မိတ်ဆွေလေး ... မင်း အရွယ်နဲ့၊ ဒါကို မကစား သင့်ဘူး။
Vol. 119 Ch. 1654
ထို့ကြောင့် နက္ခတ် ကွဲသွားသော အခါတွင် ဆဌမ အကြီး အကဲမှာ၊ ပါးစပ်မှ သွေးများ စီးကျ လာတော့သည်။
“ ဝှစ် ... ။ ”
သည့်နောက် ထီးအား ဓားကဲ့သို့၊ ဆဋ္ဌမမြောက် အကြီးအကဲထံ ပစ်သွင်း လိုက် ၏။ အကြီး အကဲက နောက်သို့ အမြန် ဆုတ်လျက်မှ ရိုက်ဖယ် ပစ်သည်။
လင်းယွန် ခမျာ ခန္ဓာကိုယ် အတွင်း၊ ရုန်းကြွလာသော စွမ်းအင် များကို၊ အမြန် ငြိမ်းသတ် နေမိသည်။
“ ဝှစ် ... ။ ”
ပြီးနောက် ခြေဖျားအား မြေပြင်ပေါ် ပုတ်လျက်၊ အလင်းတန်း အသွင် ပြောင်းလဲကာ၊ ထီးအား ဖမ်းယူ မိသည်။
ထီးကို ကိုင်မိ သည်နှင့်၊ သွေးသား စွမ်းအင်များ စုပ်ယူခံ ရသဖြင့်၊ ချက်ချင်း မျက်နှာ ဖြူဖျော့ လာ၏။
“ နဂါးပြာ အရိုးက၊ မိုးပြာ နဂါး နေ-လ ထီးလိုအပ်တဲ့ စွမ်းအင်ကို လိုက်မီအောင် ... ၊ မထုတ် နိုင်ဖူး ပဲ။ ”
ထိုအချိန်တွင် ဆဋ္ဌမ အကြီး အကဲမှာ၊ သူ့ရောင်ဝါ ဧရိယာ အတွင်းမှ ပျောက်ကွယ်သွား သည်ကို၊ သတိ ထားမိ လာသည်။
“ ကောင်း ကင် ... ။ ”
ယင်းကြောင့် မဆိုင်း မတွဘဲ ထီးဖြင့်၊ ကောင်းကင် ဓားပုံစံကို ထုတ်ဖော်ကာ၊ နောက် ကေျာသို့၊ လည်ပြန် ပစ်လွှတ် မိ၏။
“ မြေကြီး ... ။ ”
ကောင်းကင် နောက်၌ မြေကြီး ကိုပါ ဆက်တိုက် ထည့်လိုက် သောကြောင့်၊ ဆဠမ အကြီး အကဲမှ၊ မျက်လုံးပြူး သွားသည်။
အလစ် ဝင်တိုက်မှု မအောင်မြင် တော့ချေ။ ထို့ကြောင့် နောက်ပြန် ဆုတ်လျက် ကောင်းကင် ကျမ်းအား အသက်သွင်း လိုက်သည်။
“ ကောင်းကင် ကျမ်း- နတ်မိစ္ဆာ အသူရာ။ ”
ဂျူနီယာ တစ်ယောက်မှ၊ သူ့အား သည်မျှ အထိ တွန်းပို့နေ သဖြင့်၊ သတ်ဖြတ် လိုသော ဆန္ဒများ ပေါက်ကွဲ လာသည်။
ထိုစွမ်းအားသည် ကြောက်စရာ ကောင်းလေသည်။ ယင်းကို ခံစား မိသော လင်းယွန်က ပထမ တံဆိပ်ကို၊ ဖျက်သိမ်း လိုက်ရာ၊ ထီးက လည်တော့၏။
“ ခရစ် ... ။ ”
သူတို့ နှစ်ဦးကြား လေဟာနယ် ကွဲထွက် သွားပြီး၊ ဆဋ္ဌမမြောက် အကြီးအကဲ ခမျာ ပါးစပ် မှ၊ သွေးများ ထွက်လာ၏။
“ ကောင်လေး ... မင်းမှာ သတ္တိ ရှိရင် ... ၊ အဲဒီ ထီးကို မသုံးပဲ ... ၊ ငါ့နဲ့ မျက်နှာချင်းဆိုင် တိုက်ပါ။ ”
ဤထီးသည် ဒုက္ခပေးနိုင် လွန်း၏။ ထို့ကြောင့် ဆဋ္ဌမ အကြီးအကဲမှ အရှက် မဲ့စွာ ပြောမိခြင်း ဖြစ်သည်။
