ငါ့နာမည် ပန်း သင်္ချိုင်း ... ။
Vol. 119 Ch. 1661
ကောင်းကင်တွင် အက်ကွဲကြောင်း ပေါ်လာပြီး၊ ကြယ်ရောင်များ လင်းလက်ကာ၊ အိပ်မက်ဘုံ အလား၊ ထင်မှား လာ စေ၏။
လူတိုင်း ခေါင်းမော့ ကြည့်လိုက် မိသော အခါတွင်၊ ကြယ်များဖြင့် ဖွဲ့စည်း ထားသည့်၊ မျက်ဝန်း တစ်စုံကို၊ မြင်လိုက် ရသည်။
၎င်းသည် အုပ်စိုးရှင် နက္ခတ် ဖြစ်သော၊ မိုးပြာ နဂါး၏ မျက်လုံးများ ဖြစ်မှန်း၊ သိသာ လှသည်။ နဂါး ဦးခေါင်း ကြီးက၊ အက်ကွဲ ကြောင်းမှ တိုးထွက် လာ၏။
သူတော်စင် သခင် ဆယ့်နှစ်ပါး ပင်လျှင်၊ လေးလံသော ဖိအားကို ခံစား လာရ လေသည်။ အာကာသ ရည်ရွယ်ချက် ဆုပ်ကိုင် ထားသော သူတော်စင် သခင်မှ လွဲ၍၊ ကျန်သူ များမှာ မသက်သာ လှခေျ။
“ ခရစ် ... ။ ”
သူတို့၏ သူတော်စင် နက္ခတ် များ၌ အက်ကွဲကြောင်း များပင်၊ ဖြစ်ပေါ် လာကြ လေသည်။
“ သဘာဝ အုပ်စိုးရှင် နက္ခတ် ... ။ ”
လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။ ယင်းသည် နတ်နဂါး အင်ပါယာနှင့် ယှဉ်ကာ မွေးဖွား ခဲ့သော၊ သဘာဝ နက္ခတ်ကြီး လေးပါး စာရင်းဝင် ဖြစ်၏။
ထျန်ရွှမ်ဇီ မျက်နှာမှာ အနည်းငယ် ပြောင်းလဲ သွားပြီး၊
“ ဒီကောင် ရူးနေပြီ ... ။ ”
-ဟု ပြောလိုက် တော့သည်။
အမှန်ပင် လင်းယွန်မှာ ရူးသွပ် နေ၏။ နာကျင်မှုကြောင့် မျက်နှာ ရှုံ့တွ သွားလေသည်။ သို့တိုင် အံကြိတ် တောင့်ခံ ထား၏။
တတိယ ကန့်သတ် ချက်အား ဖြည်ခြင်းသည်၊ သူ ခံနိုင်သော အရာ မဟုတ်ချေ။ ဤ အခိုက်တွင် နေမင်း ကြီးနှင့် တူပြီး၊ ခန္ဓာကိုယ် အပေါ်၊ အဖြူရောင် စွမ်းအင်များ ဖုံးလွှမ်း ထားသည်။
ယင်းက သူတော်စင် များသာ၊ ပေးဆောင်သော သူတော်စင် ရောင်ဝါ များနှင့် ယှဉ်နိုင် နေ၏။
“ မရ သေးဘူး ... ။ ”
မိုးပြာ နဂါး ဦးခေါင်းကို ခေါ်ရုံ မျှဖြင့် စွမ်းအားမဲ့ သလို ခံစား လာရသည်။ ယင်းက စွမ်းအင် မလုံ လောက်ခြင်းမျိုး မဟုတ်ဘဲ၊ ခံနိုင်ဝန် မရှိခြင်း ဖြစ်၏။
ထို့ကြောင့် အုပ်စိုးရှင် နက္ခတ်၊ မိုးပြာ နဂါး တစ်ကောင်လုံး ခေါ်ယူရန် စိတ်ကူးကို ရုတ်သိမ်း လိုက်ရ လေသည်။
သည့်ထက် ပို၍ စွမ်းအင်ကို ထုတ်လွှတ် ပါက၊ ပေါက်ကွဲ တော့မည် ဖြစ်၏။ သူ ပေါက်ကွဲ သွားပါက သူတော်စင် သခင် များပင်၊ ရှင်သန် နိုင်မည် မဟုတ်ချေ။
