← Chapters

ငါ သွားမှ ဖြစ်မယ်။

Vol. 120 Ch. 1670

ငါ သွားမှ ဖြစ်မယ်။

Vol. 120 Ch. 1670

အိတ်ထဲမှ လက်သီးဆုပ် အရွယ် ကျောက်စိမ်းတုံး တစ်တုံးနှင့် ထို့ထက် သေးငယ် ကျောက်စိမ်းတုံး တစ်တုံး ထွက်လာသည်။

ကျောက်တုံး ကြီးကို ကြည့်ပြီးနောက်၊ ဓားရည်ရွယ်ချက်အား လောင်းထည့် လိုက်၏။ ကျောက်တုံး ကြီးမှာ တောက်လောင် သွားပြီး၊ လူ တစ်ယောက် အသွင် ပေါ်လာသည်။

ယင်းမှာ သဘာဝ အတိုင်း၊ သက်တံဓား သူတော်စင် ဖြစ်ချေ၏။

“ ဆရာ ... ။ ”

လင်းယွန်မှ ဝမ်းသာ သွားသည်။ သို့သော် သက်တံဓား သူတော်စင်က သူ့အား လှည့်၍ မကြည့်ချေ။

“ ဒီအိတ်ကို ဖွင့်ကြည့် လိုက် တာနဲ့ ... ၊ အရှေ့ဘက် စစ်မြေပြင်မှာ မသေဘဲ၊ ငါ့ တပည့် အဲဒီ ကနေ ထွက်သွား ပြီလို့၊ အဓိပ္ပါယ် ရတယ်၊ ဒါက ... ငါ့ အသံပဲ၊ မင်း မေးခွန်း တေွကို ဖြေမှာ မဟုတ်ဘူး၊ ငါ ပြောတာပဲ နားထောင်ပါ။ ”

“ ဟုတ်ကဲ့ ... ။ ”

သို့တိုင်း လင်းယွန်မှ ပြန်လည် ခေါင်းညိတ် ပြမိဆဲ ဖြစ်သည်။ ဆရာသည် စစ်မြေ ပြင်၌ သူ အန္တရာယ် ရှိမည်ကို ကြိုသိ နေခဲ့ ချေပြီ။

“ အံ့သြ မနေ ပါနဲ့ ... ၊ ဒါက ထျန်ရွှမ်ဇီရဲ့ ပုံစံပဲ၊ မင်း သန်မာလာ တာနဲ့၊ သူက ပိုပြီး စိတ် ဝင်စား လာမယ်၊ ပြီးတော့ ငါ့ရဲ့ လက်ရှိ အခြေ အနေကို စစ်ဆေးဖို့ အတွက်၊ ...

... အခွင့် အရေးလည်း ဖြစ်လိမ့်မယ် ... ၊ ဒီစကား တွေကို မင်း နားထောင် နေတဲ့ အချိန် မှာ ... ၊ ငါ သေသွားပြီ။ ”

“ ဆရာ ... ၊ ဆရာ မသေ ရဘူး ... ။ ”

ယင်းက အမှန် ပေပင်၊ ယုချင်းဖန်နှင့် သူ့ ကောင်းကင် ချပ်ဝတ်သာ မရှိက သေပြီး ဖြစ်၏။ ဆိုလို သည်မှာ ဆရာ သခင်သည် သေမည်ကို သိသော်မှ၊ အရှေ့ဘက် စစ်မြေပြင်ထံ လာခဲ့ လေသည်။

“ ဒါပေမယ့် ... ငါ အသက်ရှင် ခဲ့ရင်၊ အဲဒီလူ ပေါ်လာ လို့ပဲ၊ သူက လူကောင်း တစ်ယောက်ပါ၊ ငါ ဧကရာဇ် မဖြစ် ရတဲ့ အကြောင်း ကလည်း၊ လွန်ခဲ့တဲ့ အနှစ် သုံးထောင်က ... သူ့ ဓားနဲ့ သက်ဆိုင်တယ်၊ ...

