← Chapters

ငါ ... ။

Vol. 120 Ch. 1667

ငါ ... ။

Vol. 120 Ch. 1667

“ ဝေါ့ ... ။ ”

သူတို့ စကားပြော နေကြစဉ်၊ တိုက်ပွဲ အတွင်းမှ သွေးအန်လျက် သက်တံဓား ထွက် လာသည်။

“ သက်တံဓား ... ၊ ဒီနေ့ သေခြင်း ကနေ၊ မင်း ... မလွတ်မြောက် နိုင်ပါဘူး။ ”

ထျန်ရွှမ်ဇီက ပြုံးသည်။ သူ့အပြုံးမှာ၊ နူးညံ့ သိမ်မွေ့ သော်လည်း၊ အေးစက်ပြီး ဥပေက္ခာများ ပြည့်နှက် နေ၏။

“ ဝေါ့ ... ။ ”

သွေး သုံးကြိမ် အန်ပြီးနောက်၊ သက်တံဓား သူတော်စင် ခမျာ ဒူးတစ်ဖက် ထောက်ကျ သွား သည်။

သူ့ အသက်အား ယူရန်၊ တိုးကပ် လာနေသော ထျန်ရွှမ်ဇီထံ၊ ကူကယ်ရာ မဲ့စွာ ခေါင်းမော့ ကြည့်မိ၏။

ထို့စဉ် ရောင်ခြည်ပေါင်း (၃၀၀၀) ခြုံလျက် လင်းယွန်မှ သက်တံဓား သူတော်စင် အနားသို့၊ ပျံဝဲ ဆင်းသက် လာသည်။

ထျန်ရွှမ်ဇီမှာ အေးစက်သော အသွင်ဖြင့်၊ ခြေတစ်လှမ်း တိုးပြီး၊ သူတော်စင် ရောင်ဝါကို ထုတ်လွှတ်ကာ ဖိနှိမ် ပစ်သည်။

ကောင်းကင် တိမ်လွှာ ကျမ်းကို၊ အသက်သွင်း လိုက်ရာ၊ သူ့နောက်၌ များပြား လှသော ကြယ်ရောင်စုံ ကောင်းကင်ကြီး ပေါ်လာ၏။

“ ဝူး ... ။ ”

သည့်နောက် ကြောက်မက်ဖွယ် ကောင်းသော လက်ဖဝါးကြီး တစ်ဖက် လင်းယွန် ပေါ်သို့၊ ကျဆင်း လာသည်။

သို့သော် လက်ဖဝါး မရောက်မီ၊ ရောင်ခြည် (၃၀၀၀)က၊ လှိုင်းများ သဖွယ် ပျံ့ကား လာကာ၊ ဖြစ်စဉ် များကို၊ ဖျက်ဆီးပစ် တော့သည်။

ထို့နောက် လင်းယွန်မှ အေးစက်သော အသွင်ဖြင့်၊ လက်ဖဝါး တစ်ချက် ပြန်၍ တွန်း ထုတ် ပစ်၏။ ရောင်ခြည် (၃၀၀၀) ဟူသည်၊ မတူညီသော တာအိုများ ဖြစ်သည်။

“ ဖပ် ... ။ ”

၎င်းတို့က ရူရ်ပေါင်း (၃၀၀၀) ပါဝင်သည့် လက်ကြီး တစ်ဖက်အဖြစ်၊ ထွက်ပေါ် လာသည်။ ထျန်ရွှမ်ဇီ၏ သူတော်စင် ရောင်ဝါကို ဖျက်ဆီး ကာ၊ အဝေးသို့ တွန်းထုတ် ပစ်၏။

“ ကောင်းကင် သူတော်စင် ချပ်ဝတ်။ ”

ထျန်ရွှမ်ဇီ မျက်ဝန်း များ၌၊ မုန်းတီး နာကြည်းမှုများ ဖြစ်ပေါ် လာသည်။ အရိုးများ ကြေမွှလျက်၊ သွေးများ ယိုစိမ့် သွား၏။

လင်းယွန် သည်လည်း ယိမ်းထိုးလျက်၊ ဝိညာဉ်ကို ဆွဲထုတ် ခံလိုက်ရ သကဲ့သို့၊ သူ့ကမ္ဘာ ကြီး၊ ချာချာလည် သွားသည်။

“ ဟိတ် ... ။ ”

သို့သော် ပြတ်သားသော ခံယူချက်ဖြင့်၊ အံကြိတ်ပြီး ကောင်းကင်ပေါ် ခုန်တက် လိုက် သည်။

“ ဘုန်း ... ။ ”

သည့်နောက် မဆိုင်းမတွ လက်ဖဝါးဖြင့် ရိုက်ချ ပစ်သည်။ ထျန်ရွှမ်ဇီ ခမျာ ခုခံ ကာကွယ် နိုင်ခြင်း မရှိ ခဲ့ချေ။

