← Chapters

ကောင်းကင် မူလ ကြေးမုံ။

Vol. 121 Ch. 1689

ကောင်းကင် မူလ ကြေးမုံ။

Vol. 121 Ch. 1689

စင်မြင့် ပေါ်ရှိ၊ အခြားသော သူတော်စင် အကြီးအကဲ များမှာ၊ ခေါင်းခါ ယမ်းလျက် စိတ် မရှည် တော့ချေ။

မုရွယ်လင် မျက်နှာမှာ၊ ပြောင်းလဲခြင်း မရှိခဲ့ဘဲ၊ လင်းယွန်အား စူးစိုက်ကြည့် နေသည်။

“ သူတော်စင် အကြီ အကဲ ... ၊ ဒီအရိုင်း အစိုင်း ကောင်လေးက လင်းယွန်ဆိုတာ သေချာ ပါတယ်၊ သူက ... ကောင်းကင် ရနံ့ သင်းသင်း အတွက်၊ မကောင်းတဲ့ ရည်ရွယ်ချက် ရှိလို့သာ၊ အခုလို ရုပ်ဖျက် ဝင်လာ တာပါ။ ”

“ အကြီး အကဲ ကျင်းယွီ ... ၊ မင်းက ငါ့ကို ကောင်းကင် ကြေးမုံ သုံးစေချင် တာလား။ ”

မုရွယ်လင်မှ မေးသည်။

“ ဒီလောက် ဒုက္ခတွေ အဖြစ် ခံနေ စရာ မလိုပါဘူး၊ ကျွန်တော် ကျင်းယွီကို ... စတုတ္ထ သွေးလွှတ်ကြော အထိ၊ ချိတ်ပိတ် ပေးပါ။ ”

ကျင်းယွီက ပြုံးကာ တောင်းဆို ၏။

“ အကြီးအကဲ ကျင်းယွီ ... ၊ သူက လင်းယွန် မဖြစ် နိုင်ပါဘူး၊ စိတ်ရှုပ် မခံပါနဲ့။ ”

“ ဟုတ်တယ် ... သူသာ လင်းယွန် ဆိုရင် ကောင်းကင် ရနံ့ သင်းသင်းကို လာ ရအောင်၊ အသေ ခံတာနဲ့၊ အတူတူပဲ မဟုတ်လား။ ”

“ သူ ... ရုပ်ဖျက် ထား ရင်တောင်၊ သူတော်စင် အကြီး အကဲက မြင်နိုင် ပါတယ်။ ”

လင်းရှောင်အား လက်စား ချေရန် ကြံစည်နေ သည်ကို၊ လက်ခံနိုင် သော်လည်း၊ ပန်းသင်္ချိုင်း အဖြစ်၊ ပြောဆိုခြင်း အပေါ်၊ ကျန် အကြီးအကဲ များက သဘော မကျချေ။

မုရွယ်လင်မှာ အမည်ခံ သူတော်စင် တစ်ပါး ဖြစ်လေရာ၊ ကျင်းယွီ နဖူးထံ လက်ဖြင့် ထိရုံနှင့် ကျင့်ကြံမှုကို၊ တံဆိပ် ခတ်ပြီး လိုက်သည်။

အကြီး အကဲ ကျင်းယွီ၏ ရောင်ဝါသည် စတုတ္ထ သွေးလွှတ် ကြောသို့ ချက်ချင်း ကျဆင်း သွားကာ၊ လင်းယွန်ကို ကြည့်၏။

“ လင်းရေှာင် ... ၊ မင်း ဓားမသုံး တတ်ဖူးလို့ ငြင်းဦး မလား။ ”

“ ဘာလို့ ... ငြင်းရ မှာလဲ၊ ဓားကို နည်းနည်း ပါးပါး ငါသုံးတတ် ပါတယ်။ ”

လင်းယွန်က ပြုံးကာ ပြန်ပြော၏။

“ ဟား ဟား ဟား ... သက်တံ ဓားရဲ့ တပည့်က၊ ဓားရေးမှာ သာမာန်ပဲ ဆိုတော့ ... မပြော တော့ ပါဘူး၊ ငါ့ ကျင့်ကြံမှုက မင်းနဲ့ အတူတူပဲ၊ ဒါကြောင့် မင်း ငါ့ကို တိုက်ပါ။ ”

