ကောင်းကင် ဓားပုံစံ။
Vol. 119 Ch. 1663
ထျန်ရွှမ်ဇီ စကားကြောင့်၊ သူတော်စင် ဘုရင်တိုင်း တုန်လှုပ်သွား ကြ၏။ သူတော်စင် နယ်ပယ်ကို၊ သူတော်စင် သခင်၊ သူတော်စင် ဘုရင်နှင့် မဟာ သူတော်စင် ဟူ၍ ခွဲခြား ထား၏။
ထိုသူတော်စင် နယ်ပယ် အထက်တွင်၊ ဧကရာဇ် နယ်ပယ် ရှိသည်။ ထျန်ရွှမ်ဇီအား ၎င်း၏ ဂိုဏ်းကို အစွဲ ပြုကာ၊ ကောင်းကင်ဘုံ သူတော်စင် ဘုရင်ဟု ခေါ်ကြ၏။
အသက် အရွယ် အရ၊ ငယ်ရွယ် သေးမှန် သိကြ သော်လည်း၊ သူ့အသက်ကို မည်သူမျှ အတိ အကျ မသိ ချေ။
အရှေ့ဘက် ပျက်စီးခြင်း မြေ၏ နှစ် တစ်ထောင် အတွင်း၊ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သည်။
လူတိုင်း သိထားသော အသက်မှာ၊ သုံးရာ မျှသာ ရှိသေးပြီး၊ ကြီးထွားမှု နှုန်းမှာ၊ တုန်လှုပ် ဖွယ်ရာ ဖြစ်၏။
ယခုမူ မဟာ သူတော်စင် အဆင့်ပင်၊ တက်ရောက် နိုင်ပြီ ဖြစ်သဖြင့်၊ စိတ်ပျက်ဖွယ် ကောင်းအောင်၊ အံ့အားသင့် ခဲ့ကြသည်။
မူရွှမ်ကောင်၊ ချန်ယွီ၊ ကောင်းကင် မှတ်စု ဂိုဏ်းချုပ်နှင့် တောင်ကြား သခင် တို့မှာ၊ ဆိုဖွယ် မရှိချေ။ သူတော်စင် ဘုရင် ဖြစ်ရန်၊ မည်မျှ ခက်ခဲ သည်ကို၊ သူတို့ သိသည်။
“ ဒီကောင်က တကယ့် ဘီလူးပဲ ... ။ ”
ခရမ်းငယ်က လှမ်းကြည့်ကာ၊ ညည်းတွား လိုက်သည်။ သူမသည် ထျန်ရွှမ်ဇီကို မကြိုက်လှ သော်လည်း၊ လေးစားကြောင်း ဝန်ခံ ရပေမည်။
ရွှေခေတ် ပြီးနောက်၊ ခွန်လွန်တွင် ဝိညာဉ် စွမ်းအင်များ လျော့နည်း လာကာ၊ ရှေးဦးခေတ် အဆင့်သို့၊ နိမ့်ဆင်း သွားသည်။
သို့သော် ရွှေခေတ် ၌ပင် ထိုသို့သော ငယ်ရွယ်သည့်၊ မဟာ သူတော်စင်မျိုး တစ်ပါးမှ မရှိ ခဲ့ချေ။
“ မဟာ သူတော်စင် ... ၊ ဒါက ဘယ်လို ဖြစ်နိုင် မှာလဲ။ ”
ထျန်ရွှမ်ဇီကို ကြည့်ကာ၊ ချန်ယွီ တစ်ယောက်၊ တိုက်ပွဲဝင် လိုစိတ်များ ကုန်ခမ်း သွားသည်။
“ လွန်ခဲ့တဲ့ ဆယ်နှစ် ကတည်းက၊ ငါက မဟာ သူတော်စင် ဖြစ်နေပြီ၊ ငါ့ကို နောက်ထပ် အနှစ် တစ်ရာ ပေးရင်၊ သေချာပေါက် ဧကရာဇ် ဖြစ်လာ လိမ့်မယ်၊ ဧကရာဇ် ကိုးပါး မလာ သရွေ့၊ ကောင်းကင်ယံ ဂိုဏ်းက ...
