← Chapters

ငါတောင် နည်းနည်းလောက် အသက် ကြီးသွား လို့ပေါ့ ... ။

Vol. 121 Ch. 1683

ငါတောင် နည်းနည်းလောက် အသက် ကြီးသွား လို့ပေါ့ ... ။

Vol. 121 Ch. 1683

အမျိုးသမီး နှစ်ယောက် အကြည့်က လင်းယွန် အပေါ် ကျဆင်း လာ၏။ ထို့ကြောင့် ခေါင်းညိတ် လိုက်သည်။

ပထမ အကြိမ်တွင် အကြောင်း ပြချက် တစ်ခု ရှာနိုင် သော်လည်း၊ ဒုတိယ အကြိမ် ဆိုက၊ သံသယ ဝင်နိုင် ပေမည်။

သွေးဦးချို မြွေနက်ကြီး ထွက်ပြေး ပြီးနောက်၊ အခြားသော မြွေနက် များမှာ မြွေစုခွဲ လိုက်ကြသည်။ ယင်းကြောင့် သင်္ဘော ကြီးမှာ၊ လိုရာ ခရီးအား ဆက်လာ နိုင်၏။

“ ဝှစ် ... ။ ”

သင်္ဘော ပေါ်သို့၊ သုံးဦးသား ပျံသန်း တက်ရောက် လိုက်သည်။ အမျိုးသမီး ငယ် များက လင်းယွန်ကို မှတ်မိ ချေ၏။

“ အစ်မ လင်း ... ၊ မြွေတွေ သွားပြီလား။ ”

“ သွား ပြီ ... ။ ”

လင်းဝမ်မှ ပြုံးပြီး၊ တိုက်ပွဲ အကြောင်း၊ ပြန်ရှင်းပြ လိုက်လေသည်။ အမျိုးသမီး များက စိတ်လှုပ်ရှား စွာဖြင့်၊ လင်းယွန်ကို ကြည့်လာ ကြ၏။

ထို့ကြောင့် လင်းဝမ်က ထွက်သွားရန်၊ ထုတ်ပြော လိုက်ရသည်။ လင်းဝမ် မောင်းထုတ် သော်လည်း၊ တခစ်ခစ် ရယ်လျက်၊ လင်းယွန်ကို စနောက် သွားသေး၏။

ဤအရာက အမျိုးသမီး ကမ္ဘာ အတွင်း ရောက်ရှိနေ သကဲ့သို့၊ လင်းယွန်အား အဆင် မပြေ ဖြစ်လာ စေသည်။

“ သခင်လေး လင်း ... ၊ ငါတို့ကို အချိန် နည်းနည်း ပေးပါ။ ”

လင်းဝမ်က အခန်း တစ်ခန်း အတွင်းသို့၊ လင်းယွန်ကို ပို့ဆောင်ကာ၊ ထွက်ခွာ သွားကုန် ကြသည်။

သူမ တို့ နှစ်ဦးသည် ဒဏ်ရာ များနှင့် သွေးများ စွန်းနေ သောကြောင့်၊ ကိုယ်လက် သန့်စင် ရပေမည်။

“ အဆင်ပြေ ပါတယ်။ ”

အခန်း အတွင်း ရောက်သည်နှင့်၊ လင်းဝမ်မှ ပြုံးကာ၊

“ ဒဏ်ရာ ဘယ်လို နေလဲ ... ။ ”

-ဟု မေးလိုက်သည်။

“ ဒဏ်ရာက တော်တော် ပြင်းတယ်၊ ဒါပေမယ့် အုတ်မြစ် ကိုတော့ မထိ ပါဘူး၊ ခဏ လောက် အနားယူ ပြီးရင်၊ ကောင်းသွား မှာပါ။ ”

လောရှုရီမှ ပြန်ဖြေ၏။ ထို့ကြောင့် လင်းဝမ်က ခေါင်းညိတ်ကာ၊

“ ဒါဆို ... လင်းရှောင်ကို ... သွား ဧည့်ခံ လိုက်ရအောင်။ ”

“ မ ဟုတ် ဘူး ... ။ ”

လင်းရှောင် ဟူသော၊ ရည်ညွှန်း နာမ်စား အပေါ်၊ လောရှုရီမှ ပြတ်ပြတ် သားသား ခေါင်းခါ လိုက်သည်။

“ ဘာလဲ လင်းလွန်လို့ ထင်နေ သေး တာလား၊ မိုက်ပါ့ လင်းယွန်က သေသွား ပြီလေ၊ မသေလို့ အသက်ရှင် နေသေးတယ် ဆိုရင် တောင်၊ နှစ်တစ်ရာ အတွင်း၊ ...

