← Chapters

သူတော်စင် တိုက်ပွဲ။

Vol. 119 Ch. 1656

သူတော်စင် တိုက်ပွဲ။

Vol. 119 Ch. 1656

အလင်းများ ပျောက်ကွယ် သွားချိန်၌၊ ကောင်းကင် ဓားမော့ ခန်းမ သခင်၊ ကောင်းကင် မှတ်စု ဂိုဏ်းချုပ်နှင့်၊ နက်ရှိုင်း တောင်ကြား သခင်တို့ လှမ်းထွက် လာသည်။

၎င်းတို့ အားလုံးသည် မူရွှမ်ကောင်တို့ ကဲ့သို့ပင်၊ သူတော်စင် ဘုရင်များ ဖြစ်သည်။ စုစုပေါင်း (၅)ဦး အထိ ဖြစ်လာ တော့၏။

ဤအရာ များသည် လင်းယွန်ကြောင့် ဖြစ်သည်။ မူရွမ်ကောင်က ရောက်လာ သူများ ကို၊ နှုတ်ဆက် လိုက်၏။

ကောင်းကင် မှတ်စု ဂိုဏ်းချုပ်က ထျန်ရွှမ်ဇီကို ကြည့်ကာ၊

“ ထျန်ရွှမ်ဇီ .... ၊ ဘယ် အချိန်မှာ ... ရပ်ရမယ် ဆိုတာ ... နင် သိသင့်တယ်၊ စီနီယာ သက်တံဓားက လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် တုန်းက၊ နင့် လုပ်ရပ် အတွက်၊ အပြစ် တင်ခဲ့ ဖူးလား၊ အခု သူ ခက်ခဲ နေတဲ့ အချိန်မှာ၊ နင်က သူ့တပည့်ကို အခွင့်အရေး ယူနေ တယ်။ ”

နက်ရှိုင်း တောင်ကြား သခင် မှလည်း၊

“ ရှေးဟောင်း ပျက်သုဉ်း မြေမှာ ... ၊ မြင့်မြတ်မြေ မရှိဘဲ၊ ငါတို့ အတူ တကွ ရှင်သန် နိုင်တာ စီနီယာ သက်တံဓား ကြောင့်ပဲ၊ မဟုတ်ရင် ငါတို့ ဒေသ အေးချမ်းမှာ ...

... မဟုတ်ဘူး၊ ထျန်ရွှမ်ဇီ ... ဂျူနီယာ တစ်ယောက် အနေနဲ့၊ သက်တံဓားကို လေးစား သင့်တယ်၊ မင်း ဒီရွယ် မရောက် ခင်မှာ သူက မင်းကို ဘာမှ မလုပ် ခဲ့ဖူး ဆိုတာ သတိရပါ။ ”

သူတို့ နှစ်ဦးသား သူတော်စင် တိုက်ပွဲ မစတင် လိုသောကြောင့် စည်းရုံးရေး ဆင်း လိုက်မိသည်။

သူတော်စင် ဘုရင်များ ဟူသည် ခွန်လွန် ၌ပင်၊ ရှားပါး ခေျ၏။ ထို့ကြောင့် သာမန် အချင်း အရာများ အတွက်၊ သူတို့ လှုပ်ရှားရန်၊ မထိုက် တန်ချေ။

နဂါး သွေးလွှတ်ကြော နယ်ပယ်မှ၊ တစ်စုံတစ်ဦး အတွက် ဆိုက သာ၍ ဆိုးသည်။ သို့သော် ထျန်ရွှမ်ဇီက ဂရုစိုက်ပုံ မပြချေ။

“ မင်းတို့တွေ ... နားလည်မှု လွဲနေပြီ၊ လင်းယွန် အတွက် ခက်ခဲအောင် လုပ်ဖို့၊ ငါက ကြိုးစား နေတာ မဟုတ်ဘူး၊ သူ့ကို ခေါ်သွား ရုံပဲ၊ သံသယတွေ ကင်းသွားရင်၊ ...

