ဒူးထောက် ... ။
Vol. 118 Ch. 1652
ရုတ်တရက် ဖြစ်သဖြင့်၊ ကူညီရန်၊ အချိန် မမီလိုက်ချေ။ သို့သော် လင်းယွန်မှ သတိ ရှိနေ ခဲ့ရာ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို အသက်သွင်း လိုက်သည်။
ပြီးနောက် ကမ္ဘာဖျက် ဆေးကြို အိုးအား နဂါးမြစ် ကြမ်းပြင်မှ ထုတ်ယူ လိုက်၏။ ထိုစဉ် နဂါးမြစ်မှာ ချက်ချင်း အေးခဲ သွားပြီး၊ အဆက် အသွယ် ပြတ်တောက် သွား၏။
လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ရှေ့တွင် နဂါး သွေးလွှတ်ကြော နယ်ပယ် သည်၊ ကလေးငယ် မျှသာ ပေပင်။
“ မင်းကို သတ်ရတာ ခွေးသတ် ရတာ ထက်တောင် လွယ်နေ သေးတယ်၊ ဒီကို လာ ပါဦး။ ”
ဆဋ္ဌမ အကြီး အကဲက လှောင်ပြောင် လေသည်။ ဤမျှ အကွာ အဝေး အတွင်း သူ့ လက်မှ လွတ်နိုင်စရာ အကြောင်း မရှိချေ။
ကူညီရန် လာခဲ့သော်၊ သတ္တမမြောက် အကြီးအကဲက တားဆီး ပေးမည် ဖြစ်သည်။ လင်းယွန်အား ဂိုဏ်းသို့ ပြန်လည် ခေါ်ဆောင် ကာ၊ အကျဉ်းချ ထားရ ပေမည်။ သက်တံဓား သူတော်စင် သေဆုံး ပြီးနောက်၊ သတ်ပစ် နိုင်မည် ဖြစ်၏။
“ မင်းတို့တွေ အရမ်း လွန်နေပြီ ... ။ ”
ချန်လဲ့က အသိစိတ် ဆုံးရှုံး သွားပြီး လင်းယွန်အား ဆွဲယူရန် လက်ဖြင့် လှမ်းကုပ် လိုက်သည်။
သို့သော် သတ္တမမြောက် အကြီး အကဲက ခွင့်မပြုချေ။ လက်ဝှေ့ ယမ်းကာ၊ မရေ မတွက် နိုင်သော၊ ခရမ်းရောင် လျှပ်စီးများ၊ လွှတ်ထုတ် လိုက်သည်။
ကောင်းကင်ကြီး အရောင် ပြောင်းလဲ လာကာ၊ ချန်လဲ့ အဝတ် အစားများ လေထဲ လွင့်ပျံ သွား၏။
ချန်လဲ့က လက်ချောင်း များကို လှံတစ်စင်း ကဲ့သို့ သတ္တမမြောက် အကြီး အကဲထံ ထိုးသွင်း လိုက်သည်။
လက်ဖဝါးနှင့် လှံထိမိ သွားသော အခါ၊ ကြောက်မက်ဖွယ် ကောင်းသော လှိုင်းများ ပျံ့ကား လာတော့၏။
“ စစ်ပွဲ ဖြစ်တော့ မလို့လား ... ၊ ကောင်းကင်ယံ ဂိုဏ်းက အရမ်းလွန်တယ်၊ စစ် မြေပြင်မှာ ဘာ စည်းမျဉ်းမှ မရှိဘူး။ ”
“ ဟုတ်တယ် ... ဓားဂိုဏ်း အတွက် သက်သာမယ် မထင်ဖူး၊ သူတို့က သက်တံဓား သူတော်စင် အပေါ်၊ မှီခို နေရတာ။ ”
“ မင်း တို့တွေက၊ အရမ်း နုံအ တာပဲ၊ သူတို့က ဓားဂိုဏ်းကို တိုက်မယ် ထင်လို့လား၊ လင်းယွန်ကို ဖမ်းဖို့ပဲ၊ အာရုံ ရှိတယ်၊ ဒီလို ကောင်းကင်ကို အံတု နိုင်တဲ့၊ ...
