မှန်တယ် ... ၊ ငါက လင်းယွန်။
Vol. 121 Ch. 1688
လင်းယွန်သည် အနည်းငယ် ရက်စက် လွန်းသောကြောင့်၊ ပတ်ဝန်းကျင်ရှိ တပည့်များ အားလုံး တုန်လှုပ် သွား ကြသည်။
ခမ်းနားသော မိုးကြိုး မုန်တိုင်း ဗျပ်စောင်းသည် သူ့လက် အတွင်း၌၊ အုတ်ခဲ တစ်လုံး အဆင့် ၌သာ ရှိ၏။
လျူဖေး ခမျာ မျက်နှာ တစ်ပြင်လုံး ဖူးရောင်လျက်၊ ကြမ်းပြင် ပေါ်သို့ လဲကျ သွား တော့သည်။
လင်းယွန်ကို စမ်းသပ်ရန် အကြံ ပြုသော အကြီး အကဲမှာ၊ မီးခိုးရောင် ၀တ် ဆင်ထားပြီး၊ အံ့သြ နေရာမှ ကောက်ကျစ်စွာ ပြုံးသည်။
“ စီနီယာ အစ်ကို လျူ ... ။ ”
လျူဖေးနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည့် တပည့် အများအပြားက သူ့ကို ကူညီရန် ထွက်လာ ကြ၏။
ဒဏ်ရာများ အပေါ်၊ အနီးကပ် မြင် ချိန်၌ ဒေါသ ထွက်လာ ကြတော့သည်။ အထူးသဖြင့် ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသမီး တပည့် တစ်ဦး ဖြစ်၏။
သူမက မျက်လုံးများ နီရဲ လာပြီး၊
“ လင်းရှောင် နင် ... အရိုင်း အစိုင်းကောင်၊ ဂီတ တာအိုပဲ ယှဉ်ပြိုင် ရမယ် ဆိုတာ၊ နင် မသိ ဖူးလား၊ ဘာလို့ ရိုက်နှက် ရတာလဲ။ ”
-ဟု ရန်တွေ့ လာသည်။
“ ဂီတ တာအိုပဲ ပြိုင်မယ်လို့၊ ဘယ်သူက ပြောခဲ့ လို့လဲ၊ ငါက လူရိုင်း တစ်ယောက် ဆိုတာ မင်းရဲ့ စီနီယာ အစ်ကို ကိုယ်တိုင်တောင် သိနေ တာပဲ။ ”
လင်းယွန်က ဂရု မစိုက် ဟန်ဖြင့်၊ ပြန်ဖြေ၏။
“ သခင်လေး လင်း ... သူက အကြီးအကဲ ကျင်းရဲ့ သမီး။ ”
လင်းဝမ်က သူမ အသံကို လင်းယွန် တစ်ဦးတည်း ကြားနိုင်ရန် ပို့လွှတ် လိုက်သည်။ အကြီးအကဲ ကျင်း ဟူသည် လင်းယွန်ကို စစ်ဆေးရန် တောင်းဆို ခဲ့သူ ဖြစ်၏။
“ အဖေ ... ၊ အစ်ကို လျူဖေးက ... ကောင်းကင် ရနံ့ သင်းသင်းရဲ့ တပည့်ပါ၊ ဒီလူကို လက်စားချေ ပေးပါ၊ သူက ရိုင်းလွန်းတယ်။ ”
ကျင်းဝမ်အာက သူမ အဖေကို လှည့်တိုင် လိုက်၏။
“ စိတ်ဝင်စားဖို့ ကောင်းတယ်၊ မင်းက ဘယ်လို လက်စားချေ ချင်တာလဲ။ ”
လင်းယွန်မှ မျက်ခုံးပင့် မိ၏။
“ နင်က အရိုင်း အစိုင်း ကောင်၊ အစ်ကို လျူဖေးကို ဒီလောက် အထိ ပြင်းပြင်း ထန်ထန် ရိုက်နှက် စရာလား၊ နင့်လို လူကို ဒုက္ခိတ ဖြစ်အောင် လုပ်ရမယ်။ ”
အကြီးအကဲ တစ်ဦးက၊ မုရွယ်လင်ကို ပြန်ကြည့်ကာ၊
“ သူတော်စင် အကြီး အကဲ ... ၊ ကျွန်တော်တို့ သူ့ကို လက်ခံလို့ မဖြစ်ဖူး ထင် ပါတယ်၊ ဒါက သဘော တူညီချက် မရှိ ပေမယ့် ... ၊ ဂီတ တာအိုခြင်း ပြိုင်ရမယ် ဆိုတာ သူ သိသင့်တယ်၊ အဲဒီလို မဟုတ်ပဲ ၊ ...