... မြင့်မြတ် မြေပဲ၊ ငါ့ လက်မှာ ... ဒီ ရှေးဟောင်း ပျက်သုဉ်း မြေက ... ၊ ပြန် နိုးထ လာလိမ့်မယ်၊ မူရွှမ်ကောင် ... မင်း ဘာမှား နေလဲ ဆိုတာ သိပြီလား။ ”
“ ဟား ဟား ဟား ... ၊ မင်းက ... ငါ့ဓားဂိုဏ်းကို နင်းချေချင် နေတာ မဟုတ်လား၊ အဲ့ဒါကြောင့် ငါ့ဂိုဏ်းရဲ့ ပါရမီရှင် တွေကို မင်း သတ်ချင်နေ တာပေါ့၊ သိုင်း ဦးလေးက မင်းရဲ့ အကြံ အစည် တွေကို မြင်ပြီးပြီ၊ ...
... ဒါပေမယ့် မင်း အရည် အချင်းကြောင့် ... ၊ သိုင်း ဦးလေးက မင်းကို မသတ် ခဲ့တာပါ၊ ဒါက ငါတို့ အတွက် ရန်သူ ဖြစ်စေပြီ။ ”
မူရွှမ်ကောင်မှ ချက်ချင်း ပြန်ပြောသည်။
“ မူရွှမ်ကောင် ... မင်း မှားနေပြီ၊ ကောင်းကင်ယံ ဂိုဏ်းကို မြင့်မြတ်မြေ ဖြစ်လို ရင်၊ ငါတို့က ဓားဂိုဏ်းကို အရင် နင်းတက် ရ လိမ့်မယ်၊ သက်တံဓား သူတော်စင်က ငါ့ကို မသတ် ခဲ့လို့ ဟုတ်လား၊ ...
... ဒါက မင်းတို့ကိုယ် မင်းတို့ အထင်ကြီး နေကြတာပဲ၊ ငါ့ကို မသတ်ဖို့ ဘယ်တုန်း ကများ၊ ငါ တောင်းပန် ဖူးလဲ။ ”
ထျန်ရွှမ်ဇီသည် အရှက်ကင်းမဲ့ လွန်းသော ကြောင့်၊ မူရွှမ်ကောင် နှုတ်ခမ်း ထောင့်စွန်းမှာ တုန်ယင် သွားလေသည်။
“ မင်းတို့ လေးယောက် အမှန်ကို မမြင် နိုင်သေးဖူး ဆိုတော့၊ ကွာဟချက် ဘယ်လောက် ကြီးတယ် ဆိုတာ၊ ငါ လက်တွေ့ ပြမယ်။ ”
လက်ညှိးဖြင့် တောက်ထုတ် လိုက်ရာ၊ ခရမ်းရောင် စွမ်းအင် များက ပွင့်ချပ် သဖွယ်၊ လွင့်ထွက် လာ တော့သည်။
ယင်းက မယုံနိုင် စဖွယ် မြန်ဆန် နေပြီး၊ တောင်ကြား သခင် ဖန်တီး ခဲ့သော အုပ်စိုးရှင် သူတော်စင် ပုံကြမ်းကို ထိုးဖောက် သွား၏။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ဤအရာက တောင်ကြား သခင်၏ မျက်နှာကို သိသိ သာသာ ပြောင်းလဲ သွားစေ သည်။
“ ဝှစ် ... ။ ”
ယင်းက အဆုံး မဟုတ်ချေ။ လက်ဖဝါး တစ်ချက် ရိုက်ထုတ်ကာ၊ ထျန်ရွှမ်ဇီမှ ဖျက်ဆီး သွား ခဲ့သည်။
ကောင်းကင် ရွှေ၊ ကောင်းကင် ရေ၊ ကောင်းကင် သစ်သား၊ ကောင်းကင် မီးနှင့် ကောင်းကင် ကမ္ဘာ တို့က၊ သူ့ခန္ဓာ ကိုယ်မှ ပျံထွက် လာ၏။
“ ဝေါ့ ... ။ ”
