ဒီမှာ ... ခဏ နေခဲ့ကြ။
Vol. 120 Ch. 1668
ထျန်ရွှမ်ဇီ ခမျာ၊ အလွန် တုန်လှုပ် ချောက်ချား သွားပြီး၊ ပရိသတ် များပင် ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။
အဆုံးတွင် ဓားဧကရာဇ် ယုချင်းဖန်မှာ ခွန်လွန်၏ အသန်မာဆုံး ဂန္တဝင် ဓားသမား တစ်ဦး ဖြစ်၏။
ဓား နတ်ဘုရား အဆင့်နှင့်၊ အနီးစပ် ဆုံး ဖြစ်ကာ၊ အမှောင် ခေတ်ကို အဆုံးသတ် ပေးခဲ့ သူလည်း ဖြစ်သည်။
ထို့ကြောင့် ခွန်လွန်ရှိ လူတိုင်း၊ ၎င်း၏ ဒဏ္ဍာရီကို ကြားသိ ကြီးပြင်း ခဲ့သည်။ ဧကရာဇ် ကိုးပါး အနက်၊ တောင်ပိုင်း ဧကရာဇ်သည် အသန် မာဆုံး ဖြစ်သော်လည်း၊ ဓားဧကရာဇ် ကိုသာ၊ လူကြိုက် အများဆုံး ဖြစ်သည်။
ပြိုင်ဘက်ကင်း ဓားသမား ဖြစ်ကာ၊ တစ်ကိုယ်တည်း နေထိုင် သဖြင့်၊ အထီးကျန် ဝံပုလွေ ဟူသော အမည်လည်း ပေးထား ကြသည်။
ဓားသမား များ၏ နှလုံးသားတွင်၊ သူ့ တည်ရှိမှုသည်၊ နတ် ဘုရားနှင့် မခြားချေ။ နတ် နဂါး ခေတ်၌၊ လူတိုင်း အိပ်မက်နောက်၊ လိုက်ခဲ့ ကြရာ၊ ယုချင်းဖန်သည် ဓားသမားများ အတွက်၊ အိမ်မက် ဖြစ်သည်။
ခဏ အကြာတွင် ထျန်ရွှမ်ဇီက သတိ ဝင်လာပြီး၊ သူ့ လက်ထဲရှိ အနက်ရောင် စက်လုံး အား၊ ဖယ်လိုက်သည်။
ဒဏ္ဍာရီ ပုဂ္ဂိုလ် ရောက်ရှိ လာသဖြင့်၊ အရာအားလုံး ပြီးဆုံး သွားပြီဟု၊ အဓိပ္ပါယ် ရ သည်။ ဤပုဂ္ဂိုလ်အား နတ်နဂါး အင်ပါယာ မှပင်၊ လွန်ဆန် နိုင်သည် မဟုတ်ချေ။
“ မင်း ... လိမ္မာတယ်၊ ဒါပေမယ့် ... စောစောက ငါ့ဖျင်ကို ကန်မယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ”
ယုချင်းဖန်မှ ပြုံးလျက် မေးသည်။ ထိုမေးခွန်းကြောင့် ထျန်ရွှမ်ဇီ မျက်နှာ ချက်ချင်း ပြောင်းသွား၏။
“ ကျွန်တော် ရိုင်းပျ မိပါတယ်၊ ဒါကလည်း ရှေးဟောင်း ပျက်သုဉ်း မြေမှာ ရှိတဲ့ .. လူတွေကို ရည်ရွယ် တာပါ။ ”
“ အိုး ... ဒါဆို ငါက ရှေးဟောင်း ပျက်သုဉ်းမြေက၊ မဟုတ် ဖူးလို့၊ မင်း ပြောချင် တာလား၊ ဒီနယ်မြေကို ဘယ်သူ သိမ်းယူ ထား တာလဲ၊ မင်း မေ့နေ ပုံပဲ။ ”
ယုချင်းဖန် စကားကြောင့်၊ ထိတ်လန့် သွားပြီး၊ ထျန်ရွှမ်ဇီ ခမျာ အသံ ထွက်ဝံ့ခြင်း မရှိ တော့ချေ။
“ ငါ့ အဆင့်နဲ့ ... မင်းကို အရေး ယူဖို့၊ မထိုက်တန် ပေမယ့်၊ ဘာမှ မလုပ်ပဲ ထားရင်၊ ငါကို ပျော့ညံ့ တယ်လို့၊ ထင်ကြ ဦးမယ်။ ”
