တာအိုပေါင်း သုံးထောင်နဲ့ ငါ သာလျှင် ... ၊ ပြိုင်ဘက်ကင်း ။
Vol. 119 Ch. 1665
“ သမုဒ္ဒရာ ကိုတောင် ... ၊ လောင်ကျွမ်း စေနိုင်တဲ့ ... ၊ မီးပင်လယ် ကဲ့သို့ ဓား တစ်လက် ငါ့မှာ ... ရှိတယ်။ ”
ကဗျာရွတ် သံနှင့် အတူ၊ သက်တံဓား သူတော်စင်၏၊ ဒုတိယ မြောက် တိုက်ခိုက်မှု ရောက်ရှိ လာသည်။
ဤတစ်ကြိမ်တွင် ‘မီး’ ဟူသော စကားလုံး ဖြစ်သည်။ စကားလုံးမှ လာသော အပူ ချိန်သည် သမုဒ္ဒရာအား ပွက်ပွက်ဆူ စေ၏။
ထျန်ရွှမ်ဇီ တစ်ဝိုက်တွင် မီးလျှံများ တောက်လောင် လာသဖြင့်၊ နတ် ရူရ် များ ပါသည့်၊ သူ့ ပန်းပွင့်များ ပြာကျ သွားသည်။
“ ပုစိန် အသွား ပါသော ထာဝရ သတ်ဖြတ်ခြင်း လှံငယ် ကဲ့သို့ ... ၊ လျှပ်စီး ဓား တစ်လက် ငါ့မှာ ရှိတယ်။ ”
“ ဂျိန်း ... ။ ”
သက်တံဓား သူတော်စင်မှ ဓားအား ကောင်းကင်ပေါ် မြှောက် လိုက်ရာ၊ မိုးခြိမ်း သံများ တဟုန်ထိုး မြည်လျက်၊ ဓားဖျား၌ လျှပ်စီး တန်းကြီး၊ ထွက်ပေါ် လာ၏။
“ ရွှပ် ... ။ ”
ထို့နောက် ဓားအား ခုတ်ချ ပစ် လိုက်ရာ၊ ထျန်ရွှမ်ဇီ အပေါ် လျှပ်စီး ဟူသော စကားလုံး ထိမှန် သွားသည်။
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
လျှပ်စီးတွင် ပါသော ဓား ရည်ရွယ် ချက်သည်၊ သူတော်စင် ချပ်ဝတ်ကို ထိုးဖောက် ပြီး၊ ခန္ဓာ ကိုယ်ထဲ စိမ့်ဝင် တော့၏။
၎င်းက ကောင်းကင် ရွှေ၊ ကောင်းကင် သစ်သား၊ ကောင်းကင် ရေ၊ ကောင်းကင် မြေကြီး နှင့် ကောင်းကင် မီး တို့အား ဖျက်ဆီး ပစ် တော့၏။
“ သေစမ်း ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ဤတစ်ကြိမ်တွင် ကောင်းကင်ကြီး ပြိုကျတော့မည့် အရိပ် အယောင်များ ပြသလာ သောကြောင့်၊ ထိတ်လန့် သွား၏။
သက်တံဓား သူတော်စင်သည် အသက် ကြီးလာ သော်လည်း၊ ယခင်ထက် ပို၍ သန်မာ နေချေ၏။
တစ်ချိန်က ဓား တစ်ချက် တည်းဖြင့် မည်သူ့ကို မဆို သတ်နိုင်သည်။ ယခုမူ ဓားမှာ ကောင်းကင် အလား ခမ်းနား လာချေ၏။
“ ငါ့မှာ အရာ အားလုံးကို အေးခဲသွား စေနိုင်တဲ့ ... ၊ ရေခဲလို ဓားတစ်လက် ရှိတယ်။ ”
ပန်းသင်္ချိုင်း ဓားကို ကိုင်လျက်၊ လေထဲ တစ်ပတ်လှည့် လိုက်သည်။ အနားရှိ လေထုမှာ၊ ရေခဲ အလွှာ အဖြစ်၊ အက်ကွဲ လာ၏။
