ဖီးနစ် ချစ်ခြင်း။
Vol. 120 Ch. 1672
“ ခက် လို့ လား ... ။ ”
ခရမ်းငယ်မှ ပြုံးပြီး လင်းယွန်ကို ကြည့်၏။
“ ခက်တယ် ... ၊ ဒါပေမယ့် ... မခက် ရင်လည်း၊ စိန်ခေါ်မှု ရှိတော့မှာ မဟုတ်ဘူး။ ”
လင်းယွန်က မျက်ခုံးပင့်ကာ ပြန်ဖြေည်။
“ ဟမ့် ... ၊ ကြိုးစား ကြည့် ပါဦး။ ”
“ ကောင်းပြီ ... စမယ်။ ”
လင်းယွန်မှ အချိန် မဖြုန်းလို သောကြောင့်၊ စတင်ရန် ပြင်ဆင် လိုက်သည်။
“ နင်က သေခြင်း ကနေ၊ လွတ်တာမှ မကြာသေးဘူး၊ သေတွင်းကို ဆင်းချင် နေတာ လား၊ စိတ်လျှော့ပြီး ... ၊
... မိုးကြိုး မုန်တိုင်း ဗျပ်စောင်းနဲ့ ... အရင်ဆုံး ရင်းနှီးအောင် လုပ်ပါ၊ ပင်ပန်းတဲ့ အခါ ကောင်းကောင်း အနားယူ ... ။ ”
လင်းယွန် တစ်ယောက်၊ အရှေ့ဘက် ပျက်စီးမြေသို့ သွားစဉ် ကတည်း ကပင်၊ အနား ယူ နိုင်ခြင်း မရှိကြောင်း၊ သူမ ခန့်မှန်း နိုင်၏။
“ ကောင်းပါတယ် ... ၊ ငါ့ ဒဏ်ရာ တွေက တစ်ညလောက် အိပ်ရုံနဲ့ ပြန်ကောင်းလာ နိုင်တဲ့ အရာ မျိုးမှ မဟုတ်တာ ... ။ ”
“ ဒါပေမယ့် ... ငါ ပင်ပန်းတယ်။ ”
ခရမ်းငယ်မှ လင်းယွန်အား လျစ်လျူရှုပြီး၊ တောင်ကြားမှ ထွက်ခွာ သွားသည်။ ထို့ကြောင့် လင်းယွန်မှ၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းကို၊ နားလည် လာအောင်၊ အချိန်ပေး လိုက်ရ တော့သည်။
“ ဒင် ... ။ ”
ဗျပ်စောင်း အတွင်း၊ ဓား ရည်ရွယ်ချက် ကိုပင် ထည့်သွင်းကာ၊ စစ်ဆေး ကြည့် မိသည်။ ဗျပ်စောင်း ထံမှ အသံ မျိုးစုံ ထွက်ပေါ် လာ၏။
မိုးခြိမ်း သံများ၊ နတ်နဂါး အသံ များနှင့် ဖီးနစ် အော်သံ များပင်၊ ထွက်ပေါ် လာခဲ့သည်။ ထူးဆန်းသော အသံ များလည်း ပါဝင်၏။
ယင်းက မိုးကြိုး မုန်တိုင်း ဗျပ်စောင်း အတွင်း၊ မိုးပြာ နဂါး သခင်မှ ချန်ထား ခဲ့သော အသံများ ဖြစ်နိုင်သည်။
အဆုံးတွင် မိုးကြိုး သံကို တီးခတ်ရန် ရွေးချယ် လိုက်သည်။ လေတိုး သံနှင့် မိုးခြိမ်း သံများ ထွက်ပေါ် လာပြီး ၎င်းတို့အား၊ ပေါင်းစပ်နေမိ၏။
သတိ မထား နိုင်ခင်၊ အလင်းရောင် ပျောက်ကွယ် သွားကာ၊ လမင်း ထွက်ပေါ် လာ တော့သည်။
ထို့နောက် အနားယူ အိပ်စက် မိသည်။ သို့သော် သာယာသော ပလွေ သံကြောင့် ပြန်၍ နိုးထ လာရသည်။