“ ဂျူနီယာက စော်ကားဖို့ ရည်ရွယ်ချက် မရှိပါဘူး စီနီယာ ... ကျေးဇူးပြုပြီး၊ ခွင့်လွှတ်ပေး ပါ။ ”
“ နောက်ကျ သွားပြီ။ ”
လက်ဖဝါး တစ်ချက် ထျန်ရွှမ်ဇီထံ ရိုက်ချ လိုက်သည်။ လက်ဖဝါးမှ ပြဒါး ကဲ့သို့ ဓားများစွာ ပျံထွက် လာ၏။
“ မ လုပ် ပါ နဲ့ ... ။ ”
ထျန်ရွှမ်ဇီက ထိတ်လန့်စွာ၊ အော်ဟစ် လိုက်သည်။ သူတော်စင် သွေးလွှတ် ကြောမှာ၊ တတိတိ ပြတ်တောက် သွားတော့၏။
အသက် တရှိုက်စာ အတွင်း၊ ခန္ဓာကိုယ် အနှံ့မှ သွေးများ စီးကျ လာလျက်၊ မြေပြင်ပေါ် လဲကျ သွားသည်။ အငွေ့ အသက်များ ကျဆင်း လာကာ၊ မျက်နှာ ဖြူဖျော့ သွား တော့၏။
“ မင်းရဲ့ သူတော်စင် သွေးလွှတ်ကြော ခုနစ်ကြောကို ... ငါ ဖျက်ဆီး လိုက်ပြီ၊ ဒါကြောင့် ကျင့်ကြံမှု နှစ်တစ်ရာ ... နောက် ပြန်ဆုတ် သွား လိမ့်မယ်၊ မင်း ဘာပြော စရာ ရှိသေးလဲ။ ”
ယုချင်းဖန်မှ မေးသည်။
“ အသက် ချမ်းသာ ပေးတဲ့ အတွက်၊ ကျေးဇူး တင်ပါတယ် စီနီယာ ... ။ ”
ထျန်ရွှမ်ဇီက အံကြိတ်လျက်၊ ဒူး တစ်ဖက် ထောက်ချ လိုက်ပြီး၊ ခေါင်းငုံ့ သွားတော့သည်။ ဤအပြစ် ဒဏ်သည် ကြောက်စရာ သော ကြောင့်၊ လူတိုင်း တုန်လှုပ် လာကုန်၏။
ကောင်းကင်ယံ ဂိုဏ်း၏၊ သူတော်စင် သခင် များမှာ၊ စကား တစ်ခွန်းမျှ မပြောရဲ ကြတော့ဘဲ၊ ခေါင်းငုံ့ သွားကုန်သည်။
“ အကူ အညီ အတွက်၊ ကျေးဇူး တင်ပါတယ် စီနီယာ ... ။ ”
လဲကျ နေရာမှ၊ လင်းယွန်က ကုန်းရုန်း ထရပ်ပြီး၊ ကျေးဇူးတင် စကားဆို မိလေသည်။ ယုချင်းဖန်မှ အထင် အမြင် သေးစွာဖြင့်၊ သတိ တရ လှည့်ကြည့် လာသည်။
“ ဓားတစ်ချက် တည်းနဲ့ ... ဖြေရှင်း လို့ရတာကို ဘာလို့ ဒီလောက် ဒုက္ခများ နေရ တာလဲ။ ”
ကောင်းကင် ချပ်ဝတ်ကို ထုတ်ဖော် ထာဆဲဖြစ်သော လင်းယွန်ထံ စိုက်ကြည့်ကာ၊ ယုချင်းဖန်မှ မေးပြော ပြော၏။ ပြီးနောက်၊
“ ဒီချပ်ဝတ် ... အဓိပ္ပာယ်က ဘာလဲ မင်း သိလား၊ အခု သိမ်းပြီး ထွက်သွား ...၊ မဟုတ်ရင် ငါ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး။ ”
“ ဒါပေမယ့် ဆရာ ... ။ ”
လင်းယွန်မှ ယုချင်းဖန် ဘေးရှိ သက်တံဓား သူတော်စင်ထံ ငုံ့ကြည့်သည်။
