← Chapters

ဘာဆက် လုပ်မလဲ။

Vol. 120 Ch. 1669

ဘာဆက် လုပ်မလဲ။

Vol. 120 Ch. 1669

ဓားဂိုဏ်း၏ သူတော်စင် တောင်တန်း ပေါ်သို့၊ ယုချင်းဖန်နှင့် သက်တံဓား သူတော်စင် ဆင်းသက် လာသည်။

သို့မှသာ သက်တံဓား သူတော်စင် ပတ်ဝန်းကျင်တွင် ရပ်တန့် နေသော အချိန်များ ပြန်လည် စတင် လာ၏။

အိုမင်း သွားသော အသွင်ဖြင့်၊ သက်တံဓား သူတော်စင်က၊ သက်ပြင်း တစ်ချက် ချလိုက် သည်။

“ မင်းဓားက ... ဘယ် နယ်ပယ် မှာလဲ။ ”

ယုချင်းဖန်၏ ဓား ရည်ရွယ်ချက်သည် သူ့ဇရာ ကိုပင်၊ ရပ်တန့် ပေးထား နိုင်၏။ ဆိုလို သည်မှာ အချိန်သည် ထိုဓား ရည်ရွယ်ချက်အား တိုက်စား နိုင်ခြင်း မရှိ ခဲ့ချေ။

ယုချင်းဖန်က မေးခွန်းကို မဖြေမီ အနည်းငယ် စဉ်းစား လိုက်ပြီး၊

“ ထျန်ရွှမ်ဇီကို ... ၊ မင်း ခုတ်ခဲ့တဲ့ နောက်ဆုံး ဓားထက် နည်းနည်း ပိုမြင့်တယ်။ ”

“ နဝမတန်း အထက် ... ။ ”

သက်တံဓား သူတော်စင်မှာ အံ့သြ တကြီး ရေရွတ် လိုက်မိ၏။ ယုချင်းဖန်မှ ပြုံးလျက် ထပ် မပြော တော့ချေ။

“ မျှော်လင့် ထားသလို ပါပဲ ... ။ ”

“ မင်း ဘာလို့ ... ၊ ဧကရာဇ် မဖြစ်သေး တာလဲ။ ”

ယုချင်းဖန်က ရုတ်တရက် မေးသည်။

“ မင်း ... အရည် အချင်းနဲ့ ... ၊ ဒီအဆင့်ကို ရောက်သင့် နေပြီ။ ”

“ ငါ လုပ်နိုင် ပေမယ့်၊ မလုပ်ချင် သေးဘူး၊ လွန်ခဲ့တဲ့ အနှစ် သုံးထောင်က၊ ငါ့ဆရာနဲ့ မင်းရဲ့ တိုက်ပွဲ ကိုသာ၊ ငါ မတွေ့ ခဲ့ရင်၊ ဒီခြေလှမ်းကို လှမ်းပြီး သွားပြီ၊ ဒါပေမယ့် ...

... ဧကရာဇ် တွေရဲ့ အစွမ်းကို မြင်ဖူးသူ တစ်ယောက် အတွက်တော့ ... ၊ ဘယ်တော့မှ ပြိုင်နိုင်မှာ မဟုတ်လို့၊ တွေးမိ လာတယ်။ ”

လေပြေ လေညင်းများ ရုတ်တရက် တိုက်လာပြီး သက်တံဓား သူတော်စင်၏ ဆံပင် များကို ပျံဝဲ လာစေသည်။

မက်မွန်ပွင့် အနည်းငယ် ရေကန်ထဲ လွင့်ကျသွား၏။ ယုချင်းဖန်က သူ့အနား လွင့်ဝဲ လာသော ပန်းကို ဖမ်းလိုက်သည်။

“ ဒါဆို ငါက အကြောင်း ပြချက်ပေါ့။ ”

လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က တောင်ထိပ် နှစ်ခုကို ဖြတ်တောက် လိုက်သည့် လုပ်ရပ်သည်၊ သက်တံဓား သူတော်စင် အတွက်၊ နတ်ဆိုး ဖြစ်စေ ခဲ့၏။

ပန်းပွင့်အား ပြန်၍ မြှောက်ပစ် လိုက်ပြီး၊ ယုချင်းဖန်မှ သက်ပြင်း ချကာ၊

“ ဒါဆို ရင်တော့ ... ငါလည်း မင်းကို မကူညီနိုင် တော့ဘူး၊ အဲဒီ တုန်းက ဓားကို နှစ်ပေါင်း သုံးထောင် ကုန်ပြီး တာတောင်၊ ငါ လွယ်လွယ် မသုံးနိုင် သေးဘူး၊ ...