... သူ ပေါ်လာ ဝံ့မှာ မဟုတ်ဘူး၊ ပြီးတော့ သူ့ရဲ့ ဂီတက ဒီလောက် အစွမ်းထက် ပါ့မလား၊ ဒီလင်းရှောင်က ငါတို့ ထက်တောင်၊ ဂီတမှာ ပို ပေါက်ရောက် နေတယ်။ ”

လင်းဝမ်မှ လက်ရှိ အခြေ အနေ များကို သုံးသပ် ပြသည်။ လောရှုရီက သက်ပြင်း ချကာ၊

“ ရှုရီ သိပါတယ် ... ဒါပေမယ့် ... ။ ”

“ ဒါပေမယ့် မနေ နဲ့တော့ ... ၊ လာ သွားရအောင်။ ”

လင်းဝမ်မှ လောရှုရီ လက်ကို ဆုပ်ကိုင်ပြီး၊ ပြုံး လိုက်သည်။ ထို့နောက် လင်းယွန် အတွက် ဧည့်ခံပွဲကို တစ်နာရီခန့် ပြင်ဆင် ပေးမိ၏။

တပည့်ငယ် များက တူရိယာများ တီးခတ်ကာ၊ လှပသော အကများ၊ ချိုမြိန်သော ဝိုင်များဖြင့်၊ တည်ခင်း ခဲ့သည်။

“ သခင်လေး လင်း၊ ငါ မင်းအတွက် တစ်ခွက်သောက် ပါရစေ ... ၊ ငါတို့ကို ကယ်တင် ခဲ့တဲ့ အတွက်၊ ကျေးဇူးတင် ပါတယ်။ ”

လင်းဝမ်မှ တစ်ခွက် စသောက်၏။ သုံးယောက်သား ဝိုင် တစ်ခွက်စီ သောက်လိုက် ကြပြီး ချိန်၌၊

“ သခင်လေး လင်း၊ မင်းရဲ့ အဓိက ရည်ရွယ်ချက်က၊ နိဗ္ဗာန် ပွဲတော်ကို လာတာ မဟုတ်လား။ ”

-ဟု မေးလိုက်၏။

လင်းယွန်က ခေါင်းညိတ်ပြသည်။

“ ဒါဆို နှင်းပျံ ခန်းမ၊ မြင့်မြတ်သော နန်းတော် ခုနစ်လုံး၊ ပန်းပင်လယ်နဲ့ ကောင်းကင် ရနံ့ သင်းသင်း ခန်းမ ... ၊ ဒီထဲက ဘယ်သူ ဖိတ်ကြားခဲ့ တာလဲ။ ”

“ ဘယ်သူမှ မဖိတ် ကြားဘူး။ ”

လင်းယွန်မှ ခေါင်းခါသည်။ ကောင်းကင် မြို့တော်တွင်၊ ဂီတ အိမ်ပေါင်း ထောင်ဂဏန်းခဲ့ ရှိလေသည်။ သို့သော် ဤလေးလုံး သည်သာ အထင် ရှားဆုံး ဖြစ်သည်။

ထိုအိမ် လေးလုံးကြား ပြိုင်ဆိုင်မှုမှာ ပြင်းထန် ချေသည်။ ထို့ကြောင့် နိဗ္ဗာန် ပွဲတော်၌ ပထမ ရရန်၊ နည်းလမ်း မျိုးစုံဖြင့် ကြိုးစား လာကြသည်။

တပည့် များကို ပျိုးထောင် ပေးရုံသာ မက၊ နီးစပ်ရာ ပညာ ရှင်များ ကိုလည်း၊ ဖိတ်ခေါ် ယှဉ် ပြိုင်စေ ၏။

အထူး သဖြင့်၊ သမိုင်းကြောင်း ခိုင်မာသော မျိုးနွယ်စုမှ များကို ဖိတ်ခေါ်လျက်၊ ကိုယ်စားပြု ယှဉ်ပြိုင် စေခြင်း ဖြစ်သည်။

ထို့ကြောင့် လင်းရှောင် ကဲ့သို့ ထူးချွန် သူသည်၊ ဂီတအိမ် လေးလုံး၏ ဖိတ်ခေါ်ခြင်း မခံ ရသည့် အပေါ်၊ အံ့သြ သွားသည်။

