← Chapters

သူဌေး အန်း ... ငါ အစေခံ မလို ပါဘူး။

Vol. 120 Ch. 1679

သူဌေး အန်း ... ငါ အစေခံ မလို ပါဘူး။

Vol. 120 Ch. 1679

တတိယတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်၏ အစွမ်း၊ သူတော်စင် အသံနှင့် မိုးကြိုး မုန်တိုင်း ဗျပ်စောင်းအား အသုံး မပြုဘဲ၊ မာချင်း ကဲ့သို့ တစ်စုံ တစ်ယောက်ကို ရင်ဆိုင် နိုင်ပြီ ဖြစ်သည်။

“ မိုးကြိုး မုန်တိုင်း ... ။ ”

သူ့ပေါင် ပေါ်ရှိ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းကို ပွတ်သပ်လျက်မှ အတွေးနက် သွားလေသည်။

၎င်း အတွင်း၌ နဂါး ဝိညာဉ်ကို နိုးထစေ နိုင်ပါက၊ ဘုရင် အဆင့် သူတော်စင် လက်ရာ များကို ယှဉ်နိုင် ပေမည်။

သို့သော် နဂါး ဝိညာဉ်၏ တည်ရှိ မှုကို အာရုံခံ၍ မရ သေးချေ။ ထို့ကြောင့် ရင်းနှီးမှု ရရှိရန်၊ အချိန် ပိုယူ သင့်သည်။

“ ကောင်းကင် နှင်းကြာပန်း အတွက် အချိန် ကျပြီ။ ”

ဗျပ်စောင်းကို သိမ်းလျက်၊ မိုးပြာ နဂါး ခန္ဓာအား အသက်သွင်း လိုက်သည်။ လေနှင့် လျှပ်စီး ဖုံးအုပ် လာပြီး၊ ကောင်းကင် ပေါ် ပျံတက် မိ၏။

မိုးပြာ နဂါး ခန္ဓာကိုယ် ပိုင်ရှင် အနေဖြင့်၊ လေနှင့် လျှပ်စီး အပေါ် ထိန်းချုပ် နိုင်စွမ်းမှာ၊ မေွးရာပါ အရည်အချင်း ဖြစ်သည်။

ယခင် ကာလ များ၌၊ နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာရပ်ကို အသုံးပြု နိုင်သော ကြောင့်၊ ဤနည်းဖြင့် ရေွ့လျား သွားလာရန် မလိုခဲ့ချေ။

ယခုမူ ပြန်၍ အသုံးပြု ရပြီ ဖြစ်သည်။ အိုင်းရစ် ဓားသေတ္တာ မရှိတော့ သဖြင့်၊ အရှိန်မှာ ပိုမြန် လာကာ၊ ရွေ့လျားမှု နည်းစနစ်ကို လိုက်မီ သွားသည်။

“ ဝူး ... ။ ”

လေးနာရီ အကြာတွင်၊ တိမ်ပျံ ကျွန်းပေါ်သို့ လေဆင် နှာမောင်းကြီး တစ်စင်း ကျဆင်း လာ လေသည်။

“ မဆိုးဘူး ... ၊ နေ နတ်ဘုရား ဖမ်းဆီးခြင်း ပညာရပ်ကို လိုက်မီတယ်။ ”

သူ့အတွက် အသုံး ဝင်မှန်း သတိပြုမိ လေရာ၊ အနာဂါတ်တွင် ကျင့်ကြံ သွားရန် ဆုံးဖြတ် လိုက် မိသည်။

အတိတ် ကာလ၌ ဓားတာအို အောင်မြင်မှု များက၊ အစွမ်း ထက်လွန်း သဖြင့် အခြာသော အရာ များစွာကို လျစ်လျူရှု ထားခဲ့သည်။

ငွေလမင်း မျက်နှာဖုံးကို တပ်ဆင်လျက်၊ ကြယ်ခန်းမထံ ဦးတည် လာမိ၏။ ကြယ်ခန်းမ၌ အစောင့် အကြပ်များ ထူထပ်စွာ ချထား သည်။

ထိုအပြင် ကြောက်မက်ဖွယ် ကောင်း လှသော အရိပ် အယောင် အချို့ ကိုလည်း၊ ခံစား နိုင်၏။ အစေခံ တစ်ဦးက၊ မိုလင်းအာထံ ခေါ်ဆောင် လာသည်။

“ သခင်လေး လင်း ... ဒီမှာ ခဏ စောင့်၊ ငါတို့ရဲ့ ... မိန်းကလေး မကြာခင် ရောက်လာ လိမ့်မယ်။ ”

မိုလင်းအာက ဧည့်ခန်းဆောင် အတွင်း ပို့ဆောင်ကာ လှည့်ထွက် သွား၏။ လုပ်စရာ မရှိသေး သဖြင့်၊ ပျင်းရိစွာ စောင့်ဆိုင်း နေမိသည်။