သို့သော် လင်းယွန်က ဂရု မစိုက်ဘဲ ထီးဖွင့်ပြီး၊ လှမ်းတက် လာရာ၊ ဆဋ္ဌမ အကြီး အကဲ ခမျာ မျက်နှာပျက်လျက်၊ ဒူး တစ်ဖက် ထောက်ကျ သွားသည်။
ဤတိုက်ပွဲတွင် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ (၁၀)ဦးနှင့်၊ အထွတ် အထိပ် နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူများ ပါဝင်သည်။ ထို့ကြောင့် ထိတ်လန့်ဖွယ် ဖြစ်စဉ်များ ဖြစ်ပွား လာ၏။
သို့သော် လူတိုင်း သူတို့၏ ပြိုင်ဘက်ကို သိသိ သာသာ အသာစီး မယူ နိုင်ဘဲ၊ လက်ရည် ညီနေ ခဲ့သည်။ ခြွင်းချက် အနေဖြင့်၊ လင်းယွန် သည်သာ၊ တစ်ဖက်သတ် ဆန်နေ၏။
“ မင်း လူယုတ်မာလေး ... ။ ”
နောက်ဆုံးတွင် အံကြိတ်လျက်၊ ချက်ချင်း မတ်တပ် ထရပ် လိုက်သည်။ ထိုအချိန်၌ ထီးကို ပြန် ပိတ်ကာ၊ လင်းယွန်မှ စောင့်ထိုး လာ၏။
ဆဋ္ဌမမြောက် အကြီးအကဲ ခမျာ၊ သူ့ ဒေါသကို မထုတ် နိုင်မီ၊ နောက် တစ်ကြိမ် အဝေး သို့၊ လွင့်စဉ် သွားရသည်။
လင်းယွန်က ကောင်းကင် အမိုးဓားအား လောင်းထည့်ကာ၊ ထီးကို ကိုင်ဆောင်လျက်၊ သူ့နောက် လိုက်ပါ လာပြန်၏။
“ ဆင်း ... ။ ”
ဤတိုက်ပွဲကို ကြည့်နေ မိသော လူတိုင်း၊ ထိတ်လန့် တုန်လှုပ်နေ ချိန်တွင် နေ-လ အကာ အကွယ်အား ချိုးဖြတ်ကာ၊ ထီးက ဆဌမမြောက် အကြီးအကဲပေါ်၊ ကျရောက် သွားသည်။
အတွင်း အင်္ဂါများ ကွဲအက် သွားကုန်၏။
“ မင်း ... ဝေါ့ ... ။ ”
ဆဋ္ဌမမြောက် အကြီးအကဲ ခမျာ၊ ဓားကို မြေပြင်ပေါ် အားပြုလျက်၊ ဒူးတစ်ဖက် ထောက် ကျသွား ပြန်၏။
သူ့တွင် အုပ်စိုးရှင် သူတော်စင် လက်ရာ ရှိသော်မှ၊ လင်းယွန်အား အနိုင် မယူ နိုင်သည် မှာ၊ အဓိပ္ပာယ် မရှိချေ။
“ ဝေါ့ ... ။ ”
ဤတစ်ကြိမ် အန်ချ လိုက်သော သွေးထဲ၌၊ အတွင်း အင်္ဂါ အစိတ် အပိုင်းများ ရောနှော ပါဝင် နေခဲ့သည်။
ထိုမြင်ကွင်းကြောင့် လူတိုင်း မျက်လုံးပြူး ကုန်သည်။ ဆဋ္ဌမ အကြီးအကဲ ခမျာ၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိ သွားပြီ ဖြစ်၏။
“ နဂါး သွေးလွှတ်ကြောနဲ့၊ အုပ်စိုးရှင် သူတော်စင် လက်နက်ရဲ့ စွမ်းအားကို၊ ဒီလောက် အထိ ထုတ်ယူ နိုင်စရာ အကြောင်း မရှိဘူး။ ”
“ သူက ... နဝမမြောက် ကောင်းကင် လမ်းရဲ့၊ ချန်ပီယံ ဖြစ်လို့၊ မိုးပြာ နဂါး အမွေကို ရရှိ ခဲ့တယ်၊ ဒီထီးက မိုးပြာ နဂါး မျိုးနွယ်စုရဲ့ လက်ရာပဲ၊ ...