... ပါရမီရှင် မျိုးက သူတို့ဂိုဏ်း အတွက်၊ အိပ်မက်ဆိုးပဲ၊ ဘယ်သူက ကြီးထွားခွင့် ပြုချင် မှာလဲ။ ”
“ အမှန်ပဲ သက်တံဓား သူတော်စင်သာ ထွက်မလာရင်၊ သူ့တပည့် ဘဝ ဆုံးခန်းတိုင် သွားပြီ၊ မသေ ရင်တောင် ကျန်းကျင်းရှန် လိုပဲ အကျဉ်းချ ခံရ လိမ့်မယ်။ ”
ဤတိုက်ပွဲသည် လင်းယွန် အတွက် တရားမျှတမှု မရှိဟု၊ ထင်မြင် ခဲ့ကြ သော်လည်း၊ မည်သူမျှ ဝင်မစွက် ရဲချေ။
လင်းယွန်သည် ခေတ္တ မျှသာ တောက်ပ လာသော ကြယ်တံခွန် ဖြစ်၏။ ဓားဂိုဏ်းသည် ၎င်းအပေါ် အားကိုး လွန်းချေပြီ။
ထို့စဉ် ထက်ရှသော ဓားတစ်လက် လင်းယွန်မှ လွင့်ထွက် လာပြီး၊ ကောင်းကင်ဘုံ (၃၆)လွှာ အနက်၊ (၁၈) လွှာကို အက်ကွဲ သွားစေသည်။
အက်ကွဲကြောင်း အတွင်း ဓားသေတ္တာ တစ်လုံး၊ ထမ်းပိုး ထားသော အပြာဝတ် လူငယ် တစ်ဦး ပေါ်လာ၏။
ဤအခိုက် အတန့်တွင် သူသည် ကောင်းကင်ဘုံ ဖြစ်ပြီး၊ သူ့ဓားမှာ အမိုးခုံး ဖြစ်သည်။
“ ဘာ လဲ ဟ ... ။ ”
ရုတ်တရက် သူနှင့်၊ (၆) မီတာ အကွာ ရောက်နေသော လင်းယွန်ကို ကြည့်ကာ၊ ဆဋ္ဌမ အကြီးအကဲ အံ့ဩ သွား၏။
“ ကောင်းကင် အမိုးဓား ရည်ရွယ်ချက်။ ”
“ ဒါက လောက နိယာမ နယ်ပယ်က၊ ကျွမ်းကျင်သူ တွေတောင်၊ ဖမ်းဆုပ်ရ ခက်တဲ့ ဓား ရည်ရွယ်ချက်ပဲ။ ”
“ ဒီကောင် လေးက ဓားတာအိုမှာ ... ၊ တကယ့်ကို ထူးချွန် သူပဲ၊ ကြောက်စရာ ကောင်း လိုက်တာ ... ။ ”
ထို့အပြင် ၎င်းဓားသည်၊ ဘဝ အဆင့် လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူ၏ လက်ဖဝါးကို၊ ခွဲနိုင်မှန်း သိမြင် လာ၏။
လူတိုင်း အသက်မဲ့ ကုန်သည်။ လင်းယွန်၌ ကောင်းကင် အမိုးဓား ရှိသည်ဟု ကြားစဉ်က သူတို့ မယုံ မိချေ။
၎င်းသာ ကြီးပြင်း လာသော်၊ မည်မျှ အစွမ်းထက် မည်ကို၊ မှန်းဆ မရနိုင် တော့ချေ။ သေချာ သည်မှာ သက်တံဓား သူတော်စင် ထက်ပင်၊ ကျော်လွန် နိုင်ဖွယ် ရှိသည်။
“ ဝှစ် ... ။ ”
လက်ဖဝါးမှ လွတ်မြောက် သည်နှင့်၊ လင်းယွန်က နဂါး မြစ်ကို အသက် ပြန်သွင်းပြီး၊ ခပ်လှမ်း လှမ်းသို့ ထပ်မံ ဆုတ်ခွာ လိုက်၏။
“ ဓားဂိုဏ်းက လူတိုင်းကို သတ် ... ။ ”
သတ္တမ အကြီး အကဲမှ၊ အမိန့်ပေး လိုက်သည်။ ကောင်းကင်ယံ ဂိုဏ်းမှာ လောက နိယာမ နယ်ပယ် အကြီးအကဲ ခုနစ်ဦးနှင့်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် သင်းထောက် ဆယ်ဦးကို စေလွှတ် ခဲ့သည်။
