← Chapters

ကောင်းကင်ဘုံ ကြယ်ဆေးအိုး။

Vol. 120 Ch. 1677

ကောင်းကင်ဘုံ ကြယ်ဆေးအိုး။

Vol. 120 Ch. 1677

အန်းလျူယွင် အကြည့်မှာ၊ အေးစက် သွားသည်။ ဖန့်ယန်နှင့် ကျန်းယင် နှစ်ဦးတည်း သာ ဆိုက၊ အနိုင် ယူနိုင်၏။

သို့သော် သတ္တမြောက် သွေးလွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင်သူ မာချင်း ရှိပြီ ဖြစ်သဖြင့်၊ ခက်ခဲ သွားပြီ ဖြစ်သည်။

ထွက်သွား နိုင်သော်လည်း၊ မိုလင်းအာ အတွက် ရလာဒ် မကောင်း နိုင်ချေ။ အရှက် ရဖွယ် အဖြစ် ဆိုးနှင့်၊ သေဆုံး နိုင်မည်။

“ မင်း ... ထွက်သွား ချင်လား။ ”

အန်းလျူယွင်ကို ကြည့်ပြီး၊ မာချင်း မျက်ဝန်းများ အေးစက် လာ၏။ လက် ဝှေ့ယမ်း လျက်၊ မိုလင်းအာကို လှမ်းဆွဲ လိုက်သည်။

မိုလင်းအာမှာ ဒဏ်ရာ အပြင်း အထန် ရရှိထား သဖြင့်၊ ထိုစွမ်းအားကို မခုခံ နိုင်ချေ။ သို့သော် လက်တစ်ဖက်က သူမ လက်ကောက် ဝတ်ကို ဖမ်းဆုပ်ကာ ပြန်ဆွဲ ပေး၏။

“ ဟမ့် ... ငါတို့ ကိစ္စမှာ ... ၊ ဝင်စွက်ဖက် ဝံ့သလား။ ”

လင်းယွန်ကို သတ်ဖြတ် လိုသော ဆန္ဒဖြင့်၊ ကျန်းယင်၏ မျက်လုံးများ တောက်ပ လာသည်။ သို့သော် မာချင်းက ဟန့်တား လိုက်၏။

“ ထားလိုက် ... ။ ”

မာချင်း အမြင် အရ၊ တစ်ဖက် လူအား မမြင်နိုင် လေရာ၊ တိုက်ပွဲ အတွင်း ဆွဲ မသွင်းလို သေးချေ။ အရေး အကြီး ဆုံးမှာ အန်းလျူယွင် ကို ဖမ်းရန် ဖြစ်၏။

ဤနေ့အတွက် များစွာ အားထုတ် ခဲ့ရပြီး၊ မအောင်မြင်သော်၊ ကြယ် ခန်းမ၏ လက်တုံ့ ပြန် မှုကို၊ ခံစား ရမည် ဖြစ်သည်။

“ မိန်းကလေး ... ၊ လင်းအာကို ဂရု မစိုက်နဲ့ အခု ထွက်သွား ... ။ ”

မိုလင်းအာက အော်ဟစ် လိုက်သည်။ လင်းယွန်မှ သူမကို ကယ်တင် ပေးသည်အား၊ သတိ မရ နိုင်သေးချေ။

“ ဟား ဟား ဟား ... ၊ မစဉ်းစားနဲ့ ... ၊ အန်းလျူယွင် ... မင်းရဲ့ နဂါး မူလကို ဖြန့်ကျက် နိုင်သေးလား ဆိုတာ စစ်ဆေး ကြည့်ပါဦး။ ”

ထိုစကားကြောင့် အန်းလျူယွင် ခမျာ၊ နဂါးမြစ်ကြီး ကျောက်သား ကဲ့သို့ တရွေ့ရွေ့ ပြောင်းလဲ နေသည်ကို သိလိုက်၏။

“ နဂါး နှိမ်နင်းခြင်း အမှုန့် ... ။ ”

ဤအရာသည် အဆိပ် ဖြစ်သည်။ အဆိပ် အစွမ်း ပြသရန်၊ အမွှေးတိုင် လောင်ကျွမ်း ချိန်၊ တစ်ဝက် မျှသာ ကြာပေ၏။

အနံ့ ကင်းပြီး အရောင် မရှိချေ။ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူပင်၊ ထိုအဆိပ် မိနိုင်သည်။

