← Chapters

သူ ... လင်းယွန်ပဲ။

Vol. 120 Ch. 1678

သူ ... လင်းယွန်ပဲ။

Vol. 120 Ch. 1678

မာချင်း၊ ဖန့်ယန်နှင့် ကျန်းယင်သည် ကောင်းကင်ဘုံ ကြယ်ဆေးအိုးကို မြင်သည်နှင့် ထိတ်လန့် သွားပြီး ချက်ချင်း လှည့်ပြေး လေသည်။

ဆေးကြိုအိုးမှ နဂါး ဟောက်သံများ ပဲ့တင်ထပ် လာပြီး၊ ၎င်းအတွင်းရှိ နဂါး သွေး ရည်ကြည်များ လောင်ကျွမ်း လာ၏။

“ သေ ကြ စမ်း ... ။ ”

ဆေးအိုးကို မြှောက်လျက် ပစ်ချ လိုက်၏။ ဖန့်ယန်နှင့် ကျန်းယင်ကို ချက်ချင်း အမှုန် ဖြစ် စေကာ၊ မာချင်းအား နံရံသို့ လွင့်သွား စေသည်။

“ ဝေါ့ ... ။ ”

ထို့ကြောင့် မာချင်းမှ၊ ပါးစပ် အပြည့် သွေးအန် မိစဉ်၊ ဆေးအိုးကြီးက ခေါင်းပေါ်မှ ထပ်မံ ရောက်ရှိ လာပြန်၏။

အိုးဖြင့် ဖမ်းဆီး ခံလိုက် ရချိန်၌၊ နုတ်နုတ် စဉ်းခြင်း ခံလိုက် ရတော့သည်။ ထိုမြင်ကွင်းက လင်းယွန်ကို ထိတ်လန့် စေသည်။

ကောင်းကင် ဆေးအိုး ခန်းမ၏ ဧည့်ခန်း ဆောင်တွင် အဆိုပါ ဆေးအိုး ကြီးကို မြင်ခဲ့ဖူး ချေသည်။

ထိုစဉ်က နဂါး သွေး ရည်ကြည်များ ကိုပင် ဝယ်ယူ ခဲ့၏။ သို့သော် ၎င်းမှာ အစွမ်းထက်သော လက်နက် တစ်ခု ဖြစ်နေ လိမ့်မည်ဟု၊ မမျှော်လင့် ထား မိချေ။

အိုးအတွင်း သူတော်စင် နဂါး သွေးရည်ကြည်၊ ကီလို ဂရမ် ငါးသောင်း ပါ၀င် သည်။ မာချင်းကို သတ်ပြီး နောက်၊ အန်းလျူယွင် ဆင်းသက် လာသည်။

သူ့ထံ လျှောက်လှမ်း လာစဉ်၊ သူမ ခန္ဓာကိုယ်မှ အငွေ့များ ထွက်ပေါ် လာပြီး၊ အဝတ် အစားများ၊ ခြောက်သွေ့ ကုန်၏။

“ ဝှစ် ... ။ ”

ထို့နောက် လက်ဝှေ့ ယမ်းကာ၊ ငွေလမင်း မျက်နှာဖုံးကို ပစ်ပေး လာသည်။

“ ငါ ... မင်းကို အထင်လွဲ မိတယ်။ ”

လင်းယွန်ထံ ဦးညွှတ်လျက်၊

“ တောင်းပန် ပါတယ် ... ။ ”

-ဟု ဆိုလိုက် တော့၏။

“ ဒါဆို ... ငါတို့ရဲ့ အရောင်း အဝယ်ကို ဆက်လုပ်နိုင် မလား။ ”

လင်းယွန်က မျက်နှာဖုံးအား ဖမ်းယူကာ ပြန်၍ ဝတ်လျက်မှ အဓိက အကြောင်း အရာထံ သွားလေသည်။

“ ဒီနေ့ ... မင်းသာ မကယ်ရင် ... ၊ ငါ သေလိမ့်မယ်၊ ဒါကြောင့် သဘာဝ အတိုင်း ဆက် သွားနိုင်တယ်၊ ဒါပေမယ့် ... ငါ မေးစရာ လေး တစ်ခု ရှိတယ်၊ မင်း နာမည် ဘယ်သူလဲ၊ သွေး နဂါး ဂျင်ဆင်းကို ဘယ်က ရခဲ့ တာလဲ။ ”