တပည့်များ အားလုံး သေဆုံး သွား ပြီးနောက် ၌ပင်၊ ဓားဂိုဏ်းထက် အားကောင်း ဆဲ ဖြစ်သည်။
“ ဓားဂိုဏ်းက လူတိုင်း နားထောင်ပါ၊ သူတို့ကို သတ် ... ။ ”
ချန်လဲ့မှ အမိန့် ထုတ်လိုက် သည်နှင့်၊ နှစ်ဖက် တိုက်ပွဲကြီး ဖြစ်ပွား လာသည်။ မုချွမ်က စိတ်ပူပြီး၊ လင်းယွန်ထံ လှမ်းကြည့်၏။
လင်းယွန် တစ်ယောက် ဓားကို ကန့်သတ်ချက် အထိ တွန်းထုတ်ကာ၊ တိမ်း ရှောင်နေ သည်ကို မြင်သည်။
ထို့ကြောင့် ဒေါသ ထွက်လာပြီး၊ သူ့ ပြိုင်ဘက်ကို ‘ထွက်သွား၊’ ဟု အော်ဟစ်ကာ၊ ရိုက်ထုတ် လိုက်သည်။
“ ဝှစ် ... ။ ”
သည့်နောက် လင်းယွန်အား ကူညီရန် ပြင်လိုက်စဉ်၊ အဝတ် ပါးပျဉ်း ထောင် ထားသော လူ တစ်ယောက် သူ့ရှေ့ ပေါ်လာ၏။
“ ကျွား ချင်း ယန် ... ။ ”
“ ဟား ဟား ဟား ... ။ ”
ကျွားချင်းယန်က ရယ်မောလျက်၊ သူ့ ဝါးခမောက်အား ချွတ်ကာ ပစ်ပေါက် လေသည်။ သို့သော် ဝါးခမောက်မှာ၊ မုချွမ် အနား ရောက် သည်နှင့် မမြင် နိုင်သော စွမ်းအင် တစ်ခု ကြောင့်၊ ချက်ချင်း အမှုန်ဖြစ် သွားသည်။
“ မုချွမ် ... မင်းရဲ့ ပြိုင်ဘက်က ငါပဲ ... ။ ”
ကျွားချင်းယန်မှ ဆိုလိုက်သည်။
“ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က၊ ငါ့ ဓားဂိုဏ်းရဲ့ ဓားထမ်း အကြီးအကဲကို၊ မင်း နှိမ်နှင်း ခဲ့တာ ငါ ကြားတယ်။ ”
“ ငါ မမှတ်မိ တော့ဘူး၊ ဖုန်းကျွယ် ဆိုတဲ့ တဇောက်ကန်း တစ်ယောက်ကို ပါးရိုက်ခဲ့ တာ ကိုတော့ မှတ်မိတယ်၊ သူ့ကိုယ်သူ သက်တံဓား သူတော်စင် တပည့်လို့ ပြောသွား တာပဲ၊ ဒါပေမယ့် အမှိုက် တစ်စပါ။ ”
“ မင်း ... ။ ”
ကျွားချင်းယန်မှ သူ့အား ဒေါသ ထွက်လာအောင်၊ တမင် ပြောခြင်း ဖြစ်သည်။ ယင်းကို သိသော်မှ မထိန်းချုပ် နိုင်ခဲ့ချေ။
ဂိုဏ်း နှစ်ဂိုဏ်း ကြား၊ ဤကဲ့သို့ ပြင်းထန်သော တိုက်ပွဲများ မဖြစ်ပွား သည်မှာ၊ ကြာပြီ ဖြစ်သည်။
တိုက်ပွဲ ဖြစ်မည်ဟု လူတိုင်းက ခန့်မှန်း ထားပြီး ဖြစ်သော်လည်း၊ အမှန် ဖြစ်ပွား ချိန်၌ အံ့အားသင့် နေကြဆဲ ဖြစ်၏။
လက်ရှိ အခြေ အနေသည် ဓားဂိုဏ်း အတွက်၊ မကောင်း လှချေ။ တပည့် များမှာ၊ ဤအဆင့် တိုက်ပွဲတွင် ပါဝင်ရန်၊ အရည် အချင်း မရှိ သဖြင့်၊ လင်းယွန်က သက်ပြင်း ချမိသည်။
