ရေခဲ မီးတောက်။
Vol. 119 Ch. 1657
ထိုအသံမှာ မောက်မာလှ သော်လည်း၊ ပိုင်ရှင်၏ အသွင် အပြင်သည် ရှစ်နှစ် သို့မဟုတ် ကိုးနှစ် အရွယ် ကလေး မလေး တစ်ဦးသာ ဖြစ်ကြောင်း၊ လူတိုင်း မြင်လိုက် ရသည်။
ငွေရောင် ဆံပင် ရှည်ရှည်များ ပျံဝဲလျက်၊ ရေတံခွန် အလား၊ နုနယ်သော မျက်နှာ ပြင်ကို၊ အနားသပ် ထား၏။
နဖူး ပေါ်ရှိ ကြက်သွေးရောင်နှင့် ရွှေရောင် အဆင်း ရှိသော ရူရ်ပုံ သဏ္ဍာန်ကြောင့်၊ နတ် ဘုရားမ တစ်ပါး အလား၊ ထင်မှား စေသည်။
“ ဝှစ် ... ။ ”
ထို့အပြင် အနက်ရောင် အငွေ့တန်း တစ်ခုက၊ သူမ နောက်မှ လိုက်လာပြီး၊ ပခုံးပေါ် ဆင်းသက် လာသည်။ ယင်းက ကြောင်နက် တစ်ကောင် ဖြစ်၏။
“ ကောင်းကင် တရား စီရင်ရေး ဧကရီ၊ ဒီအမည်နဲ့ ရှေးဟောင်း ပျက်သုဉ်း မြေကြီးမှာ ဘယ်သူ ရှိလဲ။ ”
လူတိုင်း အံ့သြ သွားသည်။ ကလေးမ လေးက သူမ လက်ကို ဝှေ့ယမ်းကာ၊ ငွေရောင် အလင်းဖြင့်၊ ပစ်ထုတ် လိုက်သည်။
“ ဝူး ... ။ ”
၎င်းက နှင်းမုန်တိုင်း အဖြစ်သို့ ပြောင်းလဲလျက်၊ လင်းယွန်ကို ဖမ်းဆီး နေသော သူတော်စင် သခင်အား တွန်းထုတ် ပစ်၏။
လက်ဖဝါး နှစ်ဖက်က တိုက်မိ သွားကာ သူတော်စင် သခင် ခမျာ နောက်ပြန် ဆုတ်လိုက် ရ၏။
“ မင်းက ဘယ်သူလဲ ... ။ ”
အနက်ဝတ် သူတော်စင် သခင်က၊ ခရမ်းငယ်ကို အေးစက်စွာ ကြည့်ပြီး၊ မေးခွန်း ထုတ်သည်။
ခရမ်းငယ်မှာ သူ့မေးခွန်းကို မဖြေဘဲ၊ လင်းယွန် အနားသို့ ဆင်းသက်ကာ၊
“ ကောင်းကင်ယံ ဂိုဏ်း တစ်ခုလုံး ထွက်လာအောင် လုပ်နိုင်တာ၊ နင်က တကယ့် ကောင်ပဲ၊ အဆင် ပြေရဲ့လား။ ”
“ အစ်ကိုကြီး ... ၊ ဒီတစ်ခါတော့ ငါတို့ ကြီးကြီး မားမား အကျိုး အမြတ် ရခဲ့ပြီ၊ ဟဲဟဲ ... ။ ”
နဂါးလေးက ပြုံးရွှင်စွာ ပြောသည်။ ၎င်းတို့ နှစ်ယောက်ကြောင့် လင်းယွန် ရင်ထဲ နွေးထွေး လာပြီး၊
“ ငါ အဆင်ပြေ ပါတယ်၊ ဒါပေမယ့် ဒါက ထင်သလောက် မရိုးရှင်းဘူး။ ”
လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများမှ၊ သူ့ကို ဖမ်းရန် ကြိုးစားစဉ် ကတည်း ကပင်၊ တစ်စုံ တစ်ရာ မှားယွင်း နေသည်ဟု ခံးစား မိသည်။
ယခုမူ သူတော်စင် သခင် တစ်ပါးမှ၊ ၎င်းအမှုအား ထပ်မံ ကြိုးစား လာသဖြင့်၊ အဓိပ္ပါယ် မရှိ တော့ချေ။
တစ်စုံ တစ်ရာကို မျှား ထုတ်နေကြောင်း မြင်သာ လာစေသည်။ သူ၏ အရည် အချင်းမှာ၊ ထူးထူး ခြားခြား ဖြစ်သော်မှ နဂါး သွေးလွှတ် ကြောရှိ၊ ပုရွက်ဆိတ် မျှသာ ဖြစ်သည်။
ထို့ကြောင့် သူ့ အသက်အား ယူလိုသော်၊ ဤသို့ လူမြင်-သူမြင် ဖြစ်ရပ်များ၊ ဖန်တီး နေ စရာ မလိုချေ။
ယင်းက ရှေးဟောင်း ပျက်သုဉ်းမြေ တစ်ခုလုံးကို၊ ထျန်ရွှမ်ဇီမှ တစ်စုံ တစ်ရာ သိစေ လိုသော၊ မြှပ်ကွက် ရှိနေ ပေမည်။
“ သူ ... ငါ့ ဆရာကို ထွက်လာအောင်၊ လုပ်နေ တာလို့ ထင်တယ်၊ သူသာ ဆန္ဒ ရှိရင်၊ ငါ့ကို ချက်ချင်း သတ်လို့ ရတယ်။ ”
လင်းယွန် စကားကြောင့် ခရမ်းငယ်နှင့် နဂါးလေးက ထျန်ရွှမ်ဇီထံ လှည့်ကြည့် သည်။ မြင်သလောက် မရိုးရှင်း သည်မှာ သေချာ၏။
ဤလူသည် အရည် အချင်း ပြည့်မီရုံ သာမက စေ့စေ့ စပ်စပ် တွေးခေါ် နိုင်စွမ်း ရှိသူ ဖြစ်သည်။
သက်တံဓား သူတော်စင်သည်၊ ဓားဂိုဏ်းမှ တစ်ဖဝါး မခွာဘဲ၊ ကိုယ်ပွားများ ကိုသာ အကြိမ် ကြိမ် စေလွှတ် ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် ကိုယ်တိုင် ထွက်လာ စေရန်၊ တစ်ဖက် လူမှ ကြံရွယ် ထားပုံ ရလေသည်။
ယင်းက ရန်သူသည် လက်ရုံးရည် အပြင်၊ နှလုံးရည်ပါ ပြည့်ဝ နေသောကြောင့်၊ လင်းယွန် မျက်ဝန်း များကို၊ အေးစက် လာစေ၏။
“ ဒီဧကရီက ပြိုင်ဘက် လေးယောက်နဲ့၊ ရင်ဆိုင် ရရင် တောင်မှ တိုက်ပွဲမှာ ... ၊ အသာစီး ရယူ နိုင်တယ်၊ တကယ်ပဲ နင်က သူ့ အတွက် နယ်ရုပ် တစ်ရုပ် ဆိုရင်၊ ဘာလို့ ...
