သွေးဦးချို မြွေနက်။
Vol. 121 Ch. 1681
ကောင်းကင် နှင်းကြာပန်း ပွင့်ချပ် ငါးချပ်ထံမှ အေးစက်သော အငွေ့ အသက်ကို ခံစား ရသည်။
၎င်းကို ခေတ္တမျှ လှည့်ပတ် ကစားကြည့် ပြီးနောက်၊ ပါးစပ် ထဲသို့ ပန်းပွင့် ချပ် တစ်ချပ် ပစ်ထည့် လိုက်၏။
ပွင့်ချပ် များမှာ၊ ချက်ချင်း အရည်ပျော် သွားသည်။ တစ်ချိန် တည်း မှာပင်၊ ခန္ဓာကိုယ် အတွင်း ဝင်လာသော အရည် များကို ပထမ နဂါး သွေးလွှတ် ကြောထံ လောင်းချ မိ၏။
ယင်းက မိုးရေ ကဲ့သို့ ပေပင်။ ထိရောက်မှု ရှိသဖြင့်၊ ဝမ်းသာ သွားသည်။ သို့သော် ပင်လယ် အတွင်း ကျဆင်း နေသော မြစ်ချောင်း များ ကဲ့သို့၊ များစွာ ထူးခြားခြင်း မရှိချေ။
နဂါးသွေး လွှတ်ကြောမှ လိုအပ်သော ပမာဏမှာ၊ အတိုင်းအဆ မဲ့နေသည်။ ထို့ကြောင့် ကျန်ရှိ နေသော အရည်များ အားလုံးကို လောင်းထည့် လိုက်သည်။
အချိန် ကြာလာ သည်နှင့် အမျှ၊ ကြက်သွေးရောင် ချည်မျှဉ်များ အလား၊ နဂါး သွေး လွှတ်ကြောက ပြန်ချိတ်ဆက် လာ၏။
ပွင့်ချပ် လေးချပ်ကို စားသုံး ပြီးသော အခါ တွင်၊ ပထမ သွေးလွှတ် ကြောမှာ အနည်းငယ် ပြန်လည် ကောင်းမွန် သွားသည်။
သို့သော် အခြားသော နဂါး သွေးလွှတ် ကြောများ ပျက်စီး နေသေး သဖြင့်၊ နဂါး မူလကို ဖြန့်ကျက် ရာ၌၊ နာကျင် နေဆဲ ဖြစ်သည်။
ကျန်ရှိ နေသော ပွင့်ချပ် တစ်ချပ်ကို၊ ဒုတိယ သွေးလွှတ် ကြောအား ပြုပြင် လိုက်သော အခါ၊ သက်ရောက်မှု လျော့နည်း သွားသည်။
ပထမ သွေးလွှတ်ကြော ကဲ့သို့၊ ကောင်းမွန် လိုသော်၊ အနည်းဆုံး ပွင့်ချပ် (၁၀) ချပ်မျှ အသုံး ပြုရ ပေမည်။
ယင်းက သူ့အား စိတ်မပျက် စေချေ။ ကောင်းကင် ချပ်ဝတ်ကို ဆင့်ခေါ် လိုက်တည်း ကပင်၊ ရလာဒ် အပေါ်၊ မျှော်လင့် ထားပြီး ဖြစ်သည်။
နဂါးပြာ အရိုးဖြင့်၊ သုံးရက်ကြာ ပံပို့ပေး ပြီးနောက်၊ တိမ်ပျံ ကျွန်းမှ ထွက်ခွာ လာခဲ့သည်။ ပထမ သွေးလွှတ်ကြော ခွန်အားကို ပြန်၍ အသုံးပြု နိုင်ပြီ ဖြစ်သည်။
“ ဝုန်း ... ။ ”
ဧရာမ လှိုင်းကြီးများ၊ ပင်လယ် ရေမျက်နှာ ပြင်အနှံ့ ရိုက်ခတ် နေသည်။ အဖြူဝတ် လူငယ် တစ်ဦးမှာ ပလွေကို ကိုင်လျက် လှိုင်းအတွင်း ရပ်နေ၏။
ယင်းက သဘာဝ အတိုင်း၊ လင်းယွန် ဖြစ်သည်။ လှိုင်းများ မည်မျှ ပြင်းထန် စေကာမူ၊ သူ့အား ယိမ်းယိုင် အောင် မလုပ် နိုင်ချေ။
ဤနေ့သည် တိမ်ပျံ ကျွန်းမှ ထွက်ခွာလာ ခဲ့သည်မှာ (၇)ရက် တိုင်ပြီ ဖြစ်၏။ ထိုရက်များ အတွင်း၊ အချိန် မဖြုန်း ခဲ့ချေ။