... မင်း ဆရာလို ပြိုင်ဘက်မျိုး အခြား တစ်ယောက် မရှိဘူး၊ အခု ငါ့ ကျင့်ကြံမှု အတိတ် ထက် မြင့်မား လာတာတောင်၊ အဲဒီ တုန်းက ငါနဲ့ မယှဉ်နိုင် သေးဘူး၊ ငါ့မှာ တိုက်ပွဲဝင် ဝိညာဉ် ပျောက်နေတာ ကြာပြီ။ ”

လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က၊ အသုံးပြု ခဲ့သည့်၊ ထိုဓားအား ပြန်ရရန် မည်မျှ ခဲယဉ်းကြောင်း သူ သာလျှင် သိသည်။ ဘဝက တဖြည်းဖြည်း အထီးကျန် လာ၏။

“ ဒီခရီးက ကျေးဇူးကြွေး နှစ်ခုကို ... ၊ ပြန်ပေး ဆောင် တာပဲ၊ ဒါပေမယ့် ... အခုတော့ အချည်း အနှီး ဖြစ်သွားပုံ ရတယ်၊ သက်တံဓား ငါတို့ ရှင်းသွားပြီ၊ ထပ် မလာ တော့ဘူး။ ”

“ ဟုတ်ပါတယ် ... ၊ မင်းရဲ့ အကူအညီ အတွက်၊ ကျေးဇူး တင်တယ်၊ မဟုတ်ရင် ... ငါ့ တပည့် သေလိမ့်မယ်။ ”

သက်တံဓားက ယုချင်းဖန်ကို လေးလေး စားစား ကြည့်သည်။ ခွန်အားနှင့် ကျေးဇူး သိမှု အပေါ် အခြေခံကာ၊ ဤလူသည် ဓား ဧကရာဇ် ဘွဲ့ခံရန်၊ လုံးဝ ထိုက်တန် လေသည်။

ယုချင်းဖန်က ပြုံးလျက်၊ ထွက်ခွာ သွားသည်။ သို့သော် စကား အချို့က လေထဲ ပဲ့တင်၊ ကျန်ရစ် ခဲ့၏။

“ ကြယ်တာရာ လေ့လာရေး ... ၊ စင်မြင့် ကနေ၊ လမင်းကို ကြည့်ချင်တယ်၊ ဒါပေမယ့် ဓားဂိုဏ်းကို ငါ လာစရာ မလို တော့ဘူး၊ လာခဲ့ ရင်လည်း၊ မင်း ဧကရာဇ် ဖြစ်လာ တာကို၊ လာ ကြည့်တာပဲ ဖြစ်မယ်၊ ဒါပေမယ့် ... ။ ”

စကား မဆုံးခင် ယုချင်းဖန်မှာ အဝေး ရောက်သွားပြီ ဖြစ်သည်။ သူ့၌ ထိုအခွင့် အရေး ရှိတော့မည် မဟုတ်ဟု၊ ပြောလို ခြင်းလည်း ဖြစ်၏။

၎င်းက သက်တံဓား သူတော်စင်ကို ကယ်တင်ပေး ခဲ့သော်လည်း၊ သက်တမ်း တိုး မပေး ချေ။

ထို့ကြောင့် သက်တံဓား သူတော်စင်မှာ နောက်ထပ် သုံးနှစ်သာ အသက်ရှင် နိုင်မည် ဖြစ်သည်။

ဓားဧကရာဇ် ထွက်သွားပြီး၊ လေးနာရီ အကြာ၌ နှင်းဖုံး နေသော ပန်းချီကား ထဲမှ၊ လူ ငါးယောက် ထွက်လာသည်။ မီး ဧကရာဇ်က လက် ဝှေ့ယမ်းပြီး၊ ပန်းချီ ကားကို သိမ်းယူ၏။

