← Chapters

နိဗ္ဗာန် ပွဲတော်။

Vol. 120 Ch. 1674

နိဗ္ဗာန် ပွဲတော်။

Vol. 120 Ch. 1674

ထူထပ်သော မြူခိုးများ ကြားတွင် သီချင်း ဆိုနေသည့် မိန်းမငယ် တစ်ဦးကို အဝေး မှပင် မြင်နိုင်၏။

လင်းယွန်တွင် ရွေးချယ်စရာ မရှိချေ။ အနာဂတ်၌ ပို၍ အားကောင်း လိုသော် ယနေ့ ထွက်ခွာ ရပေမည်။

( ငါ ပြန်လာမယ်။ )

စိတ်ထဲမှ ကတိပေး လိုက်ပြီး၊ ခရမ်းငယ်ကို ကျောခိုင်း လိုက်သည်။ ထိုသို့ ကျောခိုင်း နေစဉ်၊ နတ်လိပ် အသွင်ပြောင်းနည်းကို အသုံးပြု လိုက် သဖြင့်၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွား လေသည်။

သည့်အတွက် နဂါး မူလကို အသုံး ပြုရ သောကြောင့်၊ နဂါး သွေး လွှတ်ကြောများ တုန်လျက်၊ နာကျင် လာတော့ သည်။

ငွေလမင်း မျက်နှာဖုံးကို တပ်ကာ၊

“ ဒီနေ့က စပြီး ... ၊ ငါ့ နာမည်က လင်းရှောင်။ ”

-ဟု ဆိုလိုက် လေသည်။

၎င်းကို အသက် မသွင်း ချိန်၌ အသွင် အပြင်နှင့်၊ ရောင်ဝါအား ဖုံးကွယ် နိုင်သည့် သာမန် ငွေရောင် မျက်နှာဖုံး တစ်ခုသာ ဖြစ်သည်။

အသက်သွင်း လိုက်မှ သာလျှင်၊ ဆံပင် ငွေရောင် ပြောင်းသွားကာ၊ စိတ်စွမ်းအင် နှစ်ဆ တိုးလာခြင်း ဖြစ်၏။ ယင်းက နှလုံးကို ဦးတည် တိုက်ခိုက်ခြင်း ကိုပင်၊ တားဆီး ပေးချေမည်။

( နှုတ်ဆက် ပါတယ် ... ။ )

မြစ်ကမ်း နဘေး ရောက်သည်နှင့်၊ ရေစီးကြောင်း အတိုင်း၊ လိုက်ပါ ပျံသန်း မိ၏။ မြစ် အဆုံးတွင် ကောင်းကင် နယ်မြေ၏ ဒေါသ ပင်လယ် ရှိသည်။

ထို့ကြောင့် ဤမြစ် ကြမ်းပြင်တွင်၊ ရှေးဦးခေတ်၏ သားရဲများ၊ သင်္ချိုင်းဂူ များ၊ အပျက်အစီး များကို၊ မကြာ ခဏ ဆိုသလို၊ တွေ့ရှိ ရသည်။

မြစ်ကြောင်း အဆုံးတွင် ဒေါသ ပင်လယ် ရှိသည်။ ရှေးဦးခေတ်၌ ပေါ်ပေါက် လာခြင်းဖြစ် ၏။

နတ်ဘုရား တိုက်ပွဲ အပြီးတွင်၊ ပင်လယ် တစ်ခုလုံး ဖရိုဖရဲ ဖြစ်လာကာ၊ ဒေါသ ပင်လယ် မှသည်၊ ငရဲ ပင်လယ် အဖြစ်သို့၊ ပြောင်းလဲ ခေါ်ဝေါ် လာကြသည်။

ယင်းနောက် မြင့်မြတ် မြေများ၊ မိစ္ဆာ ဂိုဏ်းများ အတွက်၊ ကျင်လည် ကျက်စားသော နယ်မြေများ ဖြစ်သွား၏။