ဖီးနစ် နှလုံးသားကို နေ့စဉ် တီးခတ်ကာ၊ တတိယတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်၏ စွမ်းအင် အပေါ်၊ ထိန်းညှိ နေမိသည်။
ဖီးနစ် သီချင်းသည် နတ်ဖီးနစ် မိသားစု၏ လျှို့ဝှက် နည်းပညာ ဖြစ်၏။ ၎င်းသည် စွမ်းအင် ကျင့်ကြံမှု နည်းစနစ်နှင့် အလား သဏ္ဍာန် တူသည်။
သူနှင့် မိုင်ပေါင်း ထောင်ဂဏန်း ခန့် ဝေးကွာသော အရပ်၌၊ မိုးကြိုး တိမ်တိုက်များ ဖုံးလွှမ်း နေ၏။
ပင်လယ် ရေမျက်နှာပြင် တွင်လည်း၊ ကြီးမားသော လှိုင်းလုံးများ တဝုန်းဝုန်း ရုန်းကြွ လာသည်။
ထိုမြင်ကွင်း မျိုးမှာ မထူးဆန်းချေ။ ထို့ကြောင့် တစ်ချက်သာ ဝေးမှ လှမ်းကြည့် လိုက်သည်။
မိုးကြိုး မုန်တိုင်း အစပျိုး နေခြင်း ပေပင်။ ဤသည်မှာ အခွင့် အရေး ဖြစ်သည်။ မုန်တိုင်း ကြောင့် နတ်ဆိုး သားရဲများ၊ သဘာဝ ရတနာ များ၊ ထွက်ပေါ် လာတတ်သည်။
လင်းယွန်က စိတ် မဝင်စားဘဲ၊ ထိုအရပ်ကို ရှောင်ကွင်းလျက်၊ ခရီးနှင် လာခဲ့သည်။ သို့သော် မုန်တိုင်း ဘေးနားမှ အဖြတ်တွင်၊ သင်္ဘော တစ်စင်းကို မြင်လိုက် ရ၏။
ရေလှိုင်းများ အတွင်း၊ သေးငယ်သော လှေငယ် အလား၊ လူးလွန့် နေသည်။ မကြာ ခဏ ဆိုသလို၊ သင်္ဘောပေါ် လှိုင်းလုံးများ ဖုံးအုပ် လာတတ်၏။
ထိုလှိုင်းများ၏ လှိုင်းခုံး အမြင့်မှာ၊ ကြောက်စရာ ကောင်းပြီး၊ ပျံ့ကား နှုန်းသည် မိုင် တစ်သောင်း အကွာသို့၊ ရောက်ရှိ နိုင်သည်။
လှိုင်းပုတ် တစ်ချက် သည်ပင်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူကို၊ ပြင်းထန်သော ဒဏ်ရာများ ပေးနိုင်၏။
နတ်နဂါး မျက်ဝန်းကို ထုတ်ဖော်ကာ၊ မုန်တိုင်းထံ စူးစိုက် ကြည့်လိုက်သည်။ ရေလှိုင်း ထဲ၌ ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုး သားရဲကို မြင်လိုက် ရ၏။
သင်္ဘောသည် ကောင်းကင်ဘုံ မှတ်စု ဂိုဏ်း၏ အလံ လွှင့်ထူ ထားပြီး၊ အစီရင်အား အသက် သွင်းထားသည်။
“ ကမ္ဘာကြီးက တော်တော် ကျဉ်းတာပဲ။ ”
လင်းယွန်မှ နတ်နဂါး မျက်လုံးအား၊ ရုတ်သိမ်းကာ၊ နတ်ကျောက်စိမ်း ဝါးပုလွေကို သိမ်းလျက်၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်ဖြင့် သူ့ကိုယ်သူ ဖုံးအုပ် လိုက်သည်။
မုန်တိုင်း၏ အလယ် ဗဟိုတွင် ရှိသော၊ ကောင်းကင်ဘုံ မှတ်စုဂိုဏ်း၏ သင်္ဘော ခမျာ တိမ်းမှောက် မတတ် ယမ်းခါ နေ၏။
သင်္ဘောရှိ ဝိညာဉ် ရေးရာ အစီရင်ကို အသက်သွင်း ထားသော်လည်း၊ အခြေ အနေ သိပ် မကောင်း လှချေ။