သူတော်စင် နက္ခတ် ပြိုလဲ သွားကာ၊ သွေးများ ပလုတ် ပလောင်း အန်ထုတ်လျက်၊ လွင့်စဉ် ပြုတ်ကျ သွားသည်။
“ ဝုန်း ... ။ ”
မြေပြင်သို့ ကျချိန်၌၊ ချက်ချင်း နစ်မြှပ် သွားတော့၏။ ထိုအချိန်တွင် ထျန်ရွှမ်ဇီမှာ၊ သူ့ကိုယ်သူ နှစ်ယောက် ခွဲပစ် လိုက်၏။
ပြီးနောက် ထျန်ရွှမ်ဇီ နှစ်ယောက်က၊ မူရွှမ်ကောင်နှင့် ချန်ယွီထံ အလင်းတန်း အသွယ် ပြေးဝင် သွား လေသည်။
ပတ်ဝန်းကျင်ရှိ သူတော်စင် တာအိုများ ပြောင်းလဲ လာကာ၊ အာကာပြင် ပုံပျက် ကုန် သည်။
ပြီးနောက် ထိန်ရွှမ်ဇီ နှစ်ယောက် တစ်သားတည်း ပြန်၌ ပေါင်းစည်း သွားကာ၊ လက်ဖဝါးဖြင့် ရိုက်ချ လိုက်တော့ ၏။
“ ဖပ် ... ။ ”
မူရွှမ်ကောင်နှင့် ချန်ယွီ တို့မှာ အဝေးသို့ လွင့်စဉ် သွားသည်။ ထျန်ရွှမ်ဇီက ပန်းချီကားမှ ထွက်လာ သကဲ့သို့ ပြုံးပြပြီး၊ နောက်ထပ် လက်ဖဝါး တစ်ချက်၊ ရိုက်ချ လာပြန်၏။
ထိုလက်ဖဝါးက သူတို့ ဓားနှင့် ဓားမော့ ရည်ရွယ်ချက်အား ကွဲကြေပြီး၊ ပါးစပ်မှ သွေး များ စီးကျ လာစေသည်။
“ ရွှပ် ... ။ ”
သို့တိုင် ၎င်းတို့ နှစ်ဦးမှ လက်တုံ့ ပြန်ရန်၊ ချက်ချင်း ပြေးဝင် ကြ သဖြင့်၊ ထျန်ရွှမ်ဇီက စွမ်းအင် အလင်းများဖြင့်၊ တောက်ထုတ် လိုက်ရသည်။
“ အရမ်း ခေါင်းမာ တာပဲ ... ထွက်သွား ကြစမ်း။ ”
အရာ အားလုံး မြန်ဆန် လွန်း၏။ မျက်စိ တစ်မှိတ် အတွင်း၊ ဖြစ်ပျက် သွားခြင်း ဖြစ်လေ သည်။
ယင်းကြောင့် ကောင်းကင် မှတ်စု ဂိုဏ်းချုပ်၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။ သူမ လှုပ်ရှားရန် အပြင်တွင်၊ ထျန်ရွှမ်ဇီ အကြည့်က ကျရောက် လာ၏။
ကောင်းကင် နေမင်းနှင့် ကောင်းကင် လမင်းအား အသက်သွင်း ထားရာ တစ်ချက် ကြည့်ရုံဖြင့်၊ ကောင်းကင်မှ လွင့်ကျ သွား ခဲ့သည်။
“ တောင်းပန် ပါတယ် ... ၊ ငါ့မှာ အမျိုး သမီး တွေကို ရိုက်နှက် တတ်တဲ့ ... ၊ အလေ့ အကျင့် မရှိဘူး။ ”
ထိုစကားကြောင့် ကောင်းကင် မှတ်စု ဂိုဏ်းချုပ်ကို သွေးအန် သွားစေ၏။ ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် ကုန်သည်။
လင်းယွန်မှ သူတော်စင် သခင်ကို၊ သတ်လိုက်သော အခါ၊ ခံစား ရသည့် ထိတ်လန့် မှု ကဲ့သို့၊ အသက်မဲ့ သွားခြင်း ဖြစ်၏။
