← Chapters

ဂီတအိမ် လေးလုံး။

Vol. 120 Ch. 1680

ဂီတအိမ် လေးလုံး။

Vol. 120 Ch. 1680

သူ့အား မည်သူ မည်ဝါ ဖြစ်သည်ကို အတင်းအကြပ် ထုတ်ဖော် လာသဖြင့်၊ ဒေါသ အနည်းငယ် ထွက်လာ၏။

သို့သော် အန်းလျူယွင်ကို ကြည့်ကာ၊ စိတ်မဆိုး နိုင်ချေ။ မျက်ဝန်းများ မှေးစင်းလျက်၊ တုန်တုန် ယင်ယင်ဖြင့် ကြည့်နေ သည်မှာ၊ ချစ်စရာ ကောင်းနေ၏။

အဆုံးတွင် ခေါင်းကို ခေါက်လိုက် သဖြင့်၊ ညှို့ငင်အား အစွမ်း ထုတ်ဖော် နေရာမှ၊ နိုးထ သွားသည်။ ပြီးနောက် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ၊ ပြုံးမိ၏။

“ တော်တော့ ... ၊ နောက်တစ်ခါ ကိုယ့်ကိုယ်ကို အိမ်ဖော်လို့ သုံးနှုန်း တာမျိုး မလုပ်နဲ့၊ မင်းက ကြယ်ကိုးပွင့် နတ်မိစ္ဆာ သခင်ပဲ၊ နတ်မိစ္ဆာ တံခါးရဲ့ သန့်ရှင်းသော သမီးတော်။ ”

လင်းယွန်က ဖေးမပြီး၊ ခုံပေါ် ထိုင် စေလိုက်သည်။ နတ်မိစ္ဆာ တံခါး ဂိုဏ်းသည်၊ မြင့်မြတ်မြေ ဖြစ်ပြီး၊ တည်ထောင် သူမှာ ဧကရာဇ် ကိုးပါး အနက်၊ အဆန်း ကြယ်ဆုံး နတ်မိစ္ဆာ ဧကရာဇ် ဖြစ်၏။

လွန်ခဲ့သော နှစ်ထောင်ပေါင်း (၃၀၀၀) ခန့်က၊ နတ်မိစ္ဆာ ဧကရာဇ်သည်၊ မိစ္ဆာ ဂိုဏ်း များနှင့်၊ မြင့်မြတ်မြေ များစွာကို အနိုင်ယူ ခဲ့သည်။

လက်ရှိ သွေးလ ဂိုဏ်း ကိုပင်၊ အကြီး အကျယ် အကြပ်ရိုက် စေ၏။ ဓား ဧကရာဇ် ကဲ့သို့ အစွမ်းထက် သူ တစ်ဦး ဖြစ်သည်။

ယခု အခါတွင် နတ်မိစ္ဆာ တံခါး ဂိုဏ်းကို၊ နတ်နဂါး အင်ပါယာ တစ်ခု လုံးတွင် ဖြန့်ကျက် ထား ခြင်းဖြင့်၊ မိစ္ဆာဂိုဏ်း အားလုံး၏ ဘုရင် ဖြစ်လာ တော့၏။

ရှေးဟောင်း မြင့်မြတ် မြေများ ပင်၊ ၎င်းတို့နှင့် ထိပ်တိုက် ရင်ဆိုင်ရန် မဝံ့ကြ တော့ချေ။

“ နားလည် ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်၊ အခု ဒီကို ဘာလာ လုပ်တာလဲ၊ သိခွင့် ရှိမလား။ ”

အန်းလျူယွင်မှ ပြုံးပြီး လင်းယွန်ကို မေးသည်။ လင်းရှောင် အသွင် ပြောင်းလဲ နေ သဖြင့်၊ လင်းယွန်မှ ချက်ချင်း ပြန်မဖြေ သေးချေ။

အသွင် ပြောင်းလဲ သွား သည်နှင့်၊ လင်းယွန်၏ စိတ်နေ စိတ်ထားမှာ၊ သိသိ သာသာ ပြောင်းလဲ သွားသည်။

“ ဒါကို ခဏ ထားပါဦး ... ၊ ငါ့ကို ဘယ်လို မှတ်မိ တာလဲ။ ”