“ အဖိုးကြီး ... သေချာလား။ ”

လင်းယွန်မှ မျက်ဝန်းများ မှေးစင်းလျက် မေးလိုက်သည်။

“ အရိုင်း အစိုင်းကောင် ... နင် ငါ့အဖေကို လူအိုကြီးလို့ ခေါ်ရဲလား။ ”

လင်းယွန်မှ သူမ အဖေကို ရိုသေမှု မရှိ သောကြောင့်၊ ကျင်းဝမ်အာ ခမျာ မကျေ မနပ် ဖြစ်လာ တော့သည်။

“ ကောင်မလေး ... ၊ မင်းအဖေ ရိုက်နှက် ခံရမှာကို တွေးပူ နေသင့်တယ်၊ ဘာလို့လဲ ဆို ... ငါက လူရိုင်း တစ်ယောက် မို့ပဲ။ ”

လင်းယွန်က သူမထံ လှည့်ကြည့်ကာ၊ မျက်ခုံး ပင့်လျက် ပြုံးပြ လိုက်သည်။

“ နင် ... ”

“ ဝမ်အာ ... ဒီလို အရိုင်းအစိုင်း တွေနဲ့ အဆင့်တူ အဖြစ် မခံနဲ့။ ”

လျူဖေးက ဟန့်တား လိုက်သည်။

“ မင်း ... ဘယ်သူလဲ၊ မင်းရဲ့ အထောက် အထားကို ထုတ်ပြောဖို့၊ ဆန္ဒရှိရင် မင်း အတွက် အခက် အခဲတွေ မဖြစ်အောင်၊ ငါ တာဝန် ယူမယ်။ ”

မုရွယ်လင်မှ လေးနက်သော အမူအရာဖြင့် နောက်ဆုံး အကြိမ် မေးလာသည်။

“ ငါ လင်းယွန်လေ ... ၊ ဘာလို့လဲ ... မတူလို့လား၊ ဟား ဟား ဟား ... ။ ”

လင်းယွန် ရယ်သံကြောင့် လူတိုင်း မျက်မှောင် ကြုတ်လိုက် ကြသည်။ ဤပုံစံ၊ ဤ လေသံဖြင့်၊ သူတော်စင် အကြီး အကဲအား ပြန်ပြော ရဲချေ၏။ စက်ဆုပ် စရာ ပေပင်။

“ သူတော်စင် အကြီး အကဲ၊ လွှတ်ပေး လိုက်ပါ ... ၊ မကြာခင် သူ ဘယ်သူလဲ သိရပါ လိမ့်မယ်။ ”

ကျင်းယွီမှ ပြုံးလျက် လင်းယွန်ထံ လျှောက်လှမ်း လိုက်သည်။ စတုတ္ထ သွေးလွှတ် ကြောသို့၊ ကျင့်ကြံမှုကို ဖိနှိပ်ထား သော်လည်း၊ ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲဝင် စွမ်းအား ရှိနေဆဲ ဖြစ်၏။

အကန့် အသတ်မဲ့၊ နဂါး မူလများ ပေါက်ကွဲပြီး၊ သူတော်စင် နန်းဆောင် အတွင်း၊ အပူ ချိန်ကို ကျဆင်း လာစေသည်။

ပတ်ဝန်းကျင်ရှိ ပန်းပွင့် တိုင်းကို၊ ရေခဲ အလွှာများ ဖုံးလွှမ်း သွားကာ ညှိုးနွမ်း လာစေ တော့၏။

လက်ငါးချောင်း၌ နှင်းများ သီးလာပြီး၊ အကြေးခွံများ ပေါ်လာသည်။ ယင်းက ရေခဲမိစ္ဆာ တစ်ကောင်၏ လက်သည်း ဖြစ်ချေ၏။

ပဉ္စမတန်း ရေခဲ ရည်ရွယ်ချက် ပေပင်။ ကျင်းယွီ၏ ကျင့်ကြံမှုကို ဖိနှိမ်ခဲ့ သော်လည်း၊ သိုင်း ရည်ရွယ်ချက် မပါ ခဲ့ချေ။