ထိုစဉ် ဂီတ သံစဉ် တစ်ပုဒ်၊ ထွက်ပေါ် လာပြီး၊ ရုန်းကြွ နေသော စွမ်းအင် များအား၊ ငြိမ်းသတ် ပေးလေသည်။
“ သေ စမ်း ... ။ ”
အနက် ဝတ် သူတော်စင် သခင်မှ၊ ခေါင်း မော့ကြည့်ရာ၊ အုပ်စိုးရှင် နက္ခတ်က သူ့ထံ၊ စိုက် ကြည့်နေ သည်ကို မြင်မိ၏။
ထိုဖိအား အောက်တွင်၊ သူ၏ သူတော်စင် နက္ခတ်မှာ၊ အက်ကြောင်းများ ဖြစ်ပေါ်လာတော့ သည်။
ယင်းသာ ပြိုကျ သွားပါက၊ ခရမ်းငယ် ထံမှ လာသော သူတော်စင် တေးသွားကို ခုခံ နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။
ထို့အပြင် သူတော်စင် မူလ စွမ်းအင်ကို သူ့ညာလက်ရှိ၊ မရဏ ရေခဲ မီးတောက် အား တားဆီးရန်၊ တစ်ဝက်ခန့် သုံးထား ရသည်။
“ မင်း ထွက်သွား ချင်လား ... ၊ အိပ်မက် မက် မနေနဲ့။ ”
ခရမ်းငယ်က ကောင်းကင် နဂါးနှင့် နတ်ဖီးနစ်ကို ချုပ်နှောင်ရန်၊ စေခိုင်း လိုက် လေသည်။
“ ခွေးအိုကြီး ... မင်း သေရမယ့် အချိန် ရောက်ပြီ။ ”
လင်းယွန်က ဟိန်းဟောက်လျက်၊ ထီးအား လှည့်ကာ၊ ရန်သူ အနားရှိ သူတော်စင် တာအိုကို ဖျက်ဆီးပစ် လိုက်တော့သည်။
“ အိုး ... မိုးပြာ နဂါး ... ။ ”
နဂါး (၉) ကောင်၊ ထီးမှ ပျံထွက် လာပြီး၊ အနက်ဝတ် သူတော်စင် သခင်ထံ ပြေးဝင် သွား လေသည်။
“ ဝေါ့ ... ။ ”
အနက်ဝတ် သူတော်စင် သခင် ခမျာ၊ တစ်ချက်ပင် မခံနိုင် တော့ဘဲ၊ သွေးအန်လျက် ယိမ်းယိုင် သွားသည်။ ထိုစဉ် လင်းယွန်မှ ထီးဖြင့်၊ သူ့နဖူးထံ ထိုးချလာ ပြန်၏။
“ မင်း လူယုတ်မာ ... ၊ မင်း သေချင် နေတာပဲ။ ”
နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူကြောင့်၊ သွေးအန် ရလိမ့် မည်ဟု၊ မထင်ထား သဖြင့်၊ သူတော်စင် သခင်မှာ၊ ဒေါသ ထွက်လာ တော့သည်။
“ ရွှပ် ... ။ ”
နဂါး (၉)ကောင်ကို ဖြိုခွဲရန်၊ စွမ်းအင် အလင်း များဖြင့် တောက်ထုတ် ပစ်လိုက်ရာ၊ အနက်ရောင် လေဝဲကြီး ပေါ်လာ၏။
ထိုလေဝဲသည် နိဗ္ဗာန် အဆင့်၊ လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင် သူ၏ အသက် ကိုပင်၊ ရယူ နိုင်သည်။
၎င်းအပေါ် အာရုံ ပျံ့လွင့် နေချိန်တွင်၊ ကောင်းကင် နဂါးနှင့် နတ်ဖီးနစ်က သူ့ အပေါ် ကျရောက် လာသည်။
