အရှင် မိုးပြာ နဂါး ... ။
Vol. 119 Ch. 1660
သူတော်စင် သခင် ရှစ်ပါးသည် ကောင်းကင်၌ တိုက်ခိုက် နေပြီး၊ တစ်ဖက်နှင့် တစ်ဖက် အသာစီး မရ ခဲ့ချေ။
အခြား တစ်ဖက်တွင် ထျန်ရွှမ်ဇီသည် သူတော်စင် ဘုရင် လေးပါးကို အပြည့် အဝ ထိန်းချုပ် ထား၏။
တစ်ခါ တစ်ရံတွင်၊ သူ၏ သူတော်စင် သခင်များကို ကူညီရန် လက်အား ဝှေ့ယမ်း နေတတ် သည်။
မူရွှမ်ကောင် ခမျာ၊ ဓား နယ်မြေကို ဖန်တီးလျက်၊ အမျိုးမျိုးသော တိုက်ခိုက်မှု များကို ထုတ်ဖော် နေခဲ့ ရသည်။
သို့တိုင် ထျန်ရွှမ်ဇီ၏ သဘာဝ (၅)ပါး နယ်မြေ အတွင်းမှ၊ ရုန်း မထွက်နိုင် သေးချေ။ နက်ရှိုင်း တောင်ကြား သခင်မှ၊ သူတော်စင် ပုံကြမ်းများ ဖန်တီး နေခဲ့သည်။
ဤသည်မှာ ကောင်းကင် တိုက်ပွဲ ဖြစ်ပြီး၊ မြေပြင် အနေ အထား ၌လည်း၊ ကောင်းမွန်ခြင်း မရှိချေ။
နဂါးလေးသည် နဂါး မျိုးရိုး၏ ကိုယ်ခံ ပညာ များကို ထုတ်ဖော်လျက်၊ ကောင်းကင် နတ်မိစ္ဆာ လက်ကိုင် တုတ်အား၊ ကိုင်ဆောင်ကာ၊ အမြီး ကိုးချောင်း မြေခွေးအား ရင်ဆိုင် နေသည်။
သို့သော် အချိန် ကြာလာ သည်နှင့် အမျှ တဖြည်းဖြည်း ဆိုးရွားသော အနေ အထားသို့ ရောက်ရှိ လာ၏။
ပေတစ်ရာကျော် ရှည်လျားသော အမြီး တစ်ချောင်း စီတွင်၊ ရောင်စုံ မီးတောက်များ စုရုံး လာ နေသည်။
“ ဖောင်း ... ဖောင်း ... ။ ”
ယင်’က ပေါက်ကွဲ စေသော စက်လုံးများ အဖြစ်၊ နဂါးလေးထံ ပစ်လွှတ် လာတတ်သည်။ ထိုးအချိန်မှ စကာ၊ နဂါးလေး တစ်ကောင်၊ ရိုက်နှက် ခံလာ ရ၏။
“ အု ဝူ ... ။ ”
နောက်တစ်ကြိမ် ထိပ်တိုက် ရင်ဆိုင် ပြီးနောက်တွင်၊ အမြီး ကိုးချောင်း မြေခွေးက၊ ဟောက်သံ ပြုလိုက်သည်။
ထိုအချိန်တွင် သူ့ အမွေးရှိ၊ မူလ နတ်ရူရ် အသက် ဝင်ကာ၊ မျိုးဆက်သွေး နိုးထ လာ၏။ ပါးစပ် ဟလျက်၊ ကြက်သွေးရောင် စွမ်းအင် စက်လုံးအား၊ မှုတ်ထုတ် တော့သည်။
ထိုစက်လုံးက လျှပ်စီးများ တဖျစ်ဖျစ် မြည်လျက်၊ နဂါးလေးထံ ပျံသန်း နေရာ၊ သွေး လမင်း တစ်စင်းနှင့် တူနေ၏။