‘ရေခဲ’ ဟူသော စကားလုံး ပွင့်လာ ချိန်၌၊ ဓားဖြင့် ထျန်ရွှမ်ဇီထံ ထိုးညွှန် ပစ်သည်။ လေထု အေးခဲ လာပြီး၊ ၎င်း၏ လှုပ်ရှား နိုင်စွမ်းကို ချက်ချင်း ချိတ်ပိတ် တော့၏။
“ ဝှစ် ... ။ ”
သို့သော် ခဏ မျှသာ ဖြစ်သည်။ ရေခဲ အလွှာများ အရည် ပျော်ကျ လျက်၊ ဖြူဖျော့ နေသော မျက်နှာဖြင့်၊ ထွက်ပြေး လေသည်။
သက်တံဓား သူတော်စင်မှ နောက်ပါး ပျံသန်း လိုက်ပါ သွားသည်။
“ ဟီး ဟီး ... ။ ”
ထျန်ရွှမ်ဇီက ရယ်မော လိုက်ရာ၊ ပါးစပ်မှ သွေးများ စီးထွက် လာသည်။ ဤလုပ်ရပ်ကို သူ မျှော်လင့် ထားပြီး ဖြစ်သည်။
“ ဝှစ် ... ။ ”
မြေပြင်ပေါ် ပြန်ဆင်းပြီး၊ ကောင်းကင် တိမ်လွှာ ကျမ်း၏ ‘အပြန် အလှန် ချိတ်ဆက် နေသော စကြာဝဠာ ကြီးအား ထုတ်ဖော် မိ၏။
ကောင်းကင် ကျမ်းကို အပြီး သတ်အောင် ဖန်တီး ပြီးနောက်၊ တိမ်လွှာ ဟူသော စကားလုံး အသစ် ထပ်ထည့် သုံးစွဲ ခဲ့သည်။
ခြေဖျား ပုတ်လိုက် ချိန်တွင်၊ ကမ္ဘာကြီး တစ်ခုလုံး ဇောက်ထိုး ဖြစ်သွားကာ၊ လင်းယွန် ဘေးသို့၊ ရောက်ရှိ လာ၏။
ထို့နောက် ခရမ်းငယ်အား လက် ဝှေ့ယမ်းကာ ဖယ်ရှားလျက်၊ လင်းယွန်ကို ဖမ်းရန် ပြင်သည်။
“ သတ္တိ ရှိလား ... ။ ”
သက်တံဓား သူတော်စင်က လုံးလုံး လျားလျား ဒေါသ ထွက် လာပြီး၊ ဓားကို လွှဲခုတ် ပစ် လိုက်၏။
ရင်သပ် ရှုမောဖွယ် ကောင်းသော ဓား ရောင်ခြည်က စက္ကန့်ပိုင်း အတွင်း၊ မိုင်ထောင် ပေါင်း များစွာကို၊ ဖြတ်ကျော် လာသည်။
“ ဖျပ် ဖျပ် ... ။ ”
ယင်းက ဦးခေါင်းထံ ဦးတည် သဖြင့် ၊ ထျန်ရွှမ်ဇီမှ နောက်ဆုတ်ပြီး၊ ချက်ချင်း ခေါင်းငုံ့ ရှောင်လိုက် ရသည်။
သို့တိုင် သူ့ ရွှေရောင် ဆံပင် အချို့ ပြတ်တောက် သွား၏။ တစ်ချိန်တည်း မှာပင်၊ ပန်းသင်္ချိုင်း ဓားက နဖူးသို့၊ ဝင်ရောက် လာ တော့သည်။
“ ဖပ် ... ။ ”
ဤတစ်ကြိမ်တွင် မရှောင်ရှား နိုင်သဖြင့်၊ ဓားကို လက်ဖဝါး နှစ်ဖက်နှင့် ညှပ်ကာ ဖမ်းယူ လိုက်မိသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
နောက်ကွယ်မှ ဓား ရည်ရွယ်ချက်သည် ပြင်းထန် လွန်းချေ၏။ ဖမ်းလျက်မှ နောက်သို့ ဆုတ်ခွာ ပေးလာ ရသည်။
“ ခရစ် ... ။ ”
ခြေတစ်လှမ်း ဆုတ်ခွာ ချိန်တိုင်း၊ ဓားအရှိန်ကို ချေဖျက်ရန် လေဟာနယ်အား တွန့်ခေါက် ပစ်မိသည်။