... တော်ဝင် နန်းတော် ကတောင်၊ သူ့ကို ဆုချ မှာပါ၊ ဒါက သူ့ အတွက် ကြီးမားတဲ့ အခွင့် အရေး တစ်ခုလေ။ ”

“ ဒီကောင်က ရွံရှာစရာ ကောင်းတယ်လို့ မင်းတို့ကို ပြောသားပဲ၊ စီနီယာ သက်တံဓား က သူ့ကို ပါးရိုက်ပြီး၊ သတ်ပစ်ခဲ့ သင့်တယ်။ ”

ကောင်းကင် ဓားမော့ ခန်းမ သခင် ချန်းယွီက အေးစက်စွာ ပြောသည်။ ထိုစကားကို ထျန်ရွှမ်ဇီက စိတ်ဆိုးခြင်း မရှိဘဲ ပြုံးကာ၊

“ ဘာပဲ ဖြစ်ဖြစ် ဒီနေ့တော့ ငါ သူ့ကို ခေါ်သွား ရမယ်၊ မင်းတို့ စိတ်ဝင် စားရင်၊ ငါနဲ့ အတူ လိုက်ကြည့်လို့ ရတယ်။ ”

“ ထျန်ရွှမ်ဇီ ... ဒီနေ့ မင်း လင်းယွန်ကို ခေါ်သွား ခဲ့ပြီးရင်၊ နောက် တစ်ကြိမ်မှာ ... ငါတို့ ဂိုဏ်းက ပါရမီရှင် တစ်ယောက် ယောက်ကို မင်း ခေါ်ဦးမှာ မဟုတ်လား၊ ဟမ့် ... ။ ”

“ မင်းတို့က ... ငါ့ရဲ့ စီနီယာ တေွပဲ၊ ဒါကြောင့် ဒီနေ့တော့ စီနီယာတွေ ဆီကနေ လမ်းညွှန်ချက် တောင်းရမယ်။ ”

ထျန်ရွှမ်ဇီက ကြောင်ဖြူ ကြီးကို ပွတ်သပ်လျက်၊ ပြောလာ တော့၏။ သူတော်စင် ဘုရင် လေးပါးအား၊ တစ်ဦးတည်း စိန်ခေါ် နေခြင်း ဖြစ်လေသည်။

လင်းယွန် တစ်ယောက် ကြီးထွား လာမည်ကို ကြောက်နေ သလို ပေပင်။ ဂိုဏ်း များကြား သူတော်စင် စစ်ပွဲ စတင်ပေ တော့မည်။

“ သွား ရ အောင် ... ။ ”

ထျန်ရွှမ်ဇီက စိတ်ပိုင်း ဖြတ်လိုက်ပြီး ဖြစ်သဖြင့်၊ သူတော်စင် သခင် ခြောက်ပါးအား၊ အမိန့် ပေး၏။

ကောင်းကင်၌ သူတော်စင် သခင် (၁၀)ပါး ချက်ချင်း ရောယှက် သွားသည်။ အမျိုး မျိုးသော ဖြစ်စဉ် များနှင့်၊ ကောင်းကင်ကြီး ကွဲအက် လာတော့၏။

“ မြန်မြန် နောက်ဆုတ် ... သူတော်စင် တိုက်ပွဲ စနေပြီ။ ”

လူတိုင်း ဦးရေပြား ထုံကျင် လာပြီး၊ အပြေးအလွှား ထပ်မံ ဆုတ်ခွာ လိုက်ကြ သည်။ ယခင် ချန်လဲ့တို့ တိုက်ပွဲကြောင့်၊ မိုင်တစ်ထောင် အကွာသို့၊ ဆုတ်ခွာ ထားပြီး ဖြစ် သော်လည်း၊ အကွာ အဝေးမှာ မလုံလောက် သေးချေ။

တန်ခိုးရှင်များ ကြား ခမ်းနားသော တိုက်ပွဲကြီး တစ်ခု ဖြစ်ပွား လာခြင်း ဖြစ်လေ သည်။ မျက်စိ တစ်မှိတ် အတွင်း၊ ကောင်းကင်၌ သူတော်စင် တာအိုများ ရောယှက် ကုန်၏။