မဟာ သူတော်စင် တစ်ပါးသည်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ရှေ့၌ စွမ်းအားမဲ့ နေတော့၏။ ယင်းက အဓိပ္ပါယ် မရှိချေ။

“ ဒါက ဘာလို ရတနာ မျိုးလဲ၊ ငရဲ နတ်ဘုရား မိသားစု ပထမ ဘိုးဘေးကို သတ်ပြီး တာတောင်၊ သုံးနိုင် နေတုန်းလား။ ”

“ ဒီရတနာက တစ်ခါ သုံးပြီးရင်၊ စွမ်းအားတွေ ယုတ်လျော့သွား လို့သာပေါ့၊ မဟုတ်ရင် ထျန်ရွှမ်ဇီ သေနေပြီ။ ”

“ လင်းယွန်လည်း ကြာကြာ ခံနိုင်တော့ မဟုတ်ဘူး၊ သူ့ဆရာ အတွက် အသက် ပေးမဲ့ ပုံရှိတယ်။ ”

“ ဘာပဲ ဖြစ်ဖြစ် ... ၊ သူ့လုပ်ရပ်က ခွန်လွန်ကို ကိုင်လှုပ်ဖို့၊ လုံလောက် ပါတယ်။ ”

ဤမြင်ကွင်းကြောင့် လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်ကုန်၏။ လင်းယွန်မှာ ပြတ် သားချေပြီ။ နောက်ထပ် လက်ဖဝါး တစ်ချက် ထုတ်ဖော် လိုက်သည်။

“ ဘုန်း ... ။ ”

သို့သော် အရိုက် ခံရသော ထျန်ရွှမ်ဇီမှ၊ ပြုံးလာ ခဲ့လေသည်။ ပထမ အကြိမ် လက်ဖဝါး ဖြင့်၊ သူ့ အသက်ကို မယူနိုင် သည့်နောက်၊ သေတော့မည် မဟုတ်ချေ။

“ မဟာ သူတော်စင် တစ်ပါးကို ... ၊ လွယ်လွယ်နဲ့ သတ်ပစ် နိုင်တဲ့၊ ဒီလို ရတနာက ဘယ်လို၊ ရတနာမျိုး ဖြစ်မလဲ၊ ...

... ငါ့ကိုသာ သတ်ဖို့၊ အရင် ရည်ရွယ် ခဲ့ရင်၊ အဲဒီ သူတော်စင် အိုကြီးလို သေမှာ၊ ကျိန်းသေ တယ်၊ အခုတော့ ... ။ ”

ထျန်ရွှမ်ဇီ စကား မဆုံးခင်၊ လင်းယွန် လက်ဖဝါး ကျရောက် လာသည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

ထျန်ရွှမ်ဇီက သွေး များကို မသုတ်ဘဲ၊ လင်းယွန်၏ လက်ဖဝါးချက် များအား၊ ပြုံးလျက် ခံယူ လေသည်။

ထို့နောက် အရောင် ဖျော့လာသော ကောင်းကင် သူတော်စင် ချပ်ဝတ်ထံ ကြည့်ကာ၊ လောဘ ရောင်များ၊ တောက်ပ လာ၏။

“ ငါလည်း မင်းကို ကျေးဇူးတင် ရမယ်၊ မင်းကြောင့်သာ မဟုတ်ရင် ... ၊ အဲဒီ ဆိတ်အို ကြီးကို၊ ဖယ်ရှားဖို့ အခက်တွေ့ နိုင်တယ်၊ အခု တော့ သက်တံဓားပါ အဆစ် သေရပြီ။ ”

“ မင်း ... လူယုတ်မာ ... ။ ”

လင်းယွန်၏ အကြည့်များ အေးစက်လျက်၊ မျက်ဝန်းမှ သွေးများ စီးကျ လာကာ၊ လက်သီး နှင့်၊ ထပ်မံ ထိုးချ ပစ်သည်။

ကောင်းကင် သူတော်စင် ချပ်ဝတ်၌၊ အလင်းများ လင်းလက်ပြီး၊ ရောင်ခြည် (၃၀၀၀) ပျံထွက် တော့မည့် အချိန်တွင်၊ ထျန်ရွှမ်ဇီက သူ့လက်သီးကို ဖမ်းဆုပ် တော့၏။

“ ကောင်းကင် တိမ်လွှာကျမ်း — အပြန်အလှန် ချိတ်ဆက် နေသော စကြာ ဝဠာ ကြီး။ ”

လင်းယွန် ခန္ဓာကိုယ် ထဲမှ ပျံထွက် တော့မည့်၊ ရောင်ခြည် (၃၀၀၀) ခမျာ၊ အတင်း အကျပ် ပြန်သွင်းခြင်း ခံလိုက် ရသည်။

“ မျှော်လင့် ထားတဲ့ အတိုင်းပဲ၊ မင်းက ကောင်းကင် သူတော်စင် ချပ်ဝတ်ရဲ့ ... ၊ အသိ အမှတ် ပြုမှုကို မရသေး ပါဘူး၊ နဂါး သွေးလွှတ်ကြော လေးနဲ့၊ ...