လင်းယွန်မှ မေးသည်။ နတ်လိပ် အသွင် ပြောင်းနည်း အပေါ်၊ သံသယ ဝင်မိ၏။။ ၎င်း၌ အားနည်းချက် တစ်စုံ တစ်ရာ ရှိသော်၊ သူ့ အသက် ပေးရ နိုင်သည်။

“ လျူယွင် မမှတ်မိ ပါဘူး ... ၊ မျက်နှာဖုံး ဖယ်လိုက် ချိန်က၊ အရမ်း စိတ်ပျက် သွားတယ်၊ ဒါပေမယ့် ... တိုက်ပွဲဝင် ပုံကို မြင်မှ၊ နည်းနည်း ယုံကြည်မှု ပြန် ရလာတာ။ ”

အန်းလျူယွင် စကားကြောင့်၊ နတ်လိပ် အသွင်ပြောင်း နည်းကို စိတ်ချ၍ ရမည်မှန်း၊ နားလည် လာတော့သည်။

“ ဒီကို ကောင်းကင် နှင်းကြာပန်း အတွက် လာခဲ့တာ။ ”

“ ကောင်းကင် နှင်းကြာပန်း အတွက်၊ စိတ်မပူ ပါနဲ့၊ ဒါကို လျူယွင် ကိုင်တွယ် နိုင်ပါ တယ်၊ တိမ်ပျံ ကျွန်းမှာတော့ မလွယ်ဘူး၊ ကောင်းကင် မြို့တော်ကို သွားရမယ်။ ”

ကောင်းကင် မြို့တော်သည်၊ ကောင်းကင် နယ်မြေတွင် ရှိပြီး၊ ငရဲ ပင်လယ် ဗဟိုချက် ဖြစ် လေသည်။

ကျွန်းတစ်ခု လုံးမှာ မြို့တော် ဖြစ်ပြီး၊ စိတ်ကူး မယဉ် နိုင်သော အတိုင်း အတာ တစ်ခု အထိ၊ ခမ်းနား ထည်ဝါသည်။

“ နိဗ္ဗာန် ခန်းမ အတွက် ကတော့ ...

အန်းလျူယွင် မျက်ခုံးပင့် လိုက်သည်။

“ မကြား ဖူးဘူး ... ၊ ဒီကို မလာခင် ငရဲ ပင်လယ်နဲ့ ပတ်သတ်တဲ့ အချက် အလက် တွေ အများကြီး၊ ရှာဖွေ ဖတ်ရှု ခဲ့ဖူးတယ်၊ နှစ်ထောင် ပေါင်း သုံးထောင်ကျော် အထိ ပါတယ်။ ”

အန်းလျူယွင် စကားကြောင့်၊ မျက်မှောင် ကြုတ် လိုက်မိ၏။ နောက်ဆုံးတွင် အစ်ကိုကြီး ကျန့်လင်းသည် ဒေါသ ပင်လယ်၌ နိဗ္ဗာန် ခန်းမ တည်ရှိကြောင်း အတိ အကျ ဆိုထားသည်။

“ ဒါဆို ရင်တော့ ... ၊ သူတို့က ဇာတ်မြှပ် နေတဲ့ ... ၊ လျှို့ဝှက် အင်အားစု တစ်ခု ဖြစ်မယ် ထင်တယ်။ ”

“ အဲဒီ လိုတော့ ... မဖြစ် နိုင်ဘူး၊ သူတို့ ပုန်းကွယ်ချင် ရင်တောင်၊ နာမည် ကိုတော့ ဝှက် ထားလို့ မရ ပါဘူး၊ ဒါပေမယ့် သူတို့ နာမည်ကို လျူယွင် တစ်ခါမှ မကြား ဖူးဘူး။ ”

“ ဒါတော့ အမှန်ပဲ ... ၊ သူတို့က အမည်မဲ့ မဟုတ်ဘူး၊ ဘယ်သူမှ မသိအောင် ဇာတ်မြှပ် နေဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ”

လင်းယွန်မှ တွေးဆဆဖြင့် ခေါင်းညိတ် သည်။

“ နိဗ္ဗာန် နန်းတော်များ ဖြစ်နိုင် လား။ ”

