တောင်းပန် ပါတယ်။
Vol. 119 Ch. 1659
လျှပ်စီး တိမ်လွှာဓား ဂိုဏ်း၏၊ နှင်း တောင်ထိပ် ပေါ်တွင်၊ လူနှစ်ယောက် ထိုင် နေသည်။
တစ်ယောက်မှာ ကျန့်ကျင်းရှန် ဖြစ်ပြီး ကျန်တစ်ယောက်သည် ဖုန်းကျွယ် ဖြစ်ချေ၏။ နှစ်ဦးသား ဦးတည်ရာ တစ်ရပ်ထံ ငေးကြည့် နေကြသည်။
ထိုအရပ်၌ အလင်း ရောင်များ ပြိုးပြက် နေကာ၊ ကောင်းကင်ကြီး အက်ကွဲ နေသည်။ လျှပ်စီး များက ဥဒဟို ကူးလူး နေကြ၏။
ကောင်းကင် ဘုရင် အဆင့် ရောက် ပြီးနောက်၊ ကျန့်ကျင်းရှန်မှာ ငယ်ရွယ်သော ရုပ်သွင်အား ပြန်၍ ရရှိ လာသည်။
ဖုန်းကျွယ်သည် စီနီယာ ဖြစ်သော်လည်း၊ ခွန်အား အရာကြောင့် ၎င်းအား သူ၏ အစ်ကို တစ်ယောက် ကဲ့သို့၊ မှတ်ယူ ထားသည်။
ဒက်ရာများ သက်သာလာ ပြီးနောက်၊ တိမ်လွှာ ဓားဂိုဏ်းသို့ မုချွမ်မှ လာရောက် ပို့ဆောင် ထားခြင်း ဖြစ်သည်။
“ ငါတို့ အစ်ကို ကြီးနဲ့ ... အစ်မကြီး ဘယ်လို နေလဲ သိချင်သား ... ။ ”
ဖုန်းကျွယ်က ကျန့်ကျင်းရှန်အား ခိုးကြည့်ကာ၊ သက်ပြင်း ချမိ၏။ ကျန့်ကျင်းရှန် က တုန့်ပြန်ခြင်း မရှိဘဲ၊ အဝေးသို့ ငေးကြည့် ငြိမ်သက် နေခဲ့သည်။
ထို့ကြောင့် တစ်ဖက် လူမှာ၊ သူနှင့် စကား ပြောရန်၊ စိတ်မဝင် စားကြောင်း၊ ဖုန်းကျွယ်က သိလိုက်သည်။
“ အား ... အေးလိုက်တာ။ ”
ရုတ်တရက် လူငယ် တစ်ယောက်၊ နှင်းတောင်ပေါ် တက်လာသည်။ ဤနေရာရှိ အအေး ဒဏ်ကို၊ နဂါး သွေးလွှတ် ကြော၌ မရှိသော်၊ ကြာကြာ ခံနိုင်မည် မဟုတ်ချေ။
ကျန်းလိချန်က ကျန့်ကျင်းရှန်အား မြင်သည်နှင့် လက်ဝှေ့ ယမ်းပြီး၊ အရိုအသေ ပေးလိုက် လေသည်။
“ ဒီတပည့်က ဆရာနဲ့ ... ၊ သိုင်းဦးလေး တို့ကို လေးစား ပါတယ်။ ”
“ ယဇ်ပလ္လင်မှာ လေ့ကျင့်ဖို့ ငါ ပြောထားတယ် မဟုတ်လား၊ ဘာလို့ ဒီရောက် လာတာလဲ။ ”
လင်းယွန် ရှာတွေ့ ခဲ့သော တိမ်လွှာ ဓားဂိုဏ်း အနောက် ဘက်ရှိ ပလ္လင်သည် ရတနာ နယ်မြေ ဖြစ်သည်။ ထို့ကြောင့် ကျန်းလိချန်အား ထိုနေရာ၌၊ လေ့ကျင့် ခိုင်းထားခြင်း ဖြစ်၏။
ကျန်းလိချန်က ခေါင်းငုံ့ သွားပြီး၊
“ ဂျူနီယာ ညီလေး လင်းနဲ့ ... ကျန်တဲ့ သူတွေကို စိတ်ပူ လို့ပါ ... ၊ သူတို့ အရှေ့ဘက် စစ်မြေ ပြင်ကို သွားတာ ကြာပြီ ဆိုတော့ ... ၊ သတင်း တစ်ခုခုများ ဆရာ ရသေး လား။ ”