ထျန်ရွှမ်ဇီသည် အနည်းငယ် မယုံနိုင် လောက်အောင် သန်မာ လွန်းသည်။ ထက်မြက် ပြီး ကောင်းကင်ယံ ဂိုဏ်းကြီး တစ်ဂိုဏ်း လုံးကို ထမ်းထား ပေ၏။
ပြသ ထားသော ခွန်အားကို အခြေခံ၍ သက်တံဓား သူတော်စင် တစ်ဦးတည်းသာ၊ ၎င်း ပြိုင်ဘက် ဖြစ်ကြောင်း၊ သေချာ နေ၏။
မူရွှမ်ကောင် လွင့်စဉ် သွားသည်ကို မြင်ရချိန်၌၊ လင်းယွန် တစ်ယောက် စိတ်ပူ သွား သည်။ သို့သော် ထျန်ရွှမ်ဇီက သူ့ထံ လှည့်ကြည့် လာခဲ့သည်။
“ ကျေးဇူးပြုပြီး မလှုပ် နဲ့နော် ... ၊ မဟုတ်ရင် သေသွား လိမ့်မယ်။ ”
ထိုအကြည့် ဖြင့်ပင် လင်းယွန် ခမျာ၊ ဒူးထောက်လျက် ရင်ဘတ်ကို ဆုပ်ကိုင်ပြီး၊ ပါးစပ်မှ သွေးများ စီးကျ လာတော့သည်။
သက်သာစ ဒဏ်ရာ များမှာ၊ ပြန်လည် ဆိုးရွား လာ တော့၏။ သို့သော် လက်သီးကို ဆုပ်ကိုင်လျက်၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက် များဖြင့်၊ ပြန်ကြည့် မိသည်။
“ ထျန်ရွှမ်ဇီ ... ၊ ဒီနေ့ ငါ မသေရင် ... ၊ မင်း အသက်ကို၊ ယူမယ်။ ”
သူ့စကားကို ထျန်ရွှမ်ဇီမှ အပြုံး ဖြင့်သာ တုန့်ပြန်၏။
“ သက်တံဓား ... ၊ မင်း ဘယ်လောက် ကြာကြာ ကြည့်နေဦး မှာလဲ၊ အခု မလာရင်၊ ငါ အားလုံးကို သတ်ပစ် တော့မယ်။ ”
ထျန်ရွှမ်ဇီက ပြုံးလျက် ကောင်းကင်မှ ဆင်းလိုက်သည်။ ထိုစကား များက လင်းယွန်၏ သံသယ များကို၊ သေချာ သွားစေ၏။
“ စိတ်အေးအေး ထားပါ။ ”
ခရမ်းငယ်က လင်းယွန် လက်ကို ကိုင်ကာ ပြောလိုက်သည်။ ထို့စဉ် နဂါးလေးက သူ့အနား ရောက်ရှိ လာ၏။
သူတို့ သုံးယောက် စုစည်း မိချိန်၌၊ အနည်းငယ် စိတ် သက်သာရာ ရသွားကာ၊ ဤကိစ္စ အတွက် အဖြေကို စတင် ရှာဖွေ မိသည်။
ထိုထျန်ရွှမ်ဇီသည် နှစ်တစ်ရာ အတွင်း ဧကရာဇ် ဖြစ်လာ မည်ဟု အခိုင် အမာ ဆိုထား သော်လည်း၊ သူ့ဆရာကို ကြောက်နေဆဲ ဖြစ်၏။ အဆုံးတွင် ကောင်းကင်မှ ပုံရိပ် တစ်ရိပ် ဆင်းသက် လာတော့သည်။
“ ဝှစ် ... ။ ”
ယင်းက ထျန်ရွှမ်ဇီ မျှားထုတ် ခဲ့သော သက်တံဓား သူတော်စင် ဖြစ်၏။ သက်တံဓား သူတော်စင်က ထျန်ရွှမ်ဇီအား မကြည့်ဘဲ၊ လင်းယွန်ထံ လှမ်းသွားသည်။