ရက်စက် ကြမ်းကြုတ် လှသော လူများ စွာသည်၊ ထိုနေရာသို့ စုရုံးလာ ကြပြီး၊ နတ်နဂါး အင်ပါယာမှ အာဏာစက် လွတ်ကင်းရာ မြေ အဖြစ်၊ ကျင်လည် ကျက်စား လာသည်။

ပင်လယ်၏ အနောက် ဘက်သည် ပျက်စီးခြင်း နန်းတော် ရှိရာ စစ်မြေပြင် ဖြစ်ပြီး၊ အရှေ့ဘက်တွင် နတ်မိစ္ဆာ နယ်မြေနှင့် သွေးလ ဂိုဏ်း တည်ရှိသည်။

မြောက်ဘက်တွင် မြင့်မြတ် မြေများစွာ ရှိကာ၊ တောင်ဘက်သည် ဓားဂိုဏ်း တည်ရာ ရှေးဟောင်း ပျက်သုဉ်းမြေ ဖြစ်၏။

ထို့ကြောင့် အရှေ့ဘက် ပျက်စီး မြေ၏ အလယ် ဗဟို ဟုလည်း၊ ခေါ်ဆို နိုင်သည်။ လမ်း တစ်လျှောက်တွင် စွမ်းအား ကြီးသော နတ်ဆိုး သားရဲ များနှင့် ကြုံတွေ့ ရ၏။

မကြာခဏ ဆိုသလို၊ ပလွေကို အသုံးပြု မိသည်။ သတ္တမ သွေးလွှတ်ကြော နယ်ပယ် အုပ်စိုးရှင် သားရဲ တစ်ကောင်နှင့် ကြုံချိန်၌၊ ရွှေကျီးကန်း တောင်ပံ များကို ဖွင့်ကာ၊ ထွက်ပြေး ရတော့သည်။

လဝက် ကြာပြီးနောက်၊ ကောင်းကင် နယ်မြေ နယ်စပ် ဖြစ်သော ငရဲ ပင်လယ်အား လှမ်းမြင် လာရသည်။

လမ်း တစ်လျှောက် ဂီတကို လေ့ကျင့် လာသဖြင့်၊ တတိယတန်း ဝိညာဉ် ရေးရာ ဆရာ သခင် နီးပါး၊ စိတ်စွမ်းအင်များ မြင့်မား လာသည်။

သို့သော် သူတော်စင် ရူရ် များနှင့်၊ သူတော်စင် ပုံကြမ်း များကို ဆုပ်ကိုင် ထားခြင်း မရှိ သဖြင့်၊ စစ်မှန်သော ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ကဲ့သို့ မစွမ်း လှချေ။

တစ်ညတွင် ဖီးနစ် နှလုံးသားကို တီးမှုတ်နေရာ၊ မြစ်ကြောင်း တစ်လျှောက် စုန် ဆင်း လာသော၊ သင်္ဘော တစ်စင်းနှင့် ကြုံသည်။

ယင်းမှာ အပျော်စီး သင်္ဘော မဟုတ်ချေ။ အလွန် လှပပြီး ရှုပ်ထွေးသော ပန်းပွင့် ပုံများ ရေးထွင်း ထားသည်။

ထိုပန်းပွင့် များသည်၊ ဝိညာဉ် ရေးရာ အစီရင်ဖြစ်၏။ သင်္ဘော ပေါ်၌ အမျိုးသမီး တသိုက် ရယ်မောသံ ပြုလျက်၊ တူရိယာများ တီးမှုတ် ကခုန် နေကြသည်။

“ ကောင်းကင် မှတ်စုဂိုဏ်း ... ။ ”

၎င်းသည် ဓားဂိုဏ်း၏ မဟာမိတ် ဖြစ်ပြီး၊ သူသည်လည်း လောရှုရီနှင့် ကောင်းမွန်သော ဆက်ဆံ ရေးမျိုး ရှိသည်။