မိုင်တစ်သောင်း အကွာ မှပင် ကြောက်မက်ဖွယ် လျှပ်စီးနှင့် လှိုင်း အမျိုးမျိုး ပျံကား နေသည်ကို မြင်နိုင်သည်။

နောက်ဆုံး ကျန်ရစ်သော သူတော်စင် သခင် မှာမူ၊ ဤအခွင့် အရေးကို ယူကာ၊ လင်းယွန်ထံ လှမ်းကြည့် လိုက်သည်။

“ မကောင်း တော့ဘူး။ ”

ချန်လဲ့နှင့် အခြား သူများ၏ မျက်နှာများ ပြောင်းလဲ သွားပြီး၊ လင်းယွန်အား ကူညီရန်၊ အလျင် အမြန် ပြေးသွား မိကြသည်။

“ ထွက် သွား စမ်း ... ။ ”

ကောင်းကင်ယံ ဂိုဏ်း၏ သူတော်စင် သခင်က၊ သူတော်စင် ရောင်ဝါများ ထုတ်ဖော် ကာ၊ သူ့ထံ ချဉ်းကပ်ရန် ကြိုးစားသော ချန်လဲ့ တို့အား တွန်းထုတ် ပစ်၏။

လင်းယွန်က အမြန် ထရပ်ပြီး၊ ဆယ်မိုင် အကွာသို့ ခြေတစ်လှမ်း ဆုတ်ခွာ သွားခဲ့သည်။ သို့သော် သူတော်စင် သခင်၏ အကြည့်သည် သူ့ အပေါ် ကျဆင်း လာချိန်၌၊ ထပ်မံ လှုပ်ရှား နိုင်ခြင်း မရှိ တော့ချေ။

ထိုအကြောက် တရားသည် ဖော်မပြ နိုင်လောက်အောင် အေးစက်၏။ သူ့ ခန္ဓာကိုယ် အတွင်းရှိ နဂါး မူလမှာ၊ အကြည့် တစ်ချက်ဖြင့် အေးခဲခြင်း ဖြစ်သည်။

ယင်းက လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များနှင့် မတူဘဲ၊ အကြည့်တွင် နိယာမများ ပါဝင် နေသည်။

ဤသူတော်စင် သခင် သည်သာ၊ သူ့ကို သတ်ပစ်လိုက သေရ ပေမည်။ ထို့ကြောင့် နှလုံး သား၌ အကြောက် တရားများ ပေါက်ဖွား လာ တော့သည်။

တစ်ဖက်တွင် ၎င်းသည် သူ့အား မသတ်ချင်ဟု၊ အဓိပ္ပါယ် ရနေသည်။ ထို့ကြောင့် ကောင်းကင် ချပ်ဝတ်အား ဆင့်ခေါ်ရန် ပြင် လိုက်၏။

ကောင်းကင် ချပ်ဝတ်ကို အသုံး ပြုရန် နည်းလမ်း နှစ်သွယ် ရှိသည်။ ပထမ နည်းလမ်း သည်၊ သူ့ အလိုလို အသက်ဝင် လာခြင်း ဖြစ်သည်။

ယင်းက ကိုယ်တိုင် အသက်သွင်း ခြင်းထက် ပို၍ သက်သာ ပေ၏။ ထို့ကြောင့် ကြောက်ရွံ့မှု မရှိဘဲ၊ ငြိမ်သက်စွာ စောင့်ဆိုင်း နေမိသည်။

ကောင်းကင် ချပ်ဝတ်သည် ဤသို့သော မြေခွေးကြီးများ လက်မှ ကာကွယ်ရန်၊ အစ်ကို ကျန့်လင်းမှ ပေးထားခြင်း ဖြစ်သည်။

သို့သော် အသုံး ပြုသည့် အခါတွင်၊ ဘေးဥပဒ်ကို ဆောင်ကြဉ်း လာမည် ဖြစ် ကြောင်း၊ သတိပေး ပြောကြား ခဲ့သည်။

