← Chapters

အရိုင်း အစိုင်း ... ။

Vol. 121 Ch. 1687

အရိုင်း အစိုင်း ... ။

Vol. 121 Ch. 1687

“ လင်းဝမ် ပြောတာ ... ၊ မင်းက ဂီတ တာအို၊ ကျွမ်းကျင် တယ်ဆို၊ ဒါဆို အမွေ မရဘဲ၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။

မုရွယ်လင်က သံသယဖြင့် မေးသည်။

“ သူတော်စင် အကြီး အကဲ၊ သူ လိမ်နေ တာပါ၊ ငါတို့ရဲ့ နတ်သမီး လေးက အမှား လုပ်မိ တာ နေမယ်၊ သူနဲ့ အချိန်ဖြုန်း နေဖို့ မလို ပါဘူး။ ”

“ ဟုတ်တယ်... ၊ သူ့ကို လက်ခံ လိုက်ရင် လူတိုင်း ပြောစရာ ဖြစ်လာ လမ့်မယ်။ ”

အစောပိုင်း ရင့်သီး လွန်းသော လင်းယွန်၏ စကား အသုံး အနှုန်း များကြောင့်၊ အကြီး အကဲ တိုင်း၊ မကျေ မနပ် ဖြစ်ခဲ့ ကြသည်။

“ ငါ့ ဆရာက တံခါးပိတ် ကျင့်ကြံ နေတဲ့ အတွက်၊ ငါက တစ်ယောက်တည်း အမြဲ နေခဲ့ ရတယ်၊ ဒါကြောင့် ငါ့မှာ ဂိုဏ်း မရှိတာပါ။ ”

“ ကောင်းပြီ ... ၊ ငါက ဒီလိုပဲ မေးလိုက် တာပါ၊ မင်းက မိစ္ဆာ ကျင့်ကြံသူ ဖြစ်နေ ရင်လဲ၊ ပြဿနာ မရှိ ပါဘူး၊ မျက်နှာဖုံး ဖယ်လိုက်။ ”

လင်းယွန် နှလုံးသား တုန်လှုပ် သွားသည်။ ဤမုရွယ်လင်သည် တစ်စုံ တစ်ရာကို သတိပြု မိနေ သည်ဟု၊ သူ ခံစား ရ၏။

သူမသည် ဧကရာဇ် အသံကို ဖန်တီး နိုင်သော အမည်ခံ သူတော်စင် နယ်ပယ် ဂီတ ပညာရှင် တစ်ပါး ဖြစ်နိုင်သည်။

ထို့ကြောင့် သူမ သည်သာ သူ့အား မမြင် နိုင်သော်၊ အခြား သူတော်စင် များကို လှည့်စား နိုင်မည် ဖြစ်သည်။

မျက်နှာဖုံး ဖယ်ရှားလိုက် သည်နှင့်၊ ဖောက်ထွင်း ကြည့်လိုသော မုရွယ်လင်၏ မျက်ဝန်းများ ကျဆင်း လာသည်။

လင်းယွန်၏ သွေးလွှတ်ကြော များတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိ ထားမှန်း၊ သူမ မြင်လိုက် ရသဖြင့်၊ မုရွယ်လင်မှ ထိတ်လန့် သွားသည်။

သို့သော် ရုပ်ဖျက် ထားခြင်း မရှိဘဲ၊ မူလ ရုပ်သွင် ဖြစ်သည်ကို အတည်ပြု နိုင်လိုက်သည်။ ကျင့်ကြံမှုသည် သာမာန် ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း၊ နဂါး သွေးလွှတ်ကြော များမှာ ရှည်လျား လှသဖြင့်၊ မဆိုး လှပေ။

သန့်စင်သော နဂါး အငွေ့ အသက် ကိုပင် ခံစား ရသည်။ သူ့ကိုယ်သူ ဖုံးကွယ်ထား သော်မှ၊ ထိုရောင်ဝါကို မဖုံးကွယ် နိုင်သေးချေ။ ယင်းက သူတော်စင် မိုးပြာ နဂါး ခန္ဓာကိုယ် ဖြစ်၏။