သို့သော် တစ်ချက် မျှသာ လှမ်းကြည့်ကာ၊ ပလွေကို ဆက်၍ တီးမှုတ် နေခဲ့သည်။ သင်္ဘော ၏ အမြင့်ဆုံး အခန်းတွင်၊ တပည့်ကြီး လင်းဝမ် နှင့် လောရှုရီ ရှိနေ၏။

ခရမ်းရောင် ဝတ်ရုံ ဆင်မြန်း ထားသော လင်းဝမ်က၊ သစ်သား ကုလားထိုင် ပေါ်တွင် ထိုင်လျက်မှ၊ လောရှုရီထံ ကြည့်သည်။

“ ရှုရီ ... မကြာခင် ပြိုင်ဆိုင် မှုတွေ ပြင်းထန်လာ တော့မယ်၊ နင် ဘာလုပ်ဖို့ စဉ်းစား ထားလဲ။ ”

လောရှုရီက သူမ မေးခွန်းကို စိတ်ဝင်စား ပုံ မပြဘဲ၊

“ စီနီယာ အစ်မ ... ၊ သူတော်စင် အကြီး အကဲ နှစ်ဦး ဆီက သခင်လေး လင်းရဲ့၊ သတင်း အစ အန ပြန်မလာ ဖူးလား။ ”

-ဟု မေးလိုက်၏။

“ ရှုရီ ... နင် သူ့ကို သဘောကျ သွားတာလား။ ”

“ စီနီယာ အစ်မ ... ၊ ဘာတွေ ပြောနေ တာလဲ၊ ညီမလေး ယွဲ့ကို ကတိ ပေးထားတယ်၊ ဒါပေမယ့် သူ ပျောက်သွားပြီ၊ ဒါကို ငါ ဘယ်လို ရှင်းပြ ရမှာလဲ။ ”

“ သေ သွားပြီလို့ ပြောလိုက်၊ ခွန်လွန်ကို ရောက်စက နင့်ရဲ့ အကူ အညီကို သူ လိုကောင်း လိုပေမယ့်၊ အခု မလို တော့ဘူး၊ သူက ကောင်းကင်လမ်း ...

... သမိုင်း တစ်လျှောက်၊ အရက် စက်ဆုံး ချန်ပီယံပါ၊ သုံနှစ် အတွင်း သူတော်စင် သခင်ကို သတ်ပစ် နိုင်ပြီ၊ သူ့ ဆရာ ...

... သက်တံဓား သူတော်စင် တောင်၊ သူ့အပေါ် အကာ အကွယ် မပေး နိုင်တော့တာ၊ နင်က ဘာများ လုပ်နိုင် ဦးမှာ မို့လဲ။ ”

လင်းဝမ်မှ စိတ်ပျက် လက်ပျက်ဖြင့် ပြန်ပြောသည်။

“ ဒါပေမယ့် ညီမ ယွဲ့ကို ... ၊ ငါ ဘာပြန်ပြော ရမလဲ။ ”

“ သေလူ ဖြစ်သွားပြီ၊ စိတ်လျော့ လိုက် တော့လို့ ပြောလိုက် ... ။ ”

“ ဒါပေမယ့် ... ။ ”

“ ဒါပေမယ့် တွေ လုပ်မနေနဲ့ ... ၊ သူ ဘယ်လိုလုပ် အသက်ရှင် နိုင်မှာလဲ၊ ကောင်းကင် သူတော်စင် ချပ်ဝတ်က ဧကရာဇ် ကိုးပါး ကိုတောင် သွေးဆောင် ခဲ့တယ်၊ ...