“ သခင်လေး လင်း ... ၊ မင်း ဂီတ အမွေ ရခဲ့ တာလား။ ”

လင်းဝမ်က မေးသည်။

“ ဟုတ်တယ် ... ငါ အမွေ ရခဲ့တယ်၊ ငါ့ မိသားစုက နှစ်ပေါင်း များစွာ၊ တံခါးပိတ် နေခဲ့ ကြလို့၊ ဒီကမ္ဘာ ပေါ်က ဘယ်သူမှ မသိကြ တော့ဘူး။ ”

လင်းယွန်မှ ပြန်ဖြေ၏။ လင်းဝမ်နှင့် လောရှုရီက အကြည့်ချင်း ဖလှယ်လိုက် ကြ သည်။ ယင်းကို သူတို့ မယုံချေ။

“ ဂီတ အိမ်လေးလုံး ထဲက၊ ဘယ်အိမ်ကို စိတ်ဝင်စားလဲ။ ”

လောရှုရီမှ မေးသည်။

“ မရှိဘူး ... ။ ”

လင်းယွန်က ရိုးသားစွာ ပြန်ဖြေ၏။ ဂီတ အိမ် လေးလုံး အတွင်း ဝင်ရန် မလွယ်လှ သဖြင့်၊ ဆုံးဖြတ်ချက် မချနိုင် ခဲ့ချေ။

အန်းလျူယွင်နှင့် မြို့တော်တွင် ပြန်ဆုံ ပြီးနောက် မှသာ၊ ၎င်းအား တိုင်ပင် ဆုံးဖြတ် မည် ဖြစ်သည်။ အဆုံးတွင် သူ့ နောက်ခံကို၊ အတု လုပ်ရန်၊ ပြင်ဆင်မှု အချို့ လိုသည်။

“ ကောင်းကင် ရနံ့ သင်းသင်းကို၊ ဘယ်လို မြင်လဲ၊ စိတ်ဝင်စားရင် ငါတို့ ထောက်ခံ ပေးနိုင် ပါတယ်။ ”

လင်းဝမ်မှ မျက်ဝန်းများ မှေးစင်းလျက် ပြုံးကာ ပြောသည်။

“ မိန်းကလေး လင်း၊ ဒီလိုမျိုး ဖိတ်ခေါ် ခံရလိမ့် မယ်လို့၊ ငါ ... လုံးဝ မျှော်လင့် မထား မိဘူး။ ”

လင်းယွန်မှ အံ့သြ သွား၏။ မည်သူ မဆို၊ နိဗ္ဗာန် ပွဲတော် အတွက်၊ ဂီတ အိမ်လေး လုံးနှင့် ဆက်သွယ် လိုကြသည်။

“ အဲဒီလောက် အထိလည်း၊ အာမ မခံ ရဲသေး ပါဘူး။ ”

လင်းဝမ်မှ သူ့ အတွေးကို မြင်ပြီး ပြုံး လိုက်သည်။

“ ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းက၊ ရှေ့ဟောင်း ပျက်သုဉ်းမြေ မှာသာ မဟုတ်ဘူး၊ ကောင်းကင် နယ်မြေ မှာလည်း၊ နာမည်ကောင်း ရှိပါတယ်၊ ...

... ကောင်းကင် ရနံ့ သင်းသင်းမှာ၊ ငါတို့ရဲ့ ညီမလေး တစ်ယောက် ရှိတယ်၊ သူ ... ကူညီရင် အဆင်ပြေ မှာပါ။ ”

“ ဒါက အဆင်ပြေ ပါ့မလား။ ”

လင်းယွန်က တုံ့ဆိုင်း သွားသည်။

“ စိတ်မပူ ပါနဲ့ ... ၊ သခင်လေး လင်းက ငါတို့ကို ကယ်ခဲ့တာ ဆိုတော့ ... ၊ ထောက်ခံပေး မှာပါ၊ ပြီးတော့ ... ဒီခွဲတမ်းက မင်းနဲ့လည်း ထိုက်တန် ပါတယ်။ ”

လင်းဝမ်က ပြုံးလျက် ပြောသည်။ လင်းယွန်က ငြင်းရန် ပြင်နေရာ၊ လောရှုရီမှ စကား ဝင်ပြော ပြန်၏။

“ ဒီလောက် လည်း ... ဆုံးဖြတ်ချက် မစောနဲ့ဦး၊ အဲဒီ ညီမလေးက ကူညီဖို့ ... ဆန္ဒ ရှိရဲ့ လားတောင် မသိ သေးဘူး၊ ဒါကြောင့် လောလော ဆယ် သဘောတူ ထားရင်၊ ...