... လူတွေက ငါ့ကို သေလူ အဖြစ် မြင်နေ ကြပြီ၊ အမှန်တော့ ... ဒဏ္ဍာရီ ပုဂိ္ဂိုလ် တစ်ပါးရဲ့၊ အစွမ်းကို ကြုံထား ဖူးတဲ့ ... သူတော်စင်က၊ ဘယ်လိုလုပ် ရုန်းထွက်နိုင် မှာလဲ၊ ငါက ဓားသူတော်စင် ...

... ဖြစ်နေ ရင်တောင်၊ လွန်ခဲ့တဲ့ အနှစ် သုံးထောင်က တွေ့ခဲ့တဲ့ သူ့ဓားကို၊ ဖြေရှင်းလို့ မရ သေးဘူး၊ ဒီတော့ ဒဏ္ဍာရီ တွေကို ချိုးဖျက် နိုင်တဲ့ စွမ်းရည်မျိုး၊ ငါ့မှာ ရှိမှသာ၊ ဧကရာဇ် နယ်ပယ်ကို တက်လှမ်း ဖြစ်လိမ့်မယ်။ ”

ထိုစကားကို ပြောသော အခါတွင်၊ သက်တံဓား သူတော်စင်မှာ မျက်လုံးများ တောက်ပ လာသည်။

ဤအခိုက်တွင်၊ ဆရာ သခင်သည် ဧကရာဇ် နယ်ပယ်သို့ မရောက် နိုင်သည်မှာ၊ ဓား ဧကရာဇ် ယုချင်းဖန် ကြောင့် ဖြစ်မှန်း နားလည် လိုက်၏။

လွန်ခဲ့သော နှစ်သုံးထောင်က ယုချင်းဖန် ဓားသည်၊ ဓားဂိုဏ်း၏ တောင်ထိပ် နှစ်လုံးကို ခုတ်ပိုင်း ခဲ့သည့် ဓား ဖြစ်ချေမည်။

“ ထျန်ရွှမ်ဇီနဲ့ ပတ်သက် ရင်တော့ ... ၊ နည်းနည်း ရှုပ်ထွေးတယ် ... ဒီ ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ နတ်နဂါး အင်ပါယာက သူ့ အာဏာ တည်ဖို့၊ ကြိုးစား နေတယ်၊ ...

... ဒါက ဧကရာဇ် ကိုးပါးရဲ့ ပြဿနာ လို့လည်း ပြောနိုင်တယ်၊ ရှင်းပြဖို့ မလွယ်ဘူး၊ ဒါကြောင့် သူတော်စင် မဖြစ်ခင်၊ မင်း ပြန်လာဖို့ စိတ်မကူးနဲ့ ... ၊ ငါသာ ဧကရာဇ် မဖြစ် ခဲ့ဖူး ဆိုရင် ... မင်း မလာ နဲ့တော့ ... ။ ”

ဤအသံ သွင်းနေစဉ်၊ သူ့တွင် ကောင်းကင် ချပ်ဝတ် ရှိနေ သည်ကို၊ ဆရာ မသိချေ။ သိပါက လုံးဝ ပြန်မလာ နှင့်ဟု၊ ပြော ပေမည်။

ထျန်ရွှမ်ဇီ နောက်ကွယ်မှ အင်အားသည် ယုချင်းဖန် ကြောင့်သာ မဟုတ်သော်၊ ဓားဂိုဏ်း အား၊ အမြစ်ပြတ် ချေမှုန်းပြီး ဖြစ်ပေမည်။

အဆုံးတွင် ဓားဂိုဏ်းသည် ထိုသို့သော ဘီလူးများနှင့် ရင်ဆိုင်ရန် နည်းလမ်း မရှိချေ။ ၎င်းတို့မှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်၏။

ဆိုလို သည်မှာ ဓားဂိုဏ်းသည် နတ်နဂါး အင်ပါယာ တစ်ခုလုံးနှင့်၊ ရင်ဆိုင် နေရ ခြင်းဟု အဓိပ္ပါယ် ရသည်။