... သိုင်းပညာ ကိုသာ ပြိုင်ရမယ် ဆိုရင်၊ လျူဖေးက ဒီလောက် ဆိုးဆိုး ရွားရွား ရှုံးနိမ့် သွားမှာ မဟုတ်ဘူး၊ ဘာပဲ ဖြစ်ဖြစ် ... သူ့ အကျင့် စရိုက်မှာ၊ ပြဿနာ ရှိနေပြီ။ ”
-ဟု ဆိုလိုက်သည်။
“ ဟုတ်ပါတယ် ... ၊ အကြီး အကဲမု သူ့ကို လက်မခံ ပါနဲ့၊ မိစ္ဆာ ကျင့်ကြံသူ ဖြစ်နိုင်ပါတယ်၊ ဒီလို အရိုင်း အစိုင်း ကောင်ကို လက်ခံ မိရင်၊ ကောင်းကင် ရနံ့ သင်းသင်းက တပည့်တွေ အတွက် အန္တရာယ်ရှိ နိုင်တယ်။ ”
၎င်းတို့ အားလုံးမှာ၊ အကြီးအကဲ ကျင်း ဟူသော လူနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိကြမှန်း၊ လင်းယွန် သိသည်။
ကောင်းကင် ရနံ သင်းသင်း ဟူသည်၊ ချစ်စရာ ကောင်းသော ရေမြေ တောတောင်မျိုး ရှိသော်လည်း၊ သူ့ မိသားစု ဖြစ်လာ တော့မည် မဟုတ်ချေ။
ဓားဂိုဏ်းတွင် ဆိုက သူ့ အပေါ် ဤသို့ ဆက်ဆံမည် မဟုတ် ကြောင်း၊ ပြောနိုင် သဖြင့်၊ သက်ပြင်းချ လိုက်သည်။
“ သူ ... အမှား မလုပ်ထား တာကို၊ အမှားလုပ်ထား သလို ပြောတာမျိုး မလုပ် ပါနဲ့၊ ဒါပေမယ့် သူက နည်းနည်းတော့ ရက်စက်တာ အမှန်ပဲ။ ”
မုရွယ်လင်က ထိုအကြီးအကဲ များကို၊ တုန့်ပြန်ကာ၊ လင်းယွန်ထံ ပြန်ကြည့်ပြီး၊
“ လင်းရှောင် ... ငါ မင်းကို ပြောထားတဲ့ အတိုင်း၊ ဆန္ဒ ရှိရင် နေနိုင်တယ်၊ မရှိ ရင်တော့ ထွက်သွားပါ။ ”
-ဟု ဆိုလိုက် တော့သည်။
သူမ စကားကြောင့် ချက်ချင်း ရုတ်ရုတ် သဲသဲ ဖြစ်သွား၏။ သူတော်စင် အကြီး အကဲ တစ်ယောက် မည်သည့် အရာများ တွေးနေ သည်ကို မသိ ကြချေ။
“ ဘာလို့ ထွက်သွား ရမှာလဲ ... ၊ ငါ မမှားဘူး။ ”
ကျန်ရှိ နေသော ဂီတအိမ် သုံးလုံးထံ ဆက်သွား လျှင်ပင်၊ ဤအခြေ အနေထက် ကောင်းမွန် နိုင်စရာ အကြောင်း မရှိချေ။
ထို့ကြောင့် လင်းယွန်က ဆက်နေရန် ဆုံးဖြတ် လိုက်၏။
“ ကောင်းပြီ ... ၊ ဒါဆိုရင် ဒီကိစ္စ ဒီမှာတင် ရပ်ရအောင်။ ”
“ ခဏ နေပါဦး ... ။ ”
အကြီးအကဲ ကျင်းမှ၊ ရုတ်တရက် လှမ်း ထွက်လာသည်။ ယင်းကြောင့် မုရွယ်လင်က လှည့်ကြည့် လိုက် သဖြင့်၊ အကြီး အကဲကျင်း ခမျာ ကြီးမားသော ဖိအားကို ခံစားလိုက် ရသည်။
“ ပြောစရာလေး တစ်ခု ရှိလို့ပါ၊ သူက မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်ကို၊ သုံးခဲ့တာ သတိ ထားမိမယ် ထင်ပါတယ်၊ ဒါက မိုးပြာ နဂါး ခန္ဓာ ကိုယ်ကို၊ ...
