နတ်နဂါး မျက်ဝန်း။
Vol. 119 Ch. 1653
“ ဒါလည်း ... အုပ်စိုးရှင် သူတော်စင် လက်ရာပဲ။ ”
“ အဓိပ္ပာယ် ... မရှိဘူး၊ သာမာန် ... အုပ်စိုးရှင် သူတော်စင် လက်ရာ ဆိုရင်တောင်၊ သူ့ခွန်အားနဲ့ သုံးနိုင် စရာလား။ ”
“ ဟား ... ဟား ... ဟား ... ၊ လင်းယွန်ကို ဖမ်းဖို့၊ ကောင်းကင်ယံ ဂိုဏ်း အတွက် မလွယ် တော့ဖူး ဟေ့ ... ။ ” အဆုံးတွင် စတုတ္ထ သွေးလွှတ်ကြော နယ်ပယ် ၌သာ ရှိခဲ့သော လင်းယွန်မှ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူကို၊ ဒူးထောက် အောင် လုပ်ထား နိုင်ခဲ့သည်။
ယနေ့ ပြီးနောက် ကောင်းကင်ယံ ဂိုဏ်း၏ ဂုဏ် သတင်းမှာ၊ အမည်းစက် စွန်းထင်း သွားပြီ ဖြစ်၏။
“ သေ စမ်း ... ။ ”
ဆဋ္ဌမ အကြီး အကဲ မျက်နှာမှာ၊ နီရဲ လာသည်။ ဂျူနီယာ တစ်ယောက်သည်၊ သူ့အား ဒူးထောက် စေခဲ့၏။
သူ သည်သာ ပြင်ဆင် ထားပါက၊ ဤသို့ အလွယ် တကူ ကျရှုံး လိမ့်မည် မဟုတ်ကြောင်း ယုံကြည် သည်။
“ မင်း လူယုတ်မာလေး ... ၊ ငါ့ကို အရှက်ခွဲ ရဲလား။ ”
ဒေါသဖြင့် အော်ငေါက်ကာ၊ နက္ခတ်ကို ဆင့်ခေါ် လိုက်သည်။ အနက်ရောင် မြွေ နဂါး တစ်ကောင် ပျံထွက် လာ၏။
မြေနဂါး ကြီးက၊ ပတ်ဝန်းကျင် တစ်ခုလုံး၊ မည်းမှောင် စေသော၊ မိစ္ဆာ အငွေ့ အသက်များ ထုတ်လွှတ် တော့သည်။
၎င်း၏ ခွန်အားဖြင့်၊ ဆဋ္ဌမ မြောက် အကြီးအကဲက ချက်ချင်း ထရပ် လာလေသည်။ ပြီနောက် ကြက်သွေးရောင် ဓား တစ်လက်အား၊ ထုတ်ယူ ၏။
ဓား ကိုယ်ထည်တွင်၊ အနက်ရောင် အခိုးအငွေ့များ ဖုံးလွှမ် နေသည်။ ဓားကိုင် မိ သည်နှင့်၊ လင်းယွန်အား ခုတ်ချ လိုက်၏။
“ ငရဲ အသူရာ ... ။ ”
ကြောက်မက်ဖွယ် ကောင်းသော ကြက်သွေးရောင် ကမ္ဘာကြီး အသွင် ဖြစ်စဉ်များ သူ့ နောက်၌၊ ပေါ်လာ လေသည်။
“ အစ်ကို လင်း ... ။ ”
ဓားဂိုဏ်း တပည့်များ မျက်နှာ ပြောင်းလဲ သွား ကြသည်။ ဤဓားသည် မည်မျှ ထိတ်လန့် ဖွယ် ကောင်းမှန်း၊ သူတို့ ခံစား နိုင်၏။
မိုးပြာ နဂါး နေ-လ ထီးကို ကိုင်ဆောင် ထားသည့်တိုင်၊ လင်းယွန်မှာ ဖိအား ခံစား လာ ရသည်။
ထီးသာ မရှိက တစ်ချက် တည်းဖြင့်၊ သူ အသတ်ခံ ရနိုင်၏။ သို့သော် ကျန့်လင်းမှ ထီး၏ စွမ်းအားကို အာမခံ ထားလေရာ၊ ထိတ်လန့် ခြင်း မရှိချေ။
နဂါးပြာ အရိုးရှိ၊ နတ် ရူရ်ကို အသက် သွင်းပြီး၊ ထီးပေါ်ရှိ နေနှင့် လအား ကောင်းကင် သို့၊ ပျံသန်း စေမိသည်။
“ ခရစ် ... ။ ”
ကောင်းကင် (၃၆)လွှာ အခွဲ ခံလိုက်ရ သကဲ့သို့၊ ကောင်းကင်ကြီး ပြောင်းလဲ လျက်၊ ဖြစ်စဉ်များ ပေါ် လာသည်။
လင်းယွန်သည် သူ့ရှေ့၌ ရှိနေသည် မှန်သော်လည်း၊ စကြဝဠာ တစ်ခုလုံး ခြားနေ သည်ဟု၊ ဆဠမ အကြီး အကဲမှ ခံစား လာရ၏။
