← Chapters

ခွဲခွာခြင်း ... ။

Vol. 120 Ch. 1673

ခွဲခွာခြင်း ... ။

Vol. 120 Ch. 1673

“ ငါတို့မှာ တစ်ရက်ပဲ ကျန်တော့တယ်။ ”

ခရမ်းငယ် စကားကြောင့် လင်းယွန် တစ်ယောက် ဝမ်းနည်း သွားသည်။ အချိန်ကုန်မြန်လွန်း ချေ၏။ သည်နေ့ ပြီးနောက်၊ အချိန် အကြာကြီး၊ ခွဲခွာ ရပေ ဦးမည်။

“ ကဲ ... ဖီးနစ် ချီးမွမ်းခန်း ဖွင့်ရအောင်။ ”

ခရမ်းငယ်က ပလေွကို နှုတ်ခမ်းတွင် တေ့ကာ၊ ပြောလိုက်၏။ သူမ ပလွေ တီးမှုတ်စဉ် ဗျပ်စောင်းကို လင်းယွန်မှ တီးခတ်သည်။

ဗျပ်စောင်း ကြိုးများမှာ တင်းမာ လာပြီး၊ တီးခတ်ရန် ခက်ခဲ နေသည်။ ယင်းက လင်းယွန် ၏၊ မျက်နှာကို ပြောင်းလဲ စေ၏။

ခေါင်းမော့ ကြည့်လိုက် ချိန်၌၊ ခရမ်းငယ် မျက်နှာမှာ ခံ့ညားကာ ထက်မြက်သော အသွင် မျိုး ပေါက်နေသည်။

ပလွေသံသည် ဗျပ်စောင်းမှ လာသော အသံကို နှစ်ခြမ်းခွဲ နေ သလို ခံစား လာရသည်။ လက်ချောင်းများ နာကျင်နေ သဖြင့်၊ ငုံ့ကြည့် လိုက်ရာ၊ သွေးများ စီးကျ နေ၏။

“ တကယ် အလေး အနက် ထားနေ တာပဲ။ ”

ခရမ်းငယ်မှ တုန့်ပြန်ခြင်း မရှိချေ။ သူမ တေးသွားမှာ၊ ပို၍ ပီပြင် လာပြီး၊ ဖီးနစ် သစ်ပင် သို့၊ ငှက်များ ပျံသန်း လာသည်။

တချို့က သစ်ပင်ပေါ် နား၏။ တချို့ ကောင်းကင်ပေါ် ပျံတက် ကြပြီး၊ တချို့ မြေပြင် ပေါ် ဆင်းသက် ကြသည်။

ထို့ကြောင့် အလေး အနက် ထားကာ၊ ဓားရည်ရွယ် ချက်ကို ထည့်သွင်း လိုက်ရသည်။ လေထဲ၌ ဖီးနစ် နှစ်ကောင် အော်ဟစ် သံများ ညံလာ တော့သည်။

“ ဖွင့် ... ။ ”

“ ဒင် ... ။ ”

လင်းယွန် ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်လာပြီး၊ လက်ညှိုးကို ခတ်ထုတ် ပစ်သည်။ သူ ပိုင်သည့် ဖီးနစ်မှာ၊ လျှပ်စီး တောင်ပံ တစ်စုံ ပွင့်လာ တော့၏။

ထိုအချိန်တွင် ခရမ်းငယ်၏ လက် ဆယ်ခေျာင်းက၊ ချက်ချင်း အသံပေါက် များပေါ် ပြေးလွှား လာသည်။ များ မကြာခင် ငွေရောင် ဖီးနစ် တစ်ကောင် အဖြစ်၊ ပြောင်းလဲ သွား၏။

ထို့ကြောင့် လင်းယွန် ဆင့်ခေါ် ထားသော လျှပ်စီး ဖီးနစ်မှာ၊ ချက်ချင်း အပိုင်းပိုင်း ဆုတ်ဖြဲ ခံလိုက် ရသည်။