... ဓားကရာဇ်က သူ့ကို တစ်ကြိမ်ပဲ အကာအကွယ် ပေးတာ၊ တစ်သက် တာလုံး ကာကွယ် ပေးမယ်လို့ မပြော ခဲ့ဘူး။ ”

သို့တိုင် လောရှူရီမှ သူမ စကား အပေါ်၊ နားမဝင် သေးဘဲ၊ နှုတ်ခမ်းကို ကိုက်နေ သဖြင့်၊ လင်းဝမ်က သက်ပြင်းချ မိသည်။

“ သူ အသက်ရှင် နေရင်တောင် ... ထင်ထင် ပေါ်ပေါ် နေရဲ တော့မှာ မဟုတ်ဘူး၊ နှစ် တစ်ရာ ဒါမှ မဟုတ်၊ နှစ် နှစ်ရာလောက် ပုန်းအောင်း နေလိမ့်မယ်၊ ဒါပေမယ့် မလွယ် ပါဘူး၊ သူက သေလူ တစ်ယောက် ဖြစ်နေ ပါပြီ။ ”

ထို့စဉ် အစေခံ တစ်ယောက် အခန်းထဲ ရုတ်တရက် ဝင်လာ၏။

“ အစ်မ လင်း ထူးဆန်းတယ် ... ၊ မြစ်ကမ်းနဖူး ပေါ်မှာ ... ၊ လူ တစ်ယောက် ပလွေမှုတ် နေတယ်၊ ပလေွ သံက နားထောင် ကောင်းတယ်၊ ဒါကြောင့် သူ့ကို လှေပေါ် ဖိတ်ခေါ် ချင်ပါတယ်။ ”

အစေခံ စကားကြောင့် လောရှုရီနှင့် လင်းဝမ်မှာ အကြည့်ချင်း ဖလှယ် လိုက်ကြ သည်။ ကောင်းကင် မှတ်စု ဂိုဏ်းရှိ အမျိုး သမီးတိုင်း၊ ဂီတနှင့် ရင်းနှီး ပေ၏။

အစေခံ တစ်ဦး သည်ပင် ဂီတ၌၊ အတော် အတန် ပေါက်မြောက်မှု ရှိသည်။ ပလွေရှင်သည် ကျွမ်းရှင်သူ မဟုတ်က ဤသို့ လာရောက် ခွင့်တောင်းမည် မဟုတ်ချေ။

“ စိတ်ဝင်စား စရာပဲ၊ ရှုရီ ... သွားကြည့် ရအောင်။ ”

နှစ်ဦးသား ကုန်ပတ် ပေါ်သို့၊ ချက်ချင်း ဆင်းသက်ကာ၊ ပလွေရှင်ထံ လှမ်းကြည့် လိုက်မိ ၏။ ကုန်းပါတ် ပေါ်၌ အမျိုးသမီး ငယ်များ ရယ်မော ပျှော်ရွှင် နေကြသည်။

မြစ်ကမ်း နဘေး၌၊ ဆံပင် အဖြူ များကို ပခုံးတွင် ပတ်လျက်၊ မျက်နှာဖုံး တပ်ထား သော လူငယ် တစ်ဦးမှ ပလွေမှုတ် နေ၏။

“ ဘယ်လိုတောင် ထူးထူး ခြားခြား နားထောင် ကောင်းလိုက်လဲ၊ ရှုရီ ဒါ ဘာ သီချင်းလဲ နင် သိလား။ ”

“ မသိဘူး ... ၊ သီချင်းမှာ ရှေးဟောင်း နုတ်တွေ အများကြီး ပါတယ်၊ အဲဒါက ဂန္ဓဝင် သံစဉ် တစ်ပုဒ် ဖြစ်မယ် ထင်တယ်။ ”

နားထောင် စဉ်က စိတ် မ၀င်စား ခဲ့ သော်လည်း၊ တဖြည်းဖြည်း အံ့သြ လာ သည်။ လရောင် လှုံနေရ သကဲ့သို့ ကြည်နူး စေ၏။

ထို့ထက် ပို၍ အံ့သြစေ သည်မှာ၊ ဤလူထံမှ ရင်းနှီးသော ခံစားချက်များ ရနေခြင်း ဖြစ်သည်။ ပလွေသံ ဆုံးသွား သည်နှင့် လင်းဝမ်က၊