သို့တိုင် သက်တံဓား သူတော်စင်မှာ၊ ဆံပင်ဖြူများ တဖျပ်ဖျပ် လွင့်လျက်၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်အား ထုတ်ဖော်ပြီး၊ ဆက်၍ ထိုးသွင်း နေဆဲ ဖြစ်သည်။
ယင်းကြောင့် အဝတ် အစားများ စုတ်ပြဲ လွင့်စဉ်လျက်၊ နေရာ အနှံ့ နာကျင် မှုများ ခံစား လာရ တော့သည်။
သူတော်စင် မူလကို အဆက် မပြတ် တိုက်စား ခံနေ လာရသည်။ အရေ ပြား အနှံ့ အက်ကွဲ လာပြီး၊ ဤအတိုင်း ဆက်နေသော်၊ မကြာခင် သေဆုံး ရပေမည်။ ။
သက်တံဓား သူတော်စင်ထံ ပြန်ကြည့် မိချိန်၌၊ ပန်းသင်္ချိုင်း ဓားကိုသာ မြင်ရလေသည်။ ၎င်းက ထာဝရ ဓားအလင်း ကဲ့သို့၊ သက်တံဓား သူတော်စင် အပေါ်၊ ဖုံးကွယ် ပေးထား၏။
ဓားဖြင့် အထိုးခံ ရစဉ် ရူရ် များက၊ ကြီးမားသော သတ္တဝါများ အဖြစ်၊ ပြောင်းလဲ နေ သောကြောင့်၊ ကြောက်ရွံ့ လာတော့သည်။
ယင်းသည် မည်သို့သော ဓားရေးမျိုး မည်နည်း။ ပထမဆုံး အကြိမ် အသက် ဘေးနှင့်၊ ကြုံရခြင်း ဖြစ်ကာ၊ ဖြေရှင်းရန် နည်းလမ်း ရှာမတွေ့ သေးချေ။
ထိုအချိန် မှသာ လင်းယွန်က စိတ် သက်သာရာ ရသွား၏။ ခရမ်းငယ်ထံ ချက်ချင်း ရွေ့လျားပြီး ဖေးမ လိုက်သည်။
ခရမ်းငယ်က နှုတ်ခမ်းမှ သွေးများကို သုတ်ပြီးနောက် မျက်ဝန်းများ တောက်ပလာ တော့သည်။
“ ငါ အဆင် ပြေတယ်၊ ဒီတစ်ခါတော့ ထျန်ရွှမ်ဇီ သေပြီ။ ”
သို့သော် သူမ စကား မဆုံးခင်၊
“ ဆိတ်အိုကြီး ... ၊ မင်းအတွက် အရမ်း ကြည့်ကောင်း နေလား။ ”
နောက်ဆုံးတွင် သူ့ ကန့်သတ်ချက်သို့ ရောက်ရှိ လာသဖြင့်၊ ထျန်ရွှမ်ဇီမှ အော်ဟစ် အကူအညီ တောင်း တော့သည်။
“ ဟား ဟား ဟား ... ။ ”
မိုးကုပ် စက်ဝိုင်းကို ဖြတ်ပြီး၊ ကျယ်လောင်သော ရယ်မောသံ တစ်သံ ပဲ့တင်ထပ် လာသည်။
“ သက်တံဓား ... မင်း ငါ့ကို မှတ်မိ သေးလား။ ”
ကောင်းကင် တခွင် ပြင်းထန်သော မိစ္ဆာ ရောင်ဝါများ၊ တဟုန်းဟုန်း တောက်လောင် လာတော့သည်။
များ မကြာခင် ထိုအငွေ့ အသက် များက အနက်ဝတ် အဖိုးကြီး တစ်ဦး အသွင်၊ ဖွဲ့တည် လာ၏။
၎င်းမှ အထွတ် အထိပ် အဆင့်၊ မဟာ သူတော်စင် ရောင်ဝါအား ထုတ်လွှတ် လာလေ သည်။ ယင်းကြောင့် လူတိုင်း မျက်နှာ ပျက်ယွင်း သွား၏။
“ ငရဲ နတ်ဘုရား ဘိုးဘေး ... ။ ”