... ပြီးတော့ ... သူ့မှာ ကောင်းကင် အမိုးဓားလည်း ရှိသေးတယ်၊ ကောင်းကင်ယံ ဂိုဏ်းက ခွေးအိုကြီးက၊ ပေါ့ပေါ့ တန်တန် မဆက်ဆံ သင့်ဘူး။ ”
“ ဒါပေမယ့် ... ဒါက မယုံနိုင် စရာ ကောင်းနေ ဆဲပဲ မဟုတ်လား။ ”
ပတ်၀န်းကျင်ရှိ လူတိုင်းမှာ၊ ဝေဖန် ဆွေးနွေးမှု များဖြင့် တိုက်ပွဲထံ ဆက်ကြည့် နေသည်။
မိုးပြာ နဂါး နေ-လ ထီးကို ကိုင် ဆောင်လျက်၊ လင်းယွန်က အသက် တစ်ဝကြီး ရှူကာ၊ ပင်မ တိုက်ပွဲ များထံ လှည့်ကြည့် လိုက်သည်။
ဤအတိုင်းသာ ဆက်သွား နေပါက၊ ဓားဂိုဏ်း အတွက် ဆုံးရှုံးမှု များပြား လာပေ မည်။ ယင်းက သူ့အား အန္တရာယ် အတွင်း ကျဆင်း စေနိုင်၏။
တစ်ဖက် တွင်လည်း၊ နဂါးပြာ အရိုးမှ ထုတ်ပေးသော စွမ်းအင်သည် လိုက်မမီ တော့ ကြောင်း၊ နားလည် လာသည်။
အလွန်ဆုံး တစ်ကြိမ် သာလျှင်၊ မိုးပြာ နဂါး နေလ ထီးအား အသက်သွင်း နိုင်ပေ တော့မည်။ ထို့ကြောင့် ဒုတိယ တံဆိပ် ရုပ်သိမ်းပြီး၊ မိုးပြာ နဂါး ဝိညာဉ် များကို ဆင့်ခေါ် ပစ်လိုက်၏။
သွေးသား စွမ်းအင်များ၊ အလုံး အရင်းဖြင့်၊ ချက်ချင်း စုပ်ယူ ခံနေရ သောကြောင့်၊ မျက်နှာ ဖြူဖျော့ လာသည်။
“ ဖွင့် ... ။ ”
သို့သော် အံကြိတ်လျက် ထီးကို ဖွင့်လိုက် သည်။ အထက် ကောင်းကင်၌ ကြယ်ရောင်များ လင်းလာပြီး၊ နီရဲ နေသော မျက်ဝန်း တစ်စုံက ငုံ့ကြည့် လာသည်။
“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”
ပေါက်ကွဲ သံနှင့် အတူ၊ မိုးပြာ နဂါး (၉) ကောင် ထီးမှ ပျံထွက် ကုန်၏။ ထိုဖြစ်စဉ်မှာ ကြီးမား သောကြောင့်၊ တိုက်ပွဲများ ခဏ ရပ်ကာ၊ လှည့်ကြည့် မိကုန်သည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
ကောင်းကင် အက်ကွဲ လာကာ၊ နဂါး (၉)ကောင်မှ၊ ကောင်းကင်ယံ ဂိုဏ်း၏ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များထံ၊ အားယူ နေသည်ကို မြင်လိုက် ရသည်။
“ နောက် ဆုတ် ... ။ ”
သတ္တမမြောက် အကြီး အကဲက၊ ထိတ်လန့် စွာဖြင့် အမိန့်ပေး လိုက်သည်။ နဂါး (၉) ကောင် ထံမှ၊ အန္တရာယ် အငွေ့ အသက်ကို၊ သူ ရရှိ ချေ၏။
ယင်းက ကျွားချင်းယန် ကိုပင်၊ ချွင်းချက် မရှိ ကြောက်ရွံ့ စေသည်။ သို့သော် နဂါး (၉)ကောင် မှာ၊ မြန်ဆန် လွန်းနေ၏။
၎င်းတို့ ပျံသန်း လာစဉ်၊ ကောင်းကင်ယံ ဂိုဏ်းမှ၊ လောက နိယာမ နယ်ပယ် အကြီး အကဲ တိုင်း၊ သွေးလည်ပတ်မှုများ ရပ်ဆိုင်း လျက်၊ နှေးကွေး လေးလံ လာတော့သည်။
“ ဟား ဟား ဟား ... ၊ မိတ်ဆွေ ဟောင်းလေး၊ မင်း အသက် အရွယ် လေးနဲ့၊ အုပ်စိုးရှင် သူတော်စင် လက်ရာ တစ်ခုကို၊ မကစား သင့်ဘူး။ ”
ကောင်းကင်ယံ ဂိုဏ်းမှ၊ အကြီး အကဲတိုင်း သတ်ဖြတ် ခံရ တော့မည့် အချိန်တွင်၊ ရယ်မော သံနှင့် အတူ၊ ကောင်းကင်၌ လူတစ်ဦး ပေါ် လာသည်။
ဤလူသည် အမျိုးသမီး များပင် မနာလို ဖြစ်စေသော၊ အပြစ် အနာ အဆာ ကင်းသည့်၊ ရုပ်ရည်မျိုး ရှိ၏။
လက်ရာမြောက် လွန်းသော ပန်ချီကား တစ်ချပ် အလား၊ လေထု အလယ် ရပ်လျက်၊ နဂါး (၉) ကောင်ကို ဖမ်းဆုပ် တော့သည်။
***