“ သခင်လေး လင်း ... ၊ သတိထား ... ။ ”

ထို့ကြောင့် လင်းဝမ်နှင့် လောရှုရီမှာ၊ မျက်နှာများ ပြောင်းလဲလျက် ထိတ်လန့်စွာ၊ အော်ဟစ် သတိ ပေးမိသည်။

လင်းယွန်က ပြုံးပြီး၊ ကျင်းယွီ၏ လက် ငါးခေျာင်းကို လက်သီးဖြင့်၊ ပြန်လည် ထိုးချ လိုက်သည်။

“ ဘန်း ... ။ ”

လက်သီးနှင့် လက်သည်း တွေ့ဆုံမှု အပြီးတွင်၊ လင်းယွန်က နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက် ရ၏။

“ ဟိတ် ... ။ ”

ကျင်းယွီက သူ့ တိုက်ခိုက်မှုကို ဟန့်တား ခံလိုက်ရ သဖြင့်၊ ငှက်တစ်ကောင် ကဲ့သို့၊ လေထဲ ခုန်တက်ကာ၊ လက်သည်း ကုပ်ချက်များ ပို့လွှတ် တော့သည်။

လင်းယွန်မှာ ထိတ်လန့်ခြင်း မရှိချေ။ မြင့်မားသော ကျင့်ကြံမှုနှင့် သိုင်း ရည်ရွယ်ချက် ရှိသော်လည်း၊ တစ်ဖက် လူသည် တိုက်ပွဲဝင် အတွေ့ အကြုံ သိပ် မရှိကြောင်း၊ ပေါ်လွင် နေ၏။

နတ်နဂါး မျက်လုံးများ အသုံး မပြုဘဲ၊ ချို့ယွင်းချက် များစွာကို မြင်နေရ လေသည်။ ထို့ကြောင့် အချိန် ကောင်းကို စောင့်ဆိုင်းကာ လက်တုန့် ပြန်ရန် ပြင်မိ၏။

သို့သော် အခြား သူများ အမြင်တွင် အကြီးအကဲ ကျင်းယွီသည် တိုက်ပွဲ အပေါ်၊ အသာစီး ရနေခြင်း ဖြစ်သည်။

ယင်းက လင်းရှောင်ကို အန္တရာယ် ရှိစေ ခဲ့သဖြင့်၊ ၎င်းသည် လင်းယွန် မဟုတ်ကြောင်း သိရှိလိုက် ကြသည်။

အကြီး အကဲ ကျင်းမှာ၊ လင်းယွန်ဟု အကြောင်း ပြချက် ရှာပြီး၊ ရည်ရွယ်ချက် ရှိရှိ ကလဲ့စား ချေနေခြင်း ဖြစ်၏။

“ အကြီးအကဲ ကျင်းက၊ အရမ်း လွန်သွားပြီ။ ”

“ ဟုတ်တယ် ဒီသတင်သာ ပေါက်ကြား သွားရင်၊ ငါတို့ရဲ့ ကောင်းကင် ရနံ့ သင်းသင်းကို လူတိုင်း အထင် သေးလာ နိုင်တယ်။ ”

အခြားသော အကြီး အကဲ များမှာ၊ အချင်းချင်း ပြောဆိုလျက်မှ မုရွယ်လင်ထံ လှည့် ကြည့် မိသည်။

သူတို့ အကြည့်၌ ကျင်းယွီအား ဟန့်တား စေလို၏။ သို့သော် မုရွယ်လင်မှ စိတ်ဝင်စား ပုံ မပြ ခဲ့ချေ။ အေးစက်သော အသွင် ဖြင့်သာ၊ တိုက်ပွဲကို ကြည့်နေ၏။

သူမ သည်လည်း၊ လျူဖေးကို လင်းယွန် ရိုက်နှက် ခဲ့စဉ်၊ ဓား ရည်ရွယ်ချက် ပါနေ သဖြင့်၊ စူးစမ်း နေဆဲ ဖြစ်သည်။