“ နိဗ္ဗာန် နန်းတော် ... ။ ”

လင်းယွန်က ပြန်မေးသည်။ အန်းလျူယွင်မှ၊ ခေါင်းညိတ် ပြပြီး၊

“ ဟုတ်တယ် ... ကြယ်နယ်မြေ ပေါက်ကွဲပြီး၊ အစိတ် အပိုင်း တွေက ကျွန်းအဖြစ်၊ ပင်လယ်ထဲ ပြုတ်ကျ သွားတယ်၊ ဒါပေမယ့် ... လေထဲ ပျံဝဲ နေတဲ့၊ အပိုင်း တစ်ပိုင်းတော့ ကျန်ခဲ့တယ်၊ ...

... သူက နှစ် တစ်ရာမှာ ... ၊ တစ်ကြိမ် ပေါ်လာတယ်၊ အဲဒီ လေပေါ် ကျွန်းမျော ကြီးကို နိဗ္ဗာန် နန်းတော် အဖြစ် ခေါ်ပြီး၊ သူနဲ့ ပတ်သတ် ရင်၊ မူလကို ဘယ်သူမှ မသိ ကြဘူး၊ ဒါက မိုးပြာ နဂါး မိသားစု ဟုတ်- မဟုတ်၊ ...

... မသေချာ ပေမယ့်၊ ရှေးဦးခေတ် ကတည်းက တည်ရှိ နေတယ် လို့တော့ ပြောဆို နေကြ တာပဲ၊ သူတို့များ ဖြစ်နိုင် မလား။ ”

ယင်းက ဖြစ်နိုင်ခေျ ရှိသဖြင့်၊ လင်းယွန်က စိတ်လှုပ်ရှား သွားသည်။

“ ဘယ်လို သွားရမလဲ။ ”

“ လမ်း မရှိဘူး ... ၊ တည်ရှိရာ နေရာကို၊ ဘယ်သူ မှလည်း မသိဘူး၊ ဘဝ-သုံးပါး သစ်ပင် ရှိရာ အရပ်က၊ နိဗ္ဗာန် နန်းတော်ပဲ လို့တော့ ... ဆိုကြတယ်၊ ဧကရာဇ် တွေတောင် သူတို့ကို၊ မရှာ နိုင်ဘူး။ ”

အန်းလျူယွင်မှ ပြန်ဖြေ၏။

“ ဒါပေမယ့် ... နိဗ္ဗာန် နန်းတော်က နှစ်တစ်ရာမှာ တစ်ကြိမ်၊ ဘဝ-သုံးပါး သစ်ပင် အတွက်၊ ဖျော်ဖြေ ရေးပွဲ လုပ်ပေးတယ်၊ သူက ...

... ဂီတကို နှစ်သက်ရင်၊ ပန်းတွေ ပွင့်ပြီး၊ တုန့်ပြန်တယ်၊ ဒါကြောင့် ... နိဗ္ဗာန် ပွဲတော်ကို အနယ်နယ် အရပ်ရပ်က လူငယ် ဂီတ ပညာရှင် တွေ လာကြတယ်၊ သူတို့ အတွက် စင်မြင့်ပဲ၊ နှစ်ဝက် အတွင်း ပွဲတော် ကျင်းပ လိမ့်မယ်။ ”

“ ဒီလို သစ်ပင်မျိုး ... ဒီကမ္ဘာမှာ တကယ် ရှိတာလား။ ”

လင်းယွန်မှ ရေရွတ် လိုက်သည်။ ဘဝ-သုံးပါး သစ်ပင်သည် လူ တစ်ဦးအား၊ အတိတ် ဘဝ၊ လက်ရှိ ဘဝနှင့် အနာဂါတ်ကို၊ မြင်စေ နိုင်သည်ဟု၊ ဆိုကြ၏။

“ ဘဝ-သုံးပါး သစ်ပင်ကို ... ၊ ပန်းပွင့် လာအောင် လုပ်နိုင်ဖို့ မလွယ် ပါဘူး၊ ဒါပေမယ့် ပွင့်လာ ရင်လည်း၊ ပန်းတွေက တကယ့်ကို ဆန်းကြယ် တယ်၊ အရွက် အချို့ ...