အသံသည် တောင်ကြား အတွင်း တစ်နေရာမှ လာခြင်း ဖြစ်သဖြင့်၊ လျှောက်လှမ်း သွားမိ၏။
ခရမ်းငယ်မှ နတ် ကျောက်စိမ်း ပလွေကို တီးမှုတ် နေခြင်း ဖြစ်သည်။ မနှောက် ယှက်ဘဲ နတ်နဂါး မျက်လုံးအား ဖွင့်လိုက်၏။
နေနှင့်လ ထွက်ပေါ် လာကာ၊ နတ်သမီး လေးများ အလား၊ ကခုန် နေသော ဂီတ မှတ်စု များကို၊ မြင်လာ သည်။
ထို့နောက် ထိုင်ချ လိုက်ပြီး၊ လရောင်ကို လှုံနေမိ၏။ ယင်းက ပူနွေးသော နွေဦး ကဲ့သို့ ဖြစ်၍၊ နှလုံးသား နွေးထွေး လာသည်။
စိတ် ဝိညာဉ် နန်းတော် အတွင်းရှိ ရွှေကျီးကန်း ရူရ်၌၊ အသွင် ကူးပြောင်းမှုများ စတင်လာ တော့သည်။
ဂီတ သံစဉ် အတိုင်း၊ နစ်မျော နေစဉ်၊ လရောင်ခြည်မှာ သူ့စိတ်ထဲ တအိအိ စိမ့်ဝင်လာ လေသည်။
ယင်းက သူ့ကို သက်တောင့် သက်သာ ခံစားရ စေပြီး၊ ဒုက္ခ အားလုံးကို မေ့လျော့ သွား စေ တော့၏။
သံစဉ် ပြီးဆုံး သွားသော အခါတွင်၊ ကွဲပြားသည့် အသွင်ဖြင့်၊ ရွှေကျီးကန်း ရူရ်၏ ဘေးတွင် ရူရ် တစ်လုံး ပေါ်နေသည်။
ငွေရောင် တောက်ပလျက်၊ ဖီးနစ်၏ အသရေကို ပေးဆောင် ၏။ ထို့ကြောင့် စိတ် လှုပ်ရှား သွားသည်။
သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် များကို၊ စိတ် ဝိညာဉ် နန်းတော် အတွင်းရှိ၊ ရူရ် အရေ အတွက်ဖြင့်၊ အဆင့် သတ်မှတ်သည်။
ဆိုလို သည်မှာ သူသည် ဒုတိယတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်ဟု အဓိပ္ပါယ် ရ၏။
ဤသူတော်စင် ဖီးနစ် ရူရ်သည် ခရမ်းငယ် ထံမှ လာခြင်း ဖြစ်သည်။ သူမ သီချင်းသည် သူ့ အတွက် အကျိုးရှိ ချေပြီ။
“ ဧကရီ ... ၊ ဒီသီချင်း နာမည်က ဘာလဲ။ ”
“ ဖီးနစ် နှလုံးသား ... ။ ”
“ ဒီသီချင်းကို နားထောင် ရတာ ... ၊ ငါ့ စိတ်တွေ နည်းနည်း ပြောင်း သွားတယ်၊ ငါ့ရဲ့ စိတ် ဝိညာဉ်က ပိုသန်မာ လာသလိုပဲ။ ”
အသံလှိုင်း များသည် စိတ် ဝိညာဉ်ကို ရည်ရွယ် သောကြောင့်၊ ယင်းက မထူးဆန်းချေ။
“ ဟုတ် လား ... ။ ”
ဤသည်မှာ လင်းယွန် အတွက်၊ ဖန်တီး ထားကြောင်း၊ ခရမ်းငယ်မှ ထုတ်ပြောရန် စိတ် ကူးမရှိ သဖြင့်၊ ပြုံးရုံသာ ပြုံးမိသည်။
ဖီးနစ် နှလုံးသားသည် စိတ် ဝိညာဉ်ကို သန့်စင်ရန် ရည်ရွယ်သော နတ်ဖီးနစ် မိသားစု ၏ သီချင်း ဖြစ်သည်။ ထို့ကြောင့် ရည်ရွယ်ချက် ရှိရှိ တီးမှုတ် ပေးခဲ့ခြင်း ပေပင်။
