← Chapters

မင်းဆရာ ဘယ်သူလဲ။

Vol. 121 Ch. 1686

မင်းဆရာ ဘယ်သူလဲ။

Vol. 121 Ch. 1686

လင်းဝမ်၊ လောရှုရီနှင့် ယွဲ့ဝေဝေတို့ စကားစမြည် ပြောဆို နေစဉ်၊ လင်းယွန်က အန်းလျူယွင် ဖြင့်၊ တွေ့ဆုံ ခဲ့သည်။

အန်းလျူယွင်က တံဆိပ်ပြားကို မြင်သော အခါ၊

“ ဒါက လျူယွင် တို့ကို၊ ဒုက္ခ အများကြီး သက်သာ စေပြီ၊ ဂီတအိမ် လေးလုံးက တပည့် ရွေးတဲ့ အခါ၊ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်။ ”

“ ဒါဆို ... ။ ”

အန်းလျူယွင်က ခေါင်းငြိမ့် ပြပြီး၊

“ သခင်လေး လင်း ... နိဗ္ဗာန် ပွဲတော် အတွက် ကန့်သတ်ချက် ရှိတယ်၊ မြင့်မြတ်မြေ (၆) ပါးက လွဲပြီး၊ ပွဲတော်ကို ဝင်ချင်တဲ့ လူတိုင်း ဂီတအိမ် လေးလုံး ကနေ တဆင့် ဝင်ကြ ရတယ်။ ”

“ အခြား နည်းလမ်း မရှိဖူးပေါ့။ ”

“ ဟုတ်တယ် ... ။ ”

အန်းလျူယွင်မှ ပြုံးပြ၏။

“ သခင်လေး လင်း ကသာ၊ ရှေးဟောင်း အမွေခံ ဂီတမိသားစုက လာခဲ့ ရင်တော့ နိဗ္ဗာန် နန်းတော်က၊ တိုက်ရိုက် ဖိတ်ခေါ် လိမ့်မယ်။ ”

ခွန်လွန်တွင် ဂီတ မိသားစု ဆယ်စု ရှိပြီး မျိုးနွယ်စု တစ်ခု စီတွင် ထူးခြားသော အမွေများ ရှိလေသည်။

၎င်းတို့တွင် ထူးခြားသော ဂီတ ပညာရှင် များစွာလည်း ရှိ၏။ ထိုအဆင့် ပညာရှင် များ၌ နတ်နဂါး အသံကို ဆုပ်ကိုင် ထားနိုင် ကြသည်။

ထိပ်တန်း ဂီတ ပညာရှင် တစ်ဦးသည် ဧကရာဇ် တစ်ပါး ကိုပင် ရင်ဆိုင် နိုင်လေသည်။ သို့သော် ထိုကဲ့ သို့သော သူသည် ဧကရာဇ် များ ထက်ပင်၊ ရှားချေ၏။

ကောင်းကင် အသံ အတွက်မူ၊ ဒဏ္ဍာရီ သာ ဖြစ်သည်။ လက်ရှိ နတ်နဂါး ခေတ်၌၊ မည်သူမျှ မကစား နိုင်ချေ။

အရိယာ အသံကို ဖန်တီး နိုင်သော်၊ ဝါသနာရှင် အဆင့် ဖြစ်သည်။ သူတော်စင် အသံ ဆိုက ကျွမ်းကျင်သူ ဖြစ်လာ ကာ၊ ဧကရာဇ် အသံ ဆိုသော်၊ ပညာရှင် ဖြစ်၏။

ဝါသနာရှင် အဆင့်သည် ကျင့်ကြံခြင်း လောက၌၊ နဂါး သွေးလွှတ်ကြော နယ်ပယ်နှင့် အဆင့်တူ ဖြစ်၏။

ကျွမ်းကျင် သူသည် လောက နိယာမ နယ်ပယ် ဖြစ်ကာ၊ ပညာရှင်သည် သူတော်စင် ဖြစ်သည်။

ကျွမ်းကျင် ပညာရှင် များမှာ၊ ဧကရာဇ် များကို ယှဉ်နိုင်သည်။ ထို့ကြောင့် သူတော်စင် အသံအား ဖန်တီး နိုင်သည့် လင်းယွန်မှာ၊ ပညာရှင် ဖြစ်သည်။

သို့သော် စိတ် ဝိညာဉ် စွမ်းအင်ကို၊ ကောင်းစွာ ကျင့်ကြံ ထားခြင်း မရှိ သဖြင့်၊ တိုက်ပွဲ ဝင်ရမည် ဆိုသော်၊ အနည်းငယ် အားနည်းနေ သေး၏။

“ ဒါဆို ကောင်းကင် ရနံ့ သင်းသင်းနဲ့ ချိတ်ဆက် လိုက်မယ်။ ”

လင်းယွန်က ဆုံးဖြတ်ချက ချလိုက်သည်။

“ ကောင်းတယ် ... ဂီတကို စိတ် ဝင်စား တယ်ဆိုရင်၊ ကောင်းကင် ရနံ့ သင်းသင်းက ပို သင့်တော်တယ်၊ သူတို့မှာ နက်ရှိုင်းတဲ့ အခြေခံ အုတ်မြစ် ရှိတယ်၊ ...