... အခု ထွက်မသွား ရတာလဲ၊ မဟုတ်ရင် နင့်ဆရာ ထွက်လာတဲ့ အခါ၊ သူ့ ထောင်ချောက် ထဲ ကျသွား နိုင်တယ်။ ”
ခရမ်းငယ်မှ အကြံ ပြုသည်။
“ မဟုတ်ဘူး ... ၊ ငါ အခု ထွက်ပြေးလို့ မဖြစ်ဘူး၊ ဒီလူယုတ်မာက ငါ့ဆရာကို ထွက်လာ စေချင်တာ ဆိုရင်၊ ငါ သူ့ကို လွယ်လွယ်နဲ့ လွှတ်မထား နိုင်ဘူး။ ”
လင်းယွန်က သတ်ဖြတ် လိုသော ရည်ရွယ်ချက် များဖြင့်၊ ပြောသည်။ တစ်ဖက် လူအား တစ်စုံ တစ်ရာ မပေး နိုင်ဘဲ၊ ဤအတိုင်း ထွက်ပြေးရန်၊ ဆန္ဒ မရှိ သေးချေ။
ကောင်းကင် ချပ်ဝတ်ကို ထုတ်ဖော် ခြင်းကြောင့်၊ တစ်လောကလုံး သူ့နောက် လိုက် လာကြ လျှင်ပင်၊ ထျန်ရွှမ်ဇီ အသက်အား ရယူသွား ရပေမည်။
လင်းယွန်နှင့် ခရမ်းငယ် တိုင်ပင် နေစဉ်၊ အနက်ဝတ် သူတော်စင် သခင် ခမျာ မျက်နှာ မည်းမှောင် နေခဲ့သည်။
၎င်းက ခရမ်းငယ်၏ မူလကို မသိ သောကြောင့်၊ ပေါ့ပေါ့ ဆဆ မလှုပ်ရှား ဝံ့ချေ။ ခွန်လွန်၌ ကိုယ့်ကိုယ်ကို ဧကရီ ဟု ညွှန်းဆို ဝံ့သော လူ တစ်ဦးသာ ရှိသည်။
“ မင်း ဘယ်သူလဲ ... ။ ”
ဤတစ်ကြိမ်၌ အထင်သေးသော မျက်ဝန်းများဖြင့်၊ ခရမ်းငယ်မှ သူ့အား လှည့်ကြည့် လာသည်။
“ မင်းလို လူက ... ငါ့ နာမည်ကို သိဖို့၊ မထိုက်တန် သေးဘူး၊ ဒါပေမယ့် သနားလို့ ဖြေပေး လိုက်မယ်၊ သေချာ နားထောင်၊ ...
... ငါက သမုဒ္ဒရာ (၄)စင်း၊ ပျက်သုဉ်းမြေ (၈)ပါး၊ ကောင်းကင် (၃၆) လွှာနဲ့ ... ၊ မြေကမ္ဘာ (၇၂) ထပ်ကို ပိုင်စိုးတဲ့၊ ကောင်းကင် တရား စီရင်ရေး ဧကရီပဲ။ ”
ခရမ်းငယ် အဖြေကြောင့်၊ အနက်ဝတ် သူတော်စင် သခင် ခမျာ အံ့အားသင့် သွားပြီး၊ သူ့အား နောက်ပြောင် နေသည် လောဟု၊ သံသယ ဖြင့် ကြည့်မိသည်။
သူတင် မက၊ ကြားရ သူတိုင်း၊ မျက်လုံးပြူး ကုန်၏။
“ ဒီကောင်မလေးက ဘယ်သူလဲ ... ။ ”
ချန်လဲ့က မျက်ခုံးပင့်ကာ မုချွမ်အား လှည့်မေး လိုက်သည်။
“ မသိဘူး ... ၊ တိမ်ပျံတောင် ထိပ်မှာ တုန်းက လင်းယွန် အနား နေနေတာ၊ ခဏ-ခဏ တွေ့တယ်၊ တွေ့စ တုန်းက ရှေးဟောင်း ဝိညာဉ် အပိုင်း အစ တစ်ခုလို့ ထင်ခဲ့တာ၊ ဒါပေမယ့် ... ဒီလောက် မရိုး ရှင်းဘူး။ ”
မုချွမ်မှ အကျဉ်းချုံး ပြန်ဖြေသည်။
“ ကောင်းကင် တရား စီရင်ရေး ဧကရီ။ ”
“ နာမည်က ထူးဆန်းတယ် ... ။ ”
ဓားဂိုဏ်း ဝင်များ သာမက အခြား သူများလည်း၊ အံ့သြ လာကုန်သည်။ ဤဘွဲ့ အမည်သည် အကြောင်း တစ်ခု ခုကြောင့်၊ ကြောက်ခမန်း လိလိ တုန်ယင် စေ၏။
“ မင်း ဘယ်သူလဲ၊ မင်း ဘယ်က လာလဲ ဆိုတာ ငါဂရု မစိုက်ဘူး၊ ဒီနေ့ ဝင်စွက် ဖက်ဖို့ မကြိုး စားတာ ပိုကောင်းမယ်၊ မဟုတ်ရင် မင်းကိုပါ သတ်မိ လိမ့်မယ်။ ”
“ ဒီလူယုတ်မာက နဂါး သွေးလွှတ်ကြော မှာပဲ ရှိသေးတယ်၊ သူတော်စင် သခင် ဖြစ်တဲ့ မင်းက၊ တိုက်ခိုက် ရအောင် မရှက် ဖူးလား။ ”
“ ကောင်းကင်ယံ ဂိုဏ်းရဲ့ တပည့်ကို သတ်လိုက်တဲ့ အတွက်၊ သူက သေသင့် နေပြီ၊ သူ့ အပြစ်ကို သိလာအောင်၊ ငါက မသတ်ဘဲ ခေါ်သွားဖို့ ဆုံးဖြတ် လိုက်တာ၊ ...