... စား ရုံနဲ့၊ ဘဝ-သုံးပါး နယ်မြေကို ဝင်ရောက် နိုင်တယ်၊ ဘဝ-သုံးပါး နယ်မြေမှာ၊ ဆယ်နှစ် ဆိုရင်၊ ပြင်ပ လောကရဲ့၊ အမွေးတိုင် တစ်ဝက် လောင်ကျွမ်း ချိန်လောက်ပဲ ...

... ကြာတယ်၊ ဆိုလို တာက အရွက်ကို စားသုံးတဲ့ သူဟာ ကျင့်ကြံမှု ဆယ်နှစ် အချိန်ကို ရရှိ တယ်လို့ အဓိပ္ပါယ် ရတယ်။ ”

ထိုစကားကြောင့် လင်းယွန်မှာ ထိတ်လန့် သွားသည်။ ရှေးဟောင်း မြတ်မြတ်မြေ များတွင်၊ အချိန်ကို ပြောင်းလဲ နိုင်သော လျှို့ဝှက် မြေများ ရှိသည်။

ထိုနေရာ များ၌ ဆယ်စုနှစ် များစွာ ကျင့်ကြံခြင်းသည်၊ ပြင်ပ ကမ္ဘာ၌ ရက် အနည်း ငယ် မျှသာ ဖြစ်၏။

“ နိဗ္ဗာန် ပွဲတော်ကို ... ၊ ဘယ်လို ပါဝင် ရမလဲ။ ”

လင်းယွန်မှ မေးမိသည်။

“ ကောင်းကင် မြို့တော်မှာ၊ ဂီတအိမ် လေးလုံး ရှိတယ်၊ နှင်းပျံ ခန်းမ၊ မြင့်မြတ်သော နန်းတော် ခုနစ်လုံး၊ ပန်းပင်လယ်နဲ့၊ ...

... ကောင်းကင် ရနံ့ သင်းသင်း ဆိုပြီး ရှိတယ်၊ သူတို့ အားလုံးက ငရဲ ပင်လယ်မှာ ... ၊ မြင့်မြတ်မြေ တွေပဲ၊ ...

... နိဗ္ဗာန် နန်းတော်က၊ ပြင်ပ လောကနဲ့ အဆက် အသွယ် မလုပ်ချင် တာကြောင့်၊ လူရွေး ပွဲကို၊ ဂီတအိမ် လေးပါး လက်ထဲ အပ်ခဲ့တယ်၊ ဒါကြောင့် နိဗ္ဗာန် ပွဲတော် အတွက် လာတဲ့ လူတိုင်း သူတို့ရဲ့ စစ်ဆေးမှု ခံရတယ်။ ”

ဝင်ခွင့်မှာ မည်မျှ မြင့်မား မည်ကို၊ လင်းယွန် ခန့်မှန်း နိုင်သည်။ သူ ရှာနေသော နိဗ္ဗာန် ခန်းမ ဟူသည်၊ နိဗ္ဗာန် နန်းတော် ဖြစ်နိုင်၏။

“ ဒါပေမယ့် ... ၊ ဘဝ-သုံးပါး သစ်ပင် ပွင့်ဖို့ ခက်တယ်၊ ပုံမှန် အခြေအနေ အတိုင်းဆို ပန်းက ပွင့်မှာ မဟုတ်ဘူး၊ ဆိုလို တာက ပန်းပွင့် ရဖို့ ထက်၊ အရွက် ကိုသာ ရရှိ နိုင်ချေ ရှိတယ်။ ”

အန်းလျူယွင်မှ ရှင်းပြသည်။

“ သူက အရမ်း ဇီဇာ ကြောင်ပြီး၊ သီချင်း မကောင်းရင် မပွင့်ဘူး၊ နောက်ဆုံး အကြိမ် ပွင့် ခဲ့တာ၊ လွန်ခဲ့တဲ့ နှစ်တစ်ထောင် တုန်းကပဲ၊ ...