ယင်းက အဆုံး မဟုတ်ချေ။ အမြီး ကိုးချောင်း လုံး၌၊ မတူညီသော ရောင်စုံ မီးလုံး များ၊ ထပ်မံ ဖြစ်တည် လာ၏။
“ ခရစ် ... ။ ”
သည့်နောက် အမြီးများ တွန့်ကွေးလျက် မြေပြင်အား ရိုက်ချ လိုက်သည်။ ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး အက်ကွဲလာ တော့၏။
“ ဘုန်း ... ။ ”
ကြက်သွေးရောင် လျှပ်စီး လမင်းက၊ နဂါးလေး ခန္ဓာကိုယ် ပေါ်သို့ ထိမှန် သွားသည်။ သွေးအန်လျက် နဂါးလေး ခမျာ လွင့်ပျံ သွား တော့၏။
တစ်ဖက်တွင် အနက်ဝတ် သူတော်စင် သခင်နှင့် ခရမ်ငယ် သည်လည်း၊ ပြင်းထန်စွာ တိုက်ပွဲ ဝင်နေဆဲ ဖြစ်သည်။
ရေခဲ မီးတောက် များက ယခု အချိန်ထိ၊ ညာလက်ကို တောက်လောင် နေဆဲ ဖြစ်သဖြင့်၊ ၎င်းအား ဟန့်တားရန် သူတော်စင် သခင် ခမျာ အနိမ့် ပိုင်းထဲ ရောက်ရှိ နေသည်။
“ ဝှစ် ... ။ ”
“ ဂါး ... ။ ”
ထို့ကြောင့် နဂါး လေးသည်သာ တစ်ဖက်သတ် ရိုက်နှက် ခံနေ ရသူ ဖြစ်ချေ၏။ နတ်မိစ္ဆာ လက်ကိုင် တုတ်ဖြင့် ပြန်လည် ခုခံ သော်လည်း၊ အရေးနိမ့် နေဆဲ ဖြစ်သည်။
အဆုံးတွင် နဂါးလေး တစ်ကောင် မြေပြင်ပေါ် လဲကျပြီး၊ ပြန်မထ နိုင်တော့ချေ။ ထို့ကြောင့် အမြီး (၉) ချောင်း မြေခွေး အကြည့် က၊ လင်းယွန်ထံ ကျဆင်း လာ၏။
“ ဂါး ... ။ ”
ပြီးနောက် လျှပ်စီး ကဲ့သို့၊ လျင်မြန်စွာ ပြေးဝင်လာ လေသည်။ သို့သော် နဂါး မေျာက်ဝံ ကြီးက ဟိန်းဟောက်လျက်၊ မြေခွေးကို ဖမ်းဆွဲကာ၊ ကိုင်ပေါက် ပစ်လိုက်သည်။
“ ဝုန်း ... ။ ”
အမြီး ကိုးချောင်း မြေခွေး ခမျာ၊ တောင်တစ်လုံး အတွင်း၊ နစ်ဝင် ပျောက်ကွယ် သွားသည်။
နာကျင် ကိုက်ခဲမှု ကြောင့်၊ မြေခွေးက ကျောက်တုံး များကို၊ ဒေါသ တကြီး ကြိတ်ဝါး ပစ် လိုက်၏။ ထိုအချိန်တွင် လင်းယွန်မှာ၊ မျက်လုံးပွင့် လာသည်။
အထွတ် အထိပ် ခွန်အားကို ပြန်ရပြီ ဖြစ်သဖြင့်၊ အမြီး (၉)ချောင်း မြေခွေး ထံ အကြည့်များ ကျဆင်း သွားသည်။
“ မိုးပြာ နဂါး ... ။ ”
လင်းယွန်က မိုးပြာ နဂါး နေလ ထီးကို မြှောက်ပြီး၊ ကောင်းကင်ပေါ် ခုန်တက် ပစ်လိုက် ၏။