မိုးပြာ နဂါး ခန္ဓာ ကိုယ်သည် ရှားပါး သော်လည်း၊ လူတိုင်း မလေ့ကျင့်နိုင်ဟု မဆိုလို ချေ။ အခြား သူများ မှလည်း၊ ထိုသူ နည်းတူ ပိုင်ဆိုင် နိုင်သည်။

သို့သော် ဓား ရည်ရွယ်ချက်နှင့်၊ ထိုခန္ဓာ ကိုယ်ကို ပိုင်ဆိုင်ထား သူသည်၊ ဤခွန်လွန်၌ တစ်ဦး တည်းသာ ရှိသည်။

“ ပန်းသင်္ချိုင်း၊ မင်း ဓားကို မသုံး သေးဖူးလား၊ ကောင်းပြီ ငါ့ကို ရက်စက်တဲ့ အတွက်၊ အပြစ် မတင် ပါနဲ့။ ”

လင်းယွန်မှ တိုက်ပွဲ တစ်လျှောက် လုံး၊ ဓားမဆွဲ ခဲ့သဖြင့်၊ အကြီး အကဲ ကျန်းယွီမှာ ဒေါသ ထွက်လာသည်။

နောက်ဆက်တွဲ ပုံရိပ် များစွာ ချန်လျက်၊ လင်းယွန်ထံ လက်သည်း ကုပ်ချက်များ ရွာချပစ် လိုက်သည်။

“ ဝှစ် ... ။ ”

လက်သည်း များမှာ၊ လင်းယွန် အနား မရောက် ရှိမီ၊ ကြမ်းပြင် အက်ကွဲကာ ကြောက် မက်ဖွယ်၊ အအေးဓာတ် ပျံ့နှံ့ လာသည်။

ပဉ္စမ တန်း ရေခဲ ရည်ရွယ်ချက်မှ၊ လင်းယွန်၏ ခန္ဓာ ကိုယ်ကို ထိုးဖောက် ဝင် ရောက်ရန်၊ ကြိုးပမ်း နေခြင်း ပေပင်။

ထို့ကြောင့် စက္ကန့်ပိုင်း အတွင်း၊ လင်းယွန် တစ်ယောက် ရေခဲ ရုပ်တုကြီး ဖြစ်သွားသည်။

“ မ ဟုတ် ဘူး ... ။ ”

“ အကြီး အကဲ ကျင်း ... အဲဒီမှာ ရပ် ... ။ ”

လင်းဝမ်နှင့် လောရှုရီက စိတ်ပူ လာ၏။ လင်းယွန် ဟူသည် သူတို့ကို ကယ်တင် ပေးခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ကောင်းကင် ရနံ့ သင်းသင်း ထံသို့ ခေါ်ဆောင်ကာ၊ ကျေးဇူး တရားကို ပြန် ဆပ်ရန် ဖြစ်သည်။

ယခုမူ အကြီး အကဲ ကျင်းယွီကြောင့် အသက် ဆုံးရှုံးသွား နိုင်၏။ ယင်းသို့ ဆိုသော် သူတို့ကိုယ် သူတို့၊ တစ်သက်လုံး တင်နေ မိပေမည်။

သို့သော် ကျန်းယွီမှ သူမတို့ စကား အပေါ် နားထောင်ခြင်း မပြုချေ။ သူ့ အမြင်၌ ဤလူရိုင်း သည် လင်းယွန်သာ ဖြစ်သော်၊ ဓားဖြင့် ရေခဲ လွှာကို ထိုးဖောက် နိုင်ပေမည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် လက်သည်း ကုပ်ချက်ကို၊ လင်းယွန် ရင်ဘတ်ထံ ဦးတည် လိုက်သည်။ ရုတ်တရက် ရေခဲ အလွှာ၌ ရွှေရောင် ကြိုး တစ်ချောင်း ပေါ်လာသည်။

“ ခရစ် ... ။ ”

“ ရွှပ် ... ။ ”

ထို့နောက် ရေခဲ အလွှာ ကွဲသွားပြီး၊ အပိုင်းအစ များက မြှားသဖွယ်၊ သူ့ထံ ပျံသန်း လာသည်