နင့်မှာ အချိန် ဆယ်ရက် ရှိတယ်။
Vol. 120 Ch. 1671
“ ဒါဆို ကောင်းကင် တာအို ဂိုဏ်းမှာ ငါ စောင့်နေမယ်။ ”
နောက်ဆုံးတွင် လင်းယွန်က အလျော့ ပေးလိုက်၏။
“ ဟမ့် ... ၊ ဒီဧကရီကို နင် သတိ ရမှာ မဟုတ်ပါဘူး၊ နင်က လူယုတ်မာ တစ်ယောက် ပဲ၊ နင် ငါ့ကို မေ့သွား နိုင်တယ်။ ”
ခရမ်းငယ်က ပြုံးကာ ပြောသည်။ စကား စမြည် ပြောဆို ပြီးနောက်၊ အဓိက အကြောင်း အရာထံ၊ ပြန်သွား လိုက်ကြ၏။
“ ကောင်းပြီ ... ၊ ဒီဧကရီက နင့်ရဲ့ ဒဏ်ရာ တွေကို ... ကြည့်ပေးမယ်။ ”
လက် နှစ်ဖက်ကို ပခုံးပေါ် တင်ပြီး၊ မျက်လုံးများ မှိတ်လျက်၊ ခရမ်းငယ်မှ ဖီးနစ် မူလကို ခန္ဓာ ကိုယ်ထဲ၊ လောင်းထည့် လိုက်သည်။
နဂါးပြာ အရိုး၏ အာဟာရ ပေးပို့မှု အောက်တွင်၊ ဒဏ်ရာ အများစုမှာ ပြန်လည် ကောင်းမွန် လာချေပြီ။
နဂါးပြာ နဂါး အရိုးကို၊ နဂါးပြာ သွေးနှင့် ပေါင်းစပ် ထား၏။ ထို့ကြောင့် လက်ကို ဆုံးရှုံး သွားခဲ့ လျှင်ပင်၊ အသစ် တစ်ဖန် ပြန်ပေါက် နိုင်သည်။
အဆုံးတွင် ဖီးနစ် မူလသည် လင်းယွန်၏ နဂါး သေွးလွှတ်ကြော လေးကြောသို့ ရေွ့လျား သွားသည်။
နဂါး သေွးလွှတ်ကြော များမှာ၊ ကြီးစွာ ပျက်စီး နေပြီး၊ ချိတ်ဆက်မှု ပြတ်တောက် နေခဲ့ ကြသည်။
ထို့ကြောင့် ဒဏ်ရာ များမှ၊ ပြန်လည် သက်သာ လာ လျှင်ပင်၊ အထွတ် အထိပ်သို့ ပြန်ရောက်ရန်၊ လွယ်မည် မဟုတ်ချေ။
နဂါးပြာ အရိုးသည် ဒဏ်ရာ တိုင်းကို ပျောက်ကင်း စေကာ၊ အဆိပ်ပင် ပယ်ဖျက်ပေး နိုင်သည်။
သို့သော် အစိတ် ပိုင်းတစ်ခု ညှိုးနွမ်း နေသော်၊ အရာ မရောက် တော့ချေ။ ညှိုးနွမ်းခြင်း ဟူသည်၊ မူလ ပျက်စီးခြင်းကို ဆိုလို၏။
ဥပမာ အားဖြင့်၊ သက်တံဓား သူတော်စင်တွင်၊ နဂါးပြာ အရိုး ရှိခဲ့သော်၊ သက်တမ်း တိုးမည် မဟုတ်ခေျ။
ခဏ အကြာတွင် ခရမ်းငယ် မျက်လုံးများ ပွင့်လာပြီး၊ သက်ပြင်းချ လိုက်သည်။
“ နှစ်ဝက် အတွင်း ... ပြန်ကောင်း လာ နိုင်တယ်လို့ ပြောရအောင်၊ နင်က ... တကယ် ယုံကြည်မှု ရှိတာပဲ၊ ငါ့ အတွက်တောင် ဒဏ်ရာ တွေက ဒုက္ခ ဖြစ်စေတယ်။ ”
“ ငါပြော တာက ... ၊ အနီးစပ်ဆုံး အခြေအနေ ကိုပါ၊ မိုးပြာ နဂါး နေ-လ ထီးရဲ့ တတိယ ကန့်သတ်ချက် ... ချိုးဖြတ် လိုက် ထဲက၊ ငါ့ ဒဏ်ရာ ပြင်းထန် နေပြီ၊ ...