နေနှင့်လ အပြည့်အဝ လည်ပတ် သွားချိန်တွင်၊ အာကာပြင် ပုံပျက် လာသည်။ ထိုကြောင့် ဓားမှာ၊ လင်းယွန်ထံ မရောက် နိုင် ဖြစ် လာပြီး၊ အနား ရောက်သွား ချိန်၌၊ စွမ်းအားများ ပါမလာ တော့ချေ။
“ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ဤမြင်ကွင်းကို ကြည့်ပြီး၊ ဆဋ္ဌမမြောက် အကြီးအကဲ မျက်နှာ ပြောင်းလဲ သွားလေသည်။
“ ပိတ် ... ။ ”
ဓားတွင် စွမ်းအား မရှိတော့ သည်ကို မြင်သဖြင့်၊ လင်းယွန်က မိုးပြာ နဂါး နေ-လ ထီးအား၊ ပြန်ပိတ် လိုက်၏။
သူတို့ ကြားတွင်၊ အကန့် အသတ်မဲ့ အကွာအဝေး ရှိနေ သော်လည်း၊ လင်းယွန်က ခြေ တစ်လှမ်း တိုးလိုက်သော အခါ၌၊ ဆဋ္ဌမ အကြီး အကဲ အနား၊ တောင်ကြီး တစ်လုံးလို ချက်ချင်း ရောက်ရှိ လာသည်။
“ ဝေါ့ ... ။ ”
ဆဋ္ဌမမြောက် အကြီးအကဲ အတွက်မူ၊ သူ့ ကမ္ဘာကြီး တစ်ခုလုံး လည်ထွက် နေသလို၊ ခံစား လာရသည်။ အဆုံးတွင် သွေးအန်လျက်၊ လွင့်စဉ် သွား၏။
“ သွား ... ။ ”
လင်းယွန်က ကျေနပ်ခြင်း မရှိ သေးဘဲ၊ ထီးအား လှံတစ်စင်း ကဲ့သို့၊ ဆဋ္ဌမ အကြီး အကဲ ထံ၊ ဦးတည် လိုက်သည်။
“ ထန် ... ။ ”
ဆဋ္ဌမ အကြီး အကဲက ဓားဖြင့် ပြန်၍ ပက်တင်ကာ၊ ခုခံ ကာကွယ်လျက် မြေပြင်ပေါ် ဆင်းသက် သွားသည်။
နောက်ကွယ်မှ အဟုန် အား၊ ခြေလှမ်း များစွာ ဆုတ်ခွာပြီး၊ ချေဖျက် လိုက်ရလေသည်။ လင်းယွန်မှ နောက်ထပ် ခြေလှမ်း လှမ်းတက် လာသော အခါတွင်၊ ကြီးမားသော အရိပ်ကြီး တစ်ခုက၊ သူ့အပေါ် ဖုံးလွှမ်း လာ၏။
ဤသည်မှာ ဆဋ္ဌမ အကြီး အကဲ၏၊ နက္ခတ်ဖြစ်သော အနက်ရောင် မြွေနဂါး တစ်ကောင် ဖြစ်လေသည်။
“ မြွေနဂါး တစ်ကောင်က ... ငါ့ရှေ့မှာ ဒီလို မောက်မာ ရဲလား။ ”
လင်းယွန်က လက်သီး ဆုပ်ကာ၊ ကောင်းကင် အမိုးဓား ရည်ရွယ်ချက်ကို အပြည့် အ၀၊ ထုတ်ဖော် ပစ်၏။
ပြီးနောက် နဂါး-ဖီးနစ် ရောင်ဝါ ကြိုး များအား၊ ခန္ဓာကိုယ် အတွင်းမှ ထုတ်ယူ ကာ၊ ဓားများ ကဲ့သို့၊ ထိုးချ ပစ် လိုက်သည်။
“ ရွှီး ... ။ ”
မြွေ နဂါးမှာ အနား ကပ်လာ နိုင်ခြင်း မရှိတော့ဘဲ၊ အော်ဟစ် တော့သည်။ နဂါးပြာ တံဆိပ်၊ ရွှေနဂါး တံဆိပ်၊ ငွေနဂါး တံဆိပ်အား ထုတ်ဖော်လျက်၊ နတ်နဂါး မျက်ဝန်း များကို ထုတ်ဖော် လိုက်၏။
“ နတ်နဂါး မျက်ဝန်း ... ။ ”
မြွေ နဂါးက၊ ထီး အကာ အကွယ်ကို ချိုးဖြတ်ကာ၊ သူ့ထံ ဆင်းသက်ရန် အစွမ်းကုန် ကြိုးစား လေသည်။
သို့သော် နဂါးပြာ နတ် ရူရ်၊ မိုးပြာ နဂါး ခန္ဓာကိုယ်နှင့် နတ်နဂါး မျက်လုံးကြောင့်၊ အဆို ပါ မြွေနဂါး ကြီးမှာ၊ ပြိုကွဲသွား တော့သည်။
***