... မင်း ဘယ်သူပဲ ဖြစ်ပါစေ ... ၊ မင်း ကောင်လေး စော်ကား လိုက်တဲ့ လူက ... ၊ မင်း ရင်ဆိုင် နိုင်တဲ့၊ လူမျိုး မဟုတ်ဘူး။ ”
“ ဟား ... ၊ ဟား ... ၊ ဟား ... ။ ”
ခရမ်းငယ်က ရယ်သည်။ သူမ မျက်ဝန်း၌ ရက်စက်သော အငွေ့ အသက်များ ပြည့်လျှံလာ ပြီး၊ လက် နှစ်ဖက်အား ဘေးသို့၊ ဆန့်ထုတ် လိုက်၏။
ခရမ်းပြာရောင် မီးတောက်များ သူမ လက်ဖဝါး ပေါ်တွင်၊ လောင်ကျွမ်း လာတော့ သည်။
“ မင်းရဲ့ ကျင့်ကြံမှုကို ... အခွင့်ကောင်း ယူပြီး၊ သူ့အပေါ် အနိုင် ကျင့်တဲ့ အပြင်၊ ဒီဧကရီ ကိုတောင် ခြိမ်းခြောက်ဝံ့ တယ်လား၊ သူ့သာ ...
... တစ်ခုခု ဖြစ်သွားရင်၊ မင်းနဲ့ မင်းရဲ့ ကောင်းကင်ယံ ဂိုဏ်းတစ်ဂိုဏ်း လုံးကို၊ မြေလှန် ပစ်လိုက်မယ်။ ”
လေထဲ ပျံဝဲလျက်၊ ခရမ်းငယ်မှ ပြောသည်။ ဘေးသို့ ဆန့်ထုတ် ထားသော သူမ လက်ဖဝါး ၌၊ မီးများ ပို၍ တောက်လောင် လာ၏။
စိတ်နေ စိတ်ထား သည်လည်း၊ စတင် ပြောင်းလဲ နေပြီ ဖြစ်သည်။ သူမသည် ကလေး မလေး ဖြစ် သော်လည်း၊ အရွယ်နှင့် မလိုက် သော သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက် ထွက်ပေါ် လာသည်။
ရက်စက် ကြမ်းကြုတ်သည့် အငွေ့ အသက်များ၊ မျက်ဝန်းထဲ ပြည့်နှက် လာတော့ ၏။
မြင်ရ သူတိုင်း အတွက်၊ ကပ်ဘေးကြီး အတွင်း ရောက်ရှိ သွားစေ သကဲ့သို့၊ ခံစား လာရ စေသည်။
“ မင်း ... သေချင် နေတာပဲ။ ”
အနက်ဝတ် သူတော်စင် သခင်မှ၊ သည်းခံနိုင်မှု ပျောက်ဆုံး သွားကာ၊
“ ကောင်းပြီ ကိုယ်နေရာ ကိုယ် မသိတဲ့ အတွက်၊ ရက်စက် တယ်လို့ ငါ့ကို အပြစ် မတင် ပါနဲ့။ ”
“ ဒါဆို လာ စမ်းကြည့်လေ။ ”
ခရမ်းငယ်မှ လှောင်ပြုံးဖြင့် တုန့်ပြန်၏။ ဤအရာက အနက်ဝတ် သူတော်စင် သခင်ကို၊ သူတော်စင် ရောင်ဝါ ထုတ်မိသည် အထိ၊ ဒေါသ ထွက်လာ စေသည်။
သူတော်စင် အောက်ရှိ လူတိုင်းမှာ၊ ပုရွက်ဆိတ် များသာ ဖြစ်သည်။ သို့သော် ခရမ်း ငယ်မှ မကြောက်ဘဲ၊ လက်ဖဝါးအား ရိုက်ချ လိုက်သည်။
