် ချက်ကြောင့်၊ လှုပ်ရှားရ လေးကန် လာသည်။
ဓား ရောင်ခြည် တစ်ချက် ပွင့်သည်နှင့် ကောင်းကင်ယံ ဂိုဏ်းမှ တပည့် တစ်ဦး သေဆုံး သွားသည်။
“ အား ... ။ ”
ယင်းက အခြားသော တန်ခိုးကြီး ဂိုဏ်း များ၏ တပည့်ကြီး များနှင့် မြင့်မြတ်မြေ တပည့် များကို၊ အံသြ တုန်လှုပ် သွားစေ၏။
“ မင်း ... တိရစ္ဆာကောင် ... ရပ်စမ်း ... ။ ”
လွီရှနှင့် ကျန်းယွမ်က၊ နောက်မှ လိုက် ပါကာ၊ လင်းယွန်အား တားဆီးရန် ကြိုးစားမိ သော်လည်း၊ မအောင်မြင်ချေ။
မျက်စိ တစ်မှိတ် အတွင်း လူပေါင်း တစ်ရာ ကျော်ကို သတ်ဖြတ် ခံလိုက် ရသည်။
“ မင်း ... မိစ္ဆာကောင်။ ”
လွီရှ၏ မျက်လုံးများ နီရဲ လာပြီး၊ သေဆုံးကုန်သော မြေပြင်ရှိ အလောင်း များထံ၊ လှမ်းကြည့် မိသည်။
“ သွေးကြွေး ဆိုတာ သွေးနဲ့ပဲ ပေးဆပ် ရတယ်။ ”
နောက်ဆုံး တပည့်၏ ခန္ဓာ ကိုယ်အား နှစ်ခြမ်း ခွဲကာ၊ လင်းယွန်က လွီရှထံ လှည့်ပြီး ဓားဖြင့် ခုတ်ချ လိုက်သည်။
ရင်ဘတ်၌ ဓားဒဏ်ရာ တစ်ချက် ချက်ချင်း ထွက်ပေါ် လာကာ၊ ဒူးတစ်ဖက် ထောက်လျက် ညွှတ်ကျ သွားသည်။
“ ဝှစ် ... ။ ”
လင်းယွန်က လက်ဝှေ့ ယမ်းပြီး၊ ရွှေနဂါး နတ်ဘုရား အလံကို ယူကာ၊ ဒူးထောက် နေ သော လွီရှထံ ပစ်ထုတ် လိုက်၏။
“ အား ... ။ ”
“ ဒုတ် ... ။ ”
အလံမှာ လွီရှ ရင်ကို ထိုးဖောက် သယ်ဆောင်လျက်၊ ယဇ်ပလ္လင် ပေါ် စိုက်ဝင် သေဆုံး သွားလေသည်။
ပြီးနောက် အလောင်းများ ကြားတွင်၊ တစ်ဦးတည်း ရပ်ကျန် နေသည့်၊ ကျန်းယွမ်ထံ လှည့်ကြည့် လိုက်သည်။ ထိုအကြည့် ကြောင့် ကျန်းယွမ် တစ်ယောက်၊ တုန်လှုပ် လာ၏။
သူ့ဘဝ တစ်လျှောက်တွင်၊ လင်းယွန် ကဲ့သို့သော၊ ရက်စက် ကြမ်းကြုတ်သူ တစ်ဦး အား မမြင်ဖူး ခဲ့ချေ။
“ ငါ ... ငါက ကောင်းကင်ယံ ဂိုဏ်းရဲ့ ... ၊ တပည့် မဟုတ်ဘူး။ ”
ရုတ်တရက် သတိ ဝင်လာပြီး၊ မြန်မြန် ပြောလိုက်သည်။ သို့သော် လင်းယွန်မှ ပြောင်း လဲခြင်း မရှိဘဲ၊ သူ့ဆီ လျှောက်လှမ်း လာ၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
“ ဝှစ် ... ။ ”
တတိယ ခြေလှမ်း လှမ်းပြီးနောက်၊ ဓားနှင့် လှမ်းပစ် လာသည်။ ယင်းကို ရှောင်ရန် ကြိုးစား ခဲ့ သော်လည်း မအောင် မြင်ချေ။
ဓားက ရင်ဘတ်ထဲ ထိုးဖောက် လာသည်ကို ကျန်းယွမ်က ငုံ့ကြည့် မိသည်။
“ မင်း ရူးနေပြီ၊ ငါက မင် ဘာသာရေး ဂိုဏ်းက အတွင်း တပည့်ပဲ၊ အရင်က ငါ့ဂျူနီယာ ဟွမ်ရွှမ်းရီကို ဒုက္ခိတ ဖြစ်အောင် လုပ်ပြီး၊ အခု ငါ့ အသက်ကို မင်း ယူချင် နေတယ်၊ ငါ့ ဂိုဏ်းက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”
“ မင်းရဲ့ အမိန့်ကြောင့် ရန်ကောင်းက ငါ့ခေါင်းကို ယူမို့ ကြိုးစား ခဲ့တယ်၊ ဒါကို အပြစ် မရှိ သလို၊ လာငိုပြ မနေနဲ့၊ မင်း ဆီမှာ မြင့်မြတ် မြေရဲ့ ကျက်သရေကို ငါ မမြင်ဘူး။ ”
စကားဆုံး သည်နှင့် ပန်းသင်္ချိုင်း ဓားကို ပြန်ခေါ် လိုက်သည်။ ကျန်းယွမ် ခမျာ ရင်ဘတ်မှ သွေးများ စီးကျလျက်၊ ထိတ်လန့် သွားပြီး၊
“ ငါ့ကို မသတ် ပါနဲ့၊ လေ နတ်ဘုရား အမိန့်ကို မင်း ရခဲ့တယ် မဟုတ်လား၊ အဲဒါနဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ချက်ကို၊ ငါ ပြောပြနိုင် ပါတယ်။ ”
-ဟု အမြန် တောင်းပန် တော့၏။
ရုတ်တရက် လင်းယွန်မှာ အံ့သြ သွား သောကြောင့်၊ ကျန်းယွမ်က ဝမ်းသာ သွားကာ၊
“ ငါ့ကို သွားခွင့် ပြုပါ ... ၊ လျှို့ဝှက်ချက်ကို မျှဝေ ပေးပါမယ်၊ မင် ဘာသာရေး ဂိုဏ်း ဝင်ချင် ရင်လည်း၊ ...