... ဒီကြားထဲ ကောင်းကင် ချပ်ဝတ်ပါ သုံးလိုက်တော့၊ ပြောစရာ မရှိ တော့ဘူး၊ နဂါး မူလ မကွဲ တာပဲ ကံကောင်းတယ်။ ”
လင်းယွန်က ပြုံးလျက် တုန့်ပြန်၏။ ယင်းကို ခရမ်းငယ်မှ စိတ် မ၀င် စားဘဲ၊
“ နင်ရဲ့ နဂါး သွေးလွှတ်ကြော လေး ကြောက၊ နှစ်ဝက် အတွင်း ... ပြန်ကောင်း နိုင် ပေမယ့်၊ အထွတ် အထိပ် ခွန်အား ရဖို့ ခက်လိမ့်မယ်။ ”
-ဟု ဆက်ပြော လာသည်။
“ မင်းက ... ငါ့ထက် ပိုပြီး အဆိုးမြင် တတ်တာပဲ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်က ဘယ်သူများ သူတော်စင် တစ်ပါးနဲ့ တိုက်ဖူးလဲ၊ တစ်ချိန် ကျရင် ဒါ ... ငါ့အတွက် အားသာချက် ဖြစ်လာ လိမ့်မယ်လို့၊ ...
... တွေးပေးလို့ မရ ဖူးလား၊ ဒီဒဏ်ရာတွေ ကနေ သက်သာတဲ့ အခါ ... ၊ ငါ့ရဲ့ တိုက်ပွဲဝင် စွမ်းအားက နှစ်ဆ ဖြစ်လာ လိမ့်မယ်။ ”
“ ဟုတ်ပါပြီ ... အခု ဒီကာလ တေွကို ဘယ်လို ဖြတ်သန်းဖို့ စီစဉ် ထားလဲ၊ ရှောင်ပုန်း နေ မှာတော့ မဟုတ်ဖူး မလား၊ နင့်ရဲ့ နဂါး မြစ်က ခမ်းခြောက် ညှိုးနွမ်း နေပြီ။ ”
ယင်းက အမှန်ပင် ပြဿနာ ဖြစ်သည်။ မေးစေ့ကို ကိုင်လျက်၊ လင်းယွန် တစ်ယောက် အဖြေ ရှာနေ မိ၏။
နှစ်ဝက် အချိန် ဖြုန်းရန် မဆိုနှင့်၊ တစ်လပင် မလုပ် နိုင်ချေ။ နဂါး မြစ်ကို အသုံး မချနိုင်သော်၊ နဂါး ရူရ်များနှင့် မိုးပြာ နဂါး သူတော်စင် ခန္ဓာကိုယ် ကိုသာ သုံးနိုင်သည်။
ဓားရေးနှင့် ပတ်သက် ၍မူ၊ မည်သည့် အရာကိုမှ အသုံး မပြုနိုင် တော့ချေ။ ဓားသုတ္တန် ထောက်ပံမှု မရှိ သဖြင့်၊ ကောင်းကင် အမိုးဓား သည်လည်း၊ စွမ်းအား ကျဆင်း သွားသည်။
၎င်းမှာ သူ၏ ဝှက်ဖဲ ဖြစ်ပြီး၊ ဓားသုတ္တန် နှစ်ပါးသည် အုတ်မြစ် ဖြစ်ကာ၊ အမြင့် ဆုံးသော တိုက်ပွဲဝင် စွမ်းအား အနေ ဖြင့်မူ၊၊ တောင်ပိုင်း ဧကရာဇ်၏ ဓား(၉)ကွက် ဖြစ်သည်။
ထို့ကြောင့် သူတို့အား အသုံး မချနိုင်က၊ အန္တရာယ်နှင့် ကြုံသော်၊ အသက် ပေးရ ပေမည်။ လက်ရှိ ခွန်အားမှာ၊ ချင်းတန်ကို သတ်စဉ်က ခွန်အား၏ (၄၀%)သာ ကျန်ရှိ တော့၏။
ခရမ်းငယ် သတိ ပေးချက်သည်၊ သူ ကြုံတွေ့ရမည့် အဆိုပါ ဒုက္ခ အပေါ်၊ မီးမောင်း ထိုးပြ နေခြင်း ဖြစ်သည်။
“ ဟမ့် ... ၊ နင် ငါ့ကို ဘာလို့ ... ၊ သတိ မရတာလဲ။ ”
ခရမ်းငယ်မှ မျက်မှောင် ကြုတ်လျက်၊ ပြောလာ သဖြင့် လင်းယွန်က သတိ ဝင်ကာ၊ မော့ကြည့် မိသည်။
“ ဟုတ်သားပဲ ... ငါတို့ ဧကရီမှာ၊ အဖြေ တစ်ခုခုများ ရှိနိုင် မလား။ ”
“ ရှိတယ် ... ။ ”
ခရမ်းငယ်မှ ဂုဏ်ယူစွာ ပြန်ဖြေ သည်။
“ နတ်ဖီးနစ် မျိုးနွယ်စုမှာ ... ၊ မင်းက အလှဆုံး ဖီးနစ် မလေး ဆိုတာ၊ ငါ ယုံသွားပြီ၊ ပြောပါဦး။ ”
“ ဒဏ်ရာ တွေကို ဖြေရှင်းဖို့ ဆိုရင်၊ ကောင်းကင် နှင်းကြာပန်းကို စားဖို့ လိုတယ်၊ သူက ရှားပါး ပေမယ့် ... အရွက်နဲ့ အစေ့တွေ ကိုတော့၊ ...