“ မိတ်ဆွေ ... ၊ ငါက ကောင်းကင် မှတ်စု ဂိုဏ်းက လင်းဝမ်ပါ ... ၊ မိတ်ဆွေရဲ့ ဂီတမှာ ရှေးဟောင်း စည်းချက်တွေ ပါတယ်၊ ငါတို့ သင်္ဘော ပေါ် တက်ပြီး၊ ဂီတနဲ့ ပတ်သက်တဲ့ အသိ အမြင်တွေ ဖလှယ်ဖို့ ဆန္ဒရှိ ပါသလား။ ”

-ဟု မေးလိုက်သည်။

လင်းယွန်က ပလွေကို သိမ်းလိုက်ပြီး၊

“ ငါ့ မျိုးရိုး နာမည်က လင်း... ငါက တစ်ယောက်ထဲ နေရတာကို ပို ကြိုက်တယ်၊ ဒါကြောင့် ခွင့်ပြုပါ။ ”

လင်းယွန် သည်လည်း၊ ဂီတကို နားလည် ကြောင်း ပြန်သတိ ရလာပြီး၊ အနီးကပ် ကြည့်ရှု ရန်၊ လောရှုရီမှ ကြိုးစား လိုက်မိသည်။ သို့သော် ညအချိန် ဖြစ်ရုံ သာမက၊ လှိုင်းပါ ထန်နေ သဖြင့်၊ မအောင်မြင် ခဲ့ချေ။

“ အစ်မ လင်း ... သူ့ကို ခေါ်လိုက်။ ”

ငြင်းပယ်ခံ ရသဖြင့်၊ လင်းဝမ်မှ မိတ်ဖွဲ့ ခြင်းအား၊ အဆုံးသတ် လိုသော်လည်း၊ လောရှူရီ စကားကြောင့် ပြုံးပြီး၊

“ သခင်လေး လင်း၊ မင်း ဒီလောက် ယဉ်ကျေးနေဖို့ မလို ပါဘူး၊ လှေပေါ်က ငါ့ညီမ တွေက၊ မင်း အကြောင်း သိချင် နေကြတယ်၊ ငါတို့ မှာလည်း၊ အလားတူ ...

... ဂီတ ဝါသနာရှင်တွေ ရှိပါတယ်၊ အချင်းချင်း အသိ အမြင် တွေကို၊ ဖလှယ်ကြ ရအောင်၊ အခုလို ဆုံရ တာက ... ငါတို့ ကံကြမ္မာပဲ မဟုတ်လား။ ”

သူမ ဟူသည် ကောင်းကင် မှတ်စု ဂိုဏ်းမှ တပည့်ကြီး ဖြစ်၏။ ဤသို့ ဖိတ်ခေါ်ခြင်း ဖြင့်ပင်၊ နှိမ့်ချပြီး ဖြစ်လေသည်။

“ ငါက ခရီးသွား တစ်ယောက်ပါ၊ ငါတို့ အချင်းချင်း မိတ်ဖွဲ့ဖို့ မလို ပါဘူး၊ ကံကြုံ ရင် ပြန်ဆုံ ကြတာပေါ့။ ”

လင်းယွန်မှ ပြုံးပြီး၊ လက် ဝှေ့ယမ်းကာ မြစ်ကမ်း တစ်လျှောက်၊ လျင်မြန်စွာ စုန်ဆင်း သွားတော့သည်။

“ ခစ် ခစ် ခစ် ... ၊ ဒီလူက တကယ် ပြေးတာပဲ၊ ငါတို့ သူ့ကို ဖမ်းမိမှာ ကြောက်နေ သလိုပဲ။ ”

“ ငါတို့ စီနီယာ အစ်မလို အလှ တရား လေးရဲ့၊ ကမ်းလှမ်းမှုကို ငြင်းပယ် ရအောင်၊ သူ မျက်မမြင် လို့ဘဲ ဖြစ်ရမယ်၊ ဒါပေမယ့် သူ့ သီချင်းက၊ နားထောင် ကောင်းတယ်နော်။ ”