... ဘာပဲ ဖြစ်ဖြစ် ဝင်ခွင့် ရရုံ နဲ့တင် ... ၊ ဂုဏ်ယူ စရာပါ၊ ဘာလို့လဲ ဆိုတော့ ... နိဗ္ဗာန် နန်းတော်က အရမ်း သာယာတဲ့ ... လေပေါ် ကျွန်းပဲ၊ ...

... သူတို့ရဲ့ အာရုံကို ဖမ်းစား နိုင်တဲ့ ... ၊ လူငယ် တွေကို၊ အဲဒီ နေရာမှာ ခဏလောက် နေဖို့ ... ၊ ဖိတ်ခေါ် လိမ့်မယ်။ ”

“ ဒါကြောင့် ... ၊ ငရဲ ပင်လယ်ကို လာရ တာလား။ ”

လင်းယွန်မှ ပြန် မေးသည်။

“ မဟုတ်ဘူး ... ။ ”

အန်းလျူယွင်က ခေါင်းခါ၏။

“ လျူယွင်က လိပ်နက် အမွေ အတွက် လာတာ၊ လိပ်နက် အပျက်အစီး နယ်မြေက ငရဲ ပင်လယ် အောက်မှာ ရှိတယ်၊ ကြယ် ကိုးပွင့် သခင်တွေ အားလုံး၊ အဲဒီ နေရာမှာ၊ ...

... စုဝေး ကြလိမ့်မယ်၊ ဒါက စမ်းသပ်မှု ဖြစ်ပြီး၊ အများဆုံး ရိတ်သိမ်း နိုင်သူက ... အရှေ့ ဘက် ပျက်စီး မြေရဲ့ ... ၊ သန့်ရှင်းသော သားတော် ရာထူး ရလိမ့်မယ်။ ”

အန်းလျူယွင်၏ ဆိုလို ရင်းကို လင်းယွန်မှ သဘောပေါက် သွားသည်။

“ သခင်လေး လင်း ... ၊ လျူယွင်နဲ့ အတူ ကောင်းကင် မြို့တော်ကို ခရီး သွားချင် လား။ ”

“ မ ရ ဘူး။ ”

လင်းယွန်က အနည်းငယ် စဉ်းစား ပြီးနောက်၊

“ ငါတို့ သီးခြား သွားပြီး၊ မြို့တော်မှာ ပြန်ဆုံ ကြမယ်။ ”

နိဗ္ဗာန် ခန်းမကို၊ ကောင်းကင် မြို့တော် ပတ်ဝန်းကျင် အနှံ့၊ လှည့်ပတ် ရှာဖွေ လိုသေး သည်။ အခွင့် သင့်သော် နိဗ္ဗာန် ပွဲတော် ဝင်နွှဲ ချင်၏။

လိပ်နက် အမွေ အတွက်မူ၊ အချိန် အားလပ် မှသာလျှင်၊ အန်းလျူယွင် နောက်၊ လိုက်ပေး နိုင် ပေမည်။

“ ဒါဆို မြို့တော်မှာ ဆုံမယ်။ ”

အန်းလျူယွင်က ခေါင်းညိတ် လိုက်သည်။ ငြင်းပယ်ခံ လိုက်ရသည့် အတွက်၊ စိတ်ပျက်ခြင်း မရှိ ခဲ့ချေ။

“ ဒီပန်းချပ် တွေကို ... သန့်စင်ဖို့ ကြယ်ခန်းမမှာ နေနိုင်တယ်၊ လျူယွင် ကတော့ သွားနှင့်မယ်။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်ကို တွေ့ခွင့် ရပြီ ဖြစ်လေရာ၊ သူမ၏ တာဝန် များကို ဆက်၍ ထမ်းဆောင် ရပေ တော့မည်။

ထို့အပြင် လင်းယွန် အတွက်၊ ကောင်းကင် နှင်းကြာပန်းနှင့်၊ နိဗ္ဗာန် ခန်းမ အချက် အလက် များကို၊ စုဆောင်း ပေးထား ရပေမည်။

လင်းယွန် ရောက် သည်နှင့်၊ အရာရာ အဆင်သင့် ဖြစ်နေရန် ဖြစ်၏။ နှစ်ယောက် သား စကား အနည်းငယ် ပြောပြီးနောက်၊ လမ်းခွဲ လိုက်ကြ တော့သည်။

***

All Chapters