“ ကဲ ... စလိုက် ရအောင် ... ၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းကို ထုတ်လိုက် ... ၊ ငါ တီးပြ မယ်။ ”
ခဏ အကြာတွင် သံစဉ်များ ထွက်ပေါ် လာသည်။ သို့သော် လင်းယွန်မှာ နား မလည် ချေ။ သံစဉ်ကို နား မထောင်ဘဲ၊ သူမ မျက်နှာ ကိုသာ ကြည့်နေသည်။
“ နင် ... ငတုံး၊ ငါ ဘယ်နှစ်ခါ တီးပြ နေရ မှာလဲ။ ”
အဆုံးတွင် ဗျပ်စောင်း တီးနေသော လက်ချောင်း များကို ရပ်ပြီး၊ အော်ငေါက် လိုက် တော့ သည်။
“ ဒီည လမင်းက အရမ်း လှတယ်။ ”
လင်းယွန်မှ ပြန်ဖြေ၏။
“ ဒီလောက်လည်း မဟုတ်ပါဘူး၊ လခြမ်းကွေး လေးပါ။ ”
ခရမ်းငယ်မှ မော့ကြည့်ပြီး ပြောသည်။
“ ဒါပေမယ့် ... မင်း မျက်ဝန်းတွေ လိုပဲ လှတယ်။ ”
လင်းယွန်က လခြမ်းကို ကြည့်လျက်မှ ဆိုသည်။ ပြီး ခရမ်းငယ်နှင့် အကြည့်ချင်း ဆုံ သွား၏။
“ ရွှပ် ... ။ ”
ခရမ်းငယ်က အလင်းတန်း တစ်ခုဖြင့်၊ သူ့အား တောက်ချ လိုက်သည်။ အနက်ရောင် အလင်းက သွေးလွှတ်ကြောအား ဖေါက်ဝင် လာ၏။
“ လူယုတ်မာ ... ၊ နင် ဘာတွေ တွေးနေ တာလဲ။ ”
လင်းယွန်က ဒဏ်ရာကို လက်ဖဝါး အုပ်ကိုင်လျက်၊ မြက်ခင်းပြင် အပေါ် လှဲချပြီး၊
“ မင်းရော ဘာတွေ တွေးနေ တာလဲ ကောင်မလေး။ ”
“ ငါ ... ကောင်မလေး မဟုတ်ဘူး၊ ငါ့အသက် တစ်သိန်း ရှိပြီ။ ”
“ အနှစ် တစ်သိန်း အပြစ်ဒဏ်ပါ ... ။ ”
“ မဟုတ်ဘူး၊ အပြစ်ပေး မခံ ရခင်က၊ ငါ့အသက် ရာဂဏန်း လောက် ရှိနေပြီ။ ”
“ နတ်ဖီးနစ် မိသားစုရဲ့ ... သက်တမ်းက အကန့် အသတ်မဲ့၊ နီးပါး ရှည်လျားတယ်၊ ဒါဆို အသက် ရာဂဏန်း လောက် ဆိုတာက၊ ကလေး မလေး မဟုတ်လို့၊ ဘာများ ဖြစ်နိုင် ဦးမလဲ၊ ဟား ဟား ဟား ... ။ ”
ထိုစကားကြောင့် ခရမ်းငယ် ခမျာ၊ ဒေါသထွက် လာစဉ်၊ လင်းယွန်က ဗျပ်စောင်း အနား ခုန်ဆင်းလျက်၊ ဖီးနစ် နှလုံးသားကို စတင် တီးခတ် တော့သည်။
“ ဒင် ... ။ ”
ညသည် တဖြည်းဖြည်း နက်လာပြီး၊ လင်းယွန် တစ်ယောက်တည်း လေ့ကျင့် နေ ခဲ့လေသည်။
ခရမ်းငယ်မှာ တုန်လှုပ် သွား၏။ ဤလူယုတ်မာသည် လုံးဝ ပါရမီရှင် တစ်ပါး ဖြစ်ချေပြီ။
ရွှေကျီးကန်းနှင့် ငွေဖီးနစ် ရူရ် များမှာ အသက်ဝင် လာတော့ သဖြင့်၊ နဂါး မြစ် သေဆုံး နေသော၊ ဒုက္ခိတ တစ်ယောက်နှင့် မတူ တော့ချေ။
