← Chapters

နေနှင့် လ။

Vol. 121 Ch. 1682

နေနှင့် လ။

Vol. 121 Ch. 1682

လင်းဝမ်နှင့် လောရှုရီ၏ မျက်နှာများ ဖြူဖျော့ပြီး စွမ်းအားမဲ့ လာသည်။ ကျင့်ကြံမှုကို ကန့်သတ် ခံရ သဖြင့်၊ စိတ်ပျက် သွား၏။

“ အစ်မ လင်း ... ၊ အခု ငါတို့ ဘာလုပ် သင့်လဲ။ ”

လောရှုရီ တစ်ယောက် ထိတ်လန့် လာတော့သည်။ လင်းဝမ် မှာမူ မျက်လုံးများ မှေးစင်းလျက် ငြိမ်သက် သွား၏။

လမ်းခရီး အတွက်၊ ဂိုဏ်းချုပ်မှ ပေးအပ် ထားသော သူတော်စင် ကိုယ်ပွား ပန်းချီကား တစ်ချပ်ကို၊ ထုတ်ယူ မိသည်။

သူတော်စင် တပည့် များတွင်၊ အလားတူ အဆောင်မျိုး ရှိပြီး၊ အဖိုးတန် လှသော ကြောင့် လွယ်လင့် တကူ၊ အသုံး မပြု ကြချေ။

သူတော်စင် ကိုယ်ပွားကို ပေးခြင်းဖြင့်၊ ကြီးစွာသော ပင်ပန်း နွမ်းနယ်မှုကို ခံစား စေရ သဖြင့်၊ ထိုတပည့်အား တစ်သက် တာတွင်၊ တစ်ကြိမ်သာ ပေးအပ် ပေမည်။

သွေးဦးချို မြွေနက်ကို၊ မကိုင်တွယ် နိုင် လေရာ၊ ဗျပ်စောင်း သိမ်းလျက်၊ ထိုဝှက်ဖဲအား ထုတ်ယူ လိုက်ရ၏။

ပန်းချီကားမှ သူတော်စင် တစ်ပါး၏ ရောင်ဝါများ လွင့်ထွက် လာသဖြင့်၊ ရေမျက်နှာ ပြင်ပင်၊ ချက်ချင်း နိမ့်ဆင်း သွားသည်။

“ မင်းက သူတော်စင် တပည့်ပဲ။ ”

သွေးဦးချို မြွေနက်က ရွှင်မြူး သွား၏။ သူတော်စင် တပည့် များသည် မြင့်မားသော အရည် အချင်း ရှိသည်။

၎င်းကို ကိုက်စား နိုင်သော်၊ မြွေနဂါး အဖြစ်သို့၊ အဆင့် တိုးလာ နိုင်၏။ သူတော်စင် တပည့် ဖြစ်ကြောင်း သိလင့် ကစား၊ ကြောက်ရွံ့ ခြင်း မရှိသော သွေးဦးချို မြွေကို ကြည့်ကာ၊ လင်းဝမ်မှ စိတ်များ လေးလံ လာသည်။

ထို့စဉ် လောရှုရီ ဝန်းကျင်ရှိ လေထုမှာ၊ သတ္တုကဲ့သို့ ချက်ချင်း တင်းကြပ်လာ သဖြင့်၊ နာကျင်စွာ အော်ဟစ်သံ ထွက်လာ၏။

“ ညီမလေး ... ။ ”

ထိုအော်သံကြောင့် လင်းဝမ် အာရုံ ပြောင်းသွားကာ၊ ချက်ချင်း ခေါင်းလှည့် ကြည့် မိသည်။

ယင်းကြောင့် ပန်းချီကား ဖွင့်ခြင်းမှာ၊ တုန့်ဆိုင်း သွားသဖြင့်၊ သွေးဦးချို မြွေနက်ကြီးမှ ခန္ဓာ ကိုယ်အား ဆန့်ထုတ်လျက်၊ ကိုက်ယူ ဝါးမြို သွားလေသည်။

လင်းဝမ် ခမျာ သူတော်စင် ပန်းချီကား ကိုက်ယူခံ လိုက်ရ သဖြင့်၊ သွေးအန်ပြီး ဆုတ်ခွာ ပေးမိသည်။

“ ဟား ... ဟား ... ဟား ... ၊ မင်းတို့ နှစ်ယောက်က ဒီဘုရင် ကြီးနဲ့ တိုက်ချင်လား၊ စိတ်လျော့ပြီး ... ငါ စားတာကို ခံလိုက်ပါ။ ”