အန်းလျူယွင်မှ လင်းယွန်၏ မျက်ဝန်း များထံ တည့်တည့် စိုက်ကြည့်ကာ မေးသည်။

“ လင်း ရှောင်၊ ရှောင် ... ဆိုတာ ပလွေ အသံကို ကိုယ်စား ပြုတယ်၊ သွေးနဂါး ဂျင်ဆင်း ကတော့၊ ငါ့ အစ်ကိုကြီး ပေးခဲ့တာ ... ။ ”

“ ကောင်းပြီ ... ၊ ငါ့ကို သုံးရက်ပဲ အချိန် ပေးပါ၊ ကောင်းကင် နှင်းကြာပန်းကို ရအောင် ကြိုးစား ပေးမယ်။ ”

“ အဆင် ပြေတယ် ... ဒါ စရံငွေ။ ”

လင်းယွန်က သွေးနဂါး ဂျင်ဆင်းကို စားပွဲပေါ် တင်လိုက်သည်။

“ သူဌေး အန်းက ... ၊ ငါ့ကို စိတ်ပျက် စေမှာ မဟုတ်ဖူးလို့၊ မျှော်လင့် ပါတယ်။ ”

“ သခင်လေး လင်း၊ ခဏ ... မင်းရဲ့ နောက်ခံကို ပြောပြလို့ ရမလား ... ၊ မင်းရဲ့ တိုက်ပွဲဝင် ပုံစံက၊ စိတ်ဝင်စား စရာ ကောင်းတယ်။ ”

အန်းလျူယွင်က ခြေ တစ်လှမ်း တိုးလိုက်သည်။ သို့သော် လင်းယွန်က ဂရု မစိုက်ဘဲ၊ ဆက်လျှောက် သွားလျက်မှ၊

“ ဒါက ဘာမှ မဟုတ် ပါဘူး၊ ပြင်ပ အကူ အညီ လေးပါ၊ မင်း အတွက် အထင်ကြီး စရာ မရှိ ပါဘူး။ ”

-ဟု ဖြေဆိုကာ၊ ပျောက်ကွယ် သွား တော့သည်။

လင်းယွန် နောက်ကျောကို ကြည့်ကာ၊ အန်းလျူယွင်က ပြုံးလိုက်၏။

“ လင်း ယွန် ... ။ ”

“ မိန်းကလေး အဆင်ပြေ ရဲ့လား၊ သူက လင်းရှောင်ပါ၊ လင်းယွန် မဟုတ်ဘူး၊ လက်ရှိ အခြေ အနေ အရ၊ သတ္တိ တစ်ရာ ရှိ တာတောင်၊ ငရဲ ပင်လယ်ကို၊ သခင်လေး လင်း လာဝံ့မှာ မဟုတ်ဘူး။ ”

မိုလင်းအာမှ သတိ ဝင်ပေးသည်။

“ သူက လင်းရှောင် ဖြစ်နေ ပေမယ့်၊ စောစောက တိုက်ပွဲဝင် ပုံစံ အရ လင်းယွန်ပဲ၊ သခင်လေး လင်းလည်း ... ၊ ဂီတကို နားလည်တယ်။ ”

“ ဒါပေမယ့် ... သခင်လေး လင်းရဲ့ ဂီတ အပေါ်၊ အောင်မြင်မှုက ဒီလောက် အထိ မြင့်မား လှတာ မဟုတ် ပါဘူး။ ”

မိုလင်းအာမှ ငြင်းဆိုသည်။

“ လောလော ဆယ်တော့ ... ၊ ထားလိုက် ရအောင်၊ ဒီဌာနမှာ ရှိတဲ့ ကောင်းကင် နှင်းကြာ ပန်း အပြင်၊ တခြား ကုန်သည်တွေ ဆီက ဘယ် လောက်များ ရနိုင် ဦးမလဲ ဆိုတာ၊ စုံစမ်းပါ။ ”