သူတော်စင် နယ်ပယ် အောက်ရှိ၊ မည်သူ မဆို ဖြေရှင်းရန် ခက်ခဲ၏။ အလွန် စျေးကြီးလှ သဖြင့်၊ နဂါး သွေးလွှတ် ကြောမှ၊ တစ်စုံ တစ်ဦး အပေါ် သုံးစွဲ ခြင်းဖြင့်၊ ဖြုန်းတီးရာ ရောက် လေသည်။

“ သွေးလ ဂိုဏ်းက ... ငါ့ကို ဖမ်းဖို့ ... ၊ ဒီလောက် တန်ကြေး အထိ၊ သုံးခဲ့ တာလား။ ”

“ ငါ့ကို အပြစ် မတင်နဲ့၊ ဒီကျွန်းမှာ အကြာကြီး နေနေတဲ့ ... ၊ မင်းကိုယ် မင်းသာ အပြစ် တင်ပါ၊ မင်းသာ ထွက်သွားရင် ငါတို့ အခွင့် အရေး ရှိမှာ မဟုတ်ဘူး။ ”

မာချင်းမှ ပြန်ပြောသည်။

“ သူ့ကို ဖမ်း ... ။ ”

ဖန့်ယန်နှင့် ကျန်းယင်ကို အမိန့်ပေး လိုက်၏။ ဓားချက် တစ်ရာကျော် ထုတ်လွှတ်ပြီး၊ အန်းလျူယွင်ထံ ပြေးဝင် လာသည်။

“ ဟိတ် ... ။ ”

“ ဝုန်း ... ။ ”

များမကြာခင် သုံးယောက်သား တိုက်ပွဲ ဖြစ်ပွား လာ၏။ စွမ်းအင် လှိုင်းများ ကြောင့် အဆောက် အဦး အချို့ ပြိုကျ သွားသည်။

“ ရန်သူ ... ။ ”

ရုန်းရင်း ဆန်ခတ်မှု များသည် ကောင်းကင် ဘုံ ကြယ်ခန်းမ၏ အစောင့် များကို၊ သတိထား မိစေကာ၊ ပြေးဝင် လာကြသည်။

သို့သော် ၎င်းတို့သည် ပင်မ နတ်ဘုရား နယ်ပယ် ၌သာ ရှိနေကြ သဖြင့်၊ အသုံး မဝင် ချေ။

နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ အချို့၊ ရှိသော်လည်း၊ အမြင့်ဆုံးမှာ တတိယ သွေးလွှတ်ကြော ဖြစ်သည်။

ဤကျွန်းသည် ငရဲ ပင်လယ် အစပ် မျှသာ ဖြစ်သဖြင့်၊ ကြယ်ချန်းမ အနေနှင့်၊ ကျွမ်းကျင်သူ များစွာ မထား နိုင်ချေ။ ပင်မ နတ်ဘုရား များသာ ထားရှိ နိုင်သည်။

ထို့ကြောင့် အရေ အတွက် မည်မျှပင် ဝင်ရောက် လာစေ ကာမူ၊ လက်ဝေှ့ ယမ်းပြီး၊ မာချင်းမှ သတ်ပစ် ခဲ့သည်။

“ ဖပ် ... ။ ”

“ အင့် ... ။ ”

ဤမြင်ကွင်းက အန်းလျူယွင်ကို ပို၍၊ စိုးရိမ်စေပြီး၊ အာရုံ ပျံ့လွင့် သွားလေရာ၊ ဖန့်ယန် ထံမှ၊ လက်ဖဝါး တစ်ချက် ထံမှန် သွားသည်။

“ ဝေါ့ ... ။ ”

ယင်း၌ အဆိပ်များ ပါ၏။ ထို့ကြောင့် ချက်ချင်း သွေးအန်ကာ၊ လွင့်စဉ် သွားတော့ သည်။

“ ဟား ဟား ဟား ... ။ ”

မာချင်းက ရယ်မောလျက်၊ တိုက်ပွဲကို ကြည့်သည်။ ရေနွေးကြမ်း သောက်နေသော လင်းယွန်မှ၊ ခွက်ကို ပို၌ တင်းကျပ်စွာ ဆုပ်ကိုင် လိုက်၏။

နတ်မိစ္ဆာ တံခါးဝနှင့် သေွးလ ဂိုဏ်းကြား ပြဿနာ အပေါ်၊ စိတ်မဝင် စားချေ။ နှစ်ဖက် စလုံးမှာ မိစ္ဆာများ ဖြစ်သည်။