ရှေးဟောင်း ပျက်သုဉ်းမြေရှိ လူတိုင်းမှာ၊ အရှေ့ဘက် စစ်မြေပြင် ပွင့်သွား သည်အား သိ ရှိထားသည်။
ထိုကြောင့် လင်းယွန်နှင့် ယဲ့ဇီလင်မှာ ထိုအရပ်သို့ သွားမည် သေချာ၏။ ကျန့်ကျင်းရှန် မျက်နှာက ပြောင်းလဲခြင်း မရှိ သော်လည်း၊ ဖုန်းကျွယ်မှာ ထိတ်လန့် သွားသည်။
“ သေ စမ်း ... မင်း ကျန့်ကျင်းရှန်။ ”
ကျန့်ကျင်းရှန်အား ကျိန်ဆဲပြီး၊ ဖုန်းကျွယ်က ချက်ချင်း ထရပ် လိုက်၏။ အဆုံးတွင် အဝေးရှိ ကောင်းကင်ကြီး လင်းနေ ရသည့် အကြောင်း ရင်းအား၊ နားလည် လာတော့သည်။
ဤသည်မှာ သူတော်စင်များ ကြား တိုက်ပွဲ တစ်ခု ဖြစ်ချေ၏။ ယင်းသို့ ရုန်းရင်း ဆန်ခတ်မှု များကို ဖန်တီးနိုင် သူသည်၊ သူတို့ညီ လင်းယွန် မှတပါး အခြား မဖြစ် နိုင်ချေ။
“ ပြန်လာခဲ့ ... ။ ”
ကျန့်ကျင်းရှန်က သူ့အား လက် တစ်ဖက်ဖြင့် ဆွဲချ လိုက်သည်။
“ သွားပြီး ဘာလုပ် မို့လဲ။ ”
ထိုစကားကြောင့် ဖုန်းကျွယ် အသိစိတ် လွတ်သွားပြီး၊ ကျန့်ကျင်းရှန် ရင်ဘတ်အား ဆုပ်ကိုင် လိုက်သည်။
“ ငါက အသုံး မဝင်တဲ့ လူ ... ၊ ငါ့ အရည် အချင်းနဲ့ သူတော်စင် တိုက်ပွဲမှာ၊ မပါဝင် နိုင်ဖူး ဆိုတာ ငါ့ကိုယ်ငါ သိတယ်၊ ဒါဆို မင်း ကရော ဒီမှာ ဘာထိုင် လုပ်နေ တာလဲ၊ သူတော်စင် တိုက်ပွဲ ဆိုမှတော့၊ ငါတို့ ဆရာလည်း၊ ...
... ပတ်သတ်လာ နိုင်တယ်၊ ဒါကို မင်း မသိဖူးလား၊ မင်းကိုယ်မင်း အရမ်း အသုံး ဝင်နေ တယ် ဆိုရင်၊ ဘာလို့ အဲဒီကို မသွား ရတာလဲ။ ”
သို့သော် ကျန့်ကျင်းရှန်က ပြန် မဖြေဘဲ သူ့အား စိုက်ကြည့် လာ၏။ ယင်းက သူ့ စကား လွန် သွားမှန်း၊ ဖုန်းကျွယ် သိလိုက်သည်။
သွားခွင့် ရှိသော်၊ ကျန့်ကျင်းရှန် သွားခဲ့ မည်မှာ၊ ကြာပြီ ဖြစ်သည်။ ဘဝ တစ်လျှောက် ဤနေရာ၌ အမုန်း တရားများ ကုန်သည် အထိ နေထိုင်ရန်၊ ဓားသစ္စာ ဆိုထား ၏။
တစ်ဖက်တွင် ၎င်းတို့ နှစ်ဦး၏ စကားများ ကြားကာ၊ ကျန်းလိချန် ခမျာ စိုးရိမ် တကြီးဖြင့်၊ မိုးကုပ် စက်ဝိုင်းထံ လှမ်းကြည့် မိလေသည်။
***
လူသူ ကင်းရှင်းကာ၊ ဝိညာဉ် စွမ်းအင်များ ပြည့်နှက် နေသော တောင်ကြီး တစ်လုံး ပေါ်၌၊ လူရွယ် တစ်ဦး တရား ထိုင်နေ၏။