“ ဝှစ် ... ။ ”
ကြောက်မက်ဖွယ် သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်အား ထုတ်ပြကာ၊ အမြီး (၉) ချောင်း မြေခွေးထံ ရိုက်ချ လိုက်သည်။
“ အစ်ကိုကြီး ... ၊ မင်း သက်သာ သွားပြီလား။ ”
နဂါးလေးက နှုတ်ခမ်းမှ သွေး များကို သုတ်လျက် ရွှင်မြူးစွာ မေးလာသည်။ လင်းယွန် က ခေါင်းညိတ်လျက်၊
“ မင်း အရင်ဆုံး အနား ယူပါ။ ”
-ဟု စိတ်မကောင်းစွာ ဆို လိုက်မိ၏။
“ ဟဲဟဲ ... အဆင်ပြေ ပါတယ် ... ၊ ကျွန်တော်က အရည် ထူတယ်၊ ရိုက်တာကို ခံနိုင်တယ်။ ”
ဒဏ်ရာမှာ ပြင်းထန် သော်လည်း၊ နဂါးလေးက ပြုံး၏။ အမြီး ကိုးချောင်း မြေခွေး ခမျာ၊ ထီးဖြင့် အရိုက်ခံ ရသဖြင့်၊ အဝေးသို့ လွင့်စဉ် သွားသည်။
“ အု ဝူ ... ။ ”
သို့သော် အမြီး များ၌ မီးလျှံများ တောက်လောင် လာပြီး၊ လင်းယွန်ထံ ခေါင်းပြန် မော့ ကြည့်ကာ၊ ဟောက်သံ ထုတ်လွှတ် လာပြန်၏။
၎င်းပါးစပ်မှ ကြမ်းရှသော စွမ်းအင်များ ပြည့်နှက် နေသည့်၊ ကြက်သွေးရောင် လမင်း တစ်စင်း ထွက်လာသည်။
“ ဖွင့် ... ။ ”
လင်းယွန်က ထီးကို ဖွင့်ပြီး ကာလိုက် သော်မှ၊ အရေပြားထံ မီးများ ကူးစက် ကာ၊ အက်ကြောင်းများ ပေါ်လာ၏။
အတွင်း အင်္ဂါများ၊ တုန်ခါ လာလျက်၊ စွမ်းအင် ရိုက်ခတ်မှု ဒဏ်ကို၊ ခံစား လာရသည်။ အခြားသူ တစ်ဦးသာ ဆိုက၊ ထီးရှိ လျှင်ပင်၊ သေဆုံး ရပေ လိမ့်မည်။
“ ဟမ့် ... ။ ”
အမြီး (၉)ချောင်း မြေခွေးက၊ လင်းယွန် အား စိတ်ရှုပ် ထွေးစွာဖြင့် ကြည့်လာ လေသည်။ တစ်ဖက် လူသည် သူ့ တိုက်ခိုက်မှုကို၊ မည်သို့ ခံနိုင်ရည် ရှိခဲ့ သည်အား၊ နား မလည်ချေ။
လင်းယွန် မှာမူ၊ ဒေါသ ထွက်လာ တော့သည်။ ကောင်းကင်ယံ ဂိုဏ်းမှ၊ ကြောင် တစ်ကောင် ကပင်၊ သူ့အား အနိုင်ကျင့် ချင် နေ၏။
( ငါ ဘာအမှား လုပ်ထား လို့လဲ။ )
ထို့ကြောင့် သတ်ဖြတ် လိုသော၊ ဆန္ဒများ အဆုံးထိ ရောက်ရှိ လာကာ၊ နဖူးရှိ ခရမ်းရောင် အမှတ် အသား၊ တောက်ပ လာတော့သည်။