ထို့ကြောင့် ပြုံးလိုက် မိသည်။ လင်းယွန်မှာ အမြင့်သို့ ရောက်ရှိ နေသဖြင့် ပြုတ်ကျပြီး ပြန်၍ မထနိုင် မည်ကို၊ သူမ စိုးရိမ် ခဲ့သည်။
လင်းယွန်မှ တစ်ညလုံး မနား ခဲ့ချေ။ ဓားရည်ရွယ်ချက်ကို ဗျပ်စောင်းထဲ ပေါင်းထည့် ကာ၊ ကောင်းကင်နှင့် မြေကြီးကြား အသံများ ပဲ့တင်ထပ် စေသည်။
မိုးခြိမ်းသံ တဟုန်ထိုး မြည်လာပြီး၊ ပတ်ဝန်းကျင် အပူချိန် ကျဆင်းလာ သည်နှင့် အမျှ၊ နှင်းများ တဖွဲဖွဲ ကျလာသည်။
နောက်တစ်နေ့ မကူးခင်၊ ဂီတ တာအိုနှင့် ပတ်သက်သော ထိုးထွင်း သိမြင်မှု များစွာကို ရရှိ လိုက်သည်။
သူတော်စင် တေးသွားကို၊ မကြာခင် ဆုပ်ကိုင် နိုင်တော့ မည်ဟု ခံစား လာရ၏။
“ နှင်းတွေ ကျနေ တာပဲ။ ”
လက်ဖဝါး ဖြန့်ကာ၊ နှင်းပွင့်ကို ခံယူ လိုက်သည်။ ထို့နောက် နှင်းထဲတွင် အိပ်ပျော် နေသော ခရမ်းငယ်ထံ လှည့်ကြည့် မိ၏။
သိုလှောင် လက်ကောက် အတွင်းမှ၊ ခရမ်းရောင် စောင် တစ်ထည် ထုတ် ယူကာ၊ လွှမ်းခြုံ ပေးလိုက်သည်။ ခရမ်းမှ နိုးသွားပြီး၊ သူ့အား မော့ကြည့်၏။
“ ရာသီ ဉတုက အရမ်း အေးနေတယ်။ ”
“ နင် ... အရူးလား၊ ရေခဲ ဖီးနစ်က အအေးပတ်ပြီး သေတယ်လို့ ကြားဖူးလား။ ”
ခရမ်းငယ်မှ ပြုံးကာ ပြန်ပြော လာသည်။ ယင်းက လင်းယွန်ကို အဆင် မပြေ ဖြစ်လာစေ တော့၏။
“ ဟား ဟား ဟား ... နင်က ရယ်စရာ ကောင်းတယ်၊ နှင်းဆိုတာ ငါ့ ပိုင်နက်ပဲ၊ ဒီလို နှင်းတွေ ထဲမှာ နေရတာ၊ သက်တောင့် သက်သာ အရမ်း ရှိတယ်။ ”
သို့သော် သူ ခြုံပေး ထားသော စောင်ကို ပြန်မပေးဘဲ ခေါင်းအထိ ဆွဲယူကာ၊ ခရမ်းငယ်မှ ခြုံလိုက် တော့သည်။
“ ဘာလို့ ခြုံတာလဲ ... ၊ အအေး မိမှာ ကြောက်လို့လား။ ”
“ ဟမ့် ... နင် ဘယ်လောက် မိုက်မဲလဲ ဆိုတာ မမေ့ အောင်လို့ ... ။ ”
ခရမ်းငယ်မှ တုန့်ပြန်ပြီး၊ အော်သည်။ မျက်စိတစ်မှိတ် အတွင်း (၉) ရက်ကြာ သွားခဲ့ လေသည်။
ထိုရက်များ အတွင်း၊ ခရမ်းငယ်မှ သီချင်း များစွာ သင်ကြား ပေးခဲ့ပြီး၊ သူ့ ဝိညာဉ် သန်မာ စေရန်၊ ဖီးနစ် နှလုံးသားကို ပြန်တီး စေခဲ့သည်။
“ အခု ... ငါ သိထား သမျှ၊ သီချင်းတွေ အားလုံး နင့်ကို သင်ပေး ပြီးပြီ၊ ဖီးနစ် နှလုံးသား ကိုတော့ မကြာ- မကြာ တီးပေးပါ၊ အနာဂတ်မှာ အများကြီး အကျိုးရှိ လိမ့်မယ်၊ ...
