ကောင်းကင် ကကြိုး။
Vol. 121 Ch. 1685
မိုင်ထောင်ချီ ဝေးကွာသော အရပ် မှပင်၊ မြို့တော်ထံမှ ကြီးမားသော ဖိအားကို ခံစားရ နိုင်သည်။
နတ်နဂါး မျက်ဝန်းအား တိတ်တဆိတ် ထုတ်ဖော် လိုက်ရာ၊ မြို့တော် အထက် လေထု အတွင်း၊ သန်းပေါင်း များစွာသော သူတော်စင် ရူရ်များ ပါဝင် နေသည်ကို၊ သတိ ပြုမိ၏။
ယင်းမှာ တစ်မြို့ လုံးကို၊ အစီရင် အဖြစ်၊ ကာကွယ် ပေးထားသော သူတော်စင် ရူရ်များ ဖြစ်ချေပြီ။
မြို့ တစ်ဝိုက်တွင်၊ ကျွန်းများ ရှိနေပြီး၊ ယင်းက တောင်တန်း များကို ပင်လယ် အတွင်း မှောက်ထား သည်နှင့် တူသည်။
ထိုကျွန်းများ ပေါ်တွင်၊ တည်ဆောက် ထားသော ဧရာမ အဆောက် တစ်ဦး များနှင့် ဘုံဗိမာန် များစွာ ရှိနေ၏။ ယင်းက သီးခြား ကမ္ဘာ တစ်ခု အလား၊ ထင်မှား စေသည်။
သင်္ဘောကျင်း များပင်၊ (၃၅) ကျင်း ရှိလေသည်။ ကောင်းကင် မှတ်စု ဂိုဏ်းမှာ၊ အထောက် အထားများ ပြင်ဆင် လာရာ၊ စစ်ဆေးခြင်း မခံ ရချေ။
လင်းဝမ်မှ တံဆိပ်ပြား တစ်ခုကို ပြလိုက် ရုံဖြင့်၊ တန်းစီ စရာ မလိုဘဲ၊ မြို့ထဲ ဝင်လာ နိုင် ခဲ့သည်။
သင်္ဘော ကျင်းကို ဖြတ်ကျော် ပြီးနောက်၊ မြူများ ဖုံးလွှမ်း နေသော ပင်လယ်ပြင် ကြီးအား မြင်လာ ရသည်။
မြူများ အတွင်း သိပ်သည်းသော ဝိညာဉ် စွမ်းအင် ပါရှိ ချေ၏။ ပါးစပ် ဟကာ စကား ပြော ရုံနှင့်၊ ခန္ဓာကိုယ် အတွင်း၊ ဝိညာဉ် စွမ်းအင်များ ဝင်နိုင်သည်။
“ ဒီနေရာက တကယ့်ကို ... ဆန်းကြယ် ပါပေတယ်၊ ဒီမြို့ကို သိမ်းပိုက်ဖို့ ... ဘယ်သူမှ မကြိုးစား ကြဖူးလား။ ”
လင်းယွန်က မြို့ကြီး၏ လေထုကို ကြည့်ကာ၊ မေးမိသည်။ ဤမြို့တွင် နတ်နဂါး အင်ပါယာ၊ အပါ အဝင် မည့်သည့် ဂိုဏ်းမှ၊ ဩဇာ သက်ရောက်ခြင်း မရှိချေ။
“ အရှေ့ဘက် ပျက်စီး မြေကြီးရဲ့ မြင့်မြတ်မြေ (၆)ပါး ဒီမြို့မှာ ရှိတယ်၊ တစ်စုံ တစ်ယောက်က၊ သိမ်းပိုက် လိုက်တာနဲ့၊ သူတို့က လက်ခံမှာ မဟုတ်ဘူး။ ”
လင်းဝမ်က ပြုံးကာ ပြန်ဖြေ၏။ မြို့တော် အပြင်ဘက်တွင် ကျွန်းပေါင်း သောင်းနှင့်ချီ ရှိပြီး ပြည်နယ် လေးခု ခွဲခြား ထားသည်။