၎င်းတို့ နှစ်ဦး နှစ်ဖက်သည်၊ တိုက်ပွဲ ဖြစ်ပွားနေ သည်မှာ၊ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀) ကတည်း ကဖြစ်၏။

ထိုစဉ်က နတ်မိစ္ဆာ တံခါးဝ၏ ထိုးနှက် မှုကြောင့် သွေးလ ဂိုဏ်းမှာ၊ နှစ်ပေါင်း (၁၀၀၀) ကြာအောင်၊ ပုန်းကွယ် ခဲ့ရသည်။

တောင်ပိုင်း ဧကရာဇ် ကွယ်လွန်သွား ပြီးနောက် မှသာ၊ ဖြည်းဖြည်းချင်း ပြန်လည် ထွက်ပေါ် လာခြင်း ဖြစ်၏။ လက်ရှိ အချိန်၌ နတ်မိစ္ဆာ တံခါး ကိုပင် ယှဉ်နိုင်သည် အထိ၊ ကြီးထွား လာပြီ ဖြစ်သည်။

ယင်းက နတ်မိစ္ဆာ နယ်မြေ အတွင်း၊ အင်အား လွန်ဆွဲပွဲ ဖြစ်သဖြင့်၊ သူနှင့် မဆိုင်ချေ။ သို့သော် အန်းလျူယွင်မှ ပါဝင် ပတ်သတ်နေ သောကြောင့်၊ သူ့အား အကြပ်ရိုက် စေ၏။

သူ၏ လက်ရှိ အသွင် အပြင် အရ၊ ကိုင်တွယ်ရန်၊ နည်းလမ်း ရှာမတွေ့ သေးချေ။ စောင့်ကြည့် ရုံသာ ရှိတော့သည်။

အန်းလျူယွင် မှာ၊ မိုလင်းအာကို မထား ခဲ့နိုင်သဖြင့်၊ အခြေ အနေမှာ ပို၍ အန္တရာယ်များ လာသည်။ အဆုံးတွင် အဆိပ် ဒဏ်ကို စတင် ခံစားလာ ရတော့၏။

ထိုမြင်ကွင်းက ကျန်းယင်အား တပ်မက်မှုများ ဖြစ်ပေါ် လာစေသည်။ လှုပ်ရှားမှု လေးကန် လာသော အန်းလျူယွင်၏ အဝတ် အစား များကို၊ ချွတ်ရန် ကြံရွယ် မိသည်။

“ သူဌေး အန်းက ... အဝတ် အစား မပါရင်၊ တော်တော် ကြည့်ကောင်းမယ် ထင်တယ်၊ ဟား ဟား ဟား ... ။ ”

“ ဝှစ် ... ။ ”

ရယ်မောလျက် လက်လှမ်း လိုက်၏။ သို့သော် ရေနွေး ပုဂံလုံး တစ်လုံး လွင့်ဝဲ လာ သဖြင့်၊ လက်ကို ရုတ်လိုက် ရသည်။

“ ဟမ့် ... ။ ”

ပြီးနောက် ချက်ချင်း ဓားဖြင့် ခုတ်ပိုင်းချ လိုက်ကာ၊ လင်းယွန်ကို ဒေါသနှင့် လှည့်ကြည့် လာ၏။

“ ချ လွမ်း ... ။ ”

“ မင်း ... ။ ”

စကား ပြောရန် ပြင်စဉ်၊ ရေနွေး ပုဂံလုံး အကွဲစ များက၊ တုန်တုန် ယင်ယင် ဖြစ်လာပြီး၊ ကြမ်းပြင်မှ ထံပျံ လာသည်။

“ ဖ ရူး ... ။ ”

၎င်းအတွင်း ထက်ရှမှု ပါဝင် နေသဖြင့်၊ ထိတ်လန့် အံ့သြ သွားကာ၊ ဓားဖြင့် ချက်ချင်း ခုတ်ပိုင်း မိ ပြန်၏။

“ ခွမ်း ... ။ ”

ဤတစ်ကြိမ်တွင် ရေနွေး ပုဂံလုံး အကွဲစ များမှာ၊ အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန် သော် လည်း၊ ကြမ်းပြင်ပေါ် ပြုတ်မကျ တော့ချေ။