“ ဒီဌာန မှာတောင် ... ပွင့်ချပ် နှစ်ချပ်ပဲ ရှိတာ၊ တခြား ကုန်သည်ကြီး တေွက မရောင်း မှာ ကြောက်မိတယ်၊ ဒါနဲ့ ... ဒီမှာ နောက်ထပ် သုံးရက် ဆက်နေဦး မလို့လား။ ”

မိုလင်းအာက စိုးရိမ် စိတ်ဖြင့် မေးလိုက်သည်။

“ အင်း ... ဆုံးဖြတ် ထားတယ်၊ နောက်တစ်ခါဆို သူနဲ့ ... နှစ်ယောက် တည်း တွေ့မယ်။ ”

“ သွေးလ ဂိုဏ်းကိုရော ဘာလုပ် သင့်လဲ။ ”

“ အကြီး အကဲ တေွနဲ့ ဆုံးရှုံးမှုကို တွက်ချက်ပါ၊ ဒီတစ်ကြိမ် ကျရှုံးမှုကြောင့်၊ သူတို့ နောက်ဆုတ် သွားမှာ သေချာ။ ”

ထိုအချိန်တွင် လင်းယွန်မှာ မြို့ထဲမှ ထွက်ခွာလိုက် ပြီးနောက်၊ ကျွန်း တစ်နေရာရှိ၊ သန္တာ ကျောက်တန်းကို တွေ့ရှိရာ၊ အနားယူ ကျင့်ကြံရန် ဆုံးဖြတ် လိုက်သည်။

အစောပိုင်း တိုက်ပွဲ အပေါ် ပြန်၍ သုံးသပ် မိ၏။ အထွတ် အထိပ် ခွန်အားမျိုး ရှိပါ၊ မာချင်း အား နေ-လထီး မသုံးဘဲ တိုက်နိုင်သည်။

“ ဂီတ သမား အဖြစ် ... ၊ ငါ့ရဲ့ အသွင်ကို ဖုံးကွယ် လိုက်တာ၊ အကောင်းဆုံး နည်းလမ်းပဲ၊ ဒါဆို ဓားသမား အသွင်နဲ့၊ ဘယ်သူ မဆို တွဲစပ် မိမှာ မဟုတ်ဘူး။ ”

ထို့ကြောင့် စိတ်ဝိညာဉ် သန်စွမ်း စေရန်၊ သန္တာကျောက်တန်း ပေါ်တွင် ထိုင်လျက် ဖီးနစ် နှလုံးသား သီချင်းကို တီးခတ် လိုက်၏။

စိတ် စွမ်းအင်ကို လေ့ကျင့် နိုင်သော နည်းစနစ် များမှာ ရှားပါး ချေသည်။ အများစု သည် ပန်းချီကားများ ကြည့်ရှုခြင်း၊ သူတော်စင် သစ်သီးများ စားသုံးခြင်း၊ စသည့် နည်းဖြင့်၊ မြှင်တင် ကြ၏။

ဖီးနစ် နှလုံးသား သီချင်းကို အကြိမ်ပေါင်း များစွာ တီးခတ် ပြီးနောက်၊ တဖြည်းဖြည်း ငြိမ် ကျ သွားသည်။

အဆုံးတွင် သိုလှောင် လက်ကောက် အတွင်းမှ၊ နတ်ဘုရား အသွေးတော် သစ်သီးကို ထုတ်ယူ လိုက်မိသည်။

ဤအရာသည် သူတော်စင် များပင် ဟန် မဆောင် နိုင်သော ရတနာ ဖြစ်၏။ ယခု အချိန် ထိ သန့်စင်ခြင်း မပြုရ သေးချေ။

စိတ် စွမ်းအင်ကို မြှင့်တင် လိုသော်၊ အမွေ ဆက်ခံခြင်း အပြင်၊ ပြင်ပ အကူ အညီ ကိုလည်း အားကိုး နိုင်သည်။