“ ခရစ် ... ။ ”
သူ့နောက်ရှိ သူတော်စင် နက္ခတ်တွင် ပို၍ ကြီးမားသော အက်ကြောင်း တစ်ခု ထွက်ပေါ် လာလေသည်။
သူတော်စင် တာအိုကို မျက်နှာ မူပြီး၊ ထီးပေါ်ရှိ ပထမ ကန့်သတ်ချက်အား ရုပ်သိမ်း လိုက်သော အခါ၊ လေဟာနယ် လှိုင်းထလျက်၊ အနက်ရောင် ရေဝဲက ပျံ့သွားသည်။
လက်ရှိ အခြေ အနေအရ လင်းယွန်မှာ၊ ပေါက်ကွဲ စေသော မီးတောင် တစ်လုံး နှင့်တူ လာ၏။
သူ့ ခန္ဓာကိုယ် အတွင်းရှိ၊ စွမ်းအား အားလုံးကို၊ ချက်ချင်း ထုတ်လွှတ်ဖို့ လိုသည်။ သို့ မဟုတ်သော် ပေါက်ကွဲ သေဆုံး ရပေ လိမ့်မည်။
ထို့ကြောင့် သူတော်စင် သခင်၏ အမျိုးမျိုးသော တိုက်ခိုက်မှု များကို ပြန်လည် ရင်ဆိုင် လျက်မှ၊ စွမ်အင်အား ထုတ်လွှတ် နေမိသည်။
ယင်းက သွေ့ရော် သူတော်စင်မ၊ သူ့ခန္ဓာ ကိုယ်အား အပိုင် စီးထား သလို၊ သန့်စင်သော ဤစွမ်းအင်များ ဖြစ်၏။
သူ့ တိုက်ခိုက်မှု များကို ရင်ဆိုင် ရသော အခါ၊ သူတော်စင် သခင် ခမျာ၊ နောက်တဆုတ် တည်း ဆုတ်နေ ရသည်။
“ ဒါက ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ။ ”
လင်းယွန်က သူတော်စင် တစ်ဦးအား၊ နောက်ဆုတ်ရန် ဖိအား ပေးခဲ့သည့် အတွက်၊ လူတိုင်း အံ့ဩ လာကုန်သည်။
“ ဆိတ်အိုကြီး၊ ငါ ဘာ အမှားမှ မလုပ် ထားဘူး။ ”
နာကျင်မှုက သူ့ တစ်ကိုယ်လုံး မှလာ သဖြင့်၊ ဒေါသများ တိုး လာ၏။
“ မင်း အမှား မရှိလည်း ဘာဖြစ်လဲ၊ ဒီနေ့ မင်းကို ငါ သတ်မယ်၊ မင်းဟာ သက်တံဓား သူတော်စင်ရဲ့ တပည့် ဖြစ်လို့၊ သေဖို့ ထိုက်တန်တယ်။ ”
သူတော်စင် သခင်က ဒေါသတကြီး ပြန်အော်ကာ၊ လင်းယွန်၏ တိုက်ခိုက်မှု မျိုးစုံကို၊ ပယ်ဖျက် တော့သည်။
“ ဝေါ့ ... ။ ”
ထို့စဉ် နဂါးနှင့် ဖီးနစ် ထိမှန် လာသဖြင့်၊ သွေးများ အန်လျက် ဘယ်လက်ကို လင်းယွန်ထံ ဆန့်တန်း လိုက်သည်။
သူ့လက်က လင်းယွန် အနား မရောက်ခင်၊ စွမ်းအားကြီး တစ်ခုက တောင်ကြီး တစ်လုံးလို၊ လေးလံစွာ ကျဆင်း လာသည်။
“ ဟိတ် ... ။ ”
လင်းယွန် တစ်ယောက် အဖြူရောင် အလင်းများ ပေါက်ကွဲ လာကာ၊ ဆံပင်များ လွင့်ပျံ လျက်၊ ကောင်းကင်ပေါ် ခုန်တက် ပစ်လိုက်သည်။
ပြီးနောက် မိုးပြာ နဂါး နေ-လ ထီးကို မြှောက်ကာ၊