“ ရွှပ် ... ။ ”

ထို့ကြောင့် ပို၍ များသော အပိုင်း အစ များနှင့်၊ ရင်ဆိုင် လာရသည်။ ဤသို့ဖြင့် (၃) ကြိမ် တိုင်တိုင်၊ ခုတ်ပိုင်း ပြီးနောက်၊ ကျန်းယင် တစ်ယောက် ကူကယ်ရာ မဲ့သွား၏။

ပုဂံ အပိုင်း အစ များက၊ သူ ကာကွယ် နိုင်သည့် ပမာဏထက်၊ ကျော်လွန် လာတော့ သည်။

၎င်းတို့မှာ အပ်များ သဖွယ်၊ ခန္ဓာကိုယ် အနှံ့သို့ ထိမှန်၏။ နောက်ဆုံးတွင် လင်းယွန်က ဝင်ပါရန် ဆုံးဖြတ် လိုက်သည်။

“ မင်းတို့က အဆိပ် သုံးတဲ့ အပြင်၊ အရေ အတွက်နဲ့ အခွင့်ကောင်း ယူနေ တာလား၊ ရွံ စရာ ကောင်းလိုက်တာ။ ”

“ ကောင်လေး ... သွေးလ ဂိုဏ်းနဲ့ ပတ်သတ်တဲ့ ကိစ္စ တွေမှာ၊ ဝင် မပါဖို့ မင်း ဆရာ သတိ မပေး ခဲ့ဖူးလား၊ ထိုင်ကြည့် နေပါ၊ မဟုတ် ရင် ... ။ ”

မာချင်းက အေးစက်စွာ ပြောလာ၏။

“ ဘယ်လိုတောင် မောက်မာ လိုက်လဲ။ ”

လင်းယွန်မှ ထိတ်လန့်ခြင်း မရှိဘဲ ပြုံး၏။

( သူ ... ဘယ်သူလဲ။ )

အန်းလျူယွင်က စကားဝိုင်းကို နားထောင် နေရာမှ လင်းယွန်ထံ ကြည့်သည်။ ဤလူသည် သွေးလ ဂိုဏ်းမှ မဟုတ် ပါက၊ သူမ မျိုးရိုးအား အဘယ့်ကြောင့် သိနေ သည်လည်း။

ထိုအတွေးက စိတ်လှုပ်ရှား လာစေပြီး၊ နှလုံးသား တစ်ခုလုံး လေးလံ သွား၏။ မျက်ဝန်း များကို လင်းယွန် ထံမှ မခွာနိုင် ခဲ့ချေ။

“ မင်းတို့ နှစ်ယောက် ဆက်လုပ် ... ၊ ဒီကောင့်ကို ငါ ကိုယ်တိုင် ဖြေရှင်း လိုက်မယ်။ ”

မာချင်းက ရေမျက်နှာ ပြင်ပေါ် ခြေဖျား အသာပုတ်လျက်၊ လှံကို စကြာ အသွင် ဝှေ့ယမ်း ကာ၊ ပျံသန်း လိုက်သည်။

ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင် အတက် အကျ လှိုင်းများ ပျံ့နှံ့ လာ၏။ ၎င်းတွင် နဂါး မူလ ပါသဖြင့်၊ သာမာန် ပါရမီရှင် တစ်ပါး အား အပိုင်းပိုင်း ခွဲနိုင်၏။

“ ဝှစ် ... ။ ”

အဆိုပါ မြင်ကွင်းကြောင့် လင်းယွန်မှ သက်ပြင်း ချကာ၊ လက်ဝှေ့ ယမ်းပြီး၊ ဗျပ်စောင်း အား၊ ထုတ်ယူ လိုက်သည်။

“ ဒင် ... ။ ”

မာချင်း လှံဖျားက သူ့အပေါ်၊ ရောက်ရှိ တော့မည့် အချိန်တွင်၊ ဗျပ်စောင်အား စတင် တီးခတ် လိုက်သည်။

ကြိုး ခတ်သံနှင့် အတူ လေပြင်းများ နဂါး အလား ပြေးထွက် လာ၏။ ယင်းက အာကာပြင် ပုံပျက် သွားစေသည်။

ထို့ကြောင့် လှံ ရည်ရွယ်ချက် လှိုင်းများ ပြိုကျ လေရာ၊ မာချင်း တစ်ယောက် မျက်လုံး ပြူးလာ တော့သည်။