“ သခင်လေး လင်း၊ အချိန် မှန်ပဲ။ ”

ဘယ်လက်တွင် သေတ္တာ တစ်လုံး ကိုင်လျက်၊ ညာလက်၌ သွေးလမင်း ယပ်တောင် ကို ကိုင်ကာ၊ အန်းလျူယွင် တစ်ယောက် ဝင်ရောက် လာသည်။

“ တိမ်ပျံ ကျွန်းက အစွန် အဖျား ကျလွန်းတယ်၊ သုံးရက် အတွင်း ကောင်းကင် နှင်းကြာပန်း ပွင့်ချပ်၊ ငါးချပ် ရှာနိုင် ခဲ့တယ်၊ သခင်လေး လင်းကို စိတ် မပျက်စေ ဖူးလို့၊ မျှော်လင့် ပါတယ်။ ”

(၅)ချပ် ဆိုသည့် အရေ အတွက်ကြောင့် လင်းယွန်က ရွှင်မြူး သွားသည်။ သေတ္တာကို ဖွင့်လိုက်သော အခါတွင်၊ သွေး ကဲ့သို့ ရဲရဲနီ နေသည့်၊ ပွင့်ချပ် များအား မြင်လိုက် ရ၏။

၎င်းတို့မှာ ခရမ်းငယ် ပြောပြထား သကဲ့သို့၊ အတိ အကျ တူနေသည်။

“ ဘယ်လောက် ထပ်ပေး ရမလဲ ... ။ ”

လင်းယွန်မှ မေးသည်။

“ သွေးနဂါး ဂျင်ဆင်း ... ဘယ်က ရခဲ့လဲ ဆိုတာ ပြောပြရင် ... ၊ သခင်လေး လင်းကို အလကား ပေးလိုက်မယ်။ ”

အန်းလျူယွင်က လင်းယွန်ကို စိုက်ကြည့်ပြီး၊ ပြောသည်။ ထို့ကြောင့် လင်းယွန်မှ သူမထံ ပြန် ကြည့် မိ၏။

နတ်လိပ် အသွင် ပြောင်းနည်းသည် အလွန် နက်နဲ သဖြင့်၊ သူတော်စင် များပင် သူ့ အသွင်ကို မမြင် နိုင်ပေ။

သို့သော် လောရှုရီ သည်လည်း၊ ဤသို့ စိုက်ကြည့် ဖူးသည်။ ထိုစဉ်က တစ်စုံ တစ်ရာ မှားယွင်း နေပြီဟု ခံစား ခဲ့ရ၏။

ယခု အန်းလျူယွင် ကပါ စိုက်ကြည့် လာသဖြင့်၊ အမှန် တကယ် စိတ်ဓာတ်ကျ လာတော့သည်။

ကြည့်ရ သည်မှာ နတ်လိပ် အသွင် ပြောင်းနည်းသည် သူတော်စင် တစ်ပါး၏ အမြင် အပေါ် ဖုံးကွယ်နိုင် သော်လည်း၊ အမျိုး သမီးများ ပါပုံ မရချေ။

သူ့ကိုယ်သူ ဝန်မခံ ရသည့် အကြောင်း အရင်းမှာ၊ သူမကို မယုံကြည် သောကြောင့် မဟုတ်ဘဲ၊ ဒုက္ခ မပေးချင် ၍သာ ဖြစ်၏။

“ မလို ပါဘူး၊ ငါသာ လိမ်ချင်ရင် ... သူဌေးအန်း မသိ နိုင်တဲ့၊ အကြောင်း ပြချက်တွေ အများကြီး ရှိတယ်။ ”

“ ဟုတ်လား ... ဒါဆို လုပ်ပါဦး ... ၊ မင်း ငါ့မျက်လုံးကို ကြည့်ပြီး ပြောပါ၊ ဒါဆို ... ငါယုံ ပေးမယ်။ ”

အန်းလျူယွန်မှ အနည်းငယ် စိတ်လှုပ်ရှား လာပြီး၊ ရှေ့ တစ်လှမ်း တိုးလိုက်၏။ လင်းယွန် က ချက်ချင်း ခြေနှစ်လှမ်း ပြန်ဆုတ်ကာ၊

“ သူဌေး အန်း၊ အဲဒီလို မလုပ် ပါနဲ့ ... ။ ”

-ဟု ငြင်းဆန် သည်။

“ မဟုတ်ဘူး ... ၊ မင်း ... လင်းရှောင် မဟုတ်ဘူး၊ မင်းက လင်းယွန်ပဲ၊ ဘာလို့ ဝန်မခံ ရတာလဲ၊ ငါက ဒီလောက် တောင် ... စိတ်ပျက် စရာ ကောင်းနေ လို့လား။ ”