... ဒီမှာ ... ကောင်းကင် နှင်းကြာပန်း (၃၅)ချပ်၊ သူတို့က အရမ်း ရှားတော့ ... အချိန် တိုတိုနဲ့ အများကြီး မရ နိုင်ဘူး၊ သခင်လေး လင်း အဆင်ပြေ ပါ့မလား။ ”

အန်းလျူယွင်က သေတ္တာ တစ်လုံးကို ထုတ်ပြီး လင်းယွန်ထံ ကမ်းပေး လိုက်သည်။

“ အဆင်ပြေ ပါတယ်၊ ဒုတိယ သွေးလွှတ်ကြော ပြုပြင်ဖို့ ကောင်းကောင်း လောက်တယ်။ ”

“ အဲဒီလောက် တောင်လား။ ”

ဤပမာဏ ဖြင့်ပင်၊ သွေး လွှတ်ကြော တစ်ကြော ကိုသာ ပြန်၍ ပြုပြင် နိုင်ရုံ ရှိလေရာ၊ အန်းလျူယွင်မှ အံ့သြ သွားသည်။

တစ်ဖက် လူ၏ ဒဏ်ရာ အတော် ပြင်းထန် ပုံရ၏။ သူတော်စင် တစ်ဦး အတွက် ပင်၊ ပွင့်ချပ် အနည်း ငယ်သာ လိုအပ် သည်။

“ သက်ရောက်မှု လျော့နည်း လာလို့ပါ။ ”

“ ဒါဆိုရင် ... ပန်းဝတ်ဆံ တွေနဲ့ ... စမ်းကြည့် မလား၊ ကြာပန်း တစ်ပွင့်လုံး ရဖို့ မဖြစ်နိုင် ပေမယ့်၊ နည်းနည်း အာရုံစိုက်ရင်၊ ဝတ်ဆံတော့ ရနိုင်မယ် ထင်တယ်။ ”

အန်းလျူယွင်မှ အလေး အနက် ဆိုလိုက် တော့သည်။ ပုံမှန် အတိုင်း ဆိုသော်၊ အရှေ့ဘက် ပျက်စီး မြေ၌ ထွက်သည်နှင့် လင်းယွန်မှာ ဆဌမ သွေးလွှတ် ကြောသို့၊ ရောက်ရှိ နေသင့်သည်။

သူမ သည်ပင် ပဉ္စမမြောက် သွေးလွှတ် ကြော၌ ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဒဏ်ရာ မည်မျှ ပြင်းမည်ကို တွက်ဆ နိုင်၏။

သူ့အပေါ် စိုးရိမ် နေသော အန်းလျူယွင်ကို မြင်ချိန်၌၊ လင်းယွန်က ပြုံးပြ လိုက်ပြီး၊

“ ဒီကမ္ဘာ ကြီးရဲ့ မနက်ဖြန် တိုင်းကို၊ တွက်ချက် ထားလို့ မရ ပါဘူး၊ ဒါ အဆိုး ကြီးမှ မဟုတ် သေးတာ၊ ဒီလောက်လည်း စိတ်ပူ မနေ ပါနဲ့၊ ဒီ (၂)နှစ်တာ ကာလ အတွင်း၊ ငါက ...

... အရမ်း တိုးတက် လာခဲ့တယ်၊ ခုချိန်မှာ ဒါတွေကို ကြေညက်အောင် လုပ်ဖို့၊ အခွင့်အရေး ရတာပေါ့။ ”

“ သခင်လေး လင်းက ... ၊ ဒီလို ဖြေသိမ့်နိုင်တာ ကောင်းပါတယ်၊ ဒါပေမယ့် ... ဝတ်ဆံ ကိုတော့ ရှာရမယ်။ ”

အန်းလျူယွင်က ဆုံးဖြတ်ပြီး ဟန်ဖြင့် ပြန်ပြောသည်။

“ ကောင်းပြီ ... သုံးရက်လောက် ဒီမှာ နေပါရစေ။ ”

“ နေပါ ... ။ ”

အန်းလျူယွင်က သူမ ကျင့်ကြံသည့် အခန်းအား၊ လင်းယွန်ထံ ပေးအပ် လိုက် လေသည်။

လင်းယွန် မျှော်လင့်ထား သလို ပေပင်။ ပွင့်ချပ်ပေါင်း (၃၅) ချပ်သည်၊ ဒုတိယ သွေး လွှတ်ကြောကို ပြန်ရ ရုံသာ ရှိခဲ့၏။