အကယ် ၍သာ သက်တံဓား သူတော်စင် သည် ဧကရာဇ် ဖြစ်ပြီး၊ ဓားဂိုဏ်းအား မြင့်မြတ် မြေ အဖြစ်၊ ခေါ်ဆောင် နိုင်ပါက၊ အင်ပါယာမှာ ရပ်တန့် သွားမည် ဖြစ်သည်။

“ နဂါး သွေးလွှတ်ကြော နယ်ပယ် မတိုင်ခင်မှာ၊ မင်းကို ဘာ ဓားရေးမှ သင်မပေးခဲ့ မိဘူး၊ ခုဆို နှစ်နှစ် နီးပါး ရှိပြီ၊ ဒီတော့ ...

... မင်းကို ဓာရေး တစ်ရပ် ပေးမယ်၊ ဒီဓားရေး အတွက်၊ အရိယာ ဓားသုတ္တန် အပေါ်၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှု လိုတယ်၊ ပြီးတော့ နိဗ္ဗာန် အဆင့် ရောက်မှသာ လေ့ကျင့် နိုင်တာ၊ ဒါ့ကြောင့် ...

... လူ အနည်း ငယ်သာ၊ အောင်အောင် မြင်မြင် သင်ယူ နိုင်တယ်၊ ပိုးစုန်းကြူး နတ်ဓား လို့ ခေါ်တယ်။ ”

“ ပိုးစုန်းကြူး နတ်ဓား ... ။ ”

ခရမ်းငယ်မှ အော်ဟစ် လိုက်၏။

“ မင်း ကြားဖူးလား။ ”

လင်းယွန်မှ လှည့်ကြည့်ကာ မေးသည်။

“ အနန္တ နတ်မိစ္ဆာ တောင်ထိပ် ကနေ ... ၊ ငါရခဲ့တဲ့ မှတ်ဉာဏ် အချို့ အရ ဆိုရင်၊ ဒါက ဓား နတ်ဘုရား ဖန်တီး ခဲ့တဲ့၊ ဓားရေး တစ်ရပ်ပဲ၊ သူက ကျန့် မိသားစုရဲ့ ဘိုးဘေးပါ၊ ...

... နဂါးပြာ ဘိုးဘေးကို ယှဉ်နိုင်တဲ့ အနည်းငယ် ထဲသော၊ နတ်ဘုရား တွေထဲက တစ်ပါးပဲ။ ”

ခရမ်းငယ်မှ ပြောပြ သည်။

“ ဓားဘိုးဘေးက ... ပုိးစုန်းကြူး နတ်ဓားးကို ဖန်တီးပြီး၊ ဓားသမား အမြောက် အများ မွေးထုတ် ခဲ့တယ်၊ ဒါပေမယ့် ...

... မြင့်မြတ် မြေတွေ ကိုတော့ ဝေမျှ မပေးခဲ့ဘူး၊ အဲဒီ အချိန်တုန်းက ... အိုင်းရစ် ဓား သူတော်စင် တောင် လေ့ကျင့် ခဲ့တယ်၊ ...

... ဓားကွက် (၁၃)ကွက် ပါပြီး၊ တစ်ကွက်ချင်း စီကို၊ ဓားရေး နည်းစနစ် အဖြစ်၊ သတ်မှတ် နိုင်တယ်၊ ဓား အပေါ် ရူးသွပ် သူ တေွသာ ဒါကို အောင်မြင် နိုင်တယ်။ ”

ရှင်းပြချက် များကို ကြားသော အခါ လင်းယွန် တစ်ယောက် အတွေးနက် သွား လေသည်။

“ ပိုးစုန်းကြူး အလင်းက နေနဲ့ လကို ယှဉ်နိုင် လို့လား။ ”