၎င်းတို့မှာ မီးငှက် ပြည်နယ်၊ လိပ်နက်၊ ကျားဖြူနှင့် မိုးပြာ နဂါးတို့ ဖြစ်၏။ ပြည်နယ် တိုင်းတွင်၊ အင်အားစု များစွာ အခြေချ နေထိုင် ကြသည်။
ကောင်းကင် ရနံ့ သင်းသင်း တည်ရှိရာ၊ မီးငှက် ပြည်နယ်သည် အထွန်း ကားဆုံး အရပ် ဖြစ်ချေ၏။
လင်းယွန်က နှုတ်ဆက် စကား ဆိုကာ၊ ပြည်နယ် အတွင်း လှည့်ပတ် သွားလာရန်၊ ပြင်မိ သည်။
“ ဒါဆို ဒီတံဆိပ်ကို ယူထားပါ သခင်လေး လင်း၊ နောက် သုံးရက် နေရင် ကောင်းကင် ရနံ့ သင်းသင်းနဲ့ ပြန်ဆုံ ကြမယ်။ ”
လင်းယွန်အား ယခင် မြို့ အဝင်၌၊ သူမ အသုံးပြု ခဲ့သည့် သင်္ကေတ ပြားအား လင်းဝမ်မှ ကမ်းပေး လာသည်။
“ ကောင်းပြီ ... ။ ”
ဤသင်္ကေတ ပြားသည် သမိုင်းကြောင်း အတော် အတန် ရှိနိုင်၏။ ထို့ကြောင့် လင်းဝမ်မှ အလွယ် တကူ ထုတ်ပေးလာ ခြင်းဖြင့်၊ သူ့အား မည်မျှ ယုံကြည်ကြောင်း ပြသ နေသည်။
“ ငါတို့ သုံးရက် နေရင် ပြန်ဆုံ ကြစို့ ... ။ ”
လောရှုရီမှ ပြုံးကာ နှုတ်ဆက် သည်။
“ သခင်လေး လင်း၊ သုံးရက် နေရင် ငါတို့ဆီ လာခဲ့ပါ။ ”
တခြားသော တပည့်မ များမှလည်း၊ နှုတ်ဆက် စကား ဆိုလာ ကြသည်။ ထိုဖိတ်ခေါ် မှုကြောင့် လင်းယွန် တစ်ယောက် ပြုံးမိ၏။
နေ့ဝက် အကြာတွင်၊ တောင်ကြီး တစ်လုံး ကဲ့သို့၊ ခမ်းနား လှသော အဆောက် အဦးကြီး တစ်လုံးအား ရှာတွေ့ လိုက်သည်။
“ ကောင်းကင်ဘုံ ကြယ်ခန်းမ။ ”
ဆိုင်းဘုတ်ရှိ ရူရ် တိုင်းတွင် များပြားသော စွမ်းအင်ပါ ရှိ၏။ ကြယ်စုံ ကောင်းကင် တစ်စင်း အား၊ ဖျပ်ခနဲပင် မြင်လိုက် ရသည်။
ဤမြို့၌ ထိုသို့ ဖွင့်လှစ်ထား နိုင်သည် မှာ၊ မည်မျှ ဟိတ်ဟန် ကြီးမားကြောင်း၊ မည်သူ မဆို ပြော နိုင်၏။
မြေ ဧရိယာ ပိုင်ဆိုင် ထားမှု သည်ပင်၊ ၎င်းနောက်ကွယ်ရှိ အင်အားမှာ မရိုးရှင်း လှမှန်း၊ သက်သေပြ နေသည်။
ထိုအချိန်တွင် လင်းဝမ်နှင့် လောရှုရီမှာ၊ ခမ်းနား ထည်ဝါသော တောင်တန်းများ ဆီသို့ ရောက်ရှိ လာသည်။
ဤသည်မှာ ကောင်းကင် ရနံ့ သင်းသင်း ဖြစ်ချေ၏။ စုစုပေါင်း တောင်တန်းကြီး (၃၆)လုံး ရှိသည်။ တောင်ထိပ် ပေါ်တွင်၊ ဧရာမ နန်းတော်များ ရှိ၏။