“ ဝှစ် ... ။ ”
မြွေနက် တွင်းသို့၊ ဝင်တိုး မိခြင်း ဖြစ်၏။ ထို့ကြောင့် မြွေပေါက်များ ရေထဲမှ ပျံတက်ကာ၊ သင်္ဘောပေါ် ဆင်းသက် တိုက်ခိုက် လာကြ သည်။
“ ဒင် ... ။ ”
ထိုအချိန်၌ အမျိုးမျိုးသော ဖြစ်စဉ်နှင့် ဂီတသံများ ထွက်ပါ်လာပြီး၊ ၎င်းတို့အား ပြန်၍ တွန်းထုတ် တော့သည်။
ထိုဂီတမှာ ပေါင်းစပ် စွမ်းအား ဖြစ်၏။ သို့သော် မြွေများ ပင်လယ်ထဲ ပြန်ဆင်း လိုက် သည်နှင့်၊ ဂီတက သူတို့ အပေါ် သက်ရောက် နိုင်ခြင်း မရှိ တော့ချေ။
ထို့ကြောင့် ရှေ့ မတိုး၊ နောက်မဆုတ် ဖြစ်လာပြီး၊ သင်္ဘောကို မြွေနက် တွင်း၌ ပိတ်မိ စေခဲ့သည်။
လင်းဝမ်နှင့် လောရှုရီက အတူတူ ရပ်နေ ကြပြီး၊ မြွေနက် များထံ ကြည့်နေ မိသည်။ ဤ မြွေနက် များသည်၊ ရှားပါးသော ရေနေ နတ်ဆိုး သားရဲများ ဖြစ်၏။
သည်ပင်လယ် အတွင်း ဖြတ်သန်း သွားလာဖူးသော လူ အများစုမှာ၊ ၎င်းတို့နှင့် ဆုံဖူးခြင်း မရှိချေ။
“ အစ်မ လင်း၊ အခု ... ဘာလုပ် ကြမလဲ။ ”
လောရှုရီမှ မေးသည်။
“ နည်းလမ်း နှစ်ခုပဲ ရှိတယ်၊ ပထမ နည်းလမ်းက နှစ်ရက် အတွင်း၊ ငါတို့ကို ကူညီမဲ့ သင်္ဘောတွေ ဖြတ်လာ ဖို့ပဲ။ ”
လင်းဝမ်က ပြန်ဖြေ၏။
“ ဒါက နှစ်ရက် အတွင်း သင်္ဘောတွေ မရောက်လာ ခဲ့ရင်၊ ပြဿနာ ဖြစ်ပြီ၊ ငါတို့က အဆင်ပြေ ပေမယ့်၊ ငါတို့ရဲ့ ... သိုင်း ညီအစ်မ တွေ ... ။ ”
လောရှုရီက သက်ပြင်းချ လိုက်၏။ သူမနှင့် လင်းဝမ်မှာ စတုတ္ထ သွေးလွှတ် ကြောတွင် ရှိပြီး၊ ပဉ္စမ မြောက် သွေးလွှတ်ကြော ကျွမ်းကျင်သူ များကို၊ ရင်ဆိုင် နိုင်သည်။
သူတို့သာ ဆန္ဒ ရှိသော် ထွက်သွား နိုင်၏။ သို့လည်း သင်္ဘော၏ အကာ အကွယ် မပါက၊ ကျန်ရှိ နေသော သိုင်း ညီအစ်မ များမှာ၊ အန္တရာယ် ကြီးစွာ ကြုံရ ပေလိမ့်မည်။
အဝေး၌ လေထဲ ဦးခေါင်း ထောင်နေသော မြွေနက်ကြီးထံ လှမ်းကြည့် မိသည်။ ထိုမြွေနက် ကြီးသည်၊ မိုးကြိုး မုန်တိုင်းကို ဖန်တီးကာ၊ သူတို့အား ပိတ်ဆို့ ထားသူ ဖြစ်၏။
သတ္တမမြောက် သွေးလွှတ်ကြော နယ်ပယ်၊ အုပ်စိုးရှင် သားရဲ ဖြစ်သည်။ ၎င်းကို သတ်နိုင်က၊ ဤဒုက္ခ ပြေလည် သွားနိုင်မည်။
ယင်းမှာ ဒုတိယ နည်းလမ်း ဖြစ်သည်။ သို့သော် မြွေနက် ကြီးသည် ကြောက်မက်ဖွယ် ကောင်းပြီး၊ ၎င်း၏ ဦးခေါင်း၌ ကြက်သွေးရောင် ဦးချို တစ်ချောင်း ပါရှိ၏။ နဂါး အဖြစ်သို့ ပြောင်းလဲ နိုင်မည့် လက္ခဏာ ပေပင်။
သို့သော် ဆုံးဖြတ်ချက် ချလိုက် ဟန်ဖြင့်၊ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ၊ ‘သွားစို့၊’ -ဟု ဆိုလိုက် တော့သည်။