“ မသေ ပါဘူး ... ၊ ဓားဂိုဏ်းဆီ ငါ ပြန်ပို့ ပေးလိုက်မယ်၊ ဒါပေမဲ့ ... ဒီဒုက္ခကို ဖြတ်ကျော် နိုင်မလား ဆိုတာတော့ ... သူ့ အပေါ်ပဲ၊ မူတည်တယ်။ ”
ထိုစကားကြောင့် လက်ဝှေ့ ယမ်းပြီး၊ ပန်းသင်္ချိုင်း ဓားကို ပြန်ခေါ်ကာ၊ လင်းယွန်က ဆရာ သခင်ထံ၊ တစ်ချက် ကြည့်သည်။
“ လင်းယွန် ရင်ခုန်ထား ... ၊ ဒီဧကရီက နင့်ကို ခေါ်သွား ပေးမယ်။ ”
ခရမ်းငယ်မှ ကောင်းကင်ပေါ် ခုန်တက်ကာ အော်လိုက်သည်။ နဖူး ပေါ်ရှိ နတ်ဘုရား ရူရ်(၂) လုံး ရောယှက် သွားကာ၊ နှင်းများ ကျဆင်း လာ တော့၏။
“ နှင်းတွေ ကျလာ တာလား ... ။ ”
လူများ စွာက သံသယ ဖြင့် ကျဆင်း နေသော နှင်းများကို၊ လက်ဆန့် ဖမ်းယူ လိုက် ကြ၏။
ဤအခိုက်တွင် ငယ်ရွယ် သော်လည်း၊ ပြေပြစ် လက်ရာ မြောက်လှသော ခရမ်းငယ်ကို သတိထား မိလာသည်။
“ ကျီး ... ။ ”
ထို့နောက် ဖီးနစ် အော်မြည် သံနှင့် အတူ၊ ခရမ်းရောင် ရေခဲ စာကလေး အဖြစ် ပြောင်းလဲ ကာ၊ လင်းယွန်ထံ ထိုးဆင်း လိုက်သည်။
“ ဝှစ် ... ။ ”
ရေခဲ စာကလေး အဖြစ် ပြောင်းလဲစဉ်၊ ပြုတ်ကျ လာသော ကျောက်စိမ်း ဝါးပလွေကို လင်းယွန်မှ ဖမ်းယူလျက်၊ ကျောပေါ် ခုန်တက် မိ၏။
ဤသို့ဖြင့် အရာ အားလုံး ပြီးဆုံးသွား ခဲ့သည်။ သက်တံဓား သူတော်စင် အသက်ရှင် နေကာ၊ ကောင်းကင်ယံ ဂိုဏ်းမှ ရှုံးနိမ့်သွား တော့သည်။
လင်းယွန်မှာ ထွက်သွား လိုခြင်း မရှိချေ။ မိတ်ဆွေ များနှင့် ဓားဂိုဏ်းသည် သူ့အိမ် ဖြစ် သည်။
ဓားဂိုဏ်းသို့ ဝင်ရောက်စဉ်၊ သူတော်စင် ရေကန် အတွင်း ဆင်းသက် ပုံ၊ ကန့်ကွက်မှုများ ကြားမှ၊ ကောင်းကင် တပည့် ရာထူး ပေးအပ် ခံရပုံ စသည်ဖြင့်၊ တစ်စ တစ်စ ပြန်မြင်ယောင် လာသည်။
သူ့ဆရာမှာ ပယင်း ကမ္ဘာ၌၊ ကောင်းကင်ဘုံ ဓားနန်းတော်ကို တည်ထောင် ခဲ့သော ဘိုးဘေး ကျန့်ဝူမင် လည်း ဖြစ်သည်။
ထိုလျှို့ဝှက်ချက်ကို သူတို့ နှစ်ဦးသာ သိ၏။ ပါးပြင်ပေါ် မျက်ရည် တစ်စက် စီးကျ လာသည်။ ဤတစ်သက် သူ့ကိုယ်သူ ပုန်းလျှိုး ကွယ်လျှိုး ဖြင့်၊ နေရပေ တော့မည်။
ထိုအတွေးကြောင့် နတ်ကျောက်စိမ်း ပုလွေကို ဆုပ်ကိုင် ထားသော သူ့လက်များ တုန်ရီ လာသည်။
ဆရာ သခင်သည် ဧကရာဇ် ဖြစ်မလာ သကဲ့သို့၊ ထျန်ရွှမ်ဇီ သည်လည်း၊ မသေ ခဲ့ချေ။ ထို့ကြောင့် ဓားဂိုဏ်းသို့ ပြန်ရန် မျှော်လင့်ချက် မရှိ သေးချေ။ လည်ပြန် လှည့်ကြည့်ကာ၊