ထိုင်လျက်မှ မျက်လုံးများ ပွင့်လာကာ၊ ကြယ်များကို လက်ဖြင့် ခူးဆွတ် လိုက် သကဲ့သို့၊ ကောင်းကင်ထံ လက်လှမ်း လေသည်။
ပြီးနောက် သက်ပြင်း ချပြီး၊ ခေါင်ယမ်း လျက် ဦးတည်ရာ တစ်ရပ်သို့ ကြည့်ကာ၊ ဓားဆွဲ ထရပ် လိုက်သည်။
“ ဝှစ် ... ။ ”
ရုတ်ချည်း မိုင် (၁၀၀၀) အကွာ၊ ရောက်ရှိ သွားသည်။ အင်ပါယာတွင်၊ ယုချင်းဖန် ဟူသော သူ သည်သာ၊ ဓား ဧကရာဇ်ဘွဲ့ ခံယူ ထိုက်၏။
သို့သော် သူ့ရှေ့၌ လူ နှစ်ယောက် ရုတ်တရက် ပေါ်လာ သဖြင့်၊ ရပ်လိုက် ရသည်။ တစ်ဦးမှာ အဖြူရောင် ၀တ်ဆင် ထားပြီး၊ ကျန် တစ်ဦးသည် အနက်ရောင် ၀တ်ထား၏။
၎င်းတို့ နှစ်ဦးသည်၊ လေထု အလယ်၊ ဝိုင်တစ်အိုးအား၊ ဝိုင်းဖွဲ့ သောက် နေခဲ့ ကြသည်။ အဖြူက စားပွဲ ခုံပေါ်မှ ဝိုင်ခွက်အား၊ ဟန်ပါပါ သောက်လျက်မှ ယုချင်းဖန်အား ပြုံးပြကာ၊
“ အဖြူက ဝိုင် မသောက်ဘူး၊ အနက်က လူ မသတ်ဘူး၊ ယုချင်းဖန် ငါတို့ မတွေ့တာ ကြာပြီနော်၊ မင်း ... သောက်ဖို့ သွားနေ တာလား၊ သတ်ဖို့ သွားနေ တာလား။ ”
-ဟု မေး၏။ ဤသည်မှာ ဧကရာဇ် ကိုးပါးအနက်၊ အဖြူနှင့် အမည်း ဧကရာဇ်များ ဖြစ်သည်။
ယုချင်းဖန်က ပြန်ပြုံး ပြလျက်၊
“ ငါ မသောက်ဘူး၊ သတ်မှာလည်း မဟုတ်ဘူး၊ ငါသာ ဆန္ဒ ရှိရင်၊ ဓား တစ်ချက်ပဲ လိုတယ် ဆိုတာ၊ မင်းတို့ နှစ်ယောက် စလုံး သိပါတယ်၊ အခု ...
... ငါ ကိုယ်တိုင် သွားတယ် ဆိုထဲက၊ ဒီဓားကို မလွှဲချင် လို့ပဲ၊ မဟုတ်ရင် သူမ အတွက် အခက် အခဲတွေ၊ ဖြစ်လာ လိမ့်မယ်။ ”
-ဖြေကြား လိုက်၏။
“ ဘာလို့ ... သွားချင် နေရ တာလဲ၊ ဒီလို အရေး တွေကို လျစ်လျူရှုပြီး၊ မင်း နေလာတာ နှစ်ပေါင်း အတော် ကြာနေ ပါပြီ။ ”
အမည်းက မေးပြော ပြောသည်။
“ ငါက ... ဒီရှေးဟောင်း ပျက်သုဉ်း မြေကြီးကို ... သိမ်းယူ ထားတဲ့ ... လူလေ။ ”
“ ဟား ဟား ဟား ... ။ ”
လှောင်ပြောင် ရယ်မော သံနှင့် အတူ၊ ကောင်းကင်ရှိ ကြယ်များ၊ မှိန်ဖျော့ သွားပြီး၊ မီး စက်လုံးကြီး တစ်လုံး ပေါ်လာ၏။
“ ဟန်ဆောင် နေတာကို ရပ်လိုက်ပါ၊ မင်း ဖန်တီး ထားတဲ့၊ ပြိုင်ဘက်ကင်း ကောင်းကင်မြို့ ကိုတောင်၊ မင်း ဂရုစိုက်တာ မဟုတ်ဘူး၊ ဒါဆို ရှေးဟောင်း ပျက်သုဉ်း မြေကို၊ ဘာလို့ ...