အကျိုး သက်ရောက်မှုမှာ၊ လျော့နည်းလာ သောကြောင့်၊ တတိယ သွေးလွှတ်ကြော ရရှိရန်၊ ပွင့်ချပ် (၁၀၀)ခန့် လိုအပ် နိုင်သည်။

စတုတ္ထ မြောက် သွေးလွှတ်ကြော အတွက်မူ၊ ဆိုဖွယ် မရှိချေ။ သုံးရက် အကြာ၌ အန်းလျူယွင် အခန်းမှ ထွက်ခွာ လာခဲ့သည်။

လမ်းတစ်လျှောက် ကောင်းကင် ရနံ့ သင်းသင်း၏ တည်နေရာကို စုံစမ်းကာ၊ ဦးတည် လိုက်မိ၏။

ခမ်းနားသော တောင်ကြီး (၃၆)လုံးကို မြင်သော အခါ၊ ခြေလှမ်းများ ရပ်လိုက် မိသည်။ ကောင်းကင် မြို့တော်သည် သူတော်စင် မြို့ ဖြစ်ရန်၊ အမှန်ပင် ထိုက်တန် ချေ၏။ ။

ဂီတအိမ် လေးလုံး အနက် တစ်လုံးကို မြင်ရုံဖြင့်ပင်၊ လေးစား အံ့သြ စရာ ကောင်းနေ ချေပြီ။

တံဆိပ် ပြားကို ထုတ်ယူကာ၊ ကောင်းကင် ရနံ့ သင်းသင်း ထံသို့၊ လှမ်းဝင် လိုက်၏။ အစေခံ များက လင်းဝမ်နှင့် လောရှုရီထံ လိုက်လံ ပို့ဆောင် ပေးသည်။

“ ဘယ်လိုလဲ ... ။ ”

လင်းယွန်က ချက်ချင်း မေးမိသည်။ လင်းဝမ်မှ ခေါင်းညိတ်ကာ၊

“ ပြဿနာ မရှိလောက် ပါဘူး ... ၊ လာ သူတော်စင် နန်းဆောင်ကို လိုက်ခဲ့ ... ၊ အဲဒီမှာ အကြီး အကဲမု စောင့်နေတယ်။ ”

သုံးယောက်သား စကား စမြည်များ ပြောလျက်၊ လျှောက်လှမ်း လာမိ ကြသည်။ သူတော်စင် နန်းဆောင်သည် တောင် (၃၆) လုံး အနက်၊ ဗဟိုတောင် ပေါ်တွင် တည်ရှိ၏။

ထိုနေရာသည် ကောင်းကင် ရနံ့ သင်းသင်း၏ အရေး ကြီးသော နေရာ ဖြစ်သော ကြောင့်၊ ပုံမှန် အချိန် များ၌၊ သွားလာခွင့် ပိတ်ပင် ထားတတ်သည်။

ယနေ့တွင် လူ များစွာက ထိုအရပ်သို့ ဦးတည်နေ ကြသည်။ တောင်ထိပ်ရှိ နန်းဆောင် အတွင်း၊ လူဆယ်ယောက် ထိုင်နေ၏။

၎င်းတို့မှာ ကောင်းကင် ရနံ့ သင်းသင်းမှ၊ ဂီတပညာ ရှင်များ ဖြစ်လေသည်။ အားလုံးသည် လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင် သူများ ဖြစ်၏။

အချို့မှာ အထွတ် အထိပ် နိဗ္ဗာန် အဆင့် သို့ပင် ရောက်ရှိ နေကြသည်။ ဂီတနှင့် ကျင့်ကြံမှု နှစ်ပါး စလုံး၌၊ ပေါက်ရောက် နေကြ သဖြင့်၊ အထင်ကြီး စရာ ပေပင်။

၎င်းတို့ အလယ်တွင် ထိုင်နေသော အမျိုးသမီး ငယ်က၊ လင်းယွန်ထံ အေးစက်စွာ ကြည့် လာသည်။

သူမသည် အမည်ခံ သူတော်စင် ဖြစ်ပြီး၊ သူတော်စင် တာအို အချို့ ကိုပင်၊ ဆုပ်ကိုင် ထား နိုင်၏။

( သူတော်စင် တာအို ဆိုသည်မှာ၊ ကမ္ဘာကြီး၏ နိယာမ အမျိုးမျိုးကို ဆိုလိုခြင်း ဖြစ်ပေမည်။ )