“ ဆရာ တပည့် ပြန်လာမယ်၊ ဧကရာဇ် နယ်ပယ်ကို ဆရာ ... ချိုးဖြတ် နိုင်တယ် ဆိုတာ ကျွန်တော် ယုံတယ်၊ ထျန်ရွှမ်ဇီ ... ဒီနေ့ ငါ မသေရင်၊ မင်း အသက်ကို လာ ယူမယ်။ ”
-အော်ဟစ် လိုက်တော့သည်။
လေထဲ ပဲ့တင်ထပ် လာသော ထိုအသံ ကြောင့်၊ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ် ကိုင်လျက်၊ သက်တံဓား သူတော်စင် ခမျာ၊ မျက်ရည် ကျလာသည်။
ထို့နောက် ဧကရာဇ် ဖြစ်ရမည် ဟုလည်း၊ စိတ်ပိုင်း ဖြတ်မိ၏။ သို့သော် မျက်ရည်မှာ ကျ မလာနိုင် သကဲ့သို့၊ သူ့တပည့် ကိုလည်း ကတိ ပြန်မပေး နိုင်ခဲ့ချေ။
အနား၌ အချိန်များ လုံးဝ ရပ်တန့်သွား သဖြင့်၊ ဒူးတစ်ဖက် ထောက်လျက်၊ အသက် မဲ့ နေသူ ကဲ့သို့၊ ငြိမ်သက် သွားတော့သည်။
လင်းယွန် ထွက်ခွာ သွားရာ အရပ်သို့၊ ထျန်ရွှမ်ဇီမှ လှမ်းကြည့်သည်။ ၎င်း ပြန်လာခဲ့ မည်လော။ ယင်းသို့ ဆိုက ပိုအဆင် ပြေမည်။
“ ခရစ် ... ။ ”
ထို့စဉ် ကောင်းကင် အက်ကွဲလျက်၊ အလင်းတန်း လေးခု တောက်ပ လာ ပြီးနောက်၊ ကြောက်မက်ဖွယ် ရောင်ဝါများ ပြန့်ကျဲ သွားသည်။
ယင်းကြောင့် လူတိုင်း ဒူးထောက် ကျသွား၏။ ဤသည်မှာ မီး၊ ဓားမော့၊ အဖြူနှင့် အမည်း၊ ဧကရာဇ်တို့ ဖြစ်သည်။
ဧကရာဇ် (၉) ပါး အနက်၊ (၅)ပါးအား မြင်လိုက်ရ သဖြင့်၊ လူတိုင်း စိတ်လှုပ်ရှား ကုန် တော့သည်။
သို့သော် ရောက်ရှိ လာသည့် ဧကရာဇ် (၄)ပါးသည် အနည်းငယ် သနားဖွယ် ကောင်း နေ၏။
သူတို့က ယုချင်းဖန်အား ကြည့်နေ သဖြင့်၊ ဤမလာခင် တစ်စုံ တစ်ရာ ဖြစ်ပျက် ခဲ့မည်ကို လူတိုင်း ပြောနိုင် လေသည်။
“ မင်း ... တကယ် ရက်စက် တာပဲ။ ”
ဓားမော့ ဧကရာဇ်က ထျန်ရွှမ်ဇီ အနားသို့ လျင်မြန်စွာ ဆင်းသက်လိုက်ပြီး၊ ဒဏ်ရာ များကို စစ်ဆေး တော့သည်။
“ လင်းယွန်မှာ ကောင်းကင် သူတော်စင် ချပ်ဝတ် ရှိတယ်၊ သူက ငရဲ နတ်ဘုရား မိသားစု ပထမ ဘိုးဘေးကို သတ် ခဲ့တယ်။ ”
ထျန်ရွှမ်ဇီက ရင်ဘတ်ကို ဆုပ်ကိုင် လျက်မှ၊ သတင်း ပေးလိုက်သည်။
“ မင်း သေချာ လား ... ။ ”
ထိုသတင်း စကားကြောင့်၊ ဓားမော့ ဧကရာဇ် မျက်နှာ ပြောင်းလဲ သွားတော့၏။ ထျန်ရွှမ်ဇီက အံကြိတ်လျက် ဆက်ပြောသည်။
“ ဒီမှာ ... ရှိတဲ့ လူတိုင်း၊ သက်သေ ခံနိုင်တယ်။ ”