ပါးစပ်မှ သွေးများ စီးကျ လျက်၊ ဗျပ်စောင်း သံမှာ ဖရိုဖရဲ ဖြစ်လာသည်။ ဖန်တီး ထားသော ဖြစ်စဉ် အားလုံး အပိုင်းပိုင်း ကွဲသွား၏။

“ ဒါ ဘာ သံစဉ်လဲ ... ။ ”

ဗျပ်စောင်း တီးခတ် ခြင်းကို ရပ်ကာ၊ နှုတ်ခမ်းမှ သွေးများကို သုတ်ပြီး၊ လင်းယွန်မှ မေးမိသည်။

“ နတ် ဖီးနစ် အတွေ့ ... ၊ ဒါပေမယ့် အားလုံးကို တစ်ရက် တည်းနဲ့ သင်ယူဖို့ ... မဖြစ် နိုင်သေးဘူး၊ ကနဦး အဆင့်ကို ရောက်ဖို့ပဲ အာရုံ စိုက်ပါ။ ”

ကျန်ရှိသော အချိန် များကို နတ်ဖီးနစ် အတွေ့အား လေ့လာ စေ၏။ (၉)ရက် အတွင်း၊ လင်းယွန်၏ အုတ်မြစ်မှာ ခိုင်မာ လာသည်။

နှင်းများ ကျချိန်၌ လင်းယွန်က ဖီးနစ် နှလုံးသားကို ပြောင်းလဲ တီးခတ် လိုက်သည်။ ခရမ်းငယ်က အနား ယူရန်၊ မြစ်ကမ်း နဘေးသို့၊ လျှောက်လှမ်းကာ ထိုင်ချ မိ၏။

လရောင် အောက်တွင် လက်ရာ၊ မြောက်သော ကျောက်ဆစ် ပန်းပု ရုပ်တု အလား၊ ငြိမ်သက် သွားသည်။

“ ဒင် ... ။ ”

ဗျပ်စောင်း သံမှာ၊ အထွတ် အထိပ်သို့ ရောက်ရှိ သွားပြီး၊ လင်းယွန် ခန္ဓာကိုယ် အပေါ်၊ အစွမ်း ထက်သော ရောင်ဝါများ ဖုံးလွှမ်း လာ၏။

၎င်းမြင်ကွင်းသည် ပြန်လည် မွေးဖွား နေသော၊ ဖီးနစ် တစ်ကောင်နှင့် တူစေသည်။ ဂီတ အပေါ် လုံးလုံး လျားလျား အာရုံစိုက် နေသဖြင့်၊ လင်းယွန်က မသိ ချေ။

ခဏ အကြာတွင်၊ လေပြေ တိုက်ခတ် လာပြီး၊ လျှပ်စီးများ လင်းလက်လာ၏။ လေနှင့် လျှပ်စီး ပေါင်းစပ် သွားသော အခါ၊ ဗျပ်စောင်းရှိ မိုးကြိုး မုန်တိုင်း အသက် ဝင်လာသည်။

“ဝူး ... ။ ”

ကောင်းကင်နှင့် မြေကြီး တုန်လှုပ် လာပြီး၊ လင်းယွန် ဆံပင်များ တဖျပ်ဖျပ် လွင့်မျော နေခဲ့ သည်။ အဆုံးတွင် ကန့်သတ်ချက်သို့ ရောက်ရှိ လာပြီး၊ စွမ်းအား တစ်ခု ပေါက်ကွဲ သွား၏။

မြေပြင် တုန်ခါ သွားကာ၊ မုန်တိုင်းက တောင်ကြား အတွင်းမှ၊ သက်ရှိ တိုင်းကို ပျက်စီး စေတော့သည်။

ရုတ်တရက် ကောင်းကင် အမိုးဓား ရည်ရွယ်ချက်ကို မသိ စိတ်ဖြင့် လွှတ်ထုတ်ပြီး၊ တိမ်တိုက် များဖြင့်၊ ပေါင်းစပ် မိ၏။

ပြိုကျ နေသော သက်ရှိ လောကကို ကောင်းကင်မှ ဖြစ်စဉ်များ ဆင်းသက် လာကာ၊ ပြန်လည် တည်ဆောက် ပေးသည်။