“ နင် ... မဆိုးဘူး၊ ဒါက ဒီဓားရေးရဲ့ အဓိပ္ပါယ်ပဲ ... ၊ ဓား ဘိုးဘေးက မာနကြီးတယ်၊ နင့် ဆရာက ဒီဓားရေးကို၊ ပိုင်ဆိုင် ထားတယ် ဆိုတော့၊ ကျန့် မိသားစုနဲ့ အဆက် အသွယ် ရှိရမယ်။ ”

ခရမ်းငယ်မှ ပြုံးကာ ဆက်ပြော သည်။ သက်တံဓား သူတော်စင် အမည်မှာ၊ ကျန့်ဝူမင် ဖြစ်မှန်း ခရမ်းငယ် မသိခေျ။

“ ပိုးစုန်းကြူး နတ်ဓားကို ... ဒီ ကျောက်စိမ်းတုံးမှာ မှတ်တမ်းတင် ထားတယ်၊ မင်းက ဓားတာအိုနဲ့ ပတ်သက်ရင်၊ ထူးခြားတဲ့ ... ပါရမီရှင် တစ်ဦးပဲ၊ ဒါပေမယ့် ကောင်းကင် အမိုး ဓားသာ မရှိရင်၊ ငါပေးမှာ မဟုတ်ဘူး။ ”

သက်တံဓား သူတော်စင် အသံက ဆက်၍ ထွက်ပေါ် လာသည်။ ပြီး သက်ပြင်းချ လိုက်ကာ၊

“ ငါက ပိတ်မိ နေတဲ့၊ ငါး တစ်ကောင်ပါ၊ မင်းကို ကိုယ်တိုင် ကိုယ်ကျ သင်ပေး နိုင်ခြင်း မရှိ ခဲ့ဘူး၊ မဟုတ်ရင် ဒီနှစ်နှစ် အတွင်းမှာ ... မင်း ဒီထက် ပိုသန်မာ လာနိုင်တယ် ... ၊ တောင်းပန် ပါတယ်၊ ...

... မင်း ရှေ့မှာ ... တပည့် ငါးယောက် ခေါ်ခဲ့ဖူးတယ်၊ မင်း အပါ အဝင် (၆) ယောက်ပဲ၊ မင်း အစ်မ (၂)က ဂိုဏ်းကို ပုန်ကန်လို့၊ နှင်ထုတ် လိုက်ပြီ၊ သူ ဘယ်ရောက် နေလဲ၊ ငါ မသိဘူး၊ ...

... မင်း အစ်ကို (၁) ကတော့ သူတော်စင် တစ်ပါးပဲ၊ သူ့နာမည် ချင်းဟယ်၊ အရမ်း ဖော်ရွေ တယ်၊ ဆရာနဲ့ အကြာဆုံး နေခဲ့တဲ့ တပည့်ပဲ၊ ဆရာ တက်သမျှ အကုန် သူ့ကို သင်ပေး ခဲ့တယ်၊ အခုတော့ ...

... ကောင်းကင် တာအို ဂိုဏ်းမှာ ... ၊ သူတော်စင် အကြီး အကဲ ဖြစ်နေ လောက်ပြီ၊ သူ့ဆီကို သွားပါ ... ၊ အစ်ကိုကြီးက မင်းကို ကာကွယ် ပေးလိမ့်မယ်၊ ...

... အရေးကြီးတာ တစ်ခု မှာချင်တယ်၊ ကောင်းကင် တာအို ဂိုဏ်းက ... မင်း အတွက်၊ အလုံခြုံ ဆုံးပဲ၊ အဲဒီမှာ အရိယာ ဓားသုတ္တန်၊ ပိုးစုန်းကြူး နတ်ဓားနဲ့၊ ...