... ဝယ်လို့ ရနိုင် ပါတယ်၊ သူတို့နဲ့ လုံးဝ ပြန်ကောင်း လာမှာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အရှိန် အဟုန်ကို မြှင့်ပေးတယ်။ ”
“ ကောင်းကင် နှင်းကြာပန်း ။ ”
“ မှန်တယ် ... ပွင့်ချပ်က သွေးရောင် ရှိပြီး၊ အရိုးက အေးစက် နေလို့၊ ကောင်းကင် နှင်းသွေး ကြာပန်း လို့လည်း၊ လူသိ များတယ်။ ”
“ နောက်ထပ် ဘာရှိ သေးလဲ။ ”
“ နတ်ဖီးနစ် သွေးကြာပန်း ရှိတယ်၊ သူကတော့ နတ်ဘုရား အသွေးတော် သစ်သီး ထက်၊ ပိုတန်ဖိုး မြင့်တယ်၊ မစဉ်း စားနဲ့ ... ။ ”
ခရမ်းငယ်မှ ခေါင်းခါ လိုက်သည်။
“ နင့် ... ဒဏ်ရာ တွေကို ကုသဖို့ ... ၊ နည်းလမ်းတွေ အများကြီး ရှိတယ်၊ ဒါပေမယ့် အဲ့ဒီ ရတနာ တွေက၊ အရမ်း တန်ဖိုး ရှိတယ်၊ ဒါကြောင့် သူတို့ အကြောင်း သိချင် မနေ နဲ့တော့၊ ..
... ပြီးတော့ ဒဏ်ရာတွေ ပြန်ကောင်း မလာခင် ပုန်းမနေ ချင်ဖူး ဆိုရင် ... ၊ ဂီတကို လေ့ကျင့်မှ ရမယ်၊ အခု ချိန်မှာ ...
... ကောင်းကင် အမိုး ဓားကို စွမ်းအား အပြည့် မသုံး နိုင်တဲ့ အတွက်၊ အရိယာ ဓားကို ဂီတထဲ ပေါင်းစပ်မှ ရမယ်၊ ...