... ငါ ထောက်ခံ ပေးနိုင် ပါတယ်၊ ဒါဆို ထျန်ရွှမ်ဇီလည်း မင်းကို ဘာမှ လုပ်နိုင် တော့မှာ မဟုတ် ပါဘူး။ ”
သို့သော် လင်းယွန်က ပြောင်းလဲခြင်း မရှိခဲ့ချေ။ ဓားကို လွှဲကာ သူ့ ဇာတ်ပိုးထံ ခုတ်ချ လိုက်ပြီ ဖြစ်သည်။
ချင်းတန်သည် ရက်စက်လှ သော်လည်း၊ လင်းယွန်နှင့် ယှဉ်က နူးညံ့နေသေး၏။ လူပေါင်း ခုနစ်ရာ ကျော်ကို၊ ၎င်းမှ သတ်ဖြတ် ပစ်ခဲ့သည်။
“ ဒါက မပြီး သေးမှာ၊ ငါ ကြောက်တယ် ... ။ ”
လင်းဝမ် သက်ပြင်းချ လိုက်သည်။ လောရှုရီက စိတ် တည်ငြိမ်အောင် ပြင်ယူနေ သော်လည်း၊ ကြောက်ရွံ့ဆဲ ဖြစ်သည်။
အခြားသော တန်ခိုးကြီး ဂိုဏ်း များ၏ တပည့်ကြီးများ မျက်နှာမှာ ဖြူဖျော့ သွားခဲ့ သည်။
“ အရှေ့ဘက် စစ်မြေပြင်မှာ ... ၊ စည်းမျဉ်းတွေ မရှိ ပေမယ့်၊ အရာရာ ဆက်နွှယ် နေတုန်း ပါ။ ”
“ ဟုတ်တယ် ... စီနီယာ သက်တံဓား သူတော်စင်က၊ သေခြင်း တရားကို ဖြတ်ကျော် နေတယ် မဟုတ်လား၊ ဒီလင်းယွန်က အရမ်း စိတ်မြန် လွန်းတယ်။ ”
လင်းဝမ် ကဲ့သို့ပင် တပည့်ကြီး များမှ မြင်သည်။ ထျန်ရွှမ်ဇီ သည် ယနေ့ ဖြစ်ရပ်အား မျက်ကွယ် ပြုမည် မဟုတ်ချေ။
၎င်း၏ ဒေါသကို ဓားဂိုဏ်းမှ ခံစားရနိုင် ပေမည်။ သို့သော် ဓားဂိုဏ်း၏ တပည့် များမှာ၊ ကြောက်ရွံ့ခြင်း မရှိ ကြဘဲ၊ ယဇ်ပလ္လင်ပေါ် ခုန် တက်ပြီး၊ ထွက်ပေါက်ကို ဖွင့်ကြသည်။
“ သူ နောင်တ ရမယ် ထင်လား။ ”
လင်းဝမ်က မေးသည်။
“ ဟင့် အင်း ... မရဘူး။ ”
လောရှုရီမှ ပြတ်ပြတ် သားသား ပြန် ဖြေသည်။ သူမ အဖြေကြောင့် လင်းဝမ်က ခေါင်းငုံ့ကာ သက်ပြင်း ချ၏။
“ အဆုံးသတ် သွားပြီ၊ ဒီအကြောင်း တွေကိုသာ ... အဲဒီ ကောင်မလေး သိခဲ့ရင်၊ အသဲကွဲ ရလိမ့်မယ်။ ”
အပြင် ဘက်၌ စောင့်မျှော် နေသော မုန်တိုင်းသည်၊ မည်မျှ ထိတ်လန့်ဖွယ် ကောင်း မည်ကို၊ တွေးဆ မရ နိုင်ချေ။ ယင်းက လောရှုရီကို တုန်လှုပ် လာစေ၏။
ကောင်းကင်ယံ ဂိုဏ်းသည် ဤကိစ္စကို အရေးယူ မည်မှာ သေချာ နေသောကြောင့် ဖြစ် လေသည်။
***