... ဂရုစိုက် နေရတာလဲ၊ အဲဒီ တုန်းက မင်းကသာ နည်းနည်းလေး စိတ်ဝင်စား ရုံနဲ့၊ အစ်ကိုကြီး တောင်ပိုင်း ဧကရာဇ် ထိုင်ခုံကို ရမှာပဲ မဟုတ်လား။ ”
မီး စက်လုံးကြီး အတွင်းမှ၊ လူရွယ် တစ်ယောက် လှမ်းထွက် လာသည်။ ထပ်မံ ရောက်ရှိ လာသော ဤပုဂ္ဂိုလ်သည်၊ ဧကရာဇ် ကိုးပါး အနက် မီး ဧကရာဇ် ဖြစ်၏။
“ ကြည့်ရတာ ... ငါ့ ဟန်ဆောင်တာ မပီပြင်ဖူး ထင်တယ်။ ”
ယုချင်းဖန်မှ နှာခေါင်း ပွတ်လျက်၊ ညည်းတွား တော့သည်။ ထိုအချိန်တွင်၊ ဓားမော့ တစ်လက်က၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ဖြင့်၊ ပျံသန်း လာပြန်၏။
ဓားမော့ ပေါ်၌၊ အနက်ဝတ် လူရွယ် တစ်ဦး ရပ်လျက် ပါလာသည်။ ၎င်းက ယုချင်းဖန်အား၊ စိုက်ကြည့်ကာ၊
“ ယုချင်းဖန် ... ၊ ဒီနေ့ မင်း ခရီး ဆက်နိုင်တော့မှာ မဟုတ်ဘူး၊ မယုံရင် စမ်း ကြည့်လို့ ရတယ်။ ”
-ဟု ဆိုလာ တော့၏။
ဤသူသည် ဒေါသ ကြီးသော ဓားမော့ ဧကရာဇ် ချန်ဇီလုံ ပေပင်။ သို့သော် ယုချင်ဖန်က လှောင်ပြုံး ပြုံးသည်။ မီးဧကရာဇ် ရောက် လာ ပြီးနောက်၊ သည်လူမိုက် လာမည်ကို သူ သိ၏။
“ ကောင်းပြီ ... မင်းတို့ တွေက ငါ့ကို ဓားဆွဲခိုင်း နေမှတော့ ... ။ ”
ယုချင်းဖန် ညာလက်က၊ ဓားရိုးပေါ် ကျရောက် သွားသော အခါ၊ ကမ္ဘာ တစ်ခုလုံး တိတ်ဆိတ်လျက်၊ အချိန်များ လျင်မြန်စွာ ကုန်လွန် လာတော့သည်။
ယုချင်းဖန် ဓားသည် အချိန်ထက် မြန်နေခြင်း ဖြစ်၏။ ထိုကြောင့် ဧကရာဇ် (၄) ပါးမှာ၊ စိတ် လှုပ်ရှား လာတော့သည်။
ယင်းက သူတို့ လေးယောက်အား၊ ယုချင်းဖန်မှ ရင်ဆိုင် တော့မည် လောဟု၊ သံသယ ဝင်လာ စေ၏။
“ ..... ။ ”
သို့သော် ယုချင်းဖန်က ဓားရိုးကို၊ ပြန် လွှတ်လိုက် သဖြင့်၊ လေတိုး သံများ ကြားလာ ရတော့သည်။
ယုချင်းဖန်က ပြုံးလျက်၊
“ ငါ နောက်တာပါ။ ”
-ဟု ပြောလာ၏။
သို့မှသာ ဧကရာဇ် လေးပါး သက်ပြင်းချ မိသည်။ သူတို့ ခံစား ရသော ဖိအားမှာ စိတ်ကူး မယဉ် နိုင်ချေ။ ယခုတိုင် ချွေးများ စိမ့်ထွက် နေဆဲ ဖြစ်၏။
မီး ဧကရာဇ်က ပြုံးပြီး၊
“ မင်းက အရင် အတိုင်းပဲ ... ။ ”
-ဟု စကား ပြောရန် ပြင် လိုက်စဉ်၊ ယုချင်းဖန် လက်က ဓားရိုးပေါ် ပြန်ရောက် သွား တော့သည်။
“ တောင်းပန် ပါတယ်၊ ငါ မင်းတို့ကို လိမ်လိုက်တာ။ ”
***