... အရင်က ဂီတ တာအိုကို၊ သင်ယူခဲ့ ပေမယ့်၊ အုတ်မြစ် ချ မထား ခဲ့ဘူး၊ စိတ်လည်း မဝင်စား ခဲ့ဘူး၊ အခုတော့ ... နင် လုပ်ကို လုပ်မှ ရတော့မယ်။ ”
ခရမ်းငယ် စကားမှာ မှန်နေ သဖြင့် ငြိမ်သက်စွာ နားထောင် မိသည်။ ယခင် ကာလ များ၌ ဝါသနာ အရသာ သင်ယူ မိခြင်း ဖြစ်၏။
“ ဟုတ်တယ် ... ၊ ဒါ အဖြေပဲ။ ”
လင်းယွန်မှ မေးစေ့ ကိုင်ကာ၊ ရေရွတ် လိုက်သည်။ ဓားကို ဂီတဖြင့် ပေါင်းစည်း နိုင် ပါက၊ ခွန်အား (၈၀%) ပြန်ရ ပေမည်။
“ နဂါးလေး ... ငါတို့ကို ရှာတွေ့ဖို့၊ ဆယ်ရက်လောက် လိုသေးတယ်၊ ဒါကြောင့် ဒီဆယ်ရက်က နင့်အတွက် ငရဲခန်း ဖြစ် လာမယ်၊ အသင့် ပြင်ထားပါ။ ”
“ ငါ ... နားလည် ပါတယ် ... ။ ”
“ ဂီတ အပြင်၊ အဓိပတိ နဂါး လက်သီးနဲ့၊ နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာရပ် ကိုလည်း လေ့ကျင့်ပါ၊ အဲဒီ နှစ်ခုက နင့်ရဲ့ နဂါးမြစ် မလိုဘူး။ ”
“ ဒါဆို စလိုက် ရအောင်။ ”
အသက် ပြင်းပြင်း ရှူလျက်၊ လင်းယွန်က မိုးကြိုး မုန်တိုင်း ဗျပ်စောင်းကို ထုတ်ယူ လိုက် လေသည်။
“ မိုးကြိုး မုန်တိုင်း ဗျပ်စောင်း ... ။ ”
ခရမ်းငယ်မှ ဗျပ်စောင်းကို ကြည့်ကာ အံ့သြ တကြီး ထအော်သည်။
“ ဘာ လို့လဲ ... ။ ”
“ နင် ကံကောင်းတယ်၊ ဒီဗျပ်စောင်းက အစွမ်း ထက်တဲ့ တိုက်ပွဲဝင် လက်နက် တစ်ခုပဲ၊ အုပ်စိုးရှင် သူတော်စင် လက်ရာ တွေက မရှား ပေမယ့်၊ ဒီတစ်ခု ကတော့ မတူဘူး၊ ...
... ရှေးဟောင်း အမွေ အနှစ် ... ၊ ကြိုးတွေ အားလုံးကို နဂါး သွေးလွှတ် ကြောနဲ့ လုပ်ထား ပြီး၊ ကိုယ်ထည်က အနှစ် တစ်သောင်း နတ်နဂါး သစ်သားပဲ၊ ...
... ရှေးဟောင်း နတ်နဂါး အသံကို တုပတီးခတ် နိုင်တယ်၊ မိုးကြိုး မုန်တိုင်းတွေ ကိုလည်း ဖန်တီး နိုင်တယ်။ ”
“ ဒင် ... ။ ”
ခရမ်းငယ်က ဗျပ်စောင်းကို လှမ်းယူကာ၊ မိုးကြိုး ပစ် သကဲ့သို့၊ အသံများ ညှိယူ နေသည်။ များ မကြာခင် သူမ ပတ်ဝန်းကျင် လေထုသည် နဂါး တစ်ကောင် အသွင် ဖြစ်ပေါ် လာ၏။ ၎င်းက အော်ငေါက် သံပင် ပြုလာသည်။
“ တင်း ... တောင် ... ။ ”
ဗျပ်စောင်း တီးခတ် နေသော ခရမ်းငယ် အသွင်မှာ၊ ပို၍ ရွှင်မြူး လာပြီး၊ တီးခတ် ခြင်းကို လက်စသတ် လိုက်သည်။
“ ဒီဗျပ်စောင်း ထဲမှာ ... ၊ နဂါး ဝိညာဉ် ရှိတယ်။ ”
“ နဂါး ဝိညာဉ် အကြွင်း အကျန်လား ... ။ ”
လင်းယွန်မှ အံ့သြ သွားသည်။
“ ဟုတ်တယ် ... ၊ ရေှးဟောင်း ပစ္စည်း တိုင်းကို၊ သားရဲ ဝိညာဉ် ထည့်သွင်း နိုင်ပေမယ့် ဗျပ်စောင်းကို၊ ထည့်သွင်း ဖို့က ခက်တယ်၊ ...
... ဂီတ တူရိယာ တွေကို၊ သစ်သား ဒါမှ မဟုတ်၊ ကျောက်စိမ်းနဲ့ ပြုလုပ်ရတယ်၊ သူတို့ရဲ့ ဂုဏ်သတ္တိကို ထိန်းသိမ်းဖို့ အတွက်၊ ဝိညာဉ် ရေးရာ ရူရ် ကိုတောင်၊ ...
... အမြောက် အများ၊ ရေးထွင်းလို့ မရဘူး၊ ဒါကြောင့် ရူရ် မရှိရင်၊ သားရဲ ဝိညာဉ်နဲ့ ပေါင်းရ ခက်တယ်၊ ဥပမာ ဒီကျောက်စိမ်း ဝါးပလွေကို ကြည့်၊ ...