သွေးဦးချို မြွေနက် ကြီးက ရယ်မော တော့၏။ သူ့လမ်း ကြောင်းပေါ် ရောက်လာ သော၊ စားမြိန်ဖွယ် အာဟာရများ ဖြစ်သည်။

ဤလူသား နှစ်ဦးကို စားသုံး ခြင်းဖြင့်၊ အသွေး အသား အသွင် ပြောင်းနိုင်၏။ သင်္ဘော ပေါ်ရှိ၊ ကျန်သူများနှင့် ဆိုက၊ မြွေနဂါး အဖြစ်ပင်၊ ပြောင်းလဲ နိုင်ပေမည်။

“ ဟား ဟား ဟား ... ။ ”

ထိုအတွေးက သွေးဦးချို မြွေနက်အား ရွှင်မြူးလာ စေ၏။ ရယ်သံကြောင့် မိုးခြိမ်းသံ များပင်၊ တဟုန်ထိုး မြည်လာသည်။

ရေဝဲများ လေထဲ ထိုးတက် လာပြီး၊ လင်းဝမ်နှင့် လောရှုရီ တို့အား ကြိုးကဲ့သို့ တုပ် နှောင်လျက်၊ ပါးစပ်ထဲ ဆွဲယူ ပစ်၏။

လင်းဝမ်နှင့် လောရှုရီ ခမျာ၊ စိတ်ပျက် လက်ပျက်ဖြင့် လက်လျော့ လိုက်ရ တော့သည်။

“ တောင်းပန်ပါတယ် အစ်မလင်း။ ”

လောရှုရီက နာကျင်စွာဖြင့် တောင်းပန် လိုက်၏။

“ အဆင် ပြေပါတယ် ... ၊ ငါတို့က ညီအစ်မ တွေပဲ၊ အခုလို အတူတူ သေခွင့် ရတာ ဝမ်းသာ စရာပဲ မဟုတ်လား၊ ကံကောင်းပြီး သူရဲကောင်း မင်းသားလေး တစ်ယောက် ယောက်သာ ရောက်လာ ခဲ့ရင်၊ ကယ်တင် ခံရ မှာပါ။ ”

လင်းဝမ်က ပြုံးပြီး နှစ်သိမ့် လိုက်သည်။ ထိုအချိန်တွင်၊ အဖြူရောင် ၀တ်ထားသော လူ တစ်ယောက်၊ မုန်တိုင်းထဲ ဝင်လာ၏။

“ ..... ။ ”

၎င်းက ကျောက်စိမ်း ပလွေကို တီးမှုတ် လျက်၊ သူမ တို့အား ချုပ်နှောင် ထားသည့်၊ ရေဝဲ များအား ဖြတ်တောက် ပစ် လိုက်သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ယင်းကြောင့် နှစ်ဦးသာ လျင်မြန်စွာ ဆုတ်ခွာလျက်၊ ကယ်တင် ပေးသည့် လူငယ်ကို ပြန်ကြည့် လိုက်မိ၏။

“ သူလား ... ။ ”

“ လင်း ရှောင် ... ။ ”

နှစ်ယောက် သား အံ့သြသွား ကြသည်။ လင်းယွန်က ပလွေကို နှုတ်ခမ်းမှ ခွာလိုက်ပြီး၊ သူမတို့ အနား လျင်မြန်စွာ ရောက်ရှိ လာ၏။

လင်းဝမ်သည် အခြေ အနေ ကောင်း သော်လည်း၊ လောရှုရီမှာ ဒဏ်ရာ ရထားလေ သည်။

“ အဆင် ပြေရဲ့လား ... ။ ”

ထို့ကြောင့် လောရှုရီထံ အာရုံစိုက်ကာ မေးမိသည်။

“ ငါတို့ အဆင် ပြေတယ်၊ ဒါပေမယ့် သခင်လေး လင်းသာ ... နည်းနည်း နောက်ကျ နေရင်၊ သေရ လိမ့်မယ်။ ”