အဆိုပါ သတိပေး စကားကြောင့်၊ မိုးပြာ နဂါး ဘုရင်၏ အရိုးကို၊ နှိုက်ယူ ခံရစဉ် ကပင်၊ အသုံး မပြု ခဲ့ချေ။ (ကောင်းကင် လမ်း၌)

ယခုမူ သူတော်စင် သခင် တစ်ပါးမှ သူ့အား အနိုင်ကျင့် နေခြင်း ဖြစ်ရာ၊ အစ်ကို ကျန့်လင်းမှ နားလည် မည်ဟု ယုံကြည်သည်။

ယင်းကို ထျန်ရွှမ်ဇီနှင့် တိုက်နေသော မူရွှမ်ကောင်က၊ သတိပြု မိပြီး၊

“ သူ့ ... ခဏလောက် ထိန်းထား ပေး၊ လင်းယွန်ကို ဂိုဏ်းထဲ အရင် ပြန်ခေါ် သွားလိုက် မယ်။ ”

လင်းယွန်အား ဓားဂိုဏ်းသို့ ပြန်ခေါ် သွားနိုင်ပါက၊ ဤပြဿနာများ ပြီးဆုံး သွားမည် ဖြစ်သည်။

“ ဟား ဟား ဟား ... ၊ မင်း မလုပ်နိုင် ပါဘူး။ ”

ထျန်ရွှမ်ဇီက ရယ်မောပြီး သူ့ပခုံးမှ ကျနေသော နက်ပြာရောင် ပန်းပွင့်အား အသက် သွင်း လိုက်သည်။

ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီး ဟူသော စကား ငါးလုံး ထွက်လာ၏။ စကားလုံး တစ်လုံး စီသည်၊ ဘုန်း ဝိညာဉ် တစ်ပါး ဖြစ်ပြီး၊ အစွမ်း ထက်သော ရည်ရွယ်ချက် ပါသည်။

၎င်းတို့မှာ ကောင်းကင် ရွှေ၊ ကောင်းကင် သစ်သား၊ ကောင်းကင် ရေ၊ ကောင်းကင် မီးနှင့် ကောင်းကင် မြေကြီး ဟူသော ရည်ရွယ်ချက် ဖြစ်၏။

တစ်ချိန်တည်း မှာပင်၊ ထျန်ရွှန်ဇီ မျက်ဝန်း အတွင်း၌၊ လနှင့် နေတို့ ပေါ်လာသည်။ ၎င်းတို့ နှင့် အတူ၊ သဘာဝ ဘုန်း ဝိညာဉ် (၅)ပါးက ပတ်ဝန်းကျင်ရှိ အလင်း များကို စုပ်ယူတော့သည်။

သူ့ ဓား ရည်ရွယ်ချက်မှာ၊ အဆိုပါ ဖြစ်စဉ် အား၊ မဟန့်တား နိုင်ကြောင်း သိလိုက်ရ သဖြင့်၊ မူရွှမ်ကောင် မျက်နှာ ပြောင်း သွားသည်။

ကျန်သူများ မှလည်း ထိတ်လန့် ကုန်၏။ ထို့ကြောင့် ချန်ယွီနှင့် မူရွှမ်ကောင်က ဓားများ ဆွဲကာ၊ ချက်ချင်း တိုက်ခိုက် လိုက်ကြသည်။

ကောင်းကင် မှတ်စု ဂိုဏ်းချုပ်မှ ပလွေ ထုတ်ယူကာ၊ အသံ လှိုင်းဖြင့် ထျန်ရွှမ်ဇီ ဝိညာဉ် ကို၊ တိုက်ခိုက် တော့သည်။

နက်ရှိုင်း တောင်ကြား သခင် မှာမူ၊ သူတော်စင် ဝိညာဉ် ရေးရာ စုတ်တံဖြင့် ပန်းချီ တစ်ချပ် ရေးဆွဲကာ၊ ပစ်လွှတ် လာ၏။