“ လေးနာရီ လောက် အတွက်နဲ့ ... ၊ ဒီလို ရတနာမျိုး သုံးရအောင် ... တကယ် ရက်ရော တာပဲ၊ ဒီကလေးက အဲဒီ လောက်တောင်၊ တန်ဖိုး ရှိလို့လား။ ”

“ သူက အမြဲ ဒီလို ပဲလေ၊ စိတ်မဝင်စား ပေမယ့်၊ ချုပ်ကိုင်ဖို့ ကြိုးစားတိုင်း ... သူ အမြဲ ပေါ်ပေါ် လာတယ်။ ”

ချန်ဇီလောင်မှ အေးစက်စွာ ပြောသည်။

“ ငါတို့ မီနိုင် သေးလား ... ။ ”

ဧကရာဇ် အဖြူမှ ဝိုင်ကို တစ်ကျိုက် စုပ်ယူကာ၊ လင်းယွန် ထွက်သွားသည့် လမ်း ကြောင်းထံ၊ ကြည့် လိုက်သည်။

“ မမီ တော့ဘူး။ ... ”

ဧကရာဇ် အမည်း မျက်နှာမှာ အေးစက် လာ၏။

“ အဲဒီ ရေခဲ စာကလေးက ... ၊ အရမ်း မြန်တယ်၊ ပြီးတော့ လမ်း တစ်လျှောက်လုံး သူ့ ရောင်ဝါ ကိုတောင်၊ ဖုံးကွယ် ထားသေးတယ်၊ ကြည့်ရတာ ... ဖီးနစ် မျိုးဆက် သွေးကို ပိုင်ဆိုင်ထားမဲ့ ပုံပဲ။ ”

“ သူက နတ်ဖီးနစ် မဟုတ် ဖူးလား။ ”

မီး ဧကရာဇ် စကားကြောင့် လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားပြီး၊ ပြန်ကြည့် လာ တော့သည်။

မီး ဧကရာဇ်က ပြုံးလျက်၊

“ ငါက ဒီလိုပဲ ပြောလိုက် တာပါ။ ”

ချန်ဇီလောင်က ထိုအကြောင်းအား၊ ဆက်ပြော မနေ တော့ဘဲ၊ မီး ဧကရာဇ် လက် ထဲရှိ၊ ပန်းချီ ကားထံ၊ ကြည့်သည်။

“ ဒီနတ် လမင်း ပန်းချီကို၊ ဘယ်လို လုပ်မလဲ။ ”

“ ဘာလုပ် ရမှာလဲ ... ၊ သူ့ဆီ ပြန်ပေး ရမှာပေါ့၊ ဒီလူက သဘောထား သေးသိမ်တယ်၊ သူ့ ရတနာ တေွကို၊ ဘယ်သူမှ ထိလို့ မရဘူး၊ မင်း ယူသွားရင်၊ မင်းနောက် လိုက်လာ လိမ့်မယ်။ ”

မီး ဧကရာဇ်မှ ပြောသည်။

“ ငါတို့ အရင် ပြန်တော့မယ်။ ”

အဖြူနှင့် အမည်း ဧကရာဇ် များက၊ အလင်းတန်း အသွင် ပြောင်းလဲကာ၊ ထွက်ခွာ သွားတော့ ၏။

မီး ဧကရာဇ် သည်လည်း၊ နတ် လမင်း ပန်းချီကားကို ယူဆောင်လျက်၊ နောက်ပါးမှ လိုက်ပါ သွားသည်။

“ မင်း ... ငါနဲ့ ပြန်လိုက် မလား၊ မင်းရဲ့ ဒဏ်ရာ တွေကို ကုသဖို့ ... ၊ အချိန် ယူရမယ်၊ ဒါက အရမ်း ပြင်းတယ်။ ”