... အရှုံး မရှိဘူး၊ ဒီကာလ အတွင်း မင်းရဲ့ ကူညီမှုကို ... ငါတို့ ဘယ်လို ကျေးဇူး ပြန်ဆပ် ရ မလဲ၊ စဉ်စား ကြတာပေါ့။ ”

“ ကောင်းပြီ ... ဒါဆို ဒီအတိုင်းပဲ၊ ဆက်သွား ကြ ရအောင်။ ”

အဓိက ရည်ရွယ်ချက်သည် ဂီတ အိမ်လေးလုံး အနက်မှ တစ်လုံးနှင့် ချိတ်ဆက် ရန် ဖြစ်ရာ၊ ကောင်းကင် ရနံ့ သင်းသင်းမှ၊ လက်ခံသော်၊ အဆင်ပြေ ပေမည်။

“ သခင်လေး လင်း၊ မင်း ဘာလို့ မျက်နှာဖုံး တပ်ထား တာလဲ။ ”

လင်းဝမ်မှ သူမ အစား မေးပေး သဖြင့်၊ လောရှုရီမှာ မျှော်လင့်ချက်များ တောက်ပလာ တော့သည်။

“ အိုး ... မျက်နှာဖုံးလား။ ”

လင်းယွန်က မျက်နှာဖုံးကို ချွတ်ကာ ကမ်းပေး လိုက်သည်။

“ ဒါက သူတော်စင် လက်ရာပါ၊ ငရဲ ပင်လယ်ကို တစ်ယောက်တည်း ခရီးထွက် ရတာ မလွယ် ဖူးလေ၊ သတိ ထားရတယ်။ ”

မျက်နှာဖုံး ဖယ်ရှား လိုက် သည်နှင့်၊ ငယ်ရွယ်သော မျက်နှာ အသွင်ပြင် တစ်ခု ပေါ် လာသည်။

ထိုမျက်နှာ ပိုင်ရှင်သည်၊ လင်းယွန်နှင့် လုံးဝ မတူ သောကြောင့်၊ လောရှုရီမှာ စိတ်ပျက် သွား လေသည်။

လင်းယွန်တွင် ရဲရင့်သော မျက်ဝန်း တစ်စုံ ရှိကာ၊ ထက်မြက် ချေ၏။ ဤ လင်းရှောင်သည် ထက်မြက် သော်လည်း၊ ရှက်ရွံ့ နေသည်။

ထို့ကြောင့် မျက်နှာ ဖုံးအား ကြည့်ရန်ပင်၊ စိတ်မဝင် စားတော့ သဖြင့်၊ လင်းဝမ်မှ မျက်နှာ ဖုံးကို ယူကြည့် လိုက်ရသည်။

“ ငါ့ကို ... ခွင့်ပြု ပါဦး။ ”

လောရှုရီမှာ ချက်ချင်း နှုတ်ဆက်ကာ၊ ထွက်ခွာ သွားတော့၏။

“ သူ ... ဘာဖြစ် သွား တာလဲ။ ”

လင်းယွန်က နား မလည်နိုင် ဖြစ်သွား မိသည်။ လင်းဝမ်မှ သက်ပြင်း ချကာ၊ လောရှုရီ နောက် ကျောအား၊ မျှော်ကြည့် လိုက်၏။

“ သခင်လေး လင်းကို၊ သူ့ မိတ်ဆွေ တစ်ယောက်လို့ ထင်နေတာ၊ ဒါကြောင့် မျက်နှာ ဖုံး ဖယ်မဲ့ အချိန်ကို၊ သူ မျှော်လင့် နေတာ။ ”

“ သူ့ ... မိတ်ဆွေက ဘယ်သူ မို့လဲ။ ”

“ ပန်း သင်္ချိုင်း ... ။ ”

လင်းဝမ်က သက်ပြင်းချကာ ဖြေသည်။ ထိုတိုက်ပွဲကို မျက်မြင် ကြုံတွေ့ ခဲ့ရသူ တစ်ဦး အနေဖြင့်၊ ၎င်းအမည်အား ရွတ်ဆိုသော အခါတွင်၊ စိတ်လှုပ်ရှား လာ၏။

