← Chapters

အရှက်မဲ့သော အကြံစည်။

Vol. 118 Ch. 1651

အရှက်မဲ့သော အကြံစည်။

Vol. 118 Ch. 1651

“ တုံ့ပြန်မှု ရှိတယ် ... ။ ”

အရှေ့ဘက် ပျက်စီးခြင်း နန်းတော် အပြင်ဘက်တွင်၊ စောင့်ဆိုင်း နေသူများ ထံမှ အာမေဋိတ် သံများ၊ ထွက်ပေါ် လာသည်။

မြင်ကွင်းကို ဖုံးလွှမ်း နေသော မီးခိုးရောင် မြူများက လှိုင်းများ သဖွယ် အရပ် ရပ်သို့၊ ပျံ့နှံ့ ကုန်သည်။

ဤသည်မှာ စစ်မြေပြင် ပြီးဆုံးကာ၊ ယဇ်ပလ္လင်ကို အသက် သွင်းနေသည့် လက္ခဏာ ပေပင်။

“ ဘယ် ဂိုဏ်းက ယဇ်ပလ္လင်ကို အသက်သွင်း နေတယ် ထင်လဲ။ ”

“ ကောင်းကင်ယံ ဂိုဏ်းက လွဲပြီး၊ ဘယ်သူများ ဖြစ်နိုင် ဦးမှာလဲ၊ သူတို့က ဒီနှစ် တွေ ထဲမှာ၊ အရမ်း အားကောင်း လာတယ်။ ”

ယဇ်ပလ္လင်ကို အသက်သွင်း နိုင်သည့် အင်အားစုမှာ ကောင်းကင်ယံ ဂိုဏ်း ဖြစ်ရ မည်ဟု၊ လူတိုင်း ယုံကြည်သည်။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

လေဟာနယ် အက်ကွဲကာ၊ လျှပ်စီးများ လက်လာ၏။ ထိုနောက် လူတစ်စု လျင်မြန်စွာ တိုးထွက် လာတော့သည်။

“ ဓား ဂိုဏ်း လား ... ။ ”

ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် သွားသည်။ ဦးစွာ ထွက်လာ နိုင်သူ သည်၊ အောင်နိုင်သူ ဖြစ်ကြောင်းကို၊ လူတိုင်း သိချေ၏။

“ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”

ဆိုလို သည်မှာ ကောင်းကင်ယံ ဂိုဏ်း ရှုံးနိမ့်သွား သည်ဟု အဓိပ္ပါယ် ရသည်။ မယုံ နိုင်စရာ ပေပင်။

ချန်လဲ့နှင့် မုချွန်က အကြည့်ချင်း ဖလှယ် လိုက်မိသည်။ နှစ်ယောက် စလုံး စိတ် လှုပ်ရှား လာတော့၏။

ဓားဂိုဏ်းမှ တကယ်ပင် အောင်နိုင်ခဲ့ သည်လော။ ဓားဂိုဏ်း၏ ကျန် အကြီးအကဲ များနှင့် သင်းထောက် များမှာ၊ မှင်တက် ကုန်သည်။

“ အကြီးအကဲ ချန် ... ။ ”

“ စိတ်အေးအေး ထား၊ သူတို့ လာတဲ့ အခါ မေးကြည့် ရအောင်။ ”

ချန်လဲ့က ခေါင်းယမ်း လိုက်သည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်နှစ်ဆယ်မှ စတင် ကာ၊ ဓားဂိုဏ်းမှ ၎င်းတို့၏ အစွယ်အား သိမ်းထား ခဲ့ရသည်။

ရွှေမျိုးဆက် တစ်ခု လုံးကို သုတ်သင် ခံရခြင်းသည်၊ ညစဉ် နာကျင်ဖွယ် အိမ်မက်ဆိုး ဖြစ်ခဲ့၏။

“ ချင်းတန် ဘယ်မှာလဲ ... ။ ”