အဖြူနှင့် အမည်း ဧကရာဇ် များက၊ ယုချင်းဖန်အား၊ မျက်ဝန်း မှေးစင်းလျက် လှည့် ကြည့် လေသည်။
ဧကရာဇ် အဖြူက ဝိုင်အိုးကို ထုတ်သောက် ပြီးနောက်၊
“ အဖြူ ... ဝိုင် မသောက်ဘူး။ ”
-ဟု ရေရွတ် လိုက်၏။
“ အမည်း လူ မသတ်ဘူး ... ။ ”
အမည်း ဧကရာဇ် မှလည်း၊ အေးစက်စွာ ပြောတော့သည်။ မီး ဧကရာဇ် မှာမူ၊ လင်းယွန် ထွက်သွားရာ၊ အရပ်ထံ လှည့်ကြည့်၏။
ယခု အချိန် လိုက်ဖမ်းမည် ဆိုပါက မီနိုင် သေးသည်။ ချန်ဇီလောင်မှ၊
“ ယုချင်းဖန် ... ဒီကောင်လေးကို လွှတ်ပေးလိုက် တာတော့ ထားပါ၊ ကောင်းကင် သူတော်စင် ချပ်ဝတ် ကိုရော ဘာလုပ် မလဲ၊ ဒါသာ ဝိညာဉ် နတ်မိစ္ဆာ မိသားစု လက်ထဲ ကျရောက် သွားရင်၊ ...
... မင်း တာဝန် ယူမှာလား ... ၊ သူ့ကို ဂရုစိုက် မနေနဲ့ ... ၊ အဲဒီ ကောင်လေး နောက် လိုက်ရ အောင်၊ ဒီအဆင့် ရတနာ မျိုးက၊ နတ် နဂါး အင်ပါယာ လက်မှာသာ ရှိသင့်တယ်။ ”
-ဟုဆိုလျက် ကျန်သူ များကို ဆော်ဩ လိုက်သည်။
ထိုစကားကြောင့် ယုချင်းဖန်မှ ပြုံး၏။
“ မိုးနဲ့ နှင်း တွေက၊ တံတားပေါ် ရွာကျ နေတဲ့ အချိန်၊ ကောင်းကင်မှာ လမင်း တစ်စင်း တောက်ပ နေတယ်၊ ... ”
ကဗျာ ရွတ်သံနှင့် အတူ၊ ကောင်းကင်ကြီး မှောင်ကျ သွားကာ၊ လတစ်စင်း ထွက်ပေါ်လာ လေသည်။
တစ်ချိန်တည်း မှာပင်၊ ထိုလမင်း ထံသို့၊ မြေပြင်မှ တံတား တစ်စင်း ထိုးတက်သွား တော့ သည်။ ယုချင်းဖန်မှ ပြုံးလျက် ထရပ် လိုက်ရာ၊ နှင်းများ ကျဆင်း လာ တော့၏။
... ငါ့ နှလုံးသားက လမင်းနဲ့ တူတာ၊ ဘယ်သူများ သိလို့လဲ ... ၊ ပန်းချီကား ထဲမှာ ... ဘယ်သူ ပြုံးနေ တာလဲ ... ၊ ငါ့ အနားမှာ ဘယ်သူ တွေရှိလဲ၊ ...
... ငါ မင်းတို့ကို စောင့်နေတာ ... ၊ ငါ ကာကွယ် ပေးလိုတဲ့ ... လူ တစ်ယောက်ကို ...၊ ဘယ်သူမှ ခေါ်မသွား နိုင်ဘူး၊ ဧကရီ ကိုယ်တိုင် ဆင်းလာ ရင်တောင်၊ ချွင်းချက် မရှိဘဲ၊ မင်းတို့ လေးယောက်လုံး ပန်းချီကား ထဲမှာ၊ ခဏ လောက် နေခဲ့ ကြဦး။ ”
စကားဆုံး သည်နှင့်၊ သက်တံဓား သူတော်စင်အား လက်ဆွဲကာ၊ တံတားပေါ် လှမ်းတက် လိုက်၏။ လမင်း အတွင်း မဝင်ခင် ပြန်လှည့် ကြည့်ကာ ပြုံးပြ လေသည်။
လမင်းထံ ထိုးထားသော တံတား ပျောက်ကွယ် သွားပြီး၊ လူ လေးယောက် အပေါ်၊ နှင်းများ တဖွဲဖွဲ ကျဆင်း လာတော့၏။
***