သူ့သွေးများ ပွက်ပွက်ဆူ လာပြီး၊ အမြီး (၉)ချောင်း မြေခွေးကို စိုက်ကြည့်လျက်၊ သားရဲ တစ်ကောင်လို၊
“ မင်း တိုက်ချင် နေတာလား၊ လာ ... ။ ”
-ဟု စိန်ခေါ် ပစ်လိုက်၏။
ခြေဖျားကို မြေပြင်ပေါ် ပုတ်လျက်၊ နဂါးရူရ်များ အားလုံး ထီးထဲ လောင်းချလိုက် လေသည်။
ထီးက တောက်ပစွာ ထွန်းလင်း လာပြီး၊ ယခင်က မဖွင့်ရ သေးသော သူတော်စင် ရူရ်များ၊ အသက်ဝင် လာ၏။
“ ခရစ် ... ။ ”
ကောင်းကင် အလွှာ (၃၆)လွှာ ကွဲအက် သွားကာ၊ မိုးပြာ နဂါး နက္ခတ်မှ မျက်လုံးများ ဖွင့်ကြည့် လာ တော့သည်။
“ အိုး ... မိုးပြာ နဂါး ... ။ ”
လေထဲ ပျံတက်စဉ်၊ ဝတ်ရုံစ တဖျပ်ဖျပ် လွင့်သွားပြီး၊ အော်ခေါ် လိုက်သည်။ ထိုအချိန်၌ မိုးပြာ နဂါး ခန္ဓာ၊ အသက်ဝင် လာ၏။
ထီးကို မြှောက် လိုက်သော အခါတွင်၊ တောင်ကြီး တစ်လုံးအား မတင်နေ သကဲ့သို့၊ ခံစားလာ ရသည်။
မိုးပြာ နဂါး၏ အကြည့် အောက်တွင် ထီးပေါ်ရှိ၊ နဂါး ကိုးကောင် ပျံထွက် လာသည်။ တစ်ကောင် ချင်းစီသည်၊ နိဗ္ဗာန် အဆင့် လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူနှင့် ယှဉ်နိုင်၏။
“ အု ဝူ ... ။ ”
ထိုကြောင့် နဂါး (၉) ကောင်မှ တစ်ပြိုင် နက်တည်း၊ တိုက်ခိုက် လာမှုကြောင့်၊ အမြီး (၉) ချောင်း မြေခွေး ခမျာ၊ သွေးများ ဖုံးလွှမ်းလျက် ထွက်ပြေး တော့သည်။
ကြောင် ဖက်တီး ပုံစံ အဖြစ် ပြောင်းလဲ သွားကာ၊ ထျန်ရွှမ်ဇီထံ ပြေးဝင် တော့သည်။ ဤ မြင်ကွင်းက ထျန်ရွှမ်ဇီ မျက်နှာကို ပျက်ယွင်း သွားစေ၏။
ပြီးနောက် ခုန်ဝင် လာသော သူ့ ကြောင်ဖြူကို၊ လက် တစ်ဖက်ဖြင့် ဖမ်းယူကာ၊ ဆက်လက် တိုက်ပွဲဝင် တော့သည်။
မြေပြင်ပေါ် ဆင်းသက် လာသော လင်းယွန်မှာ အသက်ရှူ ကြပ်လာ သဖြင့်၊ ခဏ အနား ယူလိုက်သည်။
အုပ်စိုးရှင် သူတော်စင် လက်ရာကို ထိန်းချုပ်ရန် လွယ်ကူ လှသည် မဟုတ်ချေ။ အထွတ် အထိပ် ပုံစံ ဖြင့်ပင်၊ ပင်ပမ်း နေဆဲ ဖြစ်၏။
ထိုအချိန်တွင် အနက်ဝတ် သူတော်စင် သခင်မှာ၊ ဒြပ်သဘာဝ ငါးသွယ်အား ဆင့်ခေါ် လိုက်သည်။