... နဂါး- ဖီးနစ် ဓား အနှစ် သာရကို၊ ပေါ့ပေါ့ဆဆ မကစား မိစေနဲ့၊ ဒါက နဂါး- ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း၊ အသက်ဝင် စေလိမ့်မယ်၊ နင့်ရဲ့ နဂါးမြစ်က အခု ကောင်း သေးတာ မဟုတ်ဘူး။ ”
“ ငါ မှတ်ထား ပါ့မယ်။ ”
လင်းယွန်မှ ခေါင်းညိတ် လိုက်၏။
“ ဖီနစ် ပိုးပန်းခြင်း ဆိုတဲ့ ... ၊ သီချင်းရော ရှိလား။ ”
လင်းယွန်က ရုတ်တရက် မေးသည်။
“ နင် ... ။ ”
ခရမ်းငယ် မျက်နှာ နီမြန်း သွားပြီး၊ သူ့အား ဒေါသဖြင့် စိုက်ကြည့် လာသည်။
“ ဒါဆို တကယ် ရှိတာပေါ့။ ”
လင်းယွန်မှ ပြုံးလိုက် မိ၏။
“ ယောက်ျား လေးက မိန်းမကို ပိုးပန်း သလိုများလား၊ ဒါမှ မဟုတ် တခြား နည်းလမ်း တွေနဲ့၊ ပိုးပန်း တာလား။ ”
“ နင် ... ။ ”
ခရမ်းငယ်က စွမ်းအင် အလင်းဖြင့် တောက်ထုတ် လိုက်ပြန်၏။ ဤရက် အတွင်း မကြာ ခဏ ဆိုသလို၊ ထိုသို့ ပစ်ခတ်ကာ သူ့အား သင်ခန်းစာ ပေးခဲ့သည်။
အနန္တ နတ်မိစ္ဆာ တောင်ထိပ်မှ၊ ပြန် ရောက်လာ ချိန်မှ စကာ၊ သူမ ခွန်အားသည် သူ့ထက် အဆပေါင်း များစွာ သာလွန် သွား၏။
ထို့ကြောင့် သူမအား ယခင်က ကဲ့သို့ ရိုက်နှက်ရန် မဖြစ်နိုင်တော့ချေ။ စိတ် ကျေနပ် သွားချိန်၌၊ ခရမ်းငယ်မှ ရှင်းပြသည်။
“ ဖီးနစ် ဆိုတာ ... ဖရိုဖရဲ ခေတ်မှာ၊ ပေါက်ဖွား လာတဲ့ နတ်သားရဲပဲ၊ သူ့သွေး ကနေ အထီးနဲ့ အမ ဆိုနဲ့၊ မျိုးဆက် ဖြစ်လာတာ၊ ...
... သူတို့ကို နတ်ဖီးနစ် မိသားစုဝင်တွေ အဖြစ် သတ်မှတ် ကြတယ်၊ ဒီကမ္ဘာမှာ ဖီးနစ် အစစ် ဆိုတာ၊ တစ်ကောင်ပဲ ရှိတယ်၊ အထီး လည်း မဟုတ်ဘူး၊ အစ်မလည်း မဟုတ်ဘူး၊ မသေ နိုင်တဲ့ ထာဝရ၊ လိင်မဲ့ မျိုးစိတ်။ ”
“ ငါသိပြီ ... ဒါဆို ဖီးနစ် ပိုးပန်းခြင်း သီချင်းကို၊ မင်း သင်ပေးလို့ ရမလား။ ”
“ ဘာလို့ သင်ယူချင် ရတာလဲ၊ ကောင်းကောင်း နေစမ်း ... ၊ အခု တစ်ရက်ပဲ ကျန်တော့တယ်၊ ဒီတစ်ခါ မင်းကို နတ်ဖီးနစ် မိသားစုရဲ့၊ လျှို့ဝှက် နည်းစနစ်တွေ ...
... သင်ပေး လိုက်မယ်၊ သူတို့ မပါဘဲ၊ သူတော်စင် အသံမျိုးကို ... ၊ နင် ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ”
ခရမ်းငယ်က လင်းယွန်အား စိုက်ကြည့်ကာ၊ လေးလေး နက်နက် ဆိုလာ တော့၏။
***