ရွေးချယ် စရာ နှစ်ခု ရှိသော်လည်း၊ သိုင်း ညီအစ်မ များကို မစွန့်လွှတ် နိုင်သော ကြောင့်၊ ဤလမ်း အပေါ်သာ ရွေးရ ပေမည်။
“ ဝှစ် ... ။ ”
နှစ်ဦးသား တွန့်ဆုတ်ခြင်း မရှိ တော့ဘဲ၊ သွေးဦးချို မြွေနက်ကြီး ထံသို့ ပျံသန်း လိုက်ကြ သည်။
“ အစ်မ လင်း၊ သတိထား။ ”
သင်္ဘော ပေါ်မှ အမျိုး သမီး များက၊ အော်ဟစ် သတိ ပေးသည်။ သူတို့ အားလုံးမှာ၊ ကြောက်ရွံ့နေ သော်လည်း၊ သတိထား နေရ သည်။ မဟုတ် သော် သင်္ဘော တိမ်းမှောက် သွားနိုင်၏။
လောရှုရီက ပျံသန်းလျက်မှ၊ ကျောက်စိမ်း ပလွေကို ထုတ်ယူ လိုက်၏။ မိုးကြိုး မုန်တိုင်းကို ဖန်တီး နေသော သွေးဦးချို မြွေနက် ကြီးမှာ၊ ပေရာ ဂဏန်းမျှ ရှိသည်။
“ ဒင် ... ။ ”
လင်းဝမ်မှ ဦးစွာ တိုက်ခိုက် လိုက်၏။ ဗျပ်စောင်း သံနှင့် အတူ၊ သားရဲ စစ်တပ်ကြီး တစ်တပ်၊ ပြေးဝင် သွား တော့သည်။
တစ်ဖက်တွင် ပေတစ်ရာ မြင့်သော အမျိုးသမီး တစ်ဦး၏ ပုံရိပ်ကို ထုတ်ဖော်လျက်၊ လောရှုရီက ပလွေ သံများ ထုတ်လွှတ် မိ၏။
သူမ နောက်ရှိ ထိုအမျိုး သမီးသည်၊ မြင့်မြတ်ပြီး ကျက်သရေ ရှိသော နတ် ဘုရားမ တစ်ပါးနှင့် တူသည်။
“ ဝှစ် ... ။ ”
“ ဖန်း ဖန်း ဖန်း ... ။ ”
ပလွေ သံကြောင့် ထိုအမျိုး သမီးက လက်ဖဝါး (၁၀) ချက်ကို၊ ရေပြင်ပေါ် ဦးတည် ကာ၊ မြွေနက်ထံ ပို့လွှတ် ပေး၏။
လှိုင်းလုံးများ ထလျက်၊ ထူးဆန်းသော ရေနဂါး ဆယ်ကောင် အဖြစ်သို့ ပြောင်းထဲ ပြေး ထွက် သွားသည်။
သွေးဦးချို မြေွနက် ကြီးက သေလူ နှစ်ယောက်ကို မြင်လိုက်ရ သကဲ့သို့၊ သူမ တို့ထံ ကြည့်သည်။
“ ရွှီး ... ။ ”
ပြီးနောက် သူ့ ခန္ဓာကိုယ် ကြီးကို ဆန့်ထုတ်ကာ၊ အသံလှိုင်း များဖြင့် ပြန်၍ မှုတ် ထုတ် လိုက်၏။
ရေနဂါး ဆယ်ကောင်နှင့် သားရဲ စစ်တပ်ကြီးမှာ၊ ထိုအသံ လှိုင်းကြောင့်၊ ချက်ချင်း ကြွေလွင့် ပျောက်ကွယ် သွားတော့သည်။
ယင်းက အမျိုးသမီး နှစ်ဦးကို ထိတ်လန့် သွားစေ၏။ ၎င်းသည် နဂါးသွေး ပိုင်ဆိုင် ထား ချေပြီ။ သွေးမှာ မှိန်ဖျော့ သော်လည်း၊ နဂါးနက် သွေးစင်စစ် ဖြစ်၏။
“ မင်းတို့ နှစ်ယောက် ... ၊ ထွက်ပြေး သွားမှာကို ... ငါက စိုးရိမ် နေတာ၊ အခုတော့ အဆင်ပြေ သွားပြီ။ ”
သွေးဦးချို မြွေနက်က ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါဖြင့်၊ အမျိုးသမီး နှစ်ဦးကို သိုင်းခြုံလျက်၊ လူစကား ပြောလာ တော့သည်။
***