ဝိညာဉ် ရေးရာ အစီရင်ဖြင့်၊ တောင်ကြီး တိုင်းကို ချိတ်ဆက် ထားပြီး၊ ထိုအတိုင်း အတာ ပမာဏသည်၊ ရှေးဟောင်း ပျက်သုဉ်း မြေ၏ တန်ခိုးကြီး ဂိုဏ်းများထက် မနိမ့် ကျချေ။
လင်းဝမ်နှင့် လောရှုရီက တပည့် များကို သက်ဆိုင် ရာသို့ သွားစေ လိုက်ပြီး၊ သူတို့ မှာမူ၊ နှင်းများ ထူထပ် နေသည့် အမြင့်ဆုံး တောင် ထံသို့၊ ဦးတည် လာခဲ့သည်။
လမ်း တစ်လျှောက် ကောင်းကင် ရနံ့ သင်းသင်းမှ တပည့် များက၊ တူရိယာများ တီး မှုတ်ခြင်း၊ တရား ထိုင်နေခြင်း၊ စကားများ ဝိုင်းဖွဲ့ နေခြင်း စသည်တို့ ပြုလုပ် နေ၏။
နှင်းတောင် ထိပ်သို့၊ ရောက်သော အခါ ပတ်ဝန်းကျင်၌ အသံများ ဆိတ်သုဉ်း သွားတော့ သည်။
နှင်းမြူ ထဲတွင်၊ လေပေါ် ပျံဝဲ ကခုန် နေသော အမျိုးသမီးငယ် တစ်ဦးမှ လွဲ၍ အခြား သူ မရှိချေ။ သူမ အောက်ခြေ၌ ရေကန် တစ်ကန် ရှိ၏။
နီညိုရောင် ဝတ်စုံကို ဆင်မြန်း ထားပြီး၊ ကမ္ဘာပေါ်ရှိ ကျက်သရေ အားလုံး ပိုင်စိုး ထား သကဲ့သို့၊ အလှ တရားမျိုး ရှိနေသည်။
သူမ အလှသည် ပြစ်မျိုး မှဲ့မထင် ဖြစ်ပြီး၊ ဤကမ္ဘာကြီးနှင့် မသက်ဆိုင်သော နတ်ဘုရားမ တစ်ပါး အလား၊ မှော်ဆန်နေ ချေ၏။
လောရှုရီနှင့် လင်းဝမ်မှာ လှပ သော်လည်း၊ သူမ၏ ခြေဖျား ကိုပင် မမှီချေ။
“ လင်းယွန်က ... ပယင်း ကမ္ဘာမှာ ... ၊ ဝေဝေနဲ့ ဆုံရအောင်၊ အတိတ် ဘဝက ဒီကောင် ဘာတွေများ ကုသိုလ် ကောင်းမှု ပြုလုပ် ခဲ့လဲ သိချင် လာပြီ။ ”
“ အခုတော့ ... ၊ သူ အသက် ရှင်လျက် ရှိသေးလား ဆိုတာတောင်၊ ရှုရီတို့ မသိ ခဲ့ရဖူး မဟုတ်လား။ ”
လောရှုရီမှ သူ့ကိုယ်သူ အပြစ်တင် ဟန်ဖြင့် ရေရွတ် မိ၏။ ထိုသို့ ကခုန် နေသူမှာ ယွဲ့ဝေဝေ ဖြစ်သည်။ သူမက ကကြိုးကို လက်စ သပ်ကာ၊ မျက်မှောင်ကြုတ် လိုက်၏။
အခြား သူများ အမြင်၌၊ နတ်ဘုရားမ တပါးနှင့် တူနေ သော်လည်း၊ သူမ ကျေနပ်ခြင်း မရှိ သေးချေ။
သို့သော် လင်းဝမ်နှင့် လောရှုရီ တို့အား မြင်သွား ချိန်၌၊ ပြုံးလျက် ချက်ချင်း ပြေးလွှား လာတော့သည်။
“ အစ်မ လော ... ၊ အစ်မ လင်း၊ နင်တို့ ရောက်လာ ပြီပေါ့။ ”