“ ဝှစ် ... ။ ”

သို့တိုင် အမှောင်မှာ ပျောက် မသွားဘဲ၊ လက်ဖဝါး တစ်ချက် ပြန်ရိုက်လျက်၊ ထျန်ရွှမ်ဇီ တစ်ယောက်၊ နောက် တစ်လှမ်း ဆုတ်သည်။

“ ဝုန်း ... ။ ”

ပေါက်ကွဲ သံများ ဆက်တိုက် ဖြစ်ပေါ် လာပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံး တုန်လှုပ် သွား တော့၏။

ထို့စဉ် အမှောင် အတွင်းမှ၊ ကြယ်များ ပါဝင်သော လက်ဖဝါးကြီး တစ်ဖက် ပေါ်လာ ကာ၊ မူရွှမ်ကောင် ဦးဆောင်သည့် သူတော်စင် ဘုရင် အဖွဲ့အား၊ တစ်နေရာထဲ စုရုံး စေသည်။

“ ခမ်းနားသော ကောင်းကင်ဘုံ... ။ ”

မူရွှမ်ကောင်နှင့် သူတော်စင် ဘုရင် သုံးပါးသည် ထျန်ရွှမ်ဇီအား အံ့အားသင့်စွာ ကြည့်လိုက် မိသည်။

ဤသည်မှာ ကောင်းကင် ကျမ်း၏ အဠာရသမ (၁၈) အဆင့် ဖြစ်၏။ ၎င်းအထက် တွင် ဧကူန ဝီသ (၁၉) အဆင့်၊ ကောင်းကင် ကပ်ဘေးကြီး ရှိသည်။

ထို့ကြောင့် သူတော်စင် ဘုရင်တိုင်း အထူး သတိ ထားလာ တော့၏။ လင်းယွန်ထံ သွားရန် မဖြစ်နိုင် တော့ကြောင်း၊ မူရွှမ်ကောင် နားလည် လာသည်။

“ မင်းရဲ့ ဓားနယ်မြေနဲ့ ... ၊ ငါ့ရဲ့ သဘာဝ ဒြပ်ကြီး ငါးပါး နယ်မြေ ... ၊ ဘယ်သူ ပို အစွမ်း ထက်လဲ။ ”

ထျန်ရွှမ်ဇီက မူရွှမ်ကောင်ထံ ကြည့်ကာ မေးသည်။ မူရွှမ်ကောင်က ပြန် မဖြေဘဲ၊ ကြက် သွေးရောင် ကောင်းကင် ဓားသုတ္တန်ကို ဖြန့်ထုတ် လိုက်၏။

သူ့ ဓားရောင်ဝါမှာ၊ နေမင်းကြီး အလား တောက်ပ လာခဲ့သည်။ ထို့နောက် ချန်ယွီနှင့် ပေါင်းကာ၊ ထျန်ရွှမ်ဇီထံ ပြေးဝင် တိုက်ခိုက် လိုက်၏။

သည်ကနေ့ လင်းယွန်သာ တစ်ခုခု ဖြစ်ခဲ့သော်၊ သူ့အသက် စွန့်ပြီး၊ ကောင်းကင်ယံ ဂိုဏ်းထံမှ ပြန်လည်၊ ရယူ ရပေမည်။

“ ကောင်လေး ငါနဲ့ လိုက်ခဲ့ ... ။ ”

ထိုအချိန်တွင် ပြိုင်ဘက် မရှိ ဖြစ်နေသော သူတော်စင် သခင်မှ လင်းယွန် ထံသို့ လက်လှမ်း လိုက်လေသည်။

“ ဟမ့် ... သူ့ကို ထိရအောင် ... ၊ နင်က ကောင်းကင် တရား စီရင်ရေး ဧကရီကို မေးခဲ့ ဖူးလား။ ”

ရုတ်တရက် ဒေါသများ တောက်လောင် နေသည့်၊ အေးစက် စူးရှသော အသံ တစ်သံက၊ ပဲ့တင် ထပ်လာ တော့၏။

***

All Chapters