လင်းဝမ်က သူ့ကိုယ်သူ တည်ငြိမ်အောင် ပြင်ယူလျက်၊ လင်းယွန်၏ မေးခွန်းကို ပြန်ဖြေ သည်။

တစ်ဖက်တွင် လောရှုရီက စိတ်ပူ သွားပြီး၊

“ သခင်လေး လင်း သတိ ထားပါ၊ ဒီသွေးဦးချို မြွေနက်မှာ နဂါးသွေး ပါတယ်၊ ဒါကြောင့် သင်္ဘောကို ပြန်ပြီး၊ အစီ အစဉ် ဆွဲရအောင်။ ”

“ ဟုတ်တယ် ... သခင်လေး လင်း။ ”

လင်းဝမ်က သဘော တူသည်။ သို့သော် လင်းယွန်မှ ထိုအရာ အပေါ် စိတ်ပူခြင်း မရှိချေ။ နဂါးပြာ အရိုး ပိုင်ဆိုင် ထားသည့်၊ သူ့ အတွက် ဤသည်မှာ ရေမြွေလေး မျှသာ ဖြစ်သည်။

“ ဘယ်သူမှ ထွက်သွားလို့ မရဘူး။ ”

သွေးဦးချို မြွေနက်က လင်းယွန်ကို စိုက်ကြည့်ကာ ဒေါသတကြီး ပျံဝဲ လာသည်။ ပါးစပ် ဟလျက်၊ ကြက်သွေးရောင် အသံ လှိုင်းများဖြင့် တိုက်ခိုက် တော့၏။

ယင်းကြောင့် ပင်လယ် ရေမျက်နှာပြင် ပေါက်ကွဲ သွားသည်။ အသံလှိုင်း အတွင်း ပါရှိ သော စွမ်းအားသည်၊ လေဟာနယ်ကို အက်ကွဲ သွားစေ၏။

တိုက်ခိုက်မှုမှာ မြန်ဆန် လေသည်။ လင်းယွန်က အမျိုးသမီး နှစ်ဦး ရှေ့သို့၊ လှမ်း တက်ပြီး၊ နတ် ကျောက်စိမ်း ပလွေကို နှုတ်ခမ်းပေါ် တင်လိုက်၏။

တစ်ချိန်တည်း မှာပင်၊ ရွှေကျီးကန်း သူတော်စင် ရူရ် တောက်ပ လာပြီး၊ ဂီတ သံများ ချက်ချင်း ထွက်လာ တော့၏။

သွေးဦးချို မြွေနက်၏ ကြက်သွေးရောင် အသံ လှိုင်းများ၊ အနား မရောက်ခင် နေမင်းကြီး၊ သူ့နောက်၌ ပေါ်လာ လေသည်။

“ ဝုန်း ... ။ ”

နေ ရောင်ခြည်များ ကောင်ကင်းပေါ် ထိုးတက် သွားပြီး၊ ကြက်သွေးရောင် အသံ လှိုင်း နှင့် ထိတွေ့ကာ၊ ပေါက်ကွဲ တော့သည်။

ပေါက်ကွဲမှုမှာ သူ့ အနားတွင် ဖြစ်သဖြင့်၊ အဝတ် အစားများ တဟူးဟူး လွင့်လျက် စုတ်ပြဲ သွား၏။

ဆံပင်များ တဖျပ်ဖျပ် ခတ်နေစဉ်၊ လှိုင်း အကြွင်း အကျန် များက၊ ဆယ်မိုင် ပတ်လည် အတွင်းရှိ၊ ရေမျက်နှာ ပြင်ကို နိမ့်ဆင်း လာ စေသည်။

သွေးဦးချို မြွေနက်မှာ နောက်ပြန် ဆုတ်သွားသည်။ ထိုသီချင်းကို နေနှင့် လဟု ခေါ်ကာ၊ ခရမ်းငယ် သင်ပေး ခဲ့သော၊ ဂန္ဓဝင် သီချင်းကြီး ဆယ်ပုဒ် အနက်မှ တစ်ပုဒ် ဖြစ်သည်။

ထူးခြားချက်မှာ အမြန်နှုန်း ဖြစ်၏။ သွေးဦးချို မြွေနက် ကြီးကို နှိမ်နင်းပြီး၊ အနားရှိ မြွေနက် အများ အပြားအား သေကြေ ပျက်စီး ကုန်စေသည်။

ထိုမြင်ကွင်း ကြောင့် လောရှုရီနှင့် လင်းဝမ်မှာ၊ မျက်လုံးပြူး သွား၏။ အသက် တစ်ရှိုက်စာ အတွင်း၊ နုတ်ပေါင်း (၁၀၀၀) ကျော် ပါဝင်သော၊ ဂန္ဓဝင် တေးသွား တစ်ပုဒ်ကို တီးမှုတ် လိုက်ခြင်း ဖြစ်သည်။