... ဒါကို ထုတ်ပြ ရဲ လောက်အောင်၊ သေချင်နေ တာပဲ၊ မင်းနဲ့ မင်းဆရာ ဆက်ဆံ ရေးကို ... ၊ ငါ နားမလည် နိုင်တော့ဘူး၊ အခု တော့ နှစ်ယောက် လုံးက၊ ငါ့လက်မှာ သေဖို့ ကံပါ လာပြီ၊ ဟား ဟား ဟား ... ။ ”

ထျန်ရွှမ်ဇီက လှောင်ပြောင် ရယ်မော လိုက်သည်။ ပြီးနောက် ခေါင်းကို ခါယမ်းမိ တော့၏။

သဘာဝ ဒြပ်ငါးပါး စွမ်းအင် စက်ဝန်း၊ ပေါ်လာကာ၊ ကြောက်မက်ဖွယ် ကောင်းသော ဖိအားများ၊ သက်ဆင်း လာ လေသည်။

“ မ လုပ် နဲ့ ... ။ ”

ညာလက်နှင့် လင်းယွန် လက်သီးကို ဖမ်းပြီး၊ ဘယ်လက်၌ ဒြပ်စင် ငါးပါး စက်ဝန်း ထုတ်ဖော် နေ သဖြင့်၊ သက်တံဓား သူတော်စင်မှာ၊ စိုးရိမ် သွားသည်။

“ ဝေါ့ ... ။ ”

ကူညီရန် ခြေ တစ်လှမ်း လှမ်းတက် လိုက်သော်လည်း၊ သွေး တစ်လုတ် အန်လျက် လဲကျ သွား၏။

လင်းယွန် သည်လည်း၊ လွတ်မြောက်ရန် မဖြစ် နိုင်ကြောင်း သိလိုက် ရလေရာ၊ မျက်နှာ ပျက်ယွင်း သွားသည်။

သူ့ ခန္ဓာကိုယ် အတွင်းရှိ၊ မိုးပြာ နဂါး ကောင်းကင် သူတော်စင် တံဆိပ် သည်လည်း၊ တဖြည်းဖြည်း မှိန်လာပြီ ဖြစ်၏။

ထိုတံဆိပ်သည်၊ ကောင်းကင် ချပ်ဝတ် အပေါ် ထိန်းချုပ် ရပြီး၊ ငရဲ နတ်ဘုရား မိသားစု ပထမ ဘိုးဘေးကို သတ်ပြီး ကတည်းက၊ မတည် မငြိမ် ဖြစ်လာခြင်း ပေပင်။

“ မင်း ... အချိန် ကျပြီ။ ”

ထျန်ရွှမ်ဇီက လက်ကို ဖြန့်ချ လိုက်ရာ၊ လေဟာနယ် ကွဲထွက် သွားပြီး၊ လှိုင်းများက လင်းယွန်ထံ ရိုက်ခတ် တော့သည်။

လက်ဖဝါး ပေါ်၌၊ အနက်ရောင် စက်လုံး ဖြစ်လာကာ၊ မြင်ရ သူတိုင်းကို ကျောရိုးများ အေးစက် စေ၏။

“ ထျန်ရွှမ်ဇီ ... ၊ ဒီနေ့ ငါ မသေရင် မင်း အသက်ကို လာယူမယ်။ ”

လင်းယွန်က ထျန်ရွှမ်ဇီအား စိုက်ကြည့်လျက် အံကြိတ်ကာ ပြောလိုက်သည်။

“ အိုး ... ဒါပေမယ့် ... ၊ မင်းမှာ အဲဒီ အခွင့် အရေးမျိုး မရှိ တော့လို့၊ စိတ်မကောင်း ပါဘူး၊ ကျန့်ကျင်းရှန် ကိုတောင် ... ၊ ကြီးပြင်း ခွင့် မပေးတာ၊ အခု မင်းကို လည်း၊ ...

... အတူတူပဲ၊ ဒါပေမယ့် ... မင်းက ငါ ထင်ထား တာထက်၊ ပိုဖြေရှင်းရ ခက်နေတယ်၊ ကောင်းကင် အမိုးဓား၊ နဂါးပြာ အရိုး၊ ...