သည့်နောက် လက်လွှဲကာ၊ ခရမ်းငယ်၏ နက်ပြာရောင် မီးတောက် များအား ပြန်လည် တွန်းထုတ် လိုက်သည်။
“ မင်းရဲ့ ... ရေခဲ မီးတောက်တွေ မရှိ တော့ရင်၊ မင်း ဘာဆက် လုပ်မလဲ ငါကြည့်မယ်၊ ဘာတဲ့ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ ဟုတ်လား၊ ငါ့မျက်လုံး ထဲမှာတော့၊ ဘာမှ မဟုတ် ပါဘူး။ ”
နောက်ဆုံးတွင် အနက်ဝတ် သူတော်စင် သခင်မှာ၊ သည်းခံ နေခဲ့ သမျှ ပေါက်ကွဲ လာပြီ ဖြစ်သည်။
ရေခဲ မီးတောက်များ ငြိမ်းသတ် ခံလိုက် ရသဖြင့်၊ ခရမ်းငယ် ခမျာ နောက်ဆုတ် မိသည်။ လင်းယွန်မှ အမြန် ပြေး လာပြီး၊ ‘အဆင် ပြေလား၊’ ဟု မေးမိ၏။
“ ပြေတယ် ... ၊ သူက ငါ့ကို ဒဏ်ရာ မပေးနိုင် သေးပါဘူး။ ”
ခရမ်းငယ်မှ ပြန်ဖြေသည်။
“ လင်းယွန် ... ဒီနေ့ မင်းကို၊ ဘယ်သူမှ မကယ်တင် နိုင်ဘူး၊ သက်တံဓား သူတော်စင် လာတာ တောင်မှ၊ ချွင်းချက် မရှိဘဲ။ ”
“ မင်းတို့က ... ငါ့နောက်ကို လိုက်နေ ရအောင် ... ၊ ငါက ဘာတွေများ အမှား လုပ်မိ လို့လဲ၊ ခွန်လွန်ကို မရောက်ခင် ထဲက၊ ကောင်းကင် လမ်းမှာ၊ ...
... ငါ့ကို သတ်ဖို့ ကြိုးစား ခဲ့တယ်၊ ဒါတင် မကဘူး၊ ခွန်လွန် ရောက်ပြီးတာ တောင်မှ၊ ငါ့ကို သတ်ဖို့ ကြိုးစား လာကြတယ်၊ ပြောပါ ငါ လင်းယွန် မင်းတို့ ဂိုဏ်း အပေါ်၊ ...
... ဘာအမှားတွေ လုပ်ခဲ့လဲ၊ ဘာတွေများ စော်ကား ခဲ့လဲ၊ ငါ့လို နဂါး သွေးလွှတ် ကြောက လူ တစ်ယောက်ကို၊ သူတော်စင် သခင် ဖြစ်တဲ့ မင်းက တိုက်ခိုက် လာရအောင်၊ တကယ် အရှက် မရှိ ဖူးလား။ ”
အနက်ဝတ် သူတော်စင် သခင်က၊ ထိုမေးခွန်းကို ခေါင်းခါလျက်၊
“ မင်း မှန်တယ်၊ မင်း ဘာ အမှားမှ မလုပ်ထား ပါဘူး၊ ဒီနေ့ မင်းကို ငါတို့ အနိုင်ကျင့် နေတာ၊ ကျန့်ကျင်းရှန်လည်း အဲဒီ တုန်းက ဘာ အမှားမှ မလုပ် ခဲ့ဘူး၊ ဒီကမ္ဘာ ကြီးက၊ ...
... လုံးဝကို မမျှတာ၊ အားကြီး သူက အားနည်း သူကို ... ဝါးမျိုး ရတာပဲ မဟုတ်လား၊ ဒါဆို ငါတို့ ဒီနေ့ မင်းကို အနိုင် ကျင့်တယ်၊ မင်း ဘာဖြစ် ချင်လဲ၊ ...