ကောင်းကင်ယံ ဂိုဏ်းမှ ကျွားချင်းယန်က မျက်ခုံးပင့် လိုက်သည်။ သူ့ ဘေးရှိ အကြီး အကဲ ခြောက်ဦးမှာ ပြန်မဖြေ နိုင်ခဲ့ချေ။

ဤတစ်ကြိမ်တွင် သူတော်စင် ဘုရင်သည်၊ ဓားဂိုဏ်းမှ တောင်ထိပ် သခင် ရာထူးနှင့် တူညီ သော၊ အကြီးအကဲ (၇)ကို၊ စေလွှတ် ခဲ့သည်။

ကျွားချင်းယန်မှာ၊ ဒုတိယ အကြီး အကဲ မျှသာ ဖြစ်သော်လည်း၊ ထျန်ရွှမ်ဇီ တပည့် ဖြစ် သဖြင့်၊ အဖွဲ့ အတွင်း၌ အနည်းငယ် ပေါက် ရောက်သည်။

သူတို့ ခြောက်ဦး အနက်၊ အနိမ့်ဆုံး အဆင့်မှာ၊ ဘဝ အဆင့် လောက နိယာမ နယ်ပယ် ဖြစ်သည်။

ကျွားချင်းယန် သည်သာ၊ အထွတ် အထိပ် နိဗ္ဗာန် အဆင့် ဖြစ်သည်။ ကောင်းကင်ယံ ဂိုဏ်း အတွက်၊ ခိုင်မာသော ဖွဲ့စည်းပုံ ဖြစ်၏။

ကျွားချင်းယန် မေးခွန်ကို မည်သူမျှ ပြန်မဖြေဘဲ၊ ဓားဂိုဏ်းထံ လှည့်ကြည့် လိုက် ကြသည်။

အထူး သဖြင့် ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက်၊ သွေးများ စွန်းထင်း နေသော လူငယ်ထံ ဖြစ်လေသည်။

ပတ်ဝန်းကျင်မှ ကျွမ်းကျင်သူ များစွာ၏ အကြည့်ကို၊ လင်းယွန် တစ်ယောက် လျစ်လျူရှု လျက်၊ အသက် ပြင်းပြင်း ရှူကာ၊ အကြီး အကဲ များ ထံသို့၊ ဦးတည် သွားမိသည်။

“ အသေ အပျောက် ဘယ်လိုလဲ ... ။ ”

ချန်လဲ့မှ ချဉ်းကပ် လာသော အဖွဲ့သား များကို ကြည့်ကာ၊ ချက်ချင်း မေးမြန်း တော့ သည်။

မူရွယ်ချင်း၊ ကူရို့ချန်၊ ရီချင်းရွှမ်နှင့် ယဲ့ဇီလင်တို့ အားလုံး လင်းယွန်ထံ လှည့်ကြည့် လိုက်၏။

“ ဟမ့် ... ဘာလို့ ပြန်ကြည့် ရတာလဲ၊ အကြီးအကဲ ချန် မေးတာကို ဖြေလိုက်လေ။ ”

လင်းယွန်က နှာခေါင်း ပွတ်လျက် ပြန်ပြော လိုက်သည်။

“ အသေ အပျောက် ... နည်းနည်းတော့ ရှိပါတယ်၊ ဒါပေမယ့် ဒီတစ်ကြိမ် အနည်းဆုံး ဖြစ် ခဲ့တယ်။ ”

မူရွယ်ချင်းမှ ဖြေလိုက်၏။ အရှေ့ဘက် ပျက်စီးခြင်း နယ်မြေ၌၊ အသေ အပျောက်မှာ၊ ရှောင်လွှဲ၍ မရချေ။

အတိုင်း အတာ တစ်ခု အတွင်း ရှိနေ သရွေ့ လက်ခံ နိုင်မည် ဖြစ်သည်။

“ ဒါဆို ရလဒ် ကရော ... ဘာလဲ။ ”