ထို့ကြောင့် ညှိုးနွမ်း ကုန်သော သစ်ပင် ပန်းမန် များမှာ၊ ဘဝသစ် တစ်ခု ရရှိလာ သကဲ့ သို့၊ ပြန်၍ ရှင်သန် လာတော့သည်။

“ ဒါ ... သူတော်စင် အသံ (Tone) ပေါ့ ... ။ ”

အချိန် အတော်ကြာ ပြီးနောက်၊ လက် နှစ်ဖက်ကို ကြိုးများ တုန်ခါမှု မဖြစ် စေရန်၊ ဖမ်း တား လိုက်၏။

“ နတ်ဖီးနစ် အတွေ့ - သူတော်စင် အသံ။ ”

နှင်းများကို မော့ကြည့်ကာ၊ လင်းယွန်မှ ရေရွတ် လိုက်သည်။ ဤအချိန်၌ ကန့်သတ်ချက် များကို သူ ဖြတ်ကျော် နိုင်ခဲ့ ပြီဟု နားလည် လာမိ၏။

အရိယာ အသံ မှသည်၊ သူတော်စင် အသံ ဖြစ်လာသော အခါ၊ နတ် ဖီးနစ် အတွေ့သည် တံခါး ဝသို့၊ ရောက်ရှိ သွားသည်။

“ နင်က .. တကယ် လူယုတ်မာပဲ။ ”

ခရမ်းငယ်မှ ဖြည်းညှင်းစွာ လျှောက်လှမ်း လာနေသည်။ လင်းယွန် စွမ်းဆောင်မှု ကြောင့် သူမပင် အံ့ဩ ရ၏။

“ ငါ ... အောင်မြင် ပြီလား။ ”

လင်းယွန်မှ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းကို သိမ်းလျက် ပြန်ပြော လိုက်သည်။

“ ဒီလောက်လည်း ... မဟုတ် သေး ပါဘူး၊ နင့်ရဲ့ သူတော်စင် အသံက၊ တံခါးဝ မှာပဲ ရှိသေး တယ်၊ သူတော်စင် အသံမှာ၊ အဆင့် ကိုးဆင့် ရှိတယ်၊ ဒါကြောင့် ...

... ငါနဲ့ ယှဉ်ရင် ... ၊ နင့်ရဲ့ ... ဖီးနစ် အတွေ့က ကလေးငယ် အဆင့်ပဲ၊ လေးနက်မှု တစ်ထောင်ပုံ တစ်ပုံတောင် မရှိဘူး။ ”

ခရမ်းငယ်မှ ချက်ချင်း လှောင်ပြောင်၏။ လင်းယွန်က အငြင်း အခုံ မလုပ်ခဲ့ချေ။ မိုးလင်း သော အခါ၊ အချင်းချင်း နှုတ်ဆက် မိသည်။

“ ငါ့ကို ... ဖီးနစ် ချီးမွမ်းခန်း တီးပြပါ။ ”

ခရမ်းငယ်မှ တောင်းဆို ၏။

“ ကောင်းပြီ ... ။ ”

ဗျပ်စောင်းကို ထုတ်ယူကာ၊ လင်းယွန်မှ ကြိုးပြန် ညှိ၏။ ဓား ရည်ရွယ်ချက် မထည့်ဘဲ သီချင်း သက်သက် ကိုသာ တီးခတ် ပြသည်။

“ ကျီး ... ။ ”

နှင်းမုန်တိုင်းကို ဖြတ်ပြီး၊ ငှက် တစ်အုပ် ပျံဝဲလာကာ၊ ဖီးနစ် သစ်ပင်ကို ဦးခိုက် ကြလေ သည်။

အချို့က ခရမ်းငယ် ပခုံးပေါ် အိပ်လျက်၊ အချို့မှာ စော့ကစား နေ၏။ ထိုမြင်ကွင်းသည် ခရမ်းငယ်အား ဖီးနစ် တစ်ကောင် အလား ထင်မှား စေသည်။ ခမ်းနား လှချေ၏။