သူ သည်ပင် တိုက်ပွဲ ဝင်လိုစိတ် ပြင်းထန် နေသော ကြောင့်သာ၊ ပါဝင် နိုင်ခြင်း ဖြစ်သည်။ မဟုတ်သော် ဝန်ထုပ် ဝန်ပိုး ဖြစ်ပေ လိမ့်မည်။
“ အစ်ကို မု၊ ဖမ်း ... ။ ”
သူတော်စင် ငရဲဓားကို ထုတ်ယူကာ၊ မုချွမ်ထံ ပစ်ပေး လိုက်သည်။
“ အုပ်စိုးရှင် သူတော်စင် လက်ရာ။ ”
မုချွမ်က ဓားကို ကိုင်လိုက် သည်နှင့်၊ ပါရှိသော စွမ်းအင်အား ခံစား မိ၏။ ဤသည်မှာ သူနှင့် လိုက်ဖက်သော ဓား တစ်လက် ဖြစ် သဖြင့်၊ ရယ်မော လိုက်မိ တော့သည်။
“ ဟား ဟား ဟား ... ။ ”
အကန့် အသတ် မဲ့၊ ငရဲ စွမ်းအင်များ ထွက်လာကာ၊ နဂါးနက် အဖြစ် ပြောင်းလဲ သွားပြီး၊ ကျွားချင်းယန်ကို တွန်းထုတ် ပစ်၏။
“ သေမင်းနဲ့ ... ၊ မျက်နှာ ချင်းဆိုင် နေရ တာတောင် ... ၊ မင်းက တခြားကို အာရုံရောက် ဝံ့တယ်လား။ ”
ဆဠမမြောက် အကြီးအကဲက လက်ကို စက်ဝိုင်းပုံ ဝှေ့ယမ်းကာ၊ လင်းယွန် ဦးတည် ရာ သို့ တွန်းလိုက်သည်။
“ ပန်းသင်္ချိုင်း ... ။ ”
“ ရွှပ် ... ။ ”
၎င်းအား ရှောင်ရန် မလွတ် နိုင်သဖြင့်၊ ဓားဆွဲထုတ်ကာ ချက်ချင်း ခုတ်ပိုင်း လိုက်ရ လေသည်။
ဆဠမ အကြီး အကဲသည် ဘဝ အဆင့် အထွတ် အထိပ်၌ ရှိနေပြီး၊ မရဏ အဆင့်သို့ ရောက်ရန် ခြေ တစ်လှမ်း မျှသာ ဝေးတော့သည်။
ထို့ကြောင့် ကောင်းကင် အမိုးဓားကို အသုံးပြု သော်မှ၊ ၎င်းအား ရင်ဆိုင် နိုင်ဦးမည် မဟုတ်ကြောင်း လင်းယွန် သိသည်။
“ လင်းယွန်ကို ကာကွယ် ... ။ ”
အထွတ် အထိပ် နဂါး သွေးလွှတ်ကြော နယ်ပယ် သင်းထောက် အများက ကူညီရန် ပြေးဝင် လာကြသည်။
၎င်းတို့၏ အသက်နှင့် သေခြင်း ကိုပင်၊ ဂရုမစိုက် ခဲ့သော်မှ၊ ဆဌမ အကြီး အကဲ အနား၊ ကပ်နိုင်ခြင်း မရှိ ကြချေ။
“ အား ... ။ ”
ခဏချင်း ဒဏ်ရာများ ရရှိ ကုန်၏။ ယင်းကြောင့် အသက် ပြင်းပြင်း ရှူရှိုက်လျက်၊ လင်းယွန်က အဝေးသို့ ဆုတ်ခွာ မိသည်။
“ ဝှစ် ... ။ ”
ဆဋ္ဌမ အကြီး အကဲ သည်လည်း၊ ကောင်းကင်ပေါ် ပျံတက် လာကာ၊ လင်းယွန်နှင့် ဆယ်မီတာ အကွာ၌ ရပ်လိုက်၏။
“ လူ ယုတ်မာလေး ... ဆက်ပြေးလေ၊ ဘာလို့ ရပ်လိုက် တာလဲ၊ ဟား ဟား ဟား ... ။ ”
“ ငါ့ကြောင့် ဘယ်သူ့ ကိုမှ မထိခိုက် စေချင်ဘူး။ ”
လင်းယွန်မှ ပြန်ပြော လိုက်သည်။
“ ဟား ဟား ဟား ... ၊ မင်းမှာ ဒီလို အသိဉာဏ် ရှိတာ ကောင်းတယ်၊ စိတ်လျော့ လိုက်တော့ လာ အဖမ်း ခံပါ၊ မင်းက ...