ဤတစ်ကြိမ်တွင် တပည့်များ အားလုံး၊ ငြိမ်သက် သွားပြီး၊ လင်းယွန်ထံ လှည့်ကြည့်မိ ပြန်၏။

လင်းယွန်မှာ တပည့်ကြီး မဟုတ် သော်လည်း၊ သူ့အား လူတိုင်းမှ ပြောစေ ချင်ပုံ ရသည်။

“ လူတိုင်းကို သတ်လိုက်ပြီ ... ၊ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က အစ်ကိုကျန့် အတွက် သွေးကြွေး ပြန်ယူ ခဲ့တယ်။ ”

လင်းယွန်က နောက်ဆုံး စကားကို၊ မုချွမ်အား ကြည့်ကာ ပြောလာ သဖြင့်၊ ချန်လဲ့ နှင့် မုချွမ် ခမျာ အကြည့်ချင်း ဖလှယ် လိုက် မိသည်။

ကျန် အကြီး အကဲများ မှာလည်း၊ ရုတ်တရက် လေထု ပါးလျလာ သကဲ့သို့၊ အသက်ရှု ကြပ်လာ တော့၏။

လင်းယွန်အား မယုံနိုင်ဖွယ် ပြန်ကြည့် မိသည်။ သိုင်းဦးလေး သက်တံဓား သည်ပင် သူ့ တပည့်မှ၊ ဤသို့ လုပ်ဆောင် နိုင်လိမ့် မည်ဟု၊ ထင်ထားမည် မဟုတ်ချေ။

“ ဟား ... ဟား ... ဟား ... ကောင်းတယ်၊ အရမ်း ကောင်းတယ်၊ လင်းယွန် စိတ်မပူနဲ့ မင်း နောက်မှာ၊ ဓားဂိုဏ်း ရှိတယ်။ ”

စကားဆုံး သည်နှင့်၊ ချန်လဲ့က မူရွှမ်ကောင်ထံ ချက်ချင်း သတင်း ပို့လိုက် လေသည်။

“ ကောင်းကင်ယံ ဂိုဏ်းက သည်းခံ နေမှာ မဟုတ်ဘူး။ ”

“ ဘာဖြစ်လဲ ဂရုစိုက် စရာလား။ ”

မရဏ တောင်ထိပ် သခင်က ကျေနပ် စွာဖြင့် ဆိုသည်။

“ လွန်ခဲ့တဲ့ ... အနှစ် နှစ်ဆယ် တုန်း ကလည်း၊ သူတို့ကို မကြောက် ခဲ့ဘူး၊ ခုလည်း မကြောက်ဘူး။ ”

“ ဖျစ် ... ဖျစ် ... ဖျစ် ... ။ ”

ထိုအချိန်တွင် လျှပ်စီးများ ထပ်မံ ဖြာကျလာပြီး၊ ဂိုဏ်းအသီး သီး၏ တပည့်များ တိုးထွက်လာ ကြ တော့သည်။

ယင်းကြောင့် လင်းယွန် တစ်ယောက်၏ တစ်ဖက်သတ် လူသတ်ပွဲ အကြောင်း၊ ချက်ချင်း ပျံ့နှံ့ကုန် ကြသည်။

“ တစ်ယောက်မှ မကျန် ဖူးလား၊ ဘယ်လိုတောင် ရက်စက် လိုက်တဲ့ လူငယ်လဲ၊ မင် ဂိုဏ်းရဲ့ ကျန်းယွမ် ကိုတောင်၊ ချမ်းသာ မပေး ဘူး။ ”

ထိတ်လန့်ဖွယ် သတင်းများ ပေပင်။ ထိုအချိန်တွင် လူဆယ်ယောက် ကောင်းကင် ပေါ် ပျံတက်ပြီး၊ ရောင်ဝါများ ထုတ်ဖော် လာသည်။

“ သက်တံဓား သူတော်စင် တပည့်၊ မင်းက ဘယ်လို တောင် သတ္တိ ရှိလိုက်လဲ၊ အကျိုးဆက် အတွက် အပြစ်ကို လာခံ ယူစမ်း။ ”