သို့သော် စွဲမက်စေ လောက်သော အပြုံး မျိုးဖြင့်၊ ထျန်ရွှမ်ဇီက ပေါ်လာသည်။ ထို့ကြောင့် ချက်ချင်း လမ်းကြောင်း ပြောင်းမိ သော်လည်း၊ ထျန်ရွှမ်ဇီမှာ ထွက်ပေါ် လာဆဲ ဖြစ်၏။
“ ဖပ် ... ။ ”
လေးကြိမ်မြောက် ထိပ်တိုက် တွေ့သော အခါ နှစ်ယောက် စလုံးက၊ လက်ဖဝါး တစ်ဖက် စီ၊ တွန်းထုတ် လိုက်သည်။
ဤလက်ဖဝါး များသည်၊ ခမ်းနားသော ဖြစ်စဉ် များနှင့် အတူ၊ ဆင်းသက် သွားတော့၏။ တစ်ဖက်သည် ကြယ်စုံ ကောင်းကင် ဖြစ်ပြီး၊ ကျန် တစ်ဖက်မှာ ဓားပင်လယ် ဖြစ်သည်။
“ ခရစ် ... ။ ”
လက်နှစ်ဖက် ပူးကပ် သွားချိန်၌၊ ကောင်းကင် (၃၆) လွှာတွင်၊ အက်ကြောင်းများ ပေါ်လာ တော့သည်။
ပျံကား သွားသော လှိုင်းလုံး များသည်၊ ကောင်းကင် အလွှာများ ကြားရှိ၊ ရှေးဟောင်း ဘုံဗိမာန် များကိုပင်၊ ဖျက်ဆီးပစ် လိုက်သည်။
ယင်းသည် သူတော်စင် များ၏ ခွန်အား ဖြစ်ချေ၏။ ယခင် အချိန် များ၌ ဤကောင်းကင် သည်၊ ကွဲရုံသာ ရှိသည်။
ယခုမူ မဟာ သူတော်စင် နှစ်ဦး၏ ခွန်အားကြောင့်၊ အက်ကြောင်းသည် မိုင်ပေါင်း များစွာ ကျယ်ဝန်းပြီး၊ ထိခိုက်မှု များပင် ရှိလာ တော့သည်။
“ သက်တံဓား ... ၊ မင်း တကယ် အသက်ကြီး သွားပြီ။ ”
ထျန်ရွှမ်ဇီက မျက်နှာ ရှုံ့တွေပြီး၊ ဆံပင်ဖြူများ ဖြူနေသော သက်တံဓား သူတော်စင်ကို ကြည့်သည်။
မျက်နှာ ပေါ်၌ မရဏ အငွေ့ အသက် များပင် ရှိနေ၏။ ယင်းက သက်တမ်း ကုန်သွား သည့် လက္ခဏာ ပေပင်။
မည်မျှ သန်မာ စေကာမူ၊ သက်တမ်း ကုန်ဆုံးချိန်၌ ဖြစ်ပေါ် လာသော၊ သေမင်း၏ အရိပ် အာဝါသကို၊ ဖုံးကွယ်၍ မရချေ။
“ မင်းသာ သက်တမ်း မကုန် သေးရင် ဒီလက်ဖဝါးက၊ ငါ့ကို အနိုင် ယူဖို့ လုံလောက် ပါတယ်။ ”
ထျန်ရွှမ်ဇီက ဆက်ပြောသည်။ သို့တိုင် သက်တံဓား သူတော်စင်မှ စကား တစ်ခွန်းမျှ ပြန်မပြော ခဲ့ချေ။ သူက ထျန်ရွှမ်ဇီကို အေးစက်စွာ ကြည့်နေ သည်။
ထျန်ရွှမ်ဇီက ခေါင်းယမ်းလျက်၊ သက်တံဓား သူတော်စင်ထံ စိတ်ပျက် လက်ပျက် ပြန်ကြည့် သည်။ ပြီး သက်ပြင်း ချကာ၊
“ အသက်ကြီး လာတဲ့ အခါ၊ စိတ်ဓါတ် ပျော့ပြောင်း လာတယ်၊ သေမယ်မှန်း သိပေမယ့် ဒီကို မင်း လာတယ်၊ ဒုက္ခကို ဘာလို့ မဖြတ်ကျော် နိုင်ရ တာလဲ ဆိုတာ၊ ...