... တော်ဝင် ဓားကျမ်းကို၊ ငါ့ ကိုယ်စား သူတို့တွေ သင်ပေး လိမ့်မယ်၊ ထျန်ရွှမ်ဇီ တောင် ကောင်းကင် တာအို ဂိုဏ်းမှာ၊ မင်း ရှိနေမှန်း သိရင်၊ ဘာမှ လုပ်ဝံ့မှာ မဟုတ်ဘူး၊ ကိုယ့် ကိုယ်ကို ဂရုစိုက်ပါ ... ငါ့ တပည့်။ ”

စကား ဆုံး သည်နှင့် သက်တံဓား သူတော်စင် ပုံရိပ်မှာ၊ တဖြည်းဖြည်း ပြုံးလျက်၊ ပျောက်ကွယ် သွား လေသည်။

လင်းယွန်က လက်ထဲတွင် ကျန်ရှိသည့်၊ ကျောက်စိမ်းတုံး ငယ်ကို ငုံ့ကြည့် မိ၏။ ဆရာ သခင်သည် အရာ အားလုံးကို၊ တွက်ဆ ထားနိုင်ပုံ ရသည်။

ခရမ်းငယ်မှ သက်ပြင်းချ၏။ သူမသည် နှလုံးသား သေးသိမ် သော်လည်း၊ သက်တံဓား အပေါ် လေးစား ရမည်မှန်း၊ နားလည် လာ လေသည်။

သေရ မည်ကို သိသော်မှ၊ ထျန်ရွှမ်ဇီ လက် အတွင်းမှ တပည့်အား ကာကွယ်ရန် အသက်စွန့် ခဲ့သည်။

“ အခု ... ဘာဆက် လုပ် မလဲ။ ”

ခရမ်းငယ်မှ မေး၏။

“ ကောင်းကင် တာအို ဂိုဏ်းကို ... ၊ ခရီးဆက် ရမယ်၊ တော်ဝင် ဓားကျမ်းကို အဲဒီမှာ လေ့လာပြီး၊ ပြည့်စုံအောင် ပြင်ဆင် ရမယ်၊ ဒါပေမယ့် အဲဒီကို မသွားခင်မှာ၊ ...

... ကောင်းကင် နယ်မြေက၊ ဒေါသ ပင်လယ်ကို သွားပြီး ... ၊ မိုးပြာ နဂါး မိသားစုရဲ့ ... ၊ လက်ရှိ အခြေ အနေ အပေါ်၊ သွား စစ်ဆေးဖို့ လိုမယ်။ ”

“ ကောင်းပြီ ... ၊ ငါ နင်နဲ့ မလိုက် တော့ဘူး။ ”

ခရမ်းငယ်မှ ပြောသည်။ ယင်းကြောင့် လင်းယွန်က ပြန်လှည့် ကြည့်မိ၏။

“ ဟုတ်တယ် အနန္တ နတ်မိစ္ဆာ တောင်ထိပ်မှာ၊ ဖီးနစ် သွေးစက် နည်းနည်း ရခဲ့တယ်၊ နောက်ထပ် ရရှိဖို့ နည်းလမ်း ထပ်ရှာ ရမယ်၊ အဲဒီ နေရာမှာ၊ ...

... အခြား နတ်သွေး တွေလည်း ရှိ သေးတယ်၊ ငါ နင့်ကို စိတ်ပူ လို့သာ ထွက်လာ တာ၊ မဟုတ်ရင် ဆက်နေ မိမှာ။ ”

“ ဘာလို့ ... ဒီလောက် အလျင်လို နေရတာလဲ၊ တစ်ချိန် ... ငါ မင်းကို လိုက်ပို့ ပေး မှာပေါ့။ ”

ထိုနေရာသည် အန္တရာယ် များပြီး သူတော်စင်များ အတွက်ပင်၊ တားမြစ်ဇုန် ဖြစ်သည်။

“ ငါ့မှာ အကြောင်း ပြချက် ရှိတယ်၊ အုပ်စိုးရှင် နတ်ရူရ် အားလုံးကို စုဆောင်း နိုင်ရင်၊ ဒီဓားသေတ္တာနဲ့ ပတ်သတ်တဲ့ ဓားကို၊ ရှာဖွေ နိုင်၊ ...