... ဒါကို နတ်ကျောက်စိမ်းနဲ့ ပြုလုပ် ထားတယ်၊ သူက ကျောက်စိမ်းတုံးလို ချောမွေ့ နေပေမယ့်၊ ဝါးဖြစ် နေဆဲပဲ၊ ရှားပါးပြီး တန်ဖိုး ရှိနေတယ်၊ ဒါပေမယ့် ... ဝိဉာဉ် မရှိဘူး၊ ...
... ဒီမိုးကြိုး မုန်တိုင်း ဗျပ်စောင်းကို၊ နဂါး သစ်သားနဲ့ ပြုလုပ် ထားတယ်၊ သူက ဗျပ်စောင်း အဖြစ် မလုပ်ခင် ကတည်းက၊ နဂါး ဝိညာဉ် ရှိပြီး သားပဲ၊ နင် ... ဘယ်က ရလာ တာလဲ။ ”
“ အစ်ကို ကျန့်လင်းက ပေးတာ၊ သူ့ ကောင်မလေး လက်ဆောင်။ ”
လင်းယွန်မှ ပြန်ဖြေ၏။
“ နင့် ကြည့်ရတာ ... ၊ မိုးပြာ နဂါး သခင်နဲ့ တော်တော် ကံကြမ္မာ ရှိပုံ ရတယ်၊ ကောင်းပြီ ငါ မေးမယ်၊ ဂီတမှာ အသံ ဘယ်နှစ်ပါး ရှိလဲ။ ”
“ ဂီတ ဆိုတာ တူရိယာ တွေက ... ၊ ထွက်လာတဲ့ အသံပဲ၊ တနည်း ကမ္ဘာ ကြီးရဲ့ အသံ၊ ဘာသာ စကားလို့ ဆိုနိုင်တယ်၊ အဲဒီ ... ဂီတ အသံ (၅)ပါး၊ နှုတ်က (၁၂)ခု ရှိတယ် ...
... သူက အနု ပညာပါ ... ၊ ဒါပေမယ့် အချိန်ကြာလာ တာနဲ့၊ တာအို ဖြစ်သွားတယ်၊ ယင်နဲ့ ယန် ပေါင်းစပ် ပါဝင် လာပြီး၊ ဒို၊ ရေ၊ မီ၊ ဆို၊ လာ၊ ... အစား၊ ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေကြီး လို့လည်း ခေါ်လာတယ်၊ ...
... အသံ ငါးပါးကို၊ အရိယာ အသံ၊ သူတော်စင် အသံ၊ ဧကရာဇ် အသံနဲ့၊ နတ်နဂါး အသံ ဆိုပြီး၊ ထပ်ခွဲ ထားတယ်၊ ...
... နတ်နဂါး အသံ ဆိုတာ၊ နတ်နဂါး သတ္တဝါကို ရည်ရွယ်တာ မဟုတ်ဘူး၊ မွေးရာပါ ဂီတ စွမ်းရည် ပါလာတဲ့၊ ဒီကမ္ဘာ ကြီးရဲ့၊ နတ်သားရဲ ဆယ်ပါးကို ဆိုလိုတာ။ ”
ဥပမာ အားဖြင့် ခရမ်းငယ်အား ကြည့် နိုင်သည်။ သူမအား နတ်နဂါး အသံဖြင့် မွေးဖွား လာရာ၊ ဂီတ၌ မွေးရာပါ စွမ်းရည် ရှိ၏။ နတ် နဂါး အသံ အထက်တွင်၊ ဒဏ္ဍာရီလာ ကောင်းကင် အသံ ရှိသည်။
“ မဆိုးဘူး ... ၊ ကောင်းကောင်း မှတ်မိ သားပဲ၊ အခု နင့် ဓား ရည်ရွယ်ချက်က အရိယာ ကောင်းကင်ဓား မဟုတ် တော့လို့၊ အရိယာ အသံနဲ့ မရ တော့ဘူး၊ အထွတ် အထိပ် ...
... ခွန်အား လိုချင်ရင် ... ၊ သူတော်စင် အသံကို ဖော်ကြူး နိုင်ရမယ်၊ ဒီအတွက် နင့်မှာ အချိန် ဆယ်ရက် ရမယ်။ ”
(၁၀) အတွင်း၊ သူတော်စင် အသံကို ဆုပ်ကိုင်နိုင် ရန်မှာ၊ ကြီးစွာသော စိန်ခေါ်မှု တစ်ရပ် ဖြစ်သဖြင့်၊ လင်းယွန် တစ်ယောက် မျက်ခုံးပင့် လိုက်မိသည်။
***