ပျောက်ကွယ် သွားသော လင်းယွန်ကို ကြည့်ပြီး၊ သင်္ဘော ပေါ်ရှိ အမျိုး သမီးငယ် များက၊ ပြုံးရယ် ကုန်သည်။

“ အစ်မ လင်း ... ၊ သူ့နောက်ကို မြန်မြန် လိုက် ... ၊ သူက လင်းယွန်ပဲ။ ”

လောရှုရီက ရုတ်တရက် စိတ်လှုပ်ရှား စွာဖြင့် ထအော် လေသည်။ သို့သော် လင်းဝမ်မှ မလှုပ် ခေျ။

“ ရှုရီ ... ဘာတွေ ပြောနေ တာလဲ၊ ရူးသွား ပြီလား။ ”

“ အစ်မ လင်း ... ၊ ငါ မရူး ပါဘူး၊ သူက တကယ် လင်းယွန်ပါ ... ၊ မဟုတ်ရင် သူ ဒီလို ထွက်ပြေး ပါ့မလား။ ”

လောရှုရီက ပို၍ စိုးရိမ် လာကာ လင်းယွန် နောက်သို့ လိုက်ရန် ပြင်၏။ သို့သော် လင်းဝမ်မှ သူမကို အမြန် ပြန်ဆွဲ ထားသည်။

“ တော်တော့ ... သတိ ထားပါ၊ သူ တီးမှုတ်တဲ့ သီချင်းက ရှေးဟောင်း သံစဉ်ပဲ၊ သူ့ရဲ့ ကျွမ်းကျင်မှုက ငါ တို့ထက် မနိမ့်ဘူး၊ သူတော်စင် အသံ ကိုတောင်၊ ဖန်တီးနိုင် လောက်တယ်၊ ...

... ပြောပါဦး ဓားသမား တစ်ယောက်က၊ ဒီအဆင့်ထိ ရောက်အောင် လေ့ကျင့်ဖို့ အားနေ ပါ့ မလား။ ”

သို့မှသာ လောရှုရီ တစ်ယောက် ငြိမ်သက် သွား၏။

“ ပြီးတော့ ... ၊ လင်းယွန်က အခုလို လူမြင်ကွင်းထဲ၊ သွားလာ လှုပ်ရှားရဲ လိမ့်မယ်လို့ နင် ထင်လား။ ”

လင်းဝမ်မှ ထပ်ပြောသည်။ လောရှုရီက သက်ပြင်း ချလျက်၊ မျက်ဝန်း တစ်စုံမှာ ပြန်၍ မှိန်ဖျော့ သွားတော့သည်။

“ ဒါပေမယ့် ... သူနဲ့ ပြန်တွေ့ဖို့ နင့်မှာ၊ အခွင့်အရေး ရှိပါ သေးတယ်၊ သူက ရှေးဟောင်း သူတော်စင် မိသားစုဝင် ဖြစ်မဲ့ ပုံပဲ ... ၊ ငရဲ ပင်လယ်ကို ဦးတည် နေတယ်၊ သေချာပေါက် နိဗ္ဗာန် ပွဲတော် အတွက် လာတာ။ ”

ဘဝ သုံးပါး သစ်ပင်၊ ပွင့်တော့မည် ဖြစ်သဖြင့်၊ နိဗ္ဗာန် ပွဲတော်အား ကျင်းပ ပေတော့ မည်။

ယင်းက (၁၀)နှစ် တစ်ကြိမ် သာ ကျင်းပသော ပွဲဖြစ်ပြီး၊ ခွန်လွန်ရှိ ဂီတ သမား များ အားလုံး အတွက်၊ စိတ်ဝင် စားဖွယ် ပွဲတော်ကြီး ဖြစ်သည်။

သို့သော် ဤလူသည် လင်းယွန် မဟုတ် သည့်နောက်၊ လောရှုရီမှ ထပ်မံ တွေ့ဆုံရန် ဆန္ဒ မရှိ တော့ချေ။

***

All Chapters