နတ်ဘုရား အသွေးတော် သစ်သီး၏ အရွက်သည်၊ နတ်ဘုရား သွေးစက်မှ မွေးဖွား လာသော ကြောင့်၊ သဘာဝ အတိုင်း စိတ် ကျင့်ကြံမှုကို မြှင့်တင် နိုင်စွမ်း ရှိသည်။

သို့သော် သူ့ဒဏ်ရာ များကို ကုသရန် အတွက်၊ အသုံးပြု ရမည် ဖြစ်ရာ၊ နှမျော စရာ ပေပင်။ သစ်ရွက် တစ်ရွက်ကို ကိုက်ဝါး မျိုချ ကာ၊ နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာရပ်ကို အသက်သွင်း လိုက်၏။

နဂါးပြာ အရိုး အသက်ဝင် လာကာ၊ ခရမ်းရောင် နန်းတော်၌ မိုးကြိုး မုန်တိုင်းများ ဖြစ်ပေါ် လာသည်။

အရွက်ရှိ အကန့် အသတ် မဲ့သော စွမ်းအင်ကို ၎င်းက လျင်မြန်စွာ စုပ်ယူပြီး၊ ခန္ဓာ အနှံ့ ဖြန့်ဝေ ပေးလေသည်။

အဆုံးတွင် ရွှေရောင် အရည် များက စိတ်ဝိညာဉ် နန်းတော် အတွင်း၌ စုဝေး သွား ကြ၏။

ရွှေကျီးကန်း ရူရ်နှင့်၊ ငွေဖီးနစ် ရူရ်မှာ ချက်ချင်း တောက်ပ လာပြီး၊ ထိုရွှေ စွမ်းအင်ကို ဝါးမြို တော့သည်။

ထို့ကြောင့် မြင်သာသော အရှိန်ဖြင့် တိုးလာ နေသည့်၊ စိတ်ဝိညာဉ် စွမ်းအင်အား ခံစား လာရ လေသည်။

တစ်ချိန် တည်း မှာပင်၊ နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာရပ် သည်လည်း၊ ဒုတိယ အဆင့်သို့ ရောက်ရှိ သွား၏။

အရိုးများ အသွင်ပြောင်း သွားကာ၊ အပြာရောင် တောက်နေသည့် ကျောက်စိမ်းနှင့် တူလာ တော့သည်။

သူတော်စင် မိုးပြာ နဂါး ခန္ဓာ ကိုယ်မှာ နှစ်ဆခန့် ပို၍ သန်မာလာ သည်ကို ခံစား မိ၏။ နဂါး ရူရ် များမှာ၊ ခုနစ်သောင်း အထိ၊ တိုးလာ ခဲ့ကာ၊ အနာဂတ်တွင် တစ်သိန်း အထိ ရောက်ရှိ နိုင်မည်ဟု၊ ယုံကြည် လာသည်။

နှစ်ရက် အကြာတွင်၊ စိတ်ဝိညာဉ် စွမ်းအင်သည်၊ အထွတ် အထိပ် တတိယတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် အဆင့်သို့၊ ရောက်ရှိ သွား ခဲ့၏။

မျက်လုံး ဖွင့်လိုက်သော အခါတွင် သူတော်စင် ရူရ်နှစ်လုံး ပေါ်လာသည်။ ၎င်းတို့မှာ ရွှေကျီးကန်းနှင့် ငွေဖီးနစ် ဖြစ်၏။

အသက်ဝင် တော့မည့်၊ နတ်သားရဲ နှစ်ကောင် အလား ပေပင်။ စိတ်ဝိညာဉ် စွမ်းအင် တွင်၊ နောက်ထပ် ခြေ တစ်လှမ်း လှမ်းနိုင်သော်၊ စတုတ္ထတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်လာ နိုင်၏။

ယင်းက သတ္တမမြောက် သွေးလွှတ်ကြော နယ်ပယ်မှ ကျွမ်းကျင်သူ ခွန်အားနှင့် အဆင့်တူ ဖြစ်လေသည်။

***

All Chapters