ကိုးရက် အတွင်း သူ သင်ယူ ခဲ့သော သီချင်းများကို၊ လင်းယွန်က ဆက်လက်ကာ၊ တီးခတ် ပြနေ ခဲ့သည်။

အဆုံးတွင် ဗျပ်စောင်း တီးခတ်မှုကို၊ ရပ်တန့်ပြီး၊ မိုးကုတ် စက်ဝိုင်း အစပ်မှ မြင့်တက် လာသော နေမင်းကို ကြည့်မိ၏။

“ အာရုဏ်တက် လာပြီ။ ”

“ ဟုတ်တယ် ... သွားဖို့ အချိန် ကျပြီ။ ”

ခရမ်းငယ်က လှဲနေ ရာမှ ထရပ်၏။ သူ့ ခန္ဓာကိုယ် ပေါ်ရှိ၊ ကပ်နေသော နှင်းများကို ပွတ် သပ်လျက်၊ နတ်ကျောက်စိမ်း ပလွေအား ပြန်ပေး သည်။

“ ဒါကို ပြန် ယူသွား ... ။ ”

“ မင်း ကရော ... ။ ”

“ ပြင်ပ အကူ အညီတွေ မလို ပါဘူး၊ သာမာန် ဂီတ တူရိယာ တစ်ခုလောက် ရရင်၊ ငါ အဆင် ပြေတယ်၊ ငါ့ကို ဓားသေတ္တာပဲ ပေးလိုက်။ ”

လင်းယွန်က ချက်ချင်းပင် ဓားသေတ္တာ ဖြုတ်ပေး လိုက်သည်။ ၎င်းကို လွယ်ပိုးခဲ့ ချိန်မှ စကာ၊ တပါးသူ လက်ထဲ၊ ဤတစ်ကြိမ် သာ ပေးခဲ့ဖူး ချေ၏။

ဓားသေတ္တာကို ဖယ်ရှား လိုက်သော အခါတွင်၊ တောင်ပေါ်မှ ခုန်ချလိုက် သကဲ့သို့၊ အလွန် ပေါ့ပါး သွားသည်။

သူတို့ လမ်းခွဲ ရပေမည်။ ခရမ်းငယ်မှ အခြားသော အုပ်စိုးရှင် နတ်ရူရ် များကို ရှာမည် ဖြစ်၏။

“ ဘယ်သူ့ ကိုမှ ... မပြောပဲ ထားတဲ့ လျှို့ဝှက်ချက် တစ်ခု ရှိတယ်၊ ငါ့ ... ဒါန်တမ်မှာ ရှိတဲ့ ဓားက၊ အုပ်စိုးရှင် နတ်ရူရ် တွေနဲ့၊ ဆက်စပ် နေတယ်လို့၊ ခံစား နေရတယ်။ ”

“ အိုး ... ။ ”

ခရမ်းငယ်မှာ စူးစမ်း ချင်စိတ်ဖြင့် ပြန်ကြည့် လာ၏။ သို့သော် လင်းယွန် တစ်ယောက် တစ်စုံ တစ်ခု အပေါ် ၊ မရေမရာ ဖြစ်နေ သောကြောင့်၊ မျက်မှောင်ကြုတ် မိသွားသည်။

“ ဘာမှား လို့လဲ ... ။ ”

“ ဘယ်က စပြော ရမှန်း မသိ တော့လို့၊ ငါပြောမယ့် အရာကို ... မင်း ယုံမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဒါက ... အမှန် တရား တွေပါ၊ ငါ ဆိုတာ ... ဒီကမ္ဘာက မဟုတ်ဘူး၊ ...