“ အရှင် ... မိုးပြာ နဂါး၊ သူတော်စင် သတ်ခြင်း အတွက် ... ၊ ကျွန်ုပ်ကို ကူညီပါ။ ”
-ဟု အော်ငေါက် တော့၏။
ဤတစ်ကြိမ်တွင် အက်ကွဲ ကြောင်း အတွင်းမှ၊ မိုးပြာ နဂါးက ဦးခေါင်းကြီး တိုးထွက် လာလေသည်။
အဖြူရောင် အလင်းများ ပျောက်ကွယ် သွားပြီးနောက်၊ အားပြင်းသော မိုးကြိုး မုန်တိုင်း များ၊ ဝင်ရောက် လာသည်။
ထီးမှ ထုတ်လွှတ်သော ရောင်ခြည်များ ပြိုးပြက် လင်းလက် လာကာ၊ သူတော်စင် ရူရ် အသက် ဝင်လာ၏။
“ ဝှစ် ... ။ ”
ပြီးနောက် သူတော်စင် သခင်၏ လက်ကြီးကို ထီးဖြင့် လွှဲခုတ်ကာ၊ အလွယ် တကူ ဖျက်ဆီး ပစ်လိုက်သည်။
“ ဒါက ... ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
သူတော်စင် သခင်မှ ကြောက်လန့် တကြား အော်၏။
“ အိုး အရှင် မိုးပြာ နဂါး၊ သူတော်စင် သတ်ခြင်း အတွက်၊ ကျွန်ုပ်ကို ကူညီ ပေးပါ။ ”
နောက်တစ်ကြိမ် အော်ငေါက်ကာ၊ ခန္ဓာ ကိုယ် အတွင်းရှိ၊ စွမ်းအင် အားလုံးကို ထီးထဲသို့၊ လောင်းထည့် လိုက်သည်။
ယင်းမှာ အန္တရာယ်များ လှ၏။ တောက်လောင် လိုသော စွမ်းအင်ကို အံကြိတ် ငြိမ်းသတ် နေရသည်။
“ ခရစ် ... ။ ”
အက်ကွဲကြောင်း အတွင်းမှ၊ မိုးပြာ နဂါး ဦးခေါင်းကြီးမှာ လည်ပင်း အထိ၊ တိုးထွက်လာ တော့သည်။
“ မဟုတ်ဘူး ... မဟုတ်ဘူး ... မဟုတ်ဘူး ... ။
အနက်ဝတ် သူတော်စင် သခင် ခမျာ ထိတ်လန့်လျက်၊ သူတော်စင် ဆေးလုံး ပါးစပ် ထဲ၊ အမြန် ပစ်ထည့် လိုက်သည်။
ဒဏ်ရာများ အနည်းငယ် ကောင်းမွန် လာသည်နှင့်၊ ဘုန်း သူတော်စင် လက်ရာ (၃) ပါးကို၊ ချက်ချင်း ထုတ်ယူ ၏။
တစ်ခုစီသည် အုပ်စိုးရှင် နက္ခတ်ကို တွန်းလှန်ရန်၊ ရှေးဟောင်း ရောင်ဝါ တစ်စင်း၊ ထွက်ပေါ် လာသည်။
သူတော်စင် တစ်ပါး၏ ဝှက်ဖဲသည် သဘာဝအားဖြင့်၊ ရင်သပ် ရှုမောဖွယ် ဖြစ်ချေ သည်။
ထိုအချိန်တွင် လင်းယွန်မှ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို အသက် သွင်းကာ၊ ဆေးကြို အိုးအား ထုတ်ယူ လိုက်၏။
ယင်းကြောင့် မျက်ဝန်းများ ချက်ချင်း အနက်ရောင် ပြောင်း သွားကာ၊ လေထဲ ပျံဝဲ လျက်မှ ဒေါသဖြင့်၊ ထီးကို မြှောက်သည်။