စိတ်ဝိညာဉ် နန်းတော်ရှိ၊ သူတော်စင် ရူရ် သည်လည်း မရိုးရှင်း လှချေ။ စိတ် စွမ်းအင်မှာ စတုတ္ထ တန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာသခင် တစ်ဦး အဆင့် ဖြစ်သည်။

ယင်းသို့ ဆိုက အစော ပိုင်းတွင် မမြင်နိုင် ခြင်းမှာ၊ ဤမျက်နှာ ဖုံးကြောင့် ဖြစ်နိုင် ပေမည်။ ထူးခြားသော လျှို့ဝှက် ရတနာ ဖြစ်နိုင်၏။

တစ်ချက် ကြည့်ရုံဖြင့် အထက်ပါ အချင်းအရာ များကိုသာ မြင်လိုက် ရသည်။ ကျန် လျှို့ဝှက်ချက်များ ကိုမူ၊ သူမ မမြင်နိုင် တော့ချေ။

ထို့ပြင် သိစရာလည်း မလိုဟု မြင်၏။ ညီမငယ်၏ အကြံ ပြုချက်ကြောင့်၊ သည်မျှ သိရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။

သို့သော် ညီမငယ်၏ အရည်အ ချင်း အရ၊ သာမာန် လူ တစ်ယောက် မဖြစ် သင့်ချေ။ ဆိုလို သည်မှာ ညီမငယ်သည် ဤလူငယ်နှင့် တစ်ကြိမ် ပင် မဆုံ ဖူးကြောင်း သေချာသည်။

ယင်းသို့ ဆိုက၊ လင်းဝမ်နှင့် လောရှုရီ၏ တောင်းဆို မှုသာ ဖြစ်ပေမည်။ သူမတို့ နှစ်ဦး အနက်၊ မည်သူမှ ဤလူငယ် အပေါ် မျက်စိ ကျသွားမှန်း မသိ နိုင်ချေ။

မုရွယ်လင်က သက်ပြင်း ချက်လျက် လင်းဝမ်တို့ နှစ်ဦးထံ ပြန်ကြည့်သည်။ သူတို့ နှင့် သာ သက်ဆိုင်မှန်း သိခဲ့ ပါက၊ ဤမျှ စုဝေးမှုကို ပြုလုပ် မိမည် မဟုတ်ချေ။ ယခုမူ။

“ ကောင်းပြီ ... ၊ ငါတို့က နောက်ဆုံး လူရွေးပွဲကို၊ လဝက် နေရင် ကျင်းပမယ်၊ ဒီမှာ နေပြီး၊ မင်း လေ့ကျင့် နိုင်တယ်။ ”

မုရွယ်လင်မှ ကြေညာ လိုက်သဖြင့်၊ ကျန်အကြီးအကဲ များမှာ အံ့သြ သွားလေသည်။ ၎င်းတို့ အနက်မှ တစ်ဦးက၊

“ သူတော်စင် အကြီး အကဲ၊ ဂီတနဲ့ ပတ်သတ်တဲ့ သူ့အရည် အချင်းကို ... ၊ စမ်းသပ် ရမှာ မဟုတ် ဖူးလား။ ”

-ဟု မေးလာ တော့၏။

“ မလို တော့ဘူး ... ။ ”

မုရွယ်လင်မှ ပြန်ဖြေသည်။ စတုတ္ထ တန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် အဆင့် ၌သာ ရှိသဖြင့်၊ ဂီတတွင် အားနည်း နေမည်မှာ သေချာသည်။

“ ကျေးဇူး တင်ပါတယ် ... ၊ သူတော်စင် အကြီး အကဲ။ ”

လင်းဝမ်နှင့် လောရှုရီက ကျေးဇူးတင် ရှိကြောင်း၊ ထုတ်ဖော် ပြောကြား လိုက်သည်။ သို့သော် မုရွယ်လင်မှ လင်းယွန် ကိုသာ ကြည့် နေသဖြင့်၊ ချောင်းဟန့်သံ ပြုလိုက် ရ၏။