.. ငါနဲ့ လိုက်ခဲ့၊ အချိန် အတိုင်း အတာ တစ်ခုထိ အသက်ရှင် နေနိုင်မယ်၊ ခေါင်းမာပြီး ခုခံနေရင် မင်းကို သတ်ပစ်ဖို့ ဝန်လေး နေမှာ မဟုတ်ဘူး။ ”
အနက်ဝတ် သူတော်စင် သခင်၏ စကားကြောင့်၊ လင်းယွန် နှုတ်ခမ်းများ တုန်ယင် လာသည်။
“ ကောင်းတယ် ... ၊ ကောင်းတယ် ... ၊ ပြောတာ အရမ်း ကောင်းတယ်၊ ဟား ... ဟား ... ဟား ... ။ ”
ရယ်မောသံ များ၌ ဒေါသနှင့် မာန တရား ပါ၏။
“ ငါ့ကို ... အနိုင်ကျင့် နေတာလား၊ မင်းကိုယ်မင်း ငါ့ကို အနိုင်ယူ နိုင်တယ်လို့၊ တကယ် ထင်နေ တာလား၊ ဟမ့် ... ။ ”
“ ဘယ်လို တောင် ရိုင်းပျ လိုက်လဲ၊ သူတော်စင် သခင် တပါးကို မင်းက ဒီလေသံနဲ့ ပြန်ပြော ရဲတယ်လား။ ”
အနက်ဝတ် သူတော်စင် သခင်မှာ၊ လင်းယွန်ကို ချက်ချင်း ဖမ်းဆီးရန် ကြိုးစား လာသည်။
သို့သော် မြှောက်လိုက်သော သူ့လက်မှ တုန်လျက်၊ အေးစက် လာသဖြင့်၊ ကြောက်ရွံ့မှု ချက်ချင်း ပေါ်လာ၏။
“ အေး လိုက်တာ ... ၊ ဘာတွေ ဖြစ်နေ တာလဲ။ ”
“ ဟား ... ဟား ... ဟား ... ခက်ခက် ခဲခဲနဲ့၊ ပြန်ရယူ ထားနိုင်တဲ့၊ မရဏ ရေခဲ မီးတောက်ကို ဒီလို အလွယ် တကူ ငြိမ်းသတ်နိုင် မယ်လို့၊ မင်း ထင်နေ တာလား။ ”
ခရမ်းငယ်မှ အနက်ဝတ် သူတော်စင် သခင်အား အေးစက်စွာ ကြည့်ပြီး ပြောလိုက် လေသည်။
“ မင်းက ဘယ်သူလဲ ... ။ ”
အနက်ဝတ် သူတော်စင် သခင်မှာ၊ ကြောက်လန့် တကြား မေးခွန်း ထုတ်လိုက် ပြန်သည်။
“ ဧကရီ ... သူ့ကို ခဏ ထိန်းထား။ ”
လင်းယွန်က သတ်ပစ် လိုသော ရည်ရွယ်ချက်ဖြင့်၊ မျက်ဝန်းများ မှိတ်ကာ ထိုင်ချ လိုက်သည်။
အဆုံးတွင် မိုးပြာ နဂါး နေ-လ ထီး၏၊ စွမ်းအား အပြည့် ထုတ်လွှတ်ရန်၊ သွေ့ရော်သော့ ပေါ်ရှိ၊ တံဆိပ်အား ဖျက်သိမ်း လိုက်၏။
တံဆိပ် ဖြေချပြီး သွား သည်နှင့်၊ အကန့်အသတ် မရှိသော စွမ်းအင်များ နှလုံး သားမှ ထွက်လာသည်။
“ ဒါ ... သွေ့ရော် မဟာ သူတော်စင်ရဲ့ အမွေ မဟုတ်လား။ ”
“ သူ ... ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ ”
“ သူ ... ရူးနေ တာလား၊ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစား နေတာလား၊ ခဏ လေး တစ်ခု ခုတော့ မှားနေပြီ။ ”