... အောင်မြင် ထားတာလို့ ဆိုလိုတယ် မဟုတ်လား၊ ငါပြောတာ မှန်တယ် မဟုတ်လား ကောင်လေး။ ”
ထိုစကားကြောင့် လင်းဝမ်နှင့် လောရှုရီ သည်ပင် ထိတ်လန့်စွာ လင်းယွန်ကို ပြန်ကြည့် လိုက်မိသည်။
သို့သော် ယင်းက မည်သည့် အရာကို ဆိုလိုမှန်း တပည့်တိုင်း မသိသဖြင့်၊ အကြီးအကဲ ကျင်းထံ ကြည့်လိုက် ကြသည်။
“ အဲဒီတော့ ဘာဖြစ်လဲ။ ”
လင်းယွန်မှ ပြုံးပြီး ပြန်မေး လိုက်၏။
“ ဘာမှ မဖြစ် ပါဘူး၊ မင်းနဲ့ မျိုးရိုး တူတဲ့ လူတစ်ယောက်ကို ငါသတိ ရလာ လို့ပါ၊ သူ့ကို ခွန်လွန် တစ်ခု လုံးက သိကြတယ်၊ ပြီးတော့ သူက မင်းလိုပဲ မိုးပြာ နဂါး ခန္ဓာ ကိုယ်ကို အောင်မြင် ထားတယ်။ ”
“ ပန်း သင်္ချိုင်း ... ။ ”
အကြီး အကဲ ကျင်း ပြောနေသည့် မိုးပြာ နဂါး ခန္ဓာကိုယ်နှင့် ‘လင်း’မျိုးရိုး အမည် ရှိသူမှာ၊ လင်းယွန် ဖြစ်လေသည်။
ဤနေရာရှိ လူငယ်တိုင်း လင်းယွန် အမည်ကို သိကြ ပေ၏။ သူတော်စင် သခင် အပါ အဝင်၊ မဟာ သူတော်စင် တစ်ပါးအား သတ်ပစ် ခဲ့သည့် ဓားသမား ဖြစ်သည်။
အမှောင်ခေတ် ကုန်ဆုံး ပြီးနောက်၊ ခွန်လွန်၌ ဤသို့ ရင်သပ် ရှုမောဖွယ် တစ်စုံ တစ်ယောက်မျှ ထွက်ပေါ် လာဖူးခြင်း မရှိ ခဲ့ချေ။
“ မဖြစ် နိုင်ဘူး ... ။ ”
“ ဘာလို့ မဖြစ်နိုင် ရမှာလဲ၊ မင်း ပြော နိုင်လား၊ သူ့ရဲ့ မိုးပြာ နဂါး ခန္ဓာ ကိုယ်က အများ ကြီး အောင်မြင် ထားတာ မဟုတ် ပေမယ့်၊ ဒါကို ဖုံးကွယ်ထား တာလည်း ဖြစ်နိုင် တာပဲ။ ”
လင်းယွန်ကို ကြည့်ပြီး၊ လူတိုင်း သို့လော သို့လော ဖြစ်လာ၏။ သည့်နောက် တိတ်ဆိတ် သွားကာ မုရွယ်လင်၏ အဖြေကို၊ စောင့်မျှော် လာကြ တော့သည်။
“ သူက လင်းယွန် လား ... ။ ”
လျူဖေးပင် အံသြ သွား၏။ ကျင်းဝမ်အာက နှုတ်ခမ်းကို ကိုက်လိုက်ပြီး၊
“ လင်းယွန် ဆိုတော့ရော ဘာဖြစ်လဲ၊ ဘယ်သူ မဆို စီနီယာ အစ်ကို လျူကို အနိုင်ကျင့် ခွင့် မရှိ ပါဘူး။ ”
-ဟု ရေရွတ် လိုက်တော့၏။
“ မဖြစ် နိုင်ဘူး ... ၊ လင်းယွန်က ဂီတ ပညာရှင်မှ မဟုတ်တာ၊ နဂါးသွေး လွှတ်ကြော နယ်ပယ်နဲ့ ကောင်းကင် အမိုး ဓားကို ဆုပ်ကိုင် ထားနိုင်တဲ့ ဓားဘီလူးပါ။ ”
လင်းဝမ်က ပြန်လည် ငြင်းဆန် လိုက်သည်။
အကြီးအကဲ ကျင်းက အေးစက်စွာ ပြုံးလိုက်ပြီး၊
“ ဒါက မင်းရဲ့ တစ်ဖက်သတ် စကားပဲ၊ ဂီတ တာအိုမှာ၊ သူသာ တကယ် ထူးချွန်တယ် ဆိုရင်၊ စောစောက လျူဖေးနဲ့ ရင်ဆိုင်တဲ့ အခါ၊ ဂီတကို ဘာလို့ အသုံး မပြုရ တာလဲ၊ ပြီးတော့ ...