“ အဟွတ် ... ။ ”

လင်းဝမ်၏ အချက်ပေး သံကြောင့် လင်းယွန်က မုရွယ်လင်ကို ပြန်ကြည့်ကာ၊ စကားဆို တော့မည့် အချိန်တွင်၊

“ ငါ မယုံဘူး ... ။ ”

-ဟုဆို လျက် လူတစ်ယောက် ထွက်ပေါ် လာသည်။

“ အစ်ကို လျူ ဖေး ... ။ ”

“ စမ်းသပ်မှုတွေ မဖြေ ဆိုရပဲ ... ၊ ဒီလို နောက်ဆုံး လူရွေးပွဲ ဖြေဆိုခွင့် ရတာကို အစ်ကို လျူဖေးက၊ ဘယ်လိုလုပ် သည်းခံ နိုင်မှာလဲ။ ”

“ ဟုတ်တယ် ... လူတိုင်း စမ်းသပ်မှုကို ဖြတ်ကျော် ရတယ်၊ ဒါကြောင့် ... သူ့ကိုလည်း နည်းနည်းတော့ စစ်ဆေး သင့်တယ်။ ”

ကန့်ကွက် လာသော၊ တပည့် တစ်ဦး ရှိ လာပြီ ဖြစ်သဖြင့်၊ လာရောက် စူးစမ်းနေ သူများ ထံမှ၊ အသံများ ထွက်ပေါ် လာတော့သည်။

“ တပည့် လျူဖေးက ... ၊ သူတော်စင် အကြီး အကဲကို နှုတ်ဆက် ပါတယ်။ ”

ပြီးနောက် လင်းယွန်ထံ လှည့်ကြည့်ကာ၊

“ ငါတို့ရဲ့ နတ်သမီးလေးက ခွဲတမ်း ပေးတယ် ဆိုတော့၊ ပုံမှန် လူ တစ်ယောက်လို့ ထင်ခဲ့တာ၊ အခုတော့ နောက်ခံတောင် မရှိတဲ့ လူရိုင်း တစ်ယောက်ပဲ။ ”

“ လျူဖေး ... ၊ နင် ဘာလုပ် နေတာလဲ၊ သခင်လေး လင်းကို ငါတို့ရဲ့ နတ်သမီး လေးက အကြံပြု ခဲ့တာ၊ ဒါကို နင်က မကျေ နပ်တာ သေချာလား။ ”

လင်းဝမ်မှ ဝင်ပြောသည်။ လျူဖေးက ဆုံးဖြတ်ပြီး ဖြစ်သဖြင့်၊ သူမ စကား အပေါ် စိုးရိမ်ခြင်း မရှိ ခဲ့ချေ။

“ ငါက နတ်သမီး လေးကို၊ မရို မသေ လုပ်တာ မဟုတ်ဘူး၊ ဒါပေမယ့် ... နတ်သမီး လေးက ဒီလူကို မမြင်ဖူး ခဲ့ တာတော့ ...

... သေချာတယ်၊ မဟုတ်ရင် မင်းတို့ နှစ်ယောက်က သူ့ကို သူတော်စင် နန်းဆောင်ထဲ ဘာလို့ ခေါ်လာ မှာလဲ။ ”

ယင်းက အမှန် တရား ဖြစ်သည်။ ယွဲ့ဝေဝေသာ ဆန္ဒ ရှိက ဤအဆင့်အား လုပ်ဆောင် နေစရာ မလိုချေ။

မျက်နှာ ပျက်ယွင်း သွားသော လင်းဝမ်တို့ နှစ်ဦးကို ကြည့်ကာ၊ လျူဖေးက ပြုံးလိုက်သည်။ လင်းရှောင်သည် အမှိုက် တစ်စသာ ဖြစ်မှန်း၊ သူ့အထင် သေချာ သွား၏။