“ ထွက်သွား ... ။ ”
မီးတောက် များမှာ၊ လေဟာနယ် အက်ကွဲ စေပြီး၊ သူတော်စင် ရောင်ဝါအား၊ လောင်ကျွမ်း ပစ် တော့သည်။
အကန့် အသတ်မဲ့ စွမ်းအင်များ ပေါက်ကွဲလျက်၊ အနက်ဝတ် သူတော်စင် သခင်ကို၊ နောက်ပြန် တွန်းထုတ်၏။
“ ဘာလိုတောင် ကြီးစိုး လိုက်လဲ။ ”
ဤမြင်ကွင်းကြောင့် လင်းယွန် သည်ပင်၊ အံ့သြ သွားသည်။ အနန္တ နတ်မိစ္ဆာ တောင်ထိပ်၌ ခရမ်းငယ် တစ်ယောက် မည်သို့သော အရာများ ရရှိခဲ့ သည်ကို၊ တွေးမရ တော့ချေ။
“ အစ်ကိုကြီး ... ဧကရီက မှတ်ဉာဏ် တွေတောင် ပြန်ရ လာပြီ ... ၊ ဒဏ်ရာ တွေကို ကုဖို့ပဲ အာရုံစိုက်ပါ ... ၊ ငါ မင်းကို စောင့်ရှောက်မယ်။ ”
နဂါးလေးက ပြောသည်။ ထိုစကားကို ကြားသော အခါ၊ လင်းယွန်မှ ခေါင်းညိတ် လိုက် ၏။ အစော ပိုင်းတွင် မိုးပြာ နဂါး နေ-လ ထီးကို၊ အသုံးပြု ထား သဖြင့်၊ သွေးသား စွမ်းအင်များ၊ ကုန်ဆုံး နေခဲ့သည်။
ဒဏ်ရာများ ပြန်ကောင်းလာ သော်လည်း၊ အထွတ် အထိပ် ခွန်အားမျိုး ပြန်ရ ရှိရန်၊ လိုအပ် နေသေး၏။
သို့မှသာ ထီးကို ထပ်မံ အသုံး ပြုပြီး၊ ခရမ်းငယ်အား ကူညီ နိုင်မည် ဖြစ်လေသည်။
“ ဒီခွန်အား လေးနဲ့ ... ၊ မင်းကိုယ်မင်း သူတော်စင် သခင် ခေါ်ရဲ သလား၊ ဟမ့် ... ။ ”
ခရမ်းငယ်မှ အနက်ဝတ် သူတော်စင် သခင်ကို ရှုတ်ချ လိုက်၏။ သတ်ဖြတ် လိုသော ရည်ရွယ်ချက်များနှင့် အတူ၊ လက်ဖဝါး တစ်ချက် ရိုက်ချ လိုက်သည်။
“ ကောင်းကင် ကျမ်း —စကြဝဠာ။ ”
အနက်ဝတ် သူတော်စင် သခင်က အန္တရာယ်ကို သတိ ပြုမိ သောကြောင့်၊ မျက်နှာ ပြောင်းလဲ သွားပြီး၊ တံလျှပ်များ ချက်ချင်း ဖွဲ့စည်းသည်။
ကောင်းကင်နှင့် မြေပြင် တစ်ခုလုံး လည်ပတ် လာကာ၊ သူ့အသွင် ရုတ်တရက် ပျောက်ကွယ် သွား၏။
သူ ပျောက်ကွယ် သွားပြီ ဖြစ် သဖြင့်၊ နက်ပြာရောင် မီးတောက်က၊ ရေဝဲကို အရည် အဖြစ်၊ ပြောင်းလဲ ပစ်သည်။