... တခြား သူတွေရဲ့ နဂါး အရိုးကို ယူရတာ ကြိုက်တယ် မဟုတ်လား၊ မင်းရဲ့ နဂါး အရိုးကို ဒီနေ့ ငါယူ လိုက်မယ်။ ”
ဆဋ္ဌမ မြောက် အကြီး အကဲက ရယ်မောလျက်၊ လင်းယွန် ရှေ့ ရောက်လာပြီး၊ ရင်ဘတ်ကို လှမ်းကုပ်သည်။ သို့သော် ထီး တစ်လက်က သူ့လမ်း၌ လာပိတ် ၏။
“ ထီး လား ... ။ ”
နှာခေါင်း ရှုံ့လျက် ပြုံး လိုက်သည်။ ဤအရာသည် အုပ်စိုးရှင် သူတော်စင် လက်ရာ ဖြစ် လျှင်ပင်၊ လင်းယွန်၌ စွမ်းအား အပြည့်၊ ထုတ်လွှတ် နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် လက် ငါးချောင်းအား၊ ရင်ဘတ်သို့ ဆက်၍ ဦးတည် မိသည်။ လင်းယွန် က နဂါး ရူရ်များ လောင်းထည့်ကာ၊ ထီးဖြင့် စောင့်ထိုး လာ၏။
“ ဝှစ် ... ။ ”
“ ဝှစ် ... ။ ”
လက်ဖဝါးနှင့် ထီးမှာ အချင်းချင်း ဖြတ်ကျော်လျက်၊ ပစ်မှတ် များထံ ဝင်ရောက် သွားတော့သည်။
ဆဠမ မြောက် အကြီးအကဲ ရင်ဘတ်ကို၊ ထီးဖျားမှ ဦးစွာ ထိုမိ သွားသောကြောင့်၊ လက် ငါးချောင်း ခမျာ၊ လင်းယွန် ရင်ဘတ်နှင့် (၁) လက်မ အကွာ၌၊ ရပ်တန့် သွားသည်။
ဆဋ္ဌမ အကြီး အကဲ၏ နှုတ်ခမ်း များမှ သွေးများ စီးကျ လာ၏။ ထီးသည် ရင်ဘတ်ကို ထိုးဖောက် နိုင်ခြင်း မရှိ သော်လည်း၊ ၎င်းမှ စွမ်းအားမှာ၊ သူ့အား ဒဏ်ရာရ စေသည်။
“ ဖရူး ... ။ ”
“ အွန့် ... ။ ”
ထိုစဉ် လင်းယွန်က ထီးပေါ်ရှိ ပထမ တံဆိပ်ကို၊ ချက်ချင်း ဖွင့်လိုက် သည်နှင့်၊ ဆဋ္ဌမ အကြီး အကဲ ခမျာ မျက်လုံး ပြူးလျက် လွင့်စဉ် သွားတော့သည်။
“ ဝှစ် ... ။ ”
လက်ကောက် ဝတ်ကို ညင်သာစွာ လှုပ်ခါလျက်၊ ထီးအား လှည့်ပတ် ကစားပြီး၊ ‘ဒူးထောက်၊’ ဟု အမိန့် ပေးလိုက်သည်။
“ ဒုန်း ... ။ ”
နေနှင့် လသည် ထီးမှ ပျံထွက်လျက်၊ ဆဋ္ဌမမြောက် အကြီးအကဲအား ဒူးထောက် ကျ သွားအောင်၊ ဖိနှိမ်ပစ် တော့၏။
***