“ ငါပြောတာ မှန်ပုံ ရတယ်၊ ဒီလူက နတ်သမီး လေးနဲ့ မတွေ့ခဲ့ ဖူးပဲ၊ ဒါလည်း အဓိပ္ပါယ် ရှိပါတယ်၊ ဒီလို လူရိုင်း မျိုးက တွေ့ဖို့ မထိုက်တန် ပါဘူး။ ”

“ မယုံကြည်တဲ့ ... သူတွေ ရှိတာ သဘာဝ ပါပဲ၊ ငါသာ မင်း ဆိုရင်လည်း ယုံမှာ မဟုတ်ဘူး၊ ပြောပါ၊ မင်းက ငါ့ကို ဘာလုပ် စေချင် တာလဲ။ ”

လင်းယွန်က ပြုံးလျက် ဝင်ပြော လိုက်သည်။

“ မင်းလို လူရိုင်း တစ်ယောက်က ဒီလို ပြောလိမ့် မယ်လို့၊ ငါ ခန့်မှန်း ထားပြီး သားပါ၊ ရှင်းရှင်းပဲ ပြောမယ်၊ ငါ့ကို အနိုင်ယူ နိုင်ရင် ... ငါယုံမယ်၊ ဒီလိုဆို ...

... မင်းရဲ့ အရည် အချင်းနဲ့ ပတ်သတ်ပြီး၊ ဘယ်သူမှ မေးခွန်းထုတ် တော့မှာ မဟုတ်ဘူး၊ ဒါပေမယ့် သတိ ပေးထား ချင်တာက၊ ငါက နည်းနည်း ကြမ်းတယ်။ ”

“ လျူဖေး ... နင် အရမ်း လွန်လာ ပြီနော်။ ”

လင်းဝမ်က ဒေါသတကြီး အော်ဟစ် လိုက်သည်။

“ လွန်တော့ ဘာဖြစ်လဲ ... ၊ သူ ကြောက်ရင် အရှုံးပေးခိုင်းလိုက်။ ”

လျူဖေးက လင်းယွန်အား လှည့်ကြည့်ကာ ပြန်ပြော လိုက်သည်။

“ ငါက အရှုံးပေး ရမှာလား။ ”

လင်းယွန်က ပြုံးပြီး၊

“ မတော် တဆ မင်းကို ဒဏ်ရာ ကြီးကြီး မားမား ပေးမိရင်၊ ကောင်းကင် ရနံ့ သင်းသင်း ကို၊ အရှက်ခွဲရာ ရောက်မိတော့ မှာပဲ။ ”

-ဟု အေးစက်စွာ ဆိုလိုက် တော့သည်။

ဤအချိန်၌ မည်သူမျှ၊ သူ့ အပေါ် ကောင်းမွန်သော ခံစားချက်များ မရှိ တော့ချေ။ ဤလင်းယွန်သည် အနည်းငယ် မောက်မာ လှ၏။

“ ကောင်းပြီ ... ၊ လျူဖေးက သူ့ကို စမ်းသပ်ပါ၊ ငါတို့ရဲ့ ကောင်းကင် ရနံ့ သင်းသင်း အပေါ်၊ အရှက် ရစေမယ်လို့ ... ပြောရဲတဲ့ ယုံကြည်မှုမျိုး ဘယ်က ရလဲ ကြည့်မယ်။ ”

အစောပိုင်း အချိန်၌ လင်းယွန်အား စမ်းသပ်ရန်၊ တောင်းဆိုသော အကြီး အကဲမှ အေးစက်စွာ လှမ်းပြော လာသည်။

သူ သည်လည်း လင်းယွန် စကား အပေါ်၊ ကျေနပ်ခြင်း မရှိခေျ။ တစ်ဖက်တွင် သူ့ အရည် အချင်းကို ပြန်ပြ သရန်၊ အခွင့် အရေး ဖြစ်နေ သဖြင့်၊ လျူဖန်းမှာ ဝမ်းမြောက် သွား၏။