အန်းလျူယွင်မှ မျက်ရည်များ ဝဲကာ၊ ပြောလာသည်။ ယုချင်းဖန်မှ ထွက်ပြေး ခိုင်းစဉ် တည်းက၊ သူမ စိတ်ပူ ခဲ့ရ၏။

ထို့ကြောင့် ဤနေရာ၌၊ သေွးလ ဂိုဏ်းမှ၊ ဖမ်းဆီး ခံရလု နီးပါး၊ ကြုံလာ မိသည် အထိ၊ လင်းယွန် သတင်းကို စောင့်မျှော် စုံစမ်း နေမိခြင်း ဖြစ်သည်။

“ သူဌေး အန်း ... လူမှား နေပြီ၊ ငါက သူဌေးအန်း ရှာနေတဲ့ လူ မဟုတ်ဘူး၊ ကောင်းပြီ ဒီအရောင်း အဝယ်ကို ... ငါ့ ဘက်က ဖျက်သိမ်းတယ်၊ ခွင့်ပြု ပါဦး။ ”

စကားဆုံး သည်နှင့် တည်ငြိမ်သော အသွင်ဖြင့်၊ ကျောခိုင်းကာ လှည့်ထွက် လာခဲ့ မိသည်။

“ လင်း ယွန် ... ။ ”

အန်းလျူယွင်က သွေးလမင်း ယပ်တောင်အား သူမ လည်တိုင်ပေါ် ဖျပ်ခနဲ တင်လိုက်၏။

ယင်းက အမွေခံ သူတော်စင် ရှေးဟောင်း ပစ္စည်း ဖြစ်သောကြောင့်၊ အစွန်းသည် ဓားကဲ့သို့ ထက်ရှ လေသည်။

လည်ပင်း ကြောကို အနည်းငယ် တင်းပစ် လိုက်ရုံဖြင့်၊ ပြင်းထန်စွာ ဒဏ်ရာ ရရှိ စေမည် ဖြစ်သည်။

“ ထွက်သွားရင် ငါ့ကိုယ်ငါ သတ်သေ ပစ်မယ်။ ”

လင်းယွန်က ခြေလှမ်းများ ရပ်လျက် သက်ပြင်းချ လိုက်သည်။ သို့သော် လှည့်မကြည့် တော့ဘဲ၊

“ ကြယ်ကိုးပွင့် နတ်မိစ္ဆာ သခင် တစ်ပါး အနေနဲ့၊ နောက်ထပ် တစ်လှမ်း လှမ်းနိုင် ခဲ့ရင်၊ နတ်မိစ္ဆာ တံခါးက သန့်ရှင်းသော သမီးတော် ဖြစ်လာမှာ မဟုတ်လား၊ ဒါနဲ့တောင် ...

... သူဌေး အန်းက ဘာလို့ သတ်သေချင် နေရ တာလဲ၊ ကိစ္စ ကြီးကြီး မားမား လုပ်မဲ့ လူ တွေက၊ အသေး အဖွဲတွေကို လျစ်လျူရှု ထား သင့်တယ်။ ”

“ ဂရု မစိုက်ဘူး ... ၊ မင်း အခု ထွက်သွား ပြီးရင်၊ ငါတို့ ဘယ်တော့မှ ပြန်ဆုံ နိုင်မလဲ မသိ နိုင်ဘူး၊ နှစ်ပေါင်း တစ်ရာ လောက်သာ၊ ဇာတ်မြုပ် သွားရင် ...

... ငါ သေလိမ့်မယ်၊ ပြန်လာ ခဲ့ပါ၊ ဒါဆို တစ်သက်လုံး အစေခံ တစ်ယောက်လို ... ၊ မင်း အနား၊ လျူယွင် နေပေး နိုင်ပါတယ်။ ”

အန်းလျူယွင် အသံက တိုးဖျော့ လာသည်။ တစ်ဖက် လူထံမှ၊ အများကြီး မျှော်လင့် မထားခဲ့ သော်လည်း၊ ယခု ကဲ့သို့ လုပ်ဆောင် သွားခြင်း သည်၊ သူမအား နာကျင် စေ၏။

သူမ ဟူသည် မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်နေ သဖြင့်၊ အထင်သေး စိုးရွံ့ နေပုံ ရသည်။

“ သူဌေး အန်း ... ၊ အစေခံ လုပ်ဖို့ မလို ပါဘူး၊ ငါက မင်း ရှာနေတဲ့ ... လူ မဟုတ်ဘူး။ ”

လင်းယွန်က ခေါင်းယမ်းပြီး၊ ခြေလှမ်း ပြင်လိုက် မိသည် ။ သို့သော် သူခြေလှမ်း လှမ်း လိုက်သော အခါတွင်၊ သွေးရနံ့များ ရရှိ လာ၏။