... လိမ့်မယ်၊ ဒါက အရေး ကြီးတဲ့ ဓားတစ်လက် ဖြစ်မယ် လို့လည်း ငါ ယုံတယ်၊ နောက်ပြီး ... ”

“ ဘာဖြစ်လဲ ... ။ ”

လင်းယွန်က စိတ်ဝင်စား လာ၏။

“ အိုင်းရစ် ဓား သူတော်စင်နဲ့ ... တွေ့တုန်းက ဒီဓား သေတ္တာက အလွတ် ကြီးလို့၊ နင့်ကို ပြောခဲ့တယ် မဟုတ်လား။ ”

“ အင်း ... ဟုတ်တယ်။ ”

“ ငါ့ အထင် ... ၊ ဒါက နင့် ခန္ဓာကိုယ် ထဲက ဓားပဲ ဖြစ်မယ်။ ”

ယင်းက ဒါန်တမ် အတွင်းရှိ၊ သူ့ သိုင်း ဝိညာဉ်ကို ရည်ရွယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းယွန် ခမျာ အံ့အားသင့် သွား၏။

ထိုဓားသည် လုံးဝ လွတ်ထွက် လာခြင်း မရှိသေး သော်လည်း၊ ပုံသဏ္ဍာန် ထင်ရှား နေပြီ ဖြစ်သည်။

ယခင် အချိန် များ၌ ထိုဓားကို ထုတ်ယူရန် ကြိုးစား လိုက်တိုင်း၊ ရုန်းကန် ခဲ့ရ၏။ အုပ်စိုးရှင် နက္ခတ်ကို ဖန်တီးနိုင် ပြီးနောက် မှသာ၊ ၎င်းက ငြိမ်သက် သွားခြင်း ဖြစ်သည်။

သို့သော် ထိုဓားသည် ဤဓား သေတ္တာ အတွင်းရှိ ဓားသာ ဆိုက၊ အနည်းငယ် တုန်လှုပ် စရာ ဖြစ်ပေမည်။

“ အရင် တုန်းက ... ၊ အိုင်းရစ် ဓား သူတော်စင်နဲ့ တွေ့ချိန်မှာ၊ သူ ဒီဓားကို မမှတ် မိဘူး။ ”

လင်းယွန်က တွေးတွေး ဆဆဖြင့် ပြောသည်။

“ သေချာ လို့လား ... ၊ ဒီကောင် နင့်ကို၊ လိမ်ခဲ့တာ နေမယ်၊ သူက လူကောင်း တစ်ယောက်မှ မဟုတ်တာ။ ”

အိုင်းရစ် ဓား သူတော်စင်သည် သူမအား နှစ်ပေါင်း တစ်သိန်း ကြာအောင် ပိတ်လှောင် ခဲ့ သဖြင့်၊ ခရမ်းငယ်မှ ကျေနပ်ပုံ မရချေ။

“ ဒါပေမယ့် ... ဒါက ငါ့ရဲ့ ထင်မြင်ချက် တစ်ခုပါ၊ ငါ့ကို ဓားသေတ္တာ ပေးလိုက်၊ ဒီတစ်ခါ ပိုပြီး သိလာအောင် ကြိုးစား လာခဲ့မယ်၊ ပြီးရင် ကောင်းကင် တာအို ဂိုဏ်းမှာ၊ ငါတို့ ပြန်တွေ့ ကြမယ်။ ”

ခရမ်းငယ်မှ အစီစဉ် ချမှတ် လိုက်သည်။

“ မင်း မသွားနဲ့ ... ။ ”

“ မဟုတ်ဘူး ... ၊ ငါ သွားရမယ်။ ”

ခရမ်းငယ်မှ လင်းယွန်ကို ကြည့်ကာ၊ ခေါင်းမာ စွာဖြင့်၊ ငြင်းသည်။ သူမသည် အလွန် အားနည်း သောကြောင့်၊ ဤလူငယ် အန္တရာယ် ကျရောက် ချိန်၌၊ ရပ်ကြည့် နေခဲ့ ရသည်။ ယင်းမှာ နာကျင်ဖွယ် ကောင်းလှ ပေ၏။

***

All Chapters