“ ဒီတပည့်က စိတ်မပျက် စေရ ပါဘူး။ ”

ပြီးနောက် လင်းယွန်ထံ လှည့်ကြည့်ကာ။

“ ကောင်းကင် ရနံ့ သင်းသင်း ဆိုတာ ဂီတအိမ် လေးခု ထဲက တစ်လုံးပဲ၊ ငါ တို့ကို စိန်ခေါ်တဲ့ လူတွေ အများကြီး ရှိပေမယ့် အားလုံး ရှုံးနိမ့် သွားကြတယ်။ ”

မုရွယ်လင်နှင့် ကျန်အကြီး အကဲ များက၊ လင်းယွန် တစ်ယောက် ဤကိစ္စ အပေါ် မည်သို့ ကိုင်တွယ် ဖြေရှင်း မည်ကို သိလို သောကြောင့် ရပ်ကြည့် နေလိုက်သည်။

“ စကားများ မနေနဲ့ ... ၊ လာ ... ။ ”

လင်းယွန်မှ မျက်ဝန်းများ မှေးစင်းလျက် ခေါ်လိုက်သည်။ လျူဖေးက လက်ဝှေ့ ယမ်းပြီး ရွှေပလွေ တစ်လက်အား ထုတ်ယူ၏။

၎င်းမှာ သူတော်စင် ရှေးဟောင်း ပစ္စည်း ဖြစ်ပြီး၊ ကိုယ်ထည် ပေါ်၌ ပန်းပွင့်များ အလှဆင် ရေးထွင်း ထားသည်။

တစ်ဖက်တွင် လင်းယွန်မှ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းကို ထုတ်ယူ လိုက်သည်။ ဗျပ်စောင်း ထွက်ပေါ် လာသော အခါ၊ နဂါး အော်သံအား ယောင်ဝါးဝါး ကြားလိုက် ရ၏။

“ ကောင်းလိုက်တဲ့ ဗျပ်စောင်း။ ”

မိုးကြိုး မုန်တိုင်း ဗျပ်စောင်းသည် မရိုး ရှင်းကြောင်း လူတိုင်း ပြောနိုင်သည်။ ယင်းက လင်းယွန်တွင် နောက်ခံ အချို့ ရှိနေ သည်ဟု ဆိုလို သဖြင့်၊ လျူဖေးပင် အနည်းငယ် အံ့အားသင့် သွားသည်။

လင်းယွန်က လက်ချောင်း များကို ဝှေ့ယမ်းလျက်၊ ဟန်ပါပါဖြင့် ပြုံး လိုက်သည်။

“ ဒင် ... ။ ”

လက်ဖဝါး နှစ်ဖက် စလုံးဖြင့် ကြိုးအား ခတ်ထုတ် ပစ်လိုက်ရာ၊ လျူဖန်း တစ်ယောက် ထိတ်လန့် သွားသည်။

ပလွေအား နှုတ်ခမ်းတွင် ချက်ချင်း တေ့လိုက် သော်လည်း၊ ပြင်းထန်သော လှိုင်း တစ်ခု၊ သူ့ထံ ရိုက်ခတ်လာ သဖြင့် လေထဲ လွင့်ဝဲ သွားရသည်။

မြေပြင်ပေါ် ခြေချမိ သည်နှင့်၊ တုံ့ဆိုင်း မနေဝံ့ဘဲ ချက်ချင်း နောက်သို့ ထပ်မံ ဆုတ်ခွာ လျက်၊ ပလွေအား တီးမှုန်ရန် ပြင်မိသည်။

“ ဒင် ... ဒင် ... ။ ”

သို့သော် လင်းယွန် အရှိန်သည် သူ့ထက် ပိုမြန်၏။ လက်ဖဝါး များကို ဗျပ်စောင်း အပေါ်၊ ထပ်မံ ရိုက်ချ လိုက်ရာ၊ မုန်တိုင်း တစ်စင်း ပြေးထွက် လာတော့သည်။