ယွဲ့ဝေဝေက ချစ်စရာ ကောင်းသော အသွင်ဖြင့်၊ သူမတို့ နှစ်ဦး၏ လက်ဖဝါးကို ဆုပ်ကိုင် လိုက်သည်။
“ မြန်မြန် ... ၊ ငါ့ အစ်ကိုကြီး ယွန် အကြောင်း ပြောပြ ပါဦး။ ”
လင်းယွန်ကို ဓားဂိုဏ်းမှ ခေါ်ဆောင် သွားသည်ကို၊ သူမ သိထားသည်။ ထို့ကြောင့် လောရှုရီနှင့် လင်းဝမ် တို့အား၊ စုံစမ်း ပေးရန်၊ အကူ အညီ တောင်းခဲ့ခြင်း ဖြစ်၏။
လင်းဝမ်နှင့် လောရှုရီမှာ လင်းယွန်ဖြင့်၊ ပတ်သတ် သမျှသော အချင်းအရာ တိုင်းကို ပြန် ပြောင်း ပြောပြလိုက် ကြသည်။
သူမတို့ စကားဆုံး သည်နှင့်၊ ယွဲ့ဝေဝေမှ ပြုံးရယ် လာပြီး။
“ ငါ့ အစ်ကိုကြီး ယွန်က၊ နှစ်နှစ် အတွင်း၊ ခွန်လွန်ကို ကိုင်လှုပ်နိုင် နေပြီ ... ၊ ကြောက်စရာ ကောင်းလိုက်တာ။ ”
“ ညီမလေး ဝေဝေ ... ၊ စိတ်မပူ ဖူးလား၊ သူက သေဖို့ များတယ်။ ”
လောရှုရီမှ အံ့သြစွာ မေး၏။
“ စိတ်ပူ တာပေါ့ ... ၊ ဒါပေမယ့် ... ငါ့ အစ်ကိုကြီး ယွန်က၊ ဒီလောက် လေးနဲ့ သေမဲ့ လူမျိုး မဟုတ် ပါဘူး၊ ပယင်း ကမ္ဘာနဲ့ ...
... ကောင်းကင် လမ်းမှာ ... ၊ ဘယ်လို ရှင်သန် နေထိုင် ရမလဲ ဆိုတာ၊ ကောင်းကောင်း သူ သိခဲ့တယ်၊ ...
... သူ ဖြတ်သန်း လာတဲ့ လမ်းမှာ၊ ဘဝနဲ့ သေခြင်း ဆိုင်ရာ၊ အတွေ့အကြုံ မျိုးစုံကို၊ ကြုံခဲ့ ရတယ်၊ သန့်ရှင်းသော သားတော် ... ၊ သမီးတော် တွေ ထက်တောင်၊ ...
... ခက်ခဲ ကြမ်းတမ်း ခဲ့တယ်၊ ဒါကြောင့် သူ့အသက်ကို ယူဖို့၊ ဒီလောက် မလွယ် သေးဘူး၊ တစ်ကြိမ် တည်းနဲ့ မသတ် နိုင်ရင်၊ ဒုတိယ အကြိမ် ဆိုတာ၊ ရှိမလာ နိုင်ဘူး။ ”
ယွဲ့ဝေဝေက ပြုံးလျက် ပြန်ဖြေသည်။ လင်းယွန်နှင့် ပတ်သတ် ပါက၊ ယုံကြည်ချက် အပြည့် ရှိသည်။
ထိုစဉ်က ဓားရည်ရွယ်ချက် နောက်သို့၊ လိုက်နေသော၊ မြစ်ပြင် အလယ် ကောင်လေး တစ်ယောက် အသွင်အား ပြန်မြင် လာ၏။
လင်းဝမ်နှင့် လောရှုရီမှာ၊ ယွဲ့ဝေဝေ၏ ယုံကြည်ချက်ကို မြင်သောအခါ၊ အဆိုပါ အချင်း အရာအား ဆက်မပြော တော့ချေ။
ငရဲ ပင်လယ်၌ သူမတို့ အသက်ကို ကယ်ခဲ့သော လင်းရှောင် အကြောင်း ပြောပြ လိုက်သည်။