“ အစ်ကိုကြီး၊ ကျွန်တော် အမှား မလုပ် ထားဘူး၊ ကျွန်တော့်ကို ကူညီပြီး သူတော်စင် တစ်ပါးကို သတ်ပေးပါ။ ”
မိုးပြာ နဂါးက လင်းယွန်၏ တောင်းဆို သံကို၊ ကြားလိုက် သကဲ့သို့၊ လူးလွန့်ပြီး တုံ့ပြန် လာသည်။
သို့သော် မည်မျှပင် ရုန်းကန် စေကာမူ၊ အားနည်း လွန်းသော လင်းယွန်ကြောင့် မဆင်း နိုင်ခဲ့ချေ။ ထိုရုန်းအားမှာ၊ ကောင်းကင် (၃၆) လွှာကို၊ ပြင်းစွာ လှုပ်ခါ သွားစေ၏။
“ မကောင်း တော့ဘူး ... ။ ”
ဆိုးရွားသော ခံစားချက် ရရှိလာ သဖြင့်၊ ထျန်ရွှမ်ဇီက တိုက်ပွဲ အတွင်းမှ အမြန် ထွက်ခွာ ရန်၊ ပြင်သည်။
သို့သော် မူရွှမ်ကောင်နှင့် ချန်ယွီသည်၊ သူ့အား ဆန္ဒ ရှိသည့် အတိုင်း၊ လုပ်ဆောင်ခွင့် မပြု ခေျ။
လင်းယွန် သည်ပင် အသက်ဖြင့် ရင်းနေ သောကြောင့်၊ သူတော်စင် ဘုရင်များ ဖြစ်သည့်၊ သူတို့မှာ သေခြင်းအား ကြောက်ရွံ့ နေသော်၊ ရှက်စရာ ကောင်းပေမည်။
ထို့ကြောင့် ဓါးနှင့် ဓားမော့ အရိပ်များ ထပ်နေသည့် နယ်မြေ အတွင်း၊ ပိတ်လှောင်ကာ အစွမ်းကုန် ထိန်းထား လိုက်သည်။
“ ဝူး ... ။ ”
အုပ်စိုးရှင် နက္ခတ်မှာ၊ မဆင်းသက် နိုင်မှန်း သိသွား သဖြင့်၊ အက်ကွဲကြောင်း အတွင်းမှ နဂါး လက်သည်း သာ ထွက်လာ တော့သည်။
ထီးကို အသုံး ပြုလျက်၊ အနက်ဝတ် သူတော်စင် သခင် ပေါ်သို့၊ ထို လက်သည်းအား ဦးတည် စေလိုက်၏။
နဂါး လက်သည်းက၊ ဘုန်း သူတော်စင် လက်ရာ (၃)ပါးကို ချိုးဖြတ်လျက်၊ သူတော်စင် နက္ခအား၊ ဖြိုချ လိုက်လေသည်။
“ ဝုန်း ... ။ ”
မြေပြင် ပေါ်၌ အက်ကြောင်းများ ပြန့်ကျဲ သွားကာ၊ တောင်တန်းများ အပိုင်း အစ အဖြစ်၊ လေထဲ ပျံတက် လာသည်။
သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ တိုးလာကာ၊ ထီးကိုင်လျက် လင်းယွန်က အနက် ဝတ် သူတော်စင် သခင်ထံ၊ ပျံသန်း သွား၏။
နဂါး လက်သည်းက၊ ပြန်လည် ဆုတ်ခွာ သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတော်စင် သခင် မှာ၊ သွေး အန်လျက်၊
“ ငါက သူတော်စင် သခင်ပဲ၊ မင်း ငါ့ကို သတ်ချင်တိုင်း သတ်လို့ ရမယ် ထင် နေသလား၊ ဟမ့် ... ။ ”
-ဟု ပြန်လည် အော်ငေါက် လိုက်၏။
သို့သော် ထီးက ဓား တစ်လက် ကဲ့သို့၊ သူ၏ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်အား အလွယ် တကူ၊ ထိုးဖောက် ဝင်ရောက် လာသည်။