ဓားသေတ္တာ မရှိ သဖြင့်၊ လင်းယွန်၏ လှုပ်ရှားမှုမှာ ပိုမြန်သည်။ အခြား သူများ အမြင် တွင်၊ လျှပ်စီး လက်နေ သည်နှင့် မခြားချေ။

“ ဝှစ် ... ။ ”

လေနှင့် လျှပ်စီးများ ငြိမ်သက် သွားသော အခါ၊ လင်းယွန်က ပြုံးလျက် လျူဖေး ရှေ့သို့၊ ရောက်ရှိ သွားသည်။

“ မင်း ... ။ ”

လျူဖေး တစ်ယောက် ထိတ်လန့် သွားပြီး၊ ရွေးချယ် စရာ မရှိ တော့ဘဲ၊ ရွှေပလွေ ပြန်ရုတ် ကာ၊ နောက်သို့ ထပ်မံ ဆုတ်ခွာ လိုက်သည်။

သို့သော် နောက်ကျ သွား၏။ ဗျပ်စောင်းကို တင်းပုတ် ကဲ့သို့ ဆွဲကိုင်လျက်၊ တစ်ဖက်လူမှ သူ့ မျက်နှာထံ၊ လွှဲရိုက် လာပြီ ဖြစ်သည်။

နဂါး ရူရ်ပေါင်း ကိုးသောင်း ကျော်ကို ဗျပ်စောင်းထံ လောင်းထည့် ပစ်ရာ၊ အလေး ချိန် ချက်ချင်း တိုးလာပြီး၊ လျူဖေး မျက်နှာပေါ် ကျရောက် သွား၏။

“ ဖြောင်း ... ။ ”

“ အား ... ။ ”

လျူဖေး ဝတ်ထားသော ချပ်ဝတ် ကြေမွ သွားကာ၊ အရိုးများ ကွဲလျက်၊ ပါးစပ် အပြည့် သွေးအန် သွား ရသည်။

ရောက်သည့် နေရာ၌၊ ဒူး တစ်ဖက် ထောက်ကျ သွားကာ၊ လင်းယွန်ထံ ပြန်မော့ ကြည့်လိုက် မိသည်။

“ မင်း ... ၊ လှည့်စားတယ်။ ”

“ ငါ ဘယ်မှာ ... လှည့်စား ခဲ့လို့လဲ၊ မင်းကို ဂီတ တာအိုပဲ ... ပြိုင်မယ်လို့ ပြောခဲ့ လို့လား။ ”

လင်းယွန်က ပြုံးပြီး၊

“ ပြီးတော့ ငါက လူရိုင်း တစ်ယောက်ပဲ။ ”

-ဟု ဆိုကာ၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းဖြင့် နောက်ထပ် လွှဲရိုက်ချ လိုက်သည်။

“ ရပ် ... ။ ”

“ ဖြောင်း ... ။ ”

စင်မြင့် ပေါ်မှ အကြီး အကဲများမှာ၊ ထိတ်လန့်စွာ ထရပ် လိုက် ကြသည်။ သို့သော် လင်းယွန်မှ ဂရု မစိုက်ချေ။

“ ဖြောင်း ... ။ ”

လျူဖေးအား ဆက်၍-ဆက်၍ ရိုက်နှက် နေခဲ့သည်။ ဤလူသည် သူ့အား စိတ် အနှောက် အယှက် ဖြစ်စေ၏။

၎င်းအပါ အဝင် လူအချို့သည်၊ ၎င်းတို့၏ ပိုင်နက် အတွင်း ဖြစ်သဖြင့်၊ သူ့အပေါ် အခက် အခဲ ဖြစ်အောင်၊ တမင် ဖန်တီး နေခဲ့သည်။

သူ ဟူသည် ‘ကွင်း’ ရွေးသော၊ ကစား သမား တစ်ဦး မဟုတ်ကြောင်း၊ ဤလူ များ သိအောင် ပြသ ရပေမည်။

***

All Chapters