ချန်ဇီလောင်မှ ထျန်ရွှမ်ဇီအား ကြည့်ကာ မေးသည်။

“ အရှုံးနဲ့ ... ဘယ်သူက ပြန်ချင် မှာလဲ။ ”

ခေါင်းခါလျက် ထျန်ရွှမ်ဇီက နာကျင်စွာ ပြုံးလေသည်။

“ ဒါဆို ... ဘာဆက် လုပ်မလဲ။ ”

ချန်ဇီလောင်မှ မျက်ခုံးပင့် လိုက်သည်။

“ နည်းလမ်း ရှာရမယ်၊ ယုချင်းဖန် ဓားက အရမ်း ဆိုးရွားတဲ့၊ အခြေ အနေတော့ မဟုတ် ပါဘူး၊ ဘဝ တစ်လျှောက်လုံး ချောမွေ့ ခဲ့တော့ ဓားဂိုဏ်းနဲ့ သက်တံဓား သူတော်စင်ကို လျှော့တွက် မိတယ်၊ သူက ..

... ဧကရာဇ် ဖြစ်လိုတယ် မဟုတ်လား၊ ဒီကောင်လေး ကလည်း ... ပြန်လာ မယ်လို့ ပြောခဲ့တယ်။ ”

ထျန်ရွှမ်ဇီက ချန်ဇီလောင်ထံ ဦးညွှတ်ကာ ကျောခိုင်း ထွက်ခွာ သွားတော့၏။ ကြောင်ဖြူ တစ်ကောင် သူ့ အပေါ် ခုန်တက် လာသည်။

၎င်းတွင် မာန ရှိကြောင်း မြင်သာ စေသည်။ သည်နေ့ ပြီးနောက်၊ ကောင်းကင်ယံ ဂိုဏ်းသည် အချိန်အတော် ကြာအောင်၊ ဆိတ်သုဉ်း သွားရ တော့မည် ဖြစ်၏။

ဆုံးရှုံးမှုသည် သူတော်စင် သခင် မျှသာ မဟုတ်ဘဲ၊ နှစ်ပေါင်း များစွာ တည်ဆောက် ထားသော ဂုဏ်သိက္ခာ လည်း ပါရှိသည်။

အနည်းဆုံး သုံနှစ် တိတိ ခေါင်းငုံ့ထား ရပေတော့မည်။ ထိုအချိန်တွင် မီတာ (၁၀၀၀) ကျော်၊ အကျယ် ရှိသော မြစ်ကြီး တစ်စင်းထံ ဦးတည်ကာ၊ ခရမ်းငယ် ပျံသန်း နေသည်။

နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ပင်လျှင်၊ ဤမြစ်ရှေ့၌ သိမ်ငယ်မှုများ ခံစား စေရမည် ဖြစ်၏။

ကြောက်စရာ ကောင်းလှသော နတ်ဆိုး သားရဲများ၊ မြစ် ကြမ်းပြင်မှ ရံဖန် ရံခါ ထွက်လာ တတ် ကြသည်။

ဤမြစ်သည် ရှေးဟောင်း ပျက်စီး မြေ၌၊ ရှေးအကျဆုံး မြစ်တစ်စင်း ဖြစ်ပြီး၊ လူသူ ဆိတ် သုဉ်း ချေ၏။

မြစ်ကမ်း နဘေးတွင် သာယာသော တောင်ကြား တစ်ခု ရှိသည်။ ဤနေရာသည် ရှေးဟောင်း စစ်မြေပြင်နှင့် မိုင် (၇) သန်း ကွာဝေး ခေျ၏။

တောင်ကြားကို မြင်သည်နှင့်၊ ခရမ်းငယ်က လူသား အသွင် ခံယူလျက်၊ ကောင်းကင်မှ ဆင်း သည်။

ထို့ကြောင့် လင်းယွန် ခမျာ ဒူးတစ်ဖက် ထောက်လျက် အနေ အထားဖြင့် မြေပြင် ပေါ် ဆင်းကာ၊ သွေးများ ထွက်ကျ လာ၏။