သူတော်စင် နက္ခတ် ပျက်စီး သွား သဖြင့်၊ အုပ်စိုးရှင် သူတော်စင် လက်နက်၏ အစွမ်းကို တစ်ချက်ပင် မခံနိုင် ခဲ့ချေ။
“ မင်း ... ။ ”
အသက် ဓာတ်များ ချက်ချင်း ပါးလျ လာသည်။ သူသည် သူတော်စင် သခင် တစ်ပါး ဖြစ်၏။
နဂါး သွေးလွှတ် ကြော နယ်ပယ်မှ ပုရွက်ဆိတ် တစ်ကောင် လက်၌ သေရ ပေ တော့မည်။ အဓိပ္ပါယ် မရှိချေ။
“ သူတော်စင် သခင် တပါးကို သတ်ချင် နေရအောင်၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်လဲ၊ ဟမ့် ... ။ ”
အနက်ဝတ် သူတော်စင် သခင်က၊ ရင်ဘတ်ထဲ ဝင်လာသော ထီးအား လက်ဖြင့် ဖမ်းဆုပ်ကာ၊ အောက်ငေါက် လိုက်၏။
လင်းယွန် ခမျာ ခန္ဓာကိုယ် ယိမ်းထိုး လာ သော်လည်း၊ ထီးအား အံကြိတ်လျက် ခိုင်မြဲစွာ ဆုပ်ကိုင် ထားသည်။
“ ငါ့နာမည် ပန်း သင်္ချိုင်း ... နဝမမြောက် ကောင်းကင် လမ်းရဲ့ ချန်ပီယံပဲ၊ အင်ပါ ရီယန်နဲ့ ပင်မ နတ်ဘုရား နယ်ပယ် ချန်ပီယံ၊ ဓားဂိုဏ်း က သက်တံဓား သူတော်စင် တပည့်ပဲ၊ ...
... ငါ့ လမ်းမှာ၊ လူပေါင်း များစွာကို သတ်ဖြတ်ခဲ့ ဖူးတယ်၊ ဒါပေမယ့် သူတို့ အားလုံး က လူကောင်း မဟုတ်ဘူး ... ၊ သေဖို့ ထိုက်တန် ကြတယ်၊ မင်းလို သူတော်စင် တစ်ပါးတောင် ခြွင်းချက် မရှိပဲ။ ”
“ ဖရူး ... ။ ”
“ ဘောင်း ... ။ ”
စကားဆုံး သည်နှင့်၊ လက်ထဲမှ ထီးကို ဖွင့်ကာ၊ လှည့်ပစ် လိုက်သည်။ ချက်ချင်း ပင် အနက်ဝတ် သူတော်စင် သခင်၏၊ ခန္ဓာ ကိုယ် ကွဲထွက် သွားတော့၏။
ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် သွားကာ၊ သူတော်စင် သခင်၏ သွေးများ တဖွဲဖွဲ ရွာကျ လာသည်။
ခရမ်းငယ်၏ ပလွေသံ အောက်တွင်၊ လင်းယွန် တစ်ကိုယ်လုံး သူတော်စင် သွေး များဖြင့်၊ ရွဲရွဲစို လာ၏။
ဤမြင်ကွင်းသည် လူတိုင်း ရင်သို့၊ မြှားတစ်စင်းလို နက်နက် ရှိုင်းရှိုင်း စိုက်ဝင် လာ တော့သည်။
တစ်ချိန်က အိုင်းရစ်ဓား သူတော်စင်သည်၊ သူတော်စင် နယ်ပယ်ဖြင့်၊ နတ်ဘုရား များကို သတ်ပစ် ခဲ့သည်။
ယနေ့တွင် ပန်းသင်္ချိုင်းသည် နဂါးသွေး လွှတ်ကြော နယ်ပယ်ဖြင့်၊ သူတော်စင် သခင် တစ်ပါးကို၊ သတ်ပစ် လိုက်ချေပြီ။
***