... မင်း စဉ်းစား ခဲ့ဖူးလား ... ၊ နောက်ဆုံးတော့ မင်းထက် အရည် အချင်း နိမ့်ပါးတဲ့ လူတွေတောင်၊ ဧကရာဇ် ဖြစ်ကုန်ပြီ၊ မင်းက မလုပ်နိုင် သေးဘူး။ ”
“ ငါ့ ဒုက္ခက မင်းနဲ့ မဆိုင် ပါဘူး၊ ငါတို့ တိုက်ကြမယ်၊ ဒါပေမယ့် အခု လောလောဆယ် ငါ့ တပည့်ကို၊ အရင် ကြည့်ခွင့် ပေးပါ။ ”
သက်တံဓား သူတော်စင်က လင်းယွန်ထံ ကျော်ကြည့်ကာ ပြောသည်။
“ တစ်ချိန်က သက်တံဓား ဆိုတာ ... ၊ တန်ခိုးရှင်ပဲ၊ ကျူးကျော် လာတဲ့ မြင့်မြတ်မြေ ငါးပါးကို၊ ဓားတစ်ချက် တည်းနဲ့၊ သတ်ပစ် ခဲ့တယ်၊ ...
... အဲဒီ တုန်းက တိုက်ပွဲကို၊ ငါ ကြည့်ခဲ့ ဖူးတယ်၊ မင်းရဲ့ ဓားက ဓားဧကရာဇ် နဲ့တောင် ယှဉ်နိုင်တယ်၊ ဒါပေမယ့် ... ”
ထျန်ရွှမ်းဇီက သက်ပြင်း ချကာ၊ ခေါင်းခါ လိုက်ပြီး၊
“ ဒီကောင်လေးက ကြောင်လေး တစ်ကောင်ပါ ... ၊ ဘာလို့ သူ့ကို ဒီလောက် အကာ အကွယ် ပေးချင် နေရ တာလဲ၊ သူက မင်း ဧကရာဇ် ဖြစ်ဖို့ထက်၊ ပို အရေး ကြီးလား၊ မင်းက တကယ်ပဲ အသက်ကြီး သွားပြီ၊ ...
... စိတ်လဲ ပျော့ လာတယ်၊ ဓားသမား တစ်ယောက် ဖြစ်တဲ့၊ မင်း နှလုံးသားက သံချေး တက် သွားပြီ၊ ငါ ဘာမှ မလုပ် ရင်တောင် သေခြင်းကို၊ မင်း ရှောင်နိုင်မှာ မဟုတ်ဘူး။ ”
-ဟု ဆိုလိုက်သည်။
“ မင်း ... ငါ့ မေးခွန်းကို မဖြေရ သေးဘူး။ ”
သက်တံဓား သူတော်စင်က ထပ်မေး၏။
“ ခွင့်မပြု နိုင်ဘူး၊ မင်းက ‘ဓား’ ဘွဲ့ကို ခံယူထားတဲ့ သူတော်စင်ပဲ၊ ငါ မင်းကို အနိုင်ယူဖို့ ယုံကြည်မှု ရှိရင်၊ ဓားဂိုဏ်းဆီ လာမှာပေါ့၊ ...