... ကမ္ဘာ မြေလို့ ခေါ်တဲ့၊ နေရာက လာတာ၊ အဲဒီမှာ ခွန်လွန်တောင်၊ (Tai) တောင်နဲ့ ဒဏ္ဍာရီ မျိုးစုံ ရှိတယ် ... ။ ”

ရုတ်တရက် လင်းယွန် ထံမှ ကြားလိုက် ရသော စကားကြောင့်၊ ခရမ်းငယ်မှ အံ့အားသင့် သွားသည်။

“ ငါ့ကို (Tai) တောင်ထိပ်မှာ၊ ဓားနဲ့ အထိုး ခံရပြီး၊ ဓားရောင်ခြည် တစ်စင်းက၊ ဒီခန္ဓာ ထဲကို ခေါ်လာ ခဲ့တာ၊ ဒီခန္ဓာ ကိုယ်ကို အင်အား သုံးပြီး သိမ်းပိုက် ထားတာ မဟုတ်ဘူး၊ ဒါပေမယ့် …

… ကမ္ဘာ မြေက ... ငါ လင်းယွန်နဲ့၊ ပယင်း ကမ္ဘာက ဒီလင်းယွန်က တစ်ယောက်တည်း ဖြစ် နေတယ်၊ ဆိုလို တာက ... ငါ့ ဝိညာဉ်ကို၊ ပယင်း ကမ္ဘာက လင်းယွန်နဲ့ ...

... ကမ္ဘာ မြေက ရှေ့နေ လင်းယွန် ဆိုပြီး၊ နှစ်ပိုင်း ခွဲထားတာ၊ အခုတော့ ... ဓားရောင်ခြည် က ဒီခေါ် လာပြီး၊ ဝိညာဉ် နှစ်ခုကို ပြန်ပေါင်း စေလိုက်ပြီ ... ။ ”

လင်းယွန်က သူ့ ခံစား နေရသော လျှို့ဝှက်ချက်ကို ထုတ်ပြောပြ လိုက်သည်။ ဤ အချင်း အရာ များနှင့် ပတ်သတ်ပြီး၊ အကြိမ် ကြိမ် သူ့ကိုယ်သူ စစ်ဆေး နေမိ ၏။

ထို့ကြောင့် ဤခန္ဓာ ကိုယ်၏ ပိုင်ရှင် အမှန် ဖြစ်ကြောင်း၊ ရှင်းရှင်း လင်းလင်း သိလာ သည်။ ဓား ရောင်ခြည်မှာ ဝိညာဉ် နှစ်ခု တစ်သား တည်း ဖြစ်စေရန်၊ ရည်ရွယ် ခဲ့၏။

သို့သော် ထိုဓား ရောင်ခြည်သည် ကမ္ဘာ မြေကြီးမှ ရှေ့နေ လင်းယွန် ဟူသော ဝိညာဉ်ကို၊ လုံးဝ လွှမ်းမိုး နိုင်ခြင်း မရှိ သဖြင့်၊ အထက်ပါ အရာ များအား၊ သူ သိလာခြင်း ဖြစ်၏။

“ ရှေးဟောင်း ခွန်လွန် ... ။ ”

ခရမ်းငယ်မှ မျက်လုံး ပြူးလျက်၊ ရေရွတ် လိုက်သည်။

“ ဘာလဲ ... ။ ”

“ နင် ပြောတဲ့ နေရာက၊ ရှေးဟောင်း ခွန်လွန်ပဲ၊ နတ်ဖီးနစ် မိသားစုမှာ ခွန်လွန် ဘုံရဲ့၊ ရှေးဟောင်း ခွန်လွန် တောင်ကြီး အကြောင်း အချက် အလက်တွေ ရှိတယ်၊ ...

... ရှေးဦခေတ် ဒါမှ မဟုတ်၊ ကမ္ဘာဦး ခေတ်မှာ ထဲက မွေးဖွား ခဲ့တာ၊ လက်ရှိ ခွန်လွန် ဘုံရဲ့ မူလ အစပဲ၊ ဒါပေမယ့် အရမ်း ဝေး လွန်းတယ်၊ ...