“ ဒီမီးတောက် တွေမှာ ... ၊ ငါ နားမလည် နိုင်တာ တစ်ခုခု ရှိနေတယ်။ ”
အနက်ဝတ် သူတော်စင် သခင်က၊ သူ့ဝတ်လုံကို မီးစွဲလောင် သွားမှန်း သိလိုက် သဖြင့်၊ ညည်းတွား လိုက်သည်။
မီးလျှံမှ တဆင့် ကြောက်မက်ဖွယ် ကောင်းသော၊ အအေးဓာတ်များ ကူးစက် လာ တော့၏။
ဤအရာကြောင့် အနက်ရောင် ဝတ် သူတော်စင် သခင်မှာ၊ မျက်နှာ ပြောင်းလဲပြီး၊ သူတော်စင် မူလ စွမ်းအင်ကို၊ ဖြန့်ထုတ် လိုက်ရသည်။
သို့သော် မီး မပြန့်ပွား အောင်သာ ထိန်းနိုင်၏။ လုံးဝ ငြိမ်းသက် နိုင်ခြင်း မရှိ ခဲ့ချေ။ ထိတ်လန့် စရာ ပေပင်။
“ ဟား ဟား ဟား ... ။ ”
ခရမ်းငယ်၏ ဖိနှိမ်ခြင်း ခံနေ ရသော အနက်ဝတ် သူတော်စင် သခင်အား ကြည့်ကာ၊ နဂါး လေးက ရယ်၏။
သို့သော် ရုတ်တရက် အန္တရာယ် အငွေ့ အသက်ကို ရရှိလာ သဖြင့်၊ လှည့်ကြည့် မိရာ၊ ကြောင်ဖြူ တစ်ကောင်၊ ပျံသန်း လာမှန်း မြင်လိုက် ရသည်။
ကြောင်ဖြူ၏ မျက်ဝန်း များမှာ၊ ကြက်သွေးရောင် ဖြစ်ပြီး၊ သူ့ထက်ပင် ပို၍ ဝဖိုင် ချေ၏။ ၎င်းက လင်းယွန်ထံ ဖြစ်သည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် စဉ်းစား မနေ တော့ဘဲ၊ ကြောင်ဖြူအား ရပ်တန့်ရန်၊ နဂါးလေးမှ ခုန်ဝင် လိုက်တော့သည်။
“ အိ ညောင် ... ။ ”
“ ညောင် ... ။ ”
ကြောင်နှစ်ကောင် အချင်းချင်း လက်ဖြင့် ကုပ်ချ လိုက်သည်။ ကြောက်မက်ဖွယ် လှိုင်းလုံး တစ်ခု ထွက်ပေါ် လာ၏။
ထိုမြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွား စေသည်။ ကြောင်နှစ်ကောင် ရန်ဖြစ် ခြင်းသည် ထိုမျှ ကြောက်မက်ဖွယ် ကောင်းလိမ့် မည်ဟု၊ မထင် မိကြချေ။
ယင်းမှာ အဆုံး မဟုတ်ဘဲ၊ ကြောင် နှစ်ကောင်မှာ ပို၍ ကြီးထွား လာတော့သည်။ ကြောင်ဖြူ ကြီးသည် အမြီး ကိုးချောင်း မြေခွေး တစ်ကောင် အဖြစ် ပြောင်းလဲ သွား၏။
ကြောင်နက်သည် အလွန် ကြီးမားသော နဂါးမျောက်ဝံ ဖြစ်သည်။ ၎င်းတို့မှ ရှေးဟောင်း သားရဲများ ဖြစ်ချေ၏။
***