အဖွဲ့ကို ဦးဆောင် လာသော၊ သတ္တမ မြောက် အကြီးအကဲက ဒေါသတကြီး အော်ဟစ် လိုက်လေသည်။

“ ဖျပ် ... ။ ”

ချန်လဲ့နှင့် မုချွမ်က တောင်ထိပ် သခင် များကို ဦးဆောင်လျက် ဓားဂိုဏ်း၏ တပည့်များ ရှေ့သို့၊ ခြေတစ်လှမ်း လှမ်းတက် သည်။

ဤခြေ လှမ်းသည်၊ တန်ခိုးကြီး ဂိုဏ်း နှစ်ဂိုဏ်းကြား စစ်ပွဲကို အစပျိုး လိုက်ခြင်း မည်၏။

ထို့ကြောင့် နှစ်ဖက် စလုံးမှ လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင် သူများက၊ ရောင်ဝါ များကို ထုတ်ဖော် လိုက် ကြသည်။

ပတ်ဝန်းကျင် လေထု ထဲရှိ၊ ဝိညာဉ် စွမ်းအင်များ ဆူပွက် လာပြီး၊ အမျိုး မျိုးသော ဖြစ်စဉ်များ ထွက်ပေါ် လာသည်။

“ ဘယ်လိုတောင် အရှက် မရှိ လိုက်လဲ၊ အရှုံးကို လက်မခံ ဖူးလား။ ”

ယဲ့ဇီလင်မှ ပြောသည်။ သူမ အကြည့်များ အေးစက် နေပြီး၊ ဓားကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် လိုက်သည်။

လွန်ခဲ့သော အနှစ် (၂၀) ခန့်က၊ သူမ ဖခင်အား လှည့်ဖြားကာ၊ ဓားဂိုဏ်း၏ တပည့် များကို၊ ပိတ်လှောင် သတ်ဖြတ်ခြင်း ခံခဲ့ရ ဖူးသည်။

ယနေ့တွင် လင်းယွန်မှ၊ ၎င်းတို့၏ တပည့်များ အားလုံးကို ပြန်၍ သတ်ပစ် ခဲ့သည်။ ဤအမျိုးသား နှစ်ယောက် စလုံးမှာ၊ သူမ အတွက် အရေးပါ သူများ ဖြစ်၏။

“ ချန်လဲ့ ဘေးဖယ်စမ်း၊ ဓားဂိုဏ်းကို မသုတ်သင် စေချင်ရင်၊ အဲဒီ မိစ္ဆာ လေးကို ထားခဲ့။ ”

သတ္တမ အကြီး အကဲမှ အေးစက်စွာ မောင်းထုတ် တော့၏။ သူ့စကား အရ ဓားဂိုဏ်း ကို ဖျက်ဆီး ရန်ပင်၊ စိတ်ကူး ရှိနေ ပုံရသည်။

၎င်းတို့သည် မကြာသေး မီမှ ပေါ်ထွန်း လာသော အင်အားစု ဖြစ်ပြီး၊ ဓားဂိုဏ်း ဟူသည် ရှေးဟောင်း ပျက်သုဉ်း မြေ၏ အုပ်စိုးရှင် ဟောင်း ဖြစ်သည်။

အခြေခံ အုတ်မြစ်ခြင်း ယှဉ်ရသော်၊ ဓားဂိုဏ်းသည် တစ်ချိန်က မြင့်မြတ်မြေ ဖြစ်၏။ ကောင်းကင်ယံ ဂိုဏ်း မှာမူ၊ ထျန်ရွှမ်ဇီကြောင့် မောက်မာ ဝံခြင်း ဖြစ်သည်။

လူတိုင်း မျက်ခုံးပင့်လျက်၊ ချန်လဲ့ထံ ကြည့်သည်။ ဓားဂိုဏ်းသည် လင်းယွန်ကို ပေးမည် မဟုတ်ကြောင်း သူတို့ သိ၏။