ကောင်းကင် ချပ်ဝတ်အား ပြန်လည် သိမ်းဆည်း ထားသောကြောင့်၊ ကြောက်မက် ဖွယ် ဒဏ်ရာ များကို မြင်နိုင်သည်။

“ နင့်ရဲ့ နဂါး သေွးလွှတ်ကြော လေးခု ပျက်စီးမှုက အရမ်း ပြင်းထန်တယ်၊ နဂါးပြာ အရိုးနဲ့ တောင်မှ၊ ပြန်ကောင်း လာဖို့ မလွယ် သေးဘူး။ ”

လင်းယွန်က ခေါင်းညိတ်ပြီး၊ နဂါးပြာ စွမ်းအင်ကို ဖြန့်ကျက်ရန် ထိုင်ချ လိုက်လေ သည်။

နဂါးပြာ အရိုးက အလင်း ထုတ်လွှတ် သော်လည်း၊ နှလုံးသားထဲ မဝင်နိုင် ခေျ။ နဂါး မူလကို ဖြန့်ကျက်ရန်၊ ကြိုးစား လိုက်သော အခါတွင်၊ ပြင်းစွာ နာကျင် လာ၏။

“ အ ... ။ ”

အသံထွက် ညည်းညူ မိသည်။ ခဏ အကြာတွင် ခါးခါး သီးသီး ပြုံးလိုက်ကာ၊

“ ဒဏ်ရာတေွ ပြန်ကောင်း လာဖို့ ဆိုရင်၊ နှစ်ဝက်လောက် အချိန်ယူ ရမယ်၊ ဘာပဲ ဖြစ်ဖြစ် မသေတာ ကံကောင်း ပါတယ်။ ”

“ အခု ဘာလုပ်ဖို့ စိတ်ကူး ထားလဲ ... ။ ”

ခရမ်းငယ်မှ ခေါင်းညိတ်ကာ မေး၏။ လင်းယွန်မှ ‘လေ’ ဟူသော ရှေးဟောင်း တံဆိပ် တစ်ခုကို၊ ထုတ်ယူ လိုက်သည်။

“ ဒါ ဘာလဲ၊ ဘာလို့ ရင်းနှီး သလို ခံစား လာရ တာလဲ။ ”

“ ဒါ ... လေ နတ်ဘုရား အမိန့်ပဲ၊ အခု ငါက မိုးပြာ နဂါး သခင်။ ”

လင်းယွန်က ၎င်းနှင့် ပတ်သတ်ပြီး အကြမ်းဖျင်း ရှင်းပြ လိုက်သည်။

“ မိုးပြာ နဂါး အမိန့် ဖြစ်ဖို့၊ မိုကြိုး နတ်ဘုရား အမိန့်နဲ့၊ ပေါင်းစပ် ရမယ်၊ ဒါကြောင့် ကောင်းကင် နယ်မြေက ဒေါသ ပင်လယ်ကို သွားပြီး၊ နိဗ္ဗာန် ခန်းမကို ရှာဖွေ ရမယ်၊ ...

... အနှစ် တစ်သိန်း ကြာပြီ ဆိုတော့.. မိုးပြာ နဂါးက မျိုးရိုးက၊ လေ နတ်ဘုရား အမိန့် ပြရုံနဲ့၊ ငါ့အပေါ် ယုံပါ့ မလား မသိဘူး။ ”

“ မှန်တယ် ... ၊ အနှစ် တစ်သိန်း ဆိုတာ အရမ်း ရှည်လျား တယ်၊ တံဆိပ် တစ်ခု ပြရုံနဲ့၊ သူတို့ရဲ့ နှလုံးသားကို၊ နင် ရမှာ မဟုတ်ဘူး။ ”

“ ဒါပေမယ့် ငါ စမ်းကြည့် ရမှာပဲ၊ ထျန်ရွှမ်ဇီက သန်မာ လွန်းတယ်၊ ကျန်တဲ့ သူတွေ မဆိုနဲ့၊ သူ့ကို ကိုင်တွယ် ဖို့တောင်၊ ငါ့ အတွက် အရမ်း ခက်ခဲ နေသေးတယ်။ ”