ဤဖွဲ့စည်းပုံသည် အနည်းငယ် များပြား သောကြောင့်၊ သူ့အား ထိတ်လန့် စေခဲ့သည်။ ကောင်းကင် ရနံ့ သင်းသင်းမှ၊ စစ်ဆေးရေး ပြုလုပ်ရန် ပြင်ဆင် ထားခြင်း ဖြစ်ပုံ ရ၏။

“ ဂျူနီယာ လောရှုရီနဲ့ လင်းဝမ်က အကြီးအကဲ များကို ... ၊ နှုတ်ဆက် ပါတယ်။ ”

လင်းဝမ်နှင့် လောရှုရီမှ ဦးညွှတ်သည်။

“ ငါတို့ရဲ့ နတ်သမီး လေးက အကြံပြု ထားတဲ့ ပုဂ္ဂိုလ် ဆိုတာ မင်းလား၊ ကျင့်ကြံမှုက အားနည်း လိုက်တာ။ ”

“ ဒုတိယ သွေးလွှတ်ကြော မှာလား ... ၊ ဂီတသမား တစ်ယောက် အနေနဲ့ ၊ ကျင့်ကြံမှုက အရေး မကြီး ပါဘူး၊ ဒါပေမယ့် ... သူ့ အသက် အရွယ် အရ ဆိုရင်တော့ အားနည်းတယ်။ ”

“ ဒီလူငယ်မှာ အမွေ ရှိပါ့ မလား၊ တကယ်တမ်း အမွေခံ မိသားစုက ဆိုရင်၊ သူ့ကို သူ့ မိသားစုက ပျိုးထောင် ပေးမှာ သေချာတယ်၊ ဒါဆို ဒီထက်တော့ မြင့်မား နိုင်မယ်။ ”

“ စိတ် ပျက်စရာပဲ၊ ငါတို့ရဲ့ မြင့်မြတ်သော တော်ဝင် နတ်သမီး လေးက၊ အကြံပြု ထားတာ ဆိုတော့ ... ၊ ဘာဆက်လုပ် ကြမလဲ။ ”

နန်းဆောင် အတွင်း လာရောက် စူးစမ်း နေသော၊ ကောင်းကင် ရနံ့ သင်းသင်း၏ တပည့် များက၊ လင်းယွန်ကို ကြည့်ကာ၊ ရုတ်ရုတ် သဲသဲ ဖြစ် ကုန်သည်။

နန်းဆောင် အတွင်းရှိ စင်မြင့် ပေါ်တွင် ထိုင်နေသည့်၊ အကြီးအကဲ (၁၀)ဦး သည်ပင်၊ အကြည့်ချင်း ဖလှယ်လျက်၊ ခေါင်းယမ်း လိုက် ကြသည်။

ထိုအချိန်တွင် အကြီး အကဲ မု၏ အကြည့် များက လင်းယွန်အပေါ် ကျရောက် နေမှန်း မြင် လိုက်ကြ သဖြင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။

“ မင်းက လင်းရှောင်လား။ ”

သူမသည် အသက် နှစ်ဆယ်ကျော် အမျိုးသမီး တစ်ဦး မျှသာ ဖြစ်ခဲ့ သော်လည်း၊ ဤနေရာရှိ လူတိုင်းထက် သာလွန်သော ဖိအားမျိုး ပေးနိုင်၏။

“ အဲဒါ အကြီး အကဲ မုရွယ်လင်ပဲ၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့၊ သူတော်စင် အကြီး အကဲ ... ။ ”

လင်းဝမ်မှ တိုးတိုးလေး မိတ်ဆက် ပေးသည်။

“ ဟုတ် တယ် ... ။ ”

လင်းယွန်က လက်ဝှေ့ယမ်းလျက် ပြန်ဖြေ လိုက်၏။ သူ့ လေသံတွင် အရိုအသေ ကင်းမဲ့ နေ သဖြင့်၊ ကြားရ သူတိုင်း မျက်မှောင်ကြုတ် သွားသည်။

သို့သော် မုရွယ်လင်မှ ၎င်းကို ဂရု မစိုက်ဘဲ။

“ မင်းဆရာ ဘယ်သူလဲ ... ၊ ဘယ်ဂိုဏ်း ကလဲ။ ”

“ နာမည် မရှိဘူး၊ ဂိုဏ်း မရှိဘူး။ ”

ခရမ်းငယ်မှ သင်ကြား ပေးခဲ့ ခြင်းသာ၊ ဖြစ်သဖြင့်၊ မည်သည့်ဂိုဏ်း မည်သည့် ဆရာမျှ မရှိ ခဲ့ချေ။ ထိုကလေးမ လေးသည် သူမအား ဆရာ အဖြစ် ခေါ်ဆို ပါက၊ ငြင်းဆန် မည်မှာ သေချာ လေပြီ။

***

All Chapters