... ဒီကို ခေါ်ထုတ် စရာလား ... ၊ ငါက သဘာဝ အတိုင်း၊ သူ့ကို သတ်ရမယ် ဆိုတာ မင်းလည်း သိပါတယ်။ ”
ထျန်ရွှမ်ဇီက ပြုံးကာ ငြင်းဆန် သည်။ ထို့ကြောင့် သက်တံဓား သူတော်စင်၏ မျက်ဝန်း များ မှေးစင်း သွားသည်။
“ လုပ်ပါ ... မင်းက စီနီယာမို့၊ အရင် လှုပ်ရှားမှုကို စနိုင်တယ်၊ စောင့်မနေနဲ့ ... သူ လာမှာ မဟုတ်ဘူး။ ”
ထျန်ရွှမ်ဇီ မျက်ဝန်း၌ တိုက်ပွဲဝင် လိုသော ဆန္ဒများ လောင်ကျွမ်း လာသည်။ ဤနေ့အား စောင့်နေ မိသည်မှာ၊ အချိန် အတော် ကြာပြီ ဖြစ်သည်။
ရှေးဟောင်း ပျက်သုဉ်းမြေကို သိမ်းရာ၌၊ ဤဓား သူတော်စင်သည် သူ နင်းတက် ရမည့်၊ လှေကားထစ် ဖြစ်၏။
“ ဂျူနီယာ ထျန်ရွှမ်ဇီက ... ၊ စီနီယာ သက်တံဓားကို ... စိန်ခေါ်ချင် ပါတယ်။ ”
သူ့အသံက ပဲ့တင်ထပ် လာတော့ သည်။ အသံလှိုင်း များက တောင်တန်းများ၊ မြို့များကို၊ ဖြတ်ကာ လှုပ်ခါ သွားစေ၏။
သို့တိုင် သက်တံဓားက သူ့အား စိတ် မ၀င်စား သေးချေ။ မူရွှမ်ကောင်၊ ချန်လဲ့၊ မုချွမ်၊ ယဲ့ဇီလင်နှင့်၊ ကျန်လူ များထံ ကြည့်သည်။
ထို့နောက် သူ့ အကြည့်အား လင်းယွန်တွင်၊ အဆုံးသတ် လိုက်ပြီး၊ ရှုံ့တွ နေသော မျက်နှာ၌ အပြုံး တစ်ပွင့်၊ ပေါ်လာ၏။
“ လင်းယွန် ... ဒီကို မလာခင်၊ မင်း ငါ့ကို ဘာပြော ခဲ့လဲ မှတ်မိလား။ ”
“ ရှေးဟောင်း စစ်မြေပြင် ခရီးမှာ၊ ဆရာ မှာကြားချက် အတိုင်း လိုက်နာပါ့ မယ်လို့၊ ကတိ ပြုခဲ့ ပါတယ်။ ”
လင်းယွန် အသံက ဝမ်းနည်း ပူဆွေးမှု များကြောင့်၊ တုန်တုန် ယင်ယင်ဖြင့် ထွက်ပေါ် လာသည်။
“ ဟား ဟား ဟား ... ၊ ကောင်းတယ် မမေ့နဲ့။ ”
သက်တံဓားက ရယ်မောပြီး၊ သူ့လက်ကို ဝှေ့ယမ်း လိုက်ရာ၊ ပန်းသင်္ချိုင်း ဓားက ပျံသန်း သွား တော့သည်။
“ ဆရာ ... မင်းကို စိတ်မပျက် မိစေနဲ့၊ အပူပင် ကင်းသော ဓား(၉)ကွက်ကို၊ ငါ နောက် တစ်ကြိမ် ထပ်ပြ ပေးမယ်၊ ပထမဓား ... ။ ”
စကား ပြောနေ လျက်မှ၊ သက်တံဓား သူတော်စင်က၊ ပန်းသင်္ချိုင်းအား လွှဲယမ်း လိုက် တော့သည်။ ယင်းက ကောင်းကင်ဓား ပုံစံ ဖြစ်ချေ၏။
***