... သူ့ကို ဒဏ္ဍာရီ တောင်တန်း အဖြစ်သာ၊ ငါတို့က မှတ်ယူ ကြတယ်၊ အခုတော့ တကယ် တည်ရှိ နေတာပဲ။ ”

ခရမ်းငယ်မှ ရှင်းပြပြီး၊ အံ့ဩ လာသည်။

“ ငါ နေထိုင်ရာ ကမ္ဘာ မြေကြီးက ... ၊ ရှေးဟောင်း ခွန်လွန်လား။ ”

ထိုစကားကြောင့် လင်းယွန်မှာ စိတ်လှုပ်ရှား သွား၏။

“ ဟုတ်တယ် ဘယ်သူမှ မရောက် ဖူးတဲ့ အတွက် မသေချာဘူး၊ လူလည်း သိပ် မသိဘူး။ ဟိုဟောင်း နေတဲ့ ဒဏ္ဍာရီ တစ်ပုဒ် ပါပဲ။ ”

“ ဒီကနေ ဘယ်သူမှ သွားဖို့ မကြိုးစား ကြဖူးလား။ ”

“ မသိဘူး၊ သွားခဲ့ ရင်တောင် ... ဒါက ဒဏ္ဍာရီ ထဲက ... ၊ ဘိုးဘေး နတ်ဘုရား တွေပဲ တတ်နိုင်မယ်၊ ဘာလို့ ငါ့ကို ပြောပြ တာလဲ၊ ဒါ နင့်ရဲ့ အရေး ကြီးတဲ့ လျှို့ဝှက်ချက် နော်။ ”

“ မင်းများ နည်းနည်းလောက် ကူညီ ပေးနိုင် မလားလို့။ ”

“ ဒီအကြောင်းကို ... ၊ ဘယ်သူ့ကိုမှ ထပ် ပြောဖို့ မကြိုးစားနဲ့၊ နင် ကိုယ်တိုင် မေ့ထား နိုင် ရင်တောင်၊ အကောင်း ဆုံးပဲ။ ”

“ ကောင်းပြီ ... ။ ”

“ နင် ... အခု ထွက်သွားလို့ ရပြီ၊ နင့်လို လူယုတ်မာကို နောက်ထပ် တစ်စက္ကန့် လေး တောင် ... ၊ ငါ မတွေ့ချင် တော့ဘူး။ ”

ခရမ်းငယ်မှ ခေါင်းကို တစ်ဖက် လှည့် လိုက်၏။ ထွက်ခွာ သွားမည့် လင်းယွန်အား၊ သူမ မကြည့် ချင်ချေ။

“ မင်း ခြုံထားတဲ့ စောင်ကို သိမ်းထား မို့လား။ ”

“ ဟုတ်တယ် ... ။ ”

“ ဘာလို့လဲ ... ။ ”

“ ဝမ်းနည်းမှုပဲ ... ၊ ပျော်ရွှင်မှု ... ၊ စတဲ့ ဘယ်လို ခံစားချက်မျိုး မဆို၊ အချိန်က တိုက်စား နိုင်တယ်၊ ဒါကြောင့် ... ငါ နင့်ကို သတိ ရချင်တယ်။ ”

“ ကောင်းပြီ ဒါဆို ... ယူထားလိုက်၊ ငါ သွားတော့မယ်၊ ဂရုစိုက်ပါ ကောင်းကင် တာအို ဂိုဏ်းမှာ ပြန်ဆုံ ကြမယ်။

သူထွက် လာပြီး မကြာခင်၊ တောင်ကြား အတွင်းမှ သီချင်းသံ သဲ့သဲ့ ကြားလိုက် ရသည်။ လင်းယွန်က ခြေလှမ်း ရပ်ကာ၊ ပြန်လှည့် ကြည့်မိ၏။

ထိုသီချင်းသည် ဆန်းကြယ်ပြီး၊ လှိုင်းထန် နေသော မြစ် ကိုပင်၊ ငြိမ်သက် သွား စေခဲ့သည်။ ခရမ်းငယ် အသက်မှာ တစ်သိန်း ရှိပြီ ဖြစ်၏။

သို့သော် ကလေးငယ် တစ်ဦး ကဲ့သို့ ကောင်းကင်ပေါ် ပျံတက်ပြီး၊ မျက်ရည် များ စီးကျလျက်၊ သီချင်း ဆိုနေ တော့သည်။

***

All Chapters