“ ဂီတ တာအို ... ။ ”

ဗျပ်စောင်း ရှေ့တွင်၊ ထိုင်နေသော လင်းယွန်မှာ၊ မင်းမျိုး မင်းနွယ် တစ်ယောက် အလား၊ မြင့်မြတ်သည့် အသွင်မျိုး ဆောင်၏။

“ ဝူး ... ။ ”

အန်းလျူယွင်ထံ တိုးဝင် နေသော ကျန်းယင်နှင့် ဖန့်ယန်ထံ၊ မိုးကြိုး မုန်တိုင်း တစ်စင်းက ဟန့်တား လာလေသည်။

ထိုအခွင့် အရေးကို ယူပြီး၊ ခန္ဓာကိုယ် ထဲမှ အဆိပ်များ ဖယ်ရှားရန်၊ အန်းလျူယွင်က ထိုင်ချ လိုက်၏။

“ ဝုန်း ... ။ ”

သို့သော် မည်မျှ ကြိုးစား ကာမူ၊ မအောင်မြင်မှန်း နားလည် မိသဖြင့်၊ လင်းယွန် ထံ တစ်ချက် ကြည့်ကာ၊ ရေကန်ထဲ ခုန်ဆင်း လိုက်မိသည်။

“ လေ ... ။ ”

ထိုအချိန်တွင် လင်းယွန်မှ အော်ဟစ် လိုက်ရာ၊ လက်ဖျား၌ အဖြူရောင် အငွေ့များ ရစ်သိုင်းလျက်၊ လေပြင်းများ တိုက်ခတ် လာ တော့၏။

“ ဒင် ... ။ ”

ပြီး ဗျပ်စောင်းကို တီးခတ် လိုက်ရာ၊ တုန်ခါလှိုင်းနှင့် အတူ၊ ထိုအဖြူရောင် အငွေ့များ လိုက်ပါ သွားသည်။ ထူးခြားချက် အနေဖြင့် ဓား ရည်ရွယ်ချက် ပါဝင်၏။

ထို့ကြောင့် မာချင်း၊ ကျန်းယင်နှင့် ဖန့်ယန်မှာ၊ လက်နက် များဖြင့် လျင်မြန်စွာ ခုခံလိုက် ရသည်။

“ ထန် ... ထန် ... ထန် ... ။ ”

သတ္တု ရိုက်သံများ ထွက်လာပြီး၊ မီးပွားများ ပွင့်ထွက် ကုန်၏။

“ ဂီတ ပညာရှင် ။ ”

ဗျပ်စောင်း တီးခတ် နိုင်သူ များကို၊ ဝါသနာရှင် အဖြစ်သာ မှတ်ယူ ကြပြီး၊ တစ်စုံ တစ်ရာသော ရည်ရွယ်ချက် ထည့်သွင်း နိုင်ပါက၊ ပညာရှင် အဖြစ် သတ်မှတ် ကြသည်။

ဂီတ တာအိုသည်၊ နားလည်ရ ခက်ခဲလှ သဖြင့်၊ ပညာရှင် တစ်ပါးကို တွေ့မြင်ရန် မလွယ် လှချေ။

အစွမ်း ထက်သော ဂီတ တူရိယာ ဖြင့်သာ၊ တီးခတ် ပါက၊ ကြောက်မက်ဖွယ် ကောင်းသော အသံ လှိုင်းများ ဖြစ်ပေါ် လာပေမည်။

လင်းယွန် ဘေးတွင်၊ ရပ်နေ မိသော မိုလင်းအာမှာ၊ အလွန် တုန်လှုပ် သွားလေသည်။ နတ်နဂါး ခေတ်၌၊ ဂီတ ပညာရှင် တစ်ဦး၏ အဆင့် အတန်းသည်၊ ဝိညာဉ် ရေးရာ ဆရာ သခင် ကဲ့သို့၊ မွန်မြတ်ပြီး ရှားပါး ချေ၏။

သို့သော် လင်းယွန်က တီးခတ်ခြင်းကို ရပ်ပစ်ကာ၊

“ မင်းတို့ အခု ထွက်သွားရင် ... ၊ ငါ လွှတ်ပေး လိုက်မယ်။ ”