လူတိုင်း၏ အာရုံမှာ၊ လင်းယွန် အပေါ်၊ ကျရောက် လာခဲ့သည်။ ကြည့်နေဆဲ မှာပင် လင်းယွန်က ကန့်သတ်ချက် သုံးခုအား၊ ဖြေချလိုက် တော့သည်။
“ သေ စမ်း ... ။ ”
အနက်ဝတ် သူတော်စင် သခင်သည် နောက်ဆုံး၌ တစ်စုံ တစ်ရာ မူ မမှန်ကြောင်း ခံစား လာမိ၏။
မျက်နှာ ပြောင်းလဲလျက်၊ မရဏ ရေခဲ မီးတောက်ကို အတင်း ဖိနှိပ်ကာ၊ လင်းယွန်ထံ လက်လှမ်း လိုက်သည်။
သို့သော် လှုပ်ရှား တော့မည့် အချိန်၌၊ သူတော်စင် ဂီတ ထွက်ပေါ် လာကာ၊ အတား အဆီး သဖွယ်၊ ပိတ်ဆို့ တော့၏။
ခရမ်းငယ်က အနား၌၊ သားရဲ အော်မြည် သံများ၊ ပဲ့တင်ထပ် လာပြီး၊ နဂါးနှင့်၊ နတ်ဖီးနစ် တစ်ကောင် ထွက်လာကာ၊ သူတော်စင် သခင်အား၊ တိုက်ခိုက် တော့၏။
ထိုအချိန်၌ လင်းယွန်၏ ရောင်ဝါမှာ၊ ဆယ်ဆ တိုးလာသည်။ ယင်းက ထိတ်လန့် တုန်လှုပ်ဖွယ် ဖြစ်၏။ စွမ်းအင်မှာ အောင်မြင်မှု ရယူ နိုင်သည် အထိ၊ လုံလောက် လေသည်။
သို့သော် လင်းယွန်က မရပ် သေးချေ။ နောက်ဆုံး တံဆိပ်ကို ဖြေချကာ၊ မိုးပြာ နဂါး နေ-လ ထီးအား၊ အသက်သွင်း လိုက်၏။
“ ဟိတ် ... ။ ”
ထီးပေါ်ရှိ ရူရ်များ အသက် ဝင်လာပြီး၊ ကောင်းကင် (၃၆) လွှာကို ခွဲထုတ် တော့သည်။ လင်းယွန် မျက်လုံး ဖွင့်လာကာ၊ ကြုံးဝါးလျက် ကောင်းကင်ပေါ် ခုန်တက် ပစ်၏။
“ အရှင် မိုးပြာ နဂါး ... ၊ သူတော်စင် သခင်ကို သတ်ဖို့၊ ကျွန်ုပ်ကို စွမ်းအားများ ပေး သနားပါ။ ”
သူ့ အသံ လှိုင်းများ ပဲ့တင်ထပ် လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် များ၊ ပေါက်ကွဲ သွားသည်။
“ အရှင် မိုးပြာ နဂါး ... ၊ သူတော်စင် သခင်ကို သတ်ဖို့၊ ကျွန်ုပ်ကို စွမ်းအားများ ပေး သနားပါ။ ”
“ ခရစ် ... ။ ”
အနက်ဝတ် သူတော်စင် သခင်အား စိုက်ကြည့်လျက် အော်ဟစ် လိုက်တော့၏။ ကောင်းကင် အက်ကြောင်းမှာ၊ ပို၍ ကျယ် လာ ပြီး၊ ပုံရိပ်ကြီး တစ်ရိပ် ထွက်ပေါ် လာသည်။
ဤမြင်ကွင်း အရ၊ လင်းယွန် မည်သည့် အရာအား ကြံရွယ်နေ သည်အား၊ သိရှိ သွားကာ၊ မျက်လုံးပြူး ကုန်၏။
နဂါး သွေးလွှတ်ကြော နယ်ပယ်မှ တစ်စုံ တစ်ဦးသည်၊ သူတော်စင် သခင် တစ်ပါးအား၊ သတ်ရန်၊ ကြိုးစား နေခြင်း ဖြစ်လေသည်။
***