“ သူ့ကို ခွဲတမ်းပေး ခဲ့တာလား၊ အစ်မတို့ ပြောတဲ့ အတိုင်း ဆိုရင်၊ သူ့ခွန်အားက ပြဿနာ တော့ မရှိ ပါဘူး၊ ဒါပေမယ့် ... ကောင်းကင် ရနံ့ သင်းသင်းမှာ၊ ပါရမီရှင်တွေ အများကြီး ရှိတယ်။ ”
ယွဲ့ဝေဝေမှ ပြုံးကာ ပြောသည်။
“ ဒီလူက မရိုး ရှင်းဘူး၊ သူတော်စင် အသံ ကိုတောင် ... ဖန်တီး နိုင်လိမ့်မယ် ထင်တယ်၊ သူ တီးခတ် ခဲ့တဲ့ သီချင်းက ဂန္ဓဝင် သံစဉ်ပဲ၊ ဂန္ဓဝင် တေးသွား တွေနဲ့ ပတ်သတ်ရင်၊ အမွေ တစ်ခု ရထားပုံ ရှိတယ်။ ”
“ အစ်မ လင်းက သူ့ကို ဒီလောက်တောင် အထင်ကြီး နေတာ ... ၊ ငါ့ အစ်ကိုကြီး ... ယွန်နဲ့ ယှဉ်နိုင်လား။ ”
“ ဒါတော့ ဘယ်ယှဉ် နိုင်မလဲ၊ နတ်နဂါး ခေတ်မှာ ... ပန်းသင်္ချိုင်းရဲ့ ကျေးဇူးတော်ကို ဘယ်သူများ လိုက်မီ မှာလဲ။ ”
“ ပြောတာ ကောင်းတယ် ... ၊ သုံးရက် နေရင် ... အကြီးအကဲ မုကို ခေါ်သွားပြီး၊ ခွဲတမ်း ပေးဖို့ ပြောလိုက်ပါ။ ”
ထိုစကားကို ကြားသော အခါ၊ လောရှုရီနှင့် လင်းဝမ်မှာ သက်ပြင်းချ လိုက်သည်။ ယွဲ့ဝေဝေ ထောက်ခံ ရုံဖြင့်၊ ကိစ္စကြီး တစ်ဝက် ပြီးပြီ ဖြစ်သည်။
“ ဟဲဟဲ ... ၊ လောလောဆယ် ဒီလူ အကြောင်း ထားလိုက် ရအောင်၊ ဝေဝေတို့ စကား ပြောကြမယ်၊ ကောင်းကင် ကိုးပါး ကကွက်ကို၊ ...
... ကောင်းကောင်း မက နိုင်လို့ ... ၊ ဒေါ်လေးက တောင်ပေါ် ကနေ ဆင်းခွင့် မပေး ဘူး၊ ဒီမှာ ပျင်းလို့ သေတော့မယ်။ ”
ယွဲ့ဝေဝေ စကားကြောင့် လင်းဝမ်နှင့် လောရှုရီမှာ အချင်းချင်း ပြန်ကြည့်ပြီး၊ ပြုံးရယ် လိုက်မိသည်။
ကောင်းကင် ကိုးပါး ကကွက်သည်၊ ရှေးဟောင်း နတ်ဘုရား ဖြစ်သော ကောင်းကင် ဘုံ ကိုးပါး နတ်သမီးမှ၊ ဖန်တီး ခဲ့သော ကကွက် ဖြစ်သည်။
ခွန်လွန်ရှိ တော်ဝင် ကကွက် ဆယ်ပါးတွင် ပါဝင်၏။ အောင်မြင်သော အခါ ကောင်းကင်ဘုံ၊ (၉) ပါးကို၊ လှုပ်ခါ နိုင်ပေမည်။
သို့သော် ပြီးပြည့် စုံသော ကကြိုးမှာ၊ ပျောက်ဆုံး နေခဲ့သည်။ ကျန်ရှိ ခဲ့သော ကကွက် အချို့ကို၊ ဂီတအိမ် လေးလုံးမှ ခွဲဝေ ထိန်းသိမ်း ထား၏။
လေ့ကျင့်ရန် ခက်ခဲပြီး၊ မပြည့်စုံ လှ သော်လည်း၊ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်း နေဆဲ ဖြစ်သည်။
***