“ ဝှစ် ... ။ ”

ဤအရာက လင်းယွန်အား မျက်စိ စုံမှိတ် ကျသွား စေသည်။ နှလုံး ခုန်သံများ မြန်လာပြီး၊ မျက်စိ ပြန်ဖွင့် ချိန်၌၊ အန်းလျူယွင် အနား ပြန်ရောက် လာကာ၊ သွေး လမင်း ယပ်တောင် ကို၊ သိမ်းယူ လိုက်တော့သည်။

ပြီးနောက် နဂါးပြာ အရိုးကို အသက် သွင်းလျက်၊ ဒဏ်ရာ အပေါ် အုပ်ကိုင် ပေးမိ၏။ အန်းလျူယွင် ခမျာ မျက်နှာ ဖြူဖျော့နေ သော်လည်း၊ ပြုံးနေ ခဲ့သည်။

လည်ပင်းရှိ ဒဏ်ရာမှာ၊ လျင်မြန်စွာ ပျောက်ကင်း လာ၏။ တစ်ဖက်တွင် ဒဏ်ရာ မပြင်းထန် သော်လည်း၊ လင်းယွန်မှ တုန်လှုပ် သွားသည်။

သူ သည်သာ ခြေတစ်လှမ်း နှေးသော်၊ အန်းလျူယွင် ဦးခေါင်း ပြတ်သွား နိုင်ပေမည်။ သက်ပြင်း တစ်ချက် ချလျက်၊ ခုံတစ်လုံး အပေါ် ထိုင်ချပြီး၊ မျက်နှာဖုံးကို ဖယ်ရှား လိုက်သည်။

နတ်လိပ် အသွင် ပြောင်းနည်းကို ရုတ်သိမ်း ထားပြီ ဖြစ်ရာ၊ သူ၏ မူလရုပ်သွင် ပေါ်လာတော့ ၏။

“ တကယ်ပဲ ကိုး။ ”

အန်းလျူယွင်က ဝမ်းသာ အားရဖြင့် ရေရွတ် လေသည်။

“ နတ်လိပ် အသွင် ပြောင်းခြင်းက၊ တကယ်ရော အစွမ်းထက် ရဲ့လားလို့၊ သံသယ ဝင်လာ မိပြီ။ ”

လင်းယွန်က ညည်းညူ လိုက်၏။ ပြီးနောက် အန်းလျူယွင်ထံ ပြန်ကြည့်ကာ၊

“ ငါ့ကို ... ဘယ်လို သိသွား တာလဲ၊ လူမှားသွား ရုံနဲ့ ... မင်း သေသွား လိမ့်မယ်၊ ဒါကို သိလား။ ”

-ဟု ခပ်ဆတ်ဆတ် မေးပစ် လိုက်သည်။

“ လျူယွင် မမှား ပါဘူး ... ၊ ကျန်းယင်ကို ဗျပ်စောင်းနဲ အနိုင်ယူ လိုက်တုန်းက၊ အတည်ပြု နိုင်ခဲ့ တာပါ။ ”

“ ငါ မင်းကို မယုံလို့ မဟုတ်ဘူး၊ ဒုက္ခ မရောက် စေချင် လို့ပါ။ ”

လင်းယွန်မှ ကူကယ်ရာ မဲ့စွာ ပြောသည်။

“ လျူယွင် သိတယ်၊ ဒါပေမယ့် သခင်လေး လင်းကို မြင်ချင်တာ။ ”

လင်းယွန် နှလုံးသားတွင် ပိုင်ရှင် ရှိနေ သည်ကို၊ သူမ သိ၏။ ယင်းက သူမ နှလုံးသား၌ ကြုံးထုံး ဖြစ်လာ စေသည်။

ယခုမူ ထိုခံစားချက် များကို၊ ထုတ်ဖော် ပြသမိပြီ ဖြစ်ရာ၊ ၎င်းကြိုးထုံး ပြေလျော့ သွားပြီ ဖြစ်၏။

“ သခင်လေး လင်း ... လျူယွင်ကို စိတ်ဆိုး သွားတာလား။ ”

အန်းလျူယွင်က မကြည့်ဝံ့ တော့ဘဲ၊ ခေါင်းငုံ့ကာ မေးမိ၏။ ထိုအမူ အရာကြောင့် လင်းယွန်မှ၊ စိတ်မကောင်း ဖြစ်သွားသည်။

ကြယ်ကိုးပွင့် နတ်မိစ္ဆာ တံခါး သခင်သည် ပီဘိ ကဘေးငယ် တစ်ယောက် အလား ချစ်စရာ ကောင်းနေ ချေ၏။ ထို့ကြောင့်၊ အပြစ် မဆိုသာ တော့ချေ။

***

All Chapters