... သူ့မှာ ဓား ရည်ရွယ်ချက် ရှိတယ်၊ ကောင်းကောင်း ဝှက်ထား နိုင်ရုံနဲ့ ... သူ ငါ့ကို လှည့်စားလို့ မရ ပါဘူး။ ”
-ဟု လင်းယွန်အား ကြည့်ကာ ဆိုလိုက် တော့သည်။
“ အထောက် အထား တစ်ခုခု ... ပြနိုင် မယ်လို့ ထင်ခဲ့တာ၊ အကြီးအကဲ ကျင်း မင်းက အထင် ကြီး စရာ ပါပဲ၊ ဟုတ်တယ် ငါက ဓားတာအိုကို နည်းနည်း သိပါတယ်။ ”
“ အဟက် ... ၊ မင်းက အရမ်း ငယ်ပါ သေးတယ်၊ ရုပ်ဖျက်နည်း သိရုံနဲ့ လူတိုင်းကို လှည့်စား နိုင်မယ်လို့ ထင်နေလား၊ ကမ္ဘာ ပေါ်မှာ ရှိတဲ့၊ ရုပ်ဖျက်နည်း တိုင်းက၊ ...
... ချို့ယွင်းချက် ရှိတယ်၊ ဒါတွေကို ... မြင်နိုင်တဲ့ ရတနာတွေ မြင့်မြတ်မြေ တွေမှာ၊ ရှိတယ်၊ ငါ့ရဲ့ ကောင်းကင် ရနံ့ သင်းသင်း မှာလည်း၊ ချွင်းချက် မရှိဘဲ။ ”
အကြီးအကဲ ကျင်းမှ ဂုဏ်ယူ ဝင့်ကြွား စွာဖြင့်၊ ပြောလိုက် တော့၏။ သူ့ စကားကြောင့် မုရွယ်လင်က၊
“ မင်း ... လင်းယွန်လား၊ ဒီနာမည်က ရှက်စရာ မဟုတ် ပါဘူး၊ လင်းယွန် အတွက် ကောင်းကင် ရနံ့ သင်းသင်းက အမြင် ကောင်းတွေ ရှိပါတယ်။ ”
-ဟု မေးမြန်း လေသည်။
“ ဟုတ်တယ် ... ငါက လင်းယွန်ပဲ။ ”
လင်းယွန်က ပြုံးကာ ပခုံး တွန့်ပြ၏။ ထိုအပြုံးသည် ဖြူစင် သော်လည်း၊ အခြား သူ များကို စိတ်ပျက် သွားစေသည်။
ထျန်ရွှမ်ဇီကို ရိုက်နှက် ခဲ့ ပြီးနောက်၊ လင်းယွန်သည် လူရှေ့ သူရှေ့သို့၊ ထွက်လာ စရာ အကြောင်း မရှိချေ။
ထို့အပြင် ၎င်း၌ ကောင်းကင် ချပ်ဝတ် ကဲ့သို့သော နတ်ဘုရား ရတနာမျိုး ရှိနေ သဖြင့်၊ အချိန် မရွေး သေဆုံး သွားနိုင်မည်။
ဤလင်းရှောင်သည် လင်းယွန်ဟု ဟန်ဆောင် ခြင်းဖြင့်၊ ထိုသို့သော ပြဿနာ များကို၊ ဆွဲငင် နေကြောင်း၊ သိပုံ မရချေ။
***