... မိုးပြာ နဂါး နေ-လ ထီးနဲ့၊ ကောင်းကင် သူတော်စင် ချပ်ဝတ် အပြင်၊ မင်းမှာ ... ဘာကျန် သေးလဲ ငါ သိချင်သား ... ။ ”

နောက်ဆုံးတွင် အနက်ရောင် စက်လုံးမှာ၊ ကမ္ဘာပေါ်ရှိ အရာ အားလုံးကို ဝါးမျိုနိုင် သကဲ့သို့၊ ခံစားချက်မျိုး ပေးစွမ်း လာ၏။

၎င်းသာ ပေါက်ကွဲသော်၊ မည်မျှ ကြောက်စရာ ကောင်းမည်ကို၊ စိတ်ကူး မယဉ် နိုင် တော့ချေ။

“ ဒီနေ့ ... ၊ မင်းကို ဘယ်သူမှ မကယ်နိုင် တော့ဘူး။ ”

စကားဆုံး သည်နှင့် အနက်ရောင် စက်လုံးဖြင့် ပစ်ခတ်ရန်၊ လက်အား လေပေါ် မြှောက်လိုက် တော့သည်။ သို့သော် လက်မှာ လိုက်ပါ မလာ ခဲ့ချေ။

မည်မျှပင် ကြိုးစားစေ ကာမူ၊ မလှုပ်ရှား နိုင်တော့ သည်ကို သိလိုက် ရသဖြင့်၊ မျက်နှာ ပြောင်းသွား တော့သည်။

ထို့ကြောင့် အပြန် အလှန် ချိတ်ဆက် နေသော စကြာဝဠာ အတွင်းမှ၊ လင်းယွန် ခမျာ ထွက်ပြေး လွတ်မြောက် သွား၏။

“ ဘယ်သူလဲ ... ၊ ဘယ်ကောင် ငါ့ကို လာရှုပ်နေ တာလဲ၊ သတ္တိ ရှိရင် ထွက်လာစမ်း၊ မဟုတ်ရင် မင်း ... ဖျင်ကို၊ ငါ လာကန်မယ်။ ”

အကြံစည်များ ပြီးမြောက် တော့မည် အချိန်တွင်၊ နှောက်ယှက်ခံ ရသဖြင့်၊ ထျန်ရွှမ်ဇီ တစ်ယောက် ယဉ်ကျေး မနေနိုင် တော့ချေ။

ရောင်ဝါကို ထုတ်လွှတ်ပြီး၊ ပတ်ဝန်းကျင် အား၊ စုံစမ်း သည်။ သို့သော် ရုတ်တရက် ခံစားမှု တစ်စုံ တစ်ရာကြောင့်၊ ရောင်ဝါအား ချက်ချင်း ပြန်ရုတ် လိုက်မိ၏။

“ ငါ ... ။ ”

ထို့စဉ် ပြတ်သားသော ဖြေဆို သံကြောင့်၊ လှည့်ကြည့် လိုက်မိရာ၊ သက်တံဓား သူတော်စင် ဘေးတွင်၊ ထိုင်နေသော လူ တစ်ယောက်ကို တွေ့လိုက် ရသည်။

ခန္ဓာ ကိုယ်မှ ပျံထွက် နေသည့်၊ မက်မွန်ပွင့် များ ရပ်တန့် သွားပြီး၊ သက်တံဓား မျက်နှာတွင် သွေးရောင် ပြန်လွှမ်း လာ၏။

အချိန်များ ရပ်တန့် သွားခြင်း ပေပင်။ ထို့ကြောင့် ခန္ဓာ ကိုယ်မှ ယိုစိမ့်ထွက် နေသော စွမ်းအင်များ ငြိမ်သက် သွားခြင်း ဖြစ်သည်။

နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ၊ ပြုံးပြနေ ကြသည်။ ထိုမြင်ကွင်းက ထျန်ရွှမ်ဇီအား သေချင်စိတ် ပေါက်စေ၏။

‘ငါ’ ဟူသော ထိုသူသည်၊ ခွန်လွန်၌ အသန်မာ ဆုံးသော ဓားသမား၊ ယုချင်းဖန် ဖြစ် နေတော့သည်။

မောက်မာမှုများ ချက်ချင်း ပျောက်ကွယ် သွားကာ၊ တုန်လှုပ် ချောက်ချားမှုများ အစားထိုး ဝင်လာသည်။

နှုတ်ခမ်းများ တုန်ယင်လျက် အသံ မထွက်နိုင် ခဲ့ချေ။ လက်ဖဝါး၌ အနက်ရောင် စက်လုံးအား ဖန်တီးလျက်၊ အဆင် မပြေစွာ တောင့်တောင့်ကြီး ရပ်နေမိ တော့သည်။

***

All Chapters