ထျန်ရွှမ်ဇီ ပြောသော၊ ‘သူ’ လာမည် မဟုတ်ဟု ဆိုသည့် စကားသည် ဓား ဧကရာဇ် အား ရည်ရွယ်ခြင်း ဖြစ်သည်။

လက်ရှိ အခင်း အကျင်း အရ၊ ရောက်ရှိ လာသော ဧကရာဇ် လေးပါးသည် ယုချင်းဖန်ကို တားထား ပုံရ၏။

လေနတ်ဘုရား တံဆိပ်ကို ကြည့်ကာ၊ လင်းယွန်မှ သက်ပြင်းချ လိုက်သည်။

“ ပြီးတော့ အစ်ကိုကြီး ကျန့်လင်းကို ... ၊ ငါကတိ ပေးထားတယ်၊ ဒါကြောင့် သွားကို သွား ရမယ်။ ”

ကျန့်လင်းမှ လေ နတ်ဘုရား အမိန့်ကို၊ သူ့ထံ စိတ်ချလက်ချ ပေးအပ် သွားခြင်း ဖြစ်၏။ ထိုကြောင့် အန္တရာယ် ရှိလျှင်ပင်၊ ခရီးထွက် ရပေမည်။

ဤနေ့ တိုက်ပွဲသည် ခွန်လွန်ကို လှုပ်ခါပစ်ရန် လုံလောက်သည်။ အထူး သဖြင့် ကောင်းကင် ချပ်ဝတ် ဖြစ်၏။

“ ဒီနေ့ ပြဿနာ တွေကို ... ၊ ဘယ်လို ဖြေရှင်းဖို့ စဉ်းစား ထားလဲ။ ”

ခရမ်းငယ်မှ မေးသည်။

“ ငါ့မှာ နည်းလမ်း ရှိတယ်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ရောက်ပြီ ဆိုတော့ နတ်လိပ် အသွင် ပြောင်းခြင်းကို၊ လေ့ကျင့်လို့ ရတယ်၊ ဒါကို အောင်မြင်ရင် သူတော်စင် တစ်ပါး တောင် ငါ့ကို မမြင် နိုင်ဘူး။ ”

လေနတ်ဘုရား အမိန့်ကို သိမ်းပြီး လင်းယွန်မှ ပြောသည်။ ခရမ်းငယ် တိတ်ဆိတ် သွားတော့၏။

“ ဒီနေရာက လုံခြုံ ရဲ့လား ။ ”

လင်းယွန်မှ မေးသည်။

“ ဆယ်ရက် အတွင်း ... ၊ ဘယ်သူမှ ရှာမတွေ့ နိုင်ဘူး၊ လမ်း တစ်လျှောက် ငါတို့ရဲ့ အငွေ့ အသက် ကိုလည်း ဖျက်ခဲ့တယ်။ ”

“ နဂါး လေးရော ... ။ ”

လင်းယွန်မှ မေးသည်။

“ စိတ် မပူနဲ့ ... ၊ လမ်းရှာပြီး ... သူ လိုက်လာ လိမ့်မယ်။ ”

ခရမ်းငယ် စကားကြောင့် ထပ် မမေး တော့ဘဲ၊ သိုလှောင် လက်ကောက် ထဲမှ အိတ် တစ်လုံးကို၊ ထုတ်ယူ လိုက်သည်။

“ အဲဒါ ဘာလဲ ... ။ ”

“ ငါ့ ဆရာ ပေးခဲ့တာ၊ အထဲမှာ ဘာပါလဲတော့ မသိ သေးဘူး၊ ဒါကြောင့် အခု ဖွင့်ကြည့် မလို့။ ”

လင်းယွန်က အိတ်ကို ကြည့်ကာ ပြန် ဖြေသည်။ ဤအိတ် ထဲ၌ မည်သည့် အရာများ ပါသည်ကို ထုတ်ကြည့်ရန်၊ အချိန် ကြပြီ ဖြစ်သည်။

***

All Chapters