ယင်းက အလွန် ကြောက်စရာ ကောင်း သော ကျွမ်းကျင်မှု ဖြစ်သဖြင့်၊ စကား တစ်ခွန်းမှ မဆိုနိုင် တော့ချေ။

သည့်တင်မက သီချင်း အတွင်း ပါရှိသော ရည်ရွယ်ချက်ကို အပြည့် အ၀ ထုတ်ပြ သွားနိုင် သည်။

ပလွေ သံမှာ ဆက်၍ ထွက်ပေါ် နေပြီး၊ နေမင်း ထံမှ၊ ဖိအား တစ်ခု ကောင်းကင်ပေါ် တိုးထွက် လာသည်။

နေ ရောင်ခြည် များက ကောင်းကင်ရှိ၊ မိုးကြိုး တိမ်တိုက် များကို ရှင်းလင်း ပစ်ကာ၊ မုန်တိုင်းအား ဟန့်တား တော့၏။

“ ရွှီး ... ။ ”

မုန်တိုင်း ရပ်သွားသဖြင့် ပလွေ သံမှာ ပို၍ ပီပြင် လာသည်။ သွေးဦးချို မြွေနက်ကြီး ခမျာ မည်မျှ ကြိုးစား စေကာမူ၊ လင်းယွန် အနား မရောက် နိုင်ခဲ့ချေ။

လင်းယွန် မှာမူ၊ ဆံပင်များ တဖျပ်ဖျပ် လွင့်ဝဲလျက်၊ ၎င်းအနား ဖြည်းညှင်းစွာ ချဉ်းကပ် လာမိသည်။

မီတာ တစ်ထောင် အကွာသို့ တိုးကပ်ပြီး နောက်တွင်၊ သွေးဦးချို မြွေနက် ခန္ဓာ ကိုယ်၌၊ ဒဏ်ရာ များစွာ ဖြစ်ပေါ် လာတော့၏။

“ ... ... ။ ”

နာကျင် မှုကြောင့် အော်ဟစ် မြည်တမ်းလျက်၊ ပင်လယ် အတွင်း ကြိုး တစ်ချောင်း အသွင်၊ လျောဆင်း သွားသည်။

ယခင် ဝါးမျို ထားသော သူတော်စင် ကိုယ်ပွား ပန်းချီကား ကိုပင်၊ ပြန်၍ ထွေးထုတ် ပေးခဲ့သည်။

“ ဆင်း လာ ... ။ ”

လင်းယွန်က အေးစက်စွာ အော်ဟစ် လိုက်ပြီးနောက်၊ ကောင်းကင်ပေါ် ပျံတက်ကာ၊ နေမင်း ကြီးနှင့်၊ သွေးဦးချို မြွေနက်ထံ၊ ပစ်ပေါက် လိုက်သည်။

ဆင့်ခေါ် ထားသော နေမင်းနှင့် သွေးဦးချို မြွေနက်တို့ တိုက်မိ သွားကာ၊ ပေါက်ကွဲ သံများ ညံ ကုန်သည်။

ခန္ဓာကိုယ် ပေါ်ရှိ ဒဏ်ရာ များမှာ၊ ပို၍ ကြီးမားလာ သောကြောင့်၊ သွေးဦးချို မြွေနက်မှ ကျယ်လောင်စွာ အော်ဟစ် တော့သည်။

“ ဝှစ် ... ။ ”

ပလွေကို ရပ်ကာ၊ လင်းယွန်က ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက် လာပြီး၊ ထိုမြင်ကွင်းထံ ကြည့်သည်။

အဆုံးတွင် သွေးဦးချို မြွေနက် ကြီးမှာ၊ ပင်လယ် အတွင်း ငုပ်လျှိုးလျက် ထွက်ပြေး သွား တော့၏။

ထိုအချိန်တွင် လောရှုရီနှင့် လင်းဝမ်က သူ့အနား ရောက်ရှိ လာသည်။

“ သခင်လေး လင်း ... အဆင် ပြေလား။ ”

လင်းယွန် တီးမှုတ် ခဲ့သော သီချင်းမှာ၊ ကြောက်မက်ဖွယ် ကောင်းလောက် အောင် မြင့်မား လေသည်။ ထို့ကြောင့် လေးစားမှုမှာ၊ တရိပ်ရိပ် တိုးလာ တော့၏။

နှလုံးခုန်သား တစ်ခု လုံးပင်၊ ခုန်ထွက် တော့မည်ဟု ခံစားလာ ရစေသည်။ သီချင်းကို အဆုံးသတ် လိုက်သောကြောင့် သာလျှင်၊ သက်သာရာ သွားခြင်း ဖြစ်၏။

မဟုတ်သော် သူမတို့ နှစ်ဦး သည်လည်း၊ သီချင်းဒဏ် ခံရ ပေမည်။ ထိတ်လန့် နေသော အမျိုးသမီး နှစ်ဦးထံ ကြည့်ကာ၊ လင်းယွန်မှ ပြုံးပြ လိုက်သည်။

“ အဆင်ပြေ ပါတယ် ... ၊ သွေးဦးချို မြွေနကက ထပ်လာ ရဲတော့မှာ မဟုတ်ဘူး။ ”

“ အခုလို ကယ်တင်ပေးလို့ ကျေးဇူး တင်ပါတယ် ... ။ ”

လောရှုရီနှင့် လင်းဝမ်မှ ကျေးဇူးတင် စကားပြော လာသည်။ လင်းယွန်က လက်ထဲရှိ ပလွေအား၊ တစ်ပတ် လှည့် ကစားလျက်မှ၊

“ ဒီပင်လယ်က တော်တော် ကျဉ်းတာပဲ၊ ငါတို့ ပြန်တွေ့ ကြပြီ။ ”

-ဟုဆို လိုက်မိသည်။

အန်းလျူယွင် စကားကြောင့်၊ နတ်လိပ် အသွင် ပြောင်းနည်း အပေါ်၊ ယုံကြည်မှု ပြန်ရပြီး လောရှုရီနှင့် စကား ဆိုရန်၊ မကြောက် တော့ချေ။

လင်းဝမ်က ကောင်းကင်ပေါ် ခုန်တက်ကာ၊ သူမ၏ ပန်းချီကားကို ပြန်ယူသည်။ ပန်းချီကား ထံမှ သူတော်စင် ရောင်ဝါ ထုတ်လွှတ် နေသည်။ သွေးဦးချို မြွေနက်မှ ဝါးမျိုသွား သည့်တိုင်၊ သန့်ရှင်း နေပြီး အစွန်း အထင်း မရှိချေ။

ဤကဲ့သို့ပင် ကိုယ်ပွား ပန်းချီကား တစ်ချပ် ဆရာသခင်မှ ပေးခဲ့ဖူး သဖြင့်၊ လင်းယွန်မှ ငေးမိ သွားသည်။ ဆရာ သခင် တစ်ယောက် အဆင်မှ ပြေပါ့ မလားဟု တွေးမိ လာ၏။

“ သခင်လေး လင်း ... ၊ ဒီတစ်ခါတော့ မင်းငါတို့ သင်္ဘောပေါ် လာမယ် မဟုတ်လား။ ”

အကျပ် အတည်းများ၊ ပြေလည် သွား သည်သာ မက၊ သူတော်စင် ပန်ချီကား ကိုပင် ပြန်လည် ရရှိ လာသဖြင့်၊ လင်းဝမ်မှ ဖိတ်ခေါ် လိုက်လေသည်။

လောရှုရီမှ မျှော်လင့်ချက်များ ပြန်လည် တောက်ပ လာသည်။ ဤမျက်နှာဖုံး အောက်၌ သူမ ရင်းနှီးသော၊ မျက်နှာ ဖြစ်စေ ချင်သည်။

“ မင်းတို့ တွေက ... ၊ ကောင်းကင် မြို့တော်ကို သွားနေကြ တာလား၊ ဒီလို ဆိုရင် တော့ ငါတို့ အတူတူ ခရီး ဆက်လို့ ရပါတယ်။ ”

လင်းယွန် စကားကြောင့်၊ လင်းဝမ်နှင့် လောရှုရီမှာ တစ်ယောက်ကို တစ်ယောက် ပြန် ကြည့်လျက်၊ ပြုံးလိုက် မိ၏။

“ ဟုတ်တယ် ... ၊ ငါတို့နဲ့ အတူတူ ... ၊ ခရီးဆက် နိုင်ပါပြီ။ ”

***

All Chapters