လူတိုင်း ထိတ်လန့် သွားသည်။ ငရဲ နတ်ဘုရား ပထမ ဘိုးဘေးက၊ ရောက်သည်နှင့် သက်တံဓား သူတော်စင်အား တိုက်ခိုက်ရန် ပြေးဝင် တော့သည်။ သို့မှသာ ထျန်ရွှမ်ဇီ၏ အကြံ အစည်ကို နားလည် လာကုန်၏။
သူ့ကိုယ်သူ ငါးစာ အဖြစ် အသုံး ပြုကာ၊ စစ်မှန်သော လက်နက်သည် ငရဲနတ် ဘုရား မိသားစု၏ ပထမ ဘိုးဘေး ဖြစ်သည်။
“ သက်တံဓား ... နောက်ဆုံးတော့ ... ၊ ငါ့လက်နဲ့ မင်း သေရပြီ။ ”
သို့သော် ထိုအချိန်တွင်၊ အမှောင်များ ရုတ်တရက် ပါးလျ လာပြီး၊ ကောင်းကင်ကြီး လင်းလာ တော့သည်။
အလင်းသည် သက်တံဓား သူတော်စင်ထံ တိုးဝင် နေသော၊ ငရဲ နတ်ဘုရား မိသားစု ပထမ ဘိုဘေးကို၊ ချက်ချင်း ဖုံးအုပ်လာ လေသည်။
ငရဲ နတ်ဘုရား မိသားစု ဘိုးဘေး ခမျာ ထိတ်လန့် စွာဖြင့် အမြန် လှည့် ကြည့် မိသည်။ အလင်းတန်း (၃၀၀၀) သိုင်းခြုံလျက် သွေးများ ပေကျံ နေသော၊ လူငယ် တစ်ဦးကို မြင်လိုက် ရသည်။
ရောင်ခြည်တော် တစ်ခုသည် ကမ္ဘာ တစ်ခု ဖြစ်၏။ ထိုကမ္ဘာ အတွင်း သတ္တဝါပေါင်း များစွာ၊ မွေးဖွား သေဆုံး နေကြ လေသည်။
လင်းယွန်က မျက်လုံး ဖွင့်ကြည့်သည်။ ဤအခိုက် အတန့်ကို၊ သူ စောင့်မျှော် နေခြင်း ဖြစ်သည်။
“ ဝူး ... ။ ”
ကမ္ဘာပေါင်း (၃၀၀၀) မှ သတ္တဝါ ကြီးငယ် တိုင်းက တပြိုင်နက်တည်း ကြွေးကြော် သံပြု တော့သည်။
လက်ကို မြှောက်လျက်၊ ငရဲ နတ်ဘုရား မိသားစု ပထမ ဘိုးဘေးကို၊ ပါးရိုက် ပစ်လိုက် ၏။
လက်ဖဝါးမှ ရောင်ခြည် ပေါင်း (၃၀၀၀) ထွက်လာပြီး၊ ငရဲ နတ်ဘုရား မိသားစု ပထမ ဘိုးဘေးကို၊ ချေမွ ပစ်သည်။
ဤသည်မှာ ကောင်းကင် ချပ်ဝတ်၏ စွမ်းအား ဖြစ်သည်။ ဘိုးဘေး နတ်ဘုရားမှ နဂါး တံခါး သခင် အတွက်၊ အထူး ဖန်တီး ပေးခဲ့သော နတ်ဘုရား အဆင့်၊ တိုက်ပွဲဝင် ချပ်ဝတ် ဖြစ်၏။
ထိုပါးရိုက်ချက် အတွင်း သူ့ ဒေါသများ အားလုံး ပါဝင်သည်။ မျက်စိ တစ်မှိတ် အတွင်း ငရဲ နတ်ဘုရား မိသားစု၏ ပထမ ဘိုးဘေး သေဆုံး သွားကာ၊ သက်ပြင်းချ သံ တစ်သံ ထွက်ပေါ် လာသည်။
“ ဒီသေမျိုးတွေ ထဲမှာ၊ တာအိုပေါင်း သုံးထောင်နဲ့ ငါ သာလျှင် ... ၊ ပြိုင်ဘက်ကင်း ထာဝရ ရှင်သန် သူ ... ။ ”
အဖော်မဲ့ တန်ခိုးရှင် တစ်ပါး၏၊ နာကြည်း လာသော အသံမျိုး ဖြစ်သည်။ ၎င်း၏ သက်ပြင်း တစ်ချက် သည်ပင်၊ ကမ္ဘာပေါင်း များစွာကို တုန်လှုပ် သွားစေ၏။
***