-ဟု ဆိုလိုက် တော့သည်။

“ ဟား ဟား ဟား ... ၊ မင်းက ဂီတ သမား တစ်ယောက်မို့၊ ငါတို့က ကြောက်နေ ရမှာလား၊ သူတော်စင် အသံကို မဖန်တီး နိုင်ရင်၊ အရိယာ အသံ လောက်နဲ့တော့၊ မစဉ်း စားနဲ့။ ”

မာချင်းက သူ့ ပတ်ဝန်းကျင်ရှိ အသံလှိုင်း များကို တွန်းလှန်ရန်၊ သတ္တမ သွေးလွှတ်ကြော နယ်ပယ်၊ နဂါး မူလကို ထုတ်ဖော် လိုက်၏။

“ မင်းလို ... လူပိန်း တစ်ယောက် အတွက်၊ သူတော်စင် အသံ မလို ပါဘူး။ ”

လင်းယွန်က ပြောသည်။ စိတ် ဝိညာဉ် နန်းတော် အတွင်းရှိ၊ ရွှေကျီးကန်း ရူရ်နှင့် ငွေ ဖီးနစ် ရူရ် တပြိုင်တည်း ပွင့်လာ၏။ ပြီး လက် တစ်ဖက်ကို မြှောက်လျက်၊ ၎င်းကို စီးဝင် စေကာ၊ ဗျပ်စောင်းကို ခတ်လိုက်သည်။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

လက်ချောင်းများ တောက်ပ လာကာ၊ လျှပ်စီးများ ဗျပ်စောင်း၌ တဖျပ်ဖျပ် ခတ်လာ တော့၏။

“ ဒင် ... ။ ”

သည့်နောက် အသံလှိုင်းက လျှပ်စီးဓား အသွင်၊ မာချင်းထံ ပြေးဝင် လာတော့သည်။ ထို အသံ တစ်သံတည်း ဖြင့်ပင်၊ မာချင်းမှာ နောက်ဆုတ် လိုက်ရ၏။

နုတ်ပေါင်း (၉)ခု တီးခတ်ပြီး ချိန်၌၊ လျှပ်စီးဓား (၉) လက်က၊ မာချင်း၏ နဂါး မူလ အကာ အကွယ်ကို ဖြတ်ကျော်ကာ၊ ရင်ဘတ် ပေါ်၊ ကျဆင်း သွားသည်။

“ အ ... ။ ”

ဒဏ်ရာ၌ လျှပ်စီးများ လက် နေပြီး၊ နာကျင်မှုကြောင့် မာချင်း တစ်ယောက် မျက်နှာ ရှုံ့တွ လာ၏။

ဘေးမှ ရပ်ကြည့် နေမိသော၊ မိုလင်းအာ ခမျာ ထိတ်လန့် သွား၏။ မည်သို့သော စွမ်းအား ပေနည်း။ မာချင်းသည် နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်တွင် မပါ သော်လည်း၊ သတ္တမ သွေးလွှတ်ကြော ဖြစ်လေသည်။

သို့သော် ဂီတ ပညာရှင် ရှေ့၌၊ ကူကယ်ရာ မဲ့နေ၏။ ဤဂီတ ပညာရှင်သည် အင်ပါယာမှ လာသော ကျွမ်းကျင်သူ ပင်လော။

ယင်းက ဖြစ်နိုင်ချေ မြင့်မားသည်။ နိဗ္ဗာန် ပွဲတော်မှာ မကြာခင် စတင် တော့မည် ဖြစ်သော ကြောင့်၊ ငရဲ ပင်လယ်သို့၊ အနယ်နယ် အရပ်ရပ် မှ၊ ဂီတ သမားများ စုဝေး လာနေ ကြသည်။

“ သွား ရ အောင် ... ။ ”

မာချင်းက သွေးများကို လက်ခုံဖြင့် သုတ်လျက်၊ လက်လျော့ လိုက်၏။

“ နောက်ကျ သွားပြီ ... ။ ”

ရုတ်တရက် ရေမျက်နှာပြင် ကွဲသွားကာ၊ ကြီးမားသော အိုးကြီး တစ်လုံး ပေါ်လာ တော့ သည်။

“ ကြယ်ဆေးအိုး ... ။ ”

အဆုံးတွင် ဆေးအိုးကြီးကို မလျက်၊ ရပ်နေသော အန်းလျူယွင်အား ကြည့်မိသည့် မာချင်း၏ မျက်လုံး များ၌၊ အကြောက် တရား အချို့၊ ထင်ဟပ် လာတော့သည်။

***

All Chapters