“ ထွက်သွားစမ်း ... ၊ မင်းလို အမှိုက်က၊ ငါ့ဓားဂိုဏ်းကို ချေမှုန်းပစ် မယ်ပေါ့ ဟုတ်လား၊ လာ အခု လာစမ်း ကြည့်လိုက်လေ။ ”

မုချွန်က အေးစက်စွာ ပြန်ပြော၏။

“ အရှေ့ဘက် စစ်မြေပြင်မှာ ... ၊ စည်းမျဉ်း တွေ မရှိဘူး၊ ဒါကြောင့် မင်းတို့ စွမ်းရင် အထဲမှာ ကြိုက်တာ လုပ်နိုင်တယ်၊ အပြင် မှာတော့ မရဘူး။ ”

“ ဟား ဟား ဟား ... စည်းမျဉ်း တွေကို၊ လူက ချမှတ်ထား တာပါ၊ မင်းတို့ မိစ္ဆာကောင်က ငါ့ဂိုဏ်းရဲ့ တပည့် တွေကို၊ သတ်ပစ် လိုက်တယ်၊ ဒါကြောင့် သူ့ကို အပြစ် စီရင်ဖို့၊ ခေါ်သွား ရ လိမ့်မယ်။ ”

လင်းယွန်သည် ကောင်းကင်ယံ ဂိုဏ်း အတွက်၊ ကပ်ဘေး ဖြစ်၏။ ထို့ကြောင့် သတ်ခွင့် မရှိသော်မှ၊ ဂိုဏ်း၌ အကျဉ်းချ ထားရ ပေမည်။

“ မင်း သတ္တိ ရှိလား။ ”

ချန်လဲ့ ရင်၌ ဒေါသ မီးလျှံများ တောက်လောင် လာသည်။

“ ဟား ဟား ဟား ... ၊ ငါက ဘာလို့ သတ္တိ မရှိ ရမှာလဲ၊ မင်းရဲ့ ဓားဂိုဏ်းက အိုမင်း နေပါပြီ။ ”

“ လူ့ မိစ္ဆာလေး သေလိုက်စမ်း။ ”

နှစ်ဦး နှစ်ဖက် အခြေတင်၊ စကား စစ်ထိုး နေစဉ်၊ ဆဠမ အကြီး အကဲက၊ လင်းယွန်အား အလစ်ဝင် တိုက်တော့သည်။

ထိုအကြီး အကဲသည်၊ ဘဝ အဆင့် အထွတ် အထိပ်သို့ ရောက်ရှိ နေသည့် အတွက်၊ လူတိုင်း မျက်နှာ ပြောင်းလဲ သွားသည်။

“ ဘယ်လောက် တောင် ... အရှက်မဲ့ လိုက်လဲ။ ”

“ ဟား ဟား ဟား ... ။ ”

သတ္တမမြောက် အကြီး အကဲက ရယ်မော လေသည်။ စောစောက စကား စစ်ထိုး ပွဲသည်၊ ဤသို့ အလစ် အငိုက် တိုက်နိုင်ရန်၊ တမင် ကြံရွယ် ထားခြင်း ဖြစ်၏။

ကျင့်ကြံမှု ကွာခြားချက်မှာ၊ သိသာ လွန်း သဖြင့်၊ လင်းယွန် တစ်ယောက် ခန္ဓာ ကိုယ်အား၊ ထိန်းချုပ် နိုင်စွမ်းများ ဆုံးရှုံး လာသည်။

“ အစ်ကို လင်း ... ။ ”

လင်းယွန် ဝန်းကျင်ရှိ လေဟာနယ် တွန့် ခေါက်လျက်၊ မမြင်ရသော စွမ်းအား တစ်ခုမှ၊ ဆုပ်ကိုင် နေသည့်၊ လက္ခဏာမျိုး ပြသ လာရာ၊ ဓားဂိုဏ်းမှ လူတိုင်း အော်ဟစ် မိကုန်၏။

***

All Chapters