တစ်လ ကုန်လွန် သွားသည့်တိုင်၊ ထိုတိုက်ပွဲအား မေ့မရ နိုင်သေးချေ။ လင်းယွန် ကဲ့သို့၊ ဘီလူး တစ်ကောင်အား မျက်မြင် ကြုံရ သည်မှာ၊ ကြီးစွာသော ကံထူးမှု ဖြစ်၏။

ဦးစွာ ပျက်စီးခြင်း နန်းတော် အတွင်း၌ ချင်းတန်အား သတ်ပစ် လိုက်သည်။ ထို့နောက် လောက နိယာမ နယ်ပယ်၊ သူတော်စင် သခင် နှင့်၊ မဟာ သူတော်စင်ကို သတ်ပစ် ခဲ့၏။

ရှေးဟောင်း ပျက်သုဉ်းမြေ သမိုင်း တစ်လျှောက်၊ နှစ်ပေါင်း သုံးထောင် အတွင်း၊ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ပါး ပေပင်။

လင်းဝမ် စကားကြောင့်၊ လင်းယွန်မှာ ခံတွင်းချဉ် လာတော့သည်။

“ သခင်လေး လင်းရော ... ၊ သူနဲ့ ပတ်သတ်ပြီး ဘယ်လို မြင်လဲ၊ သူ့ အကြောင်း ကြားဖူးလား။ ”

သို့သော် လင်းယွန် အမူ အရာကို သတိ ထားမိသော အခါ၊ လင်းဝမ်မှ ပြုံးလိုက် မိသည်။

“ ဟုတ်သား ... သခင်လေး လင်းက၊ တံခါးပိတ်ရာ ကနေ အခုမှ ... ထွက်လာတယ် ဆိုတာ မေ့သွားတယ်။ ”

“ သူ့ အကြောင်း၊ ငါ မကြားဖူး ပါဘူး ... ၊ ဒါနဲ့ အဲဒီလူက မိန်းကလေး လောနဲ့၊ ဇာတ်လမ်း ရှိထား လို့လား။ ”

သူကိုယ်တိုင် မေးပြီး၊ အနည်းငယ် နှာခေါင်းယား လာသဖြင့်၊ လက်ညှိုးနှင့် ပွတ် လိုက် မိသည်။

“ ဇာတ်လမ်း ရှိလို့ ... မဟုတ် ပါဘူး၊ သူရဲကောင်း တစ်ယောက်ကို မိန်းမ တိုင်းက ချစ်ကြတာ၊ သဘာဝပဲ မဟုတ်လား။ ”

“ ..... ။ ”

လင်းယွန်မှာ ဝိုင် နင်သွား၏။ ခရမ်းငယ် သည်သာ ရှိနေ ပါက၊ သူ့ကို လူယုတ်မာ အဖြစ် ခေါ်ပေ လိမ့်မည်။

“ အချစ် ဆိုတာ ... ၊ ဖြေရှင်းရ အခက်ဆုံး ပုဒ်စာ တစ်ပုဒ်ပဲ၊ သူသာ မသေရင်၊ ရှေးဟောင်း ပျက်သုဉ်း မြေကို၊ မကြာခင် သိမ်းယူ သွား လိမ့်မယ်။ ”

လင်းဝမ်မှ သက်ပြင်းချ လိုက်သည်။

“ ငါတောင် နည်းနည်းလောက် ... အသက်ကြီး သွားလို့ပေါ့၊ မဟုတ်ရင် သူ့ အပေါ် ရူးသွပ် မိမှာ အမှန်ပဲ။ ”

“ အဟွတ် ... အဟွတ် ... ။ ”

နောက်ဆုံး၌ လင်းယွန်မှာ၊ ဝိုင်များ ထွေးထုတ် လိုက်ရ တော့၏။ ယင်းက လင်းဝမ် အား၊ သတိ ဝင်လာ စေသည်။

ထို့ကြောင့် ပြုံးလျက်၊

“ တောင်းပန် ပါတယ် ... ။ ”

“ အဟွတ် ... ဟွတ် ရပါတယ်၊ ဒီလူက ဒီလောက် တောင် ပဲလား။ ”

“ ဟုတ်တယ် ... ဒီထက်တောင် ပိုသေးတယ်။ ”

ဤတစ်ကြိမ်၌ ဝိုင်ကို မသောက်ဘဲ၊ ရပ်ထား သဖြင့်၊ လင်းယွန် တစ်ယောက် ကံကောင်း သွား လေသည်။ သို့တိုင် လည်ချောင်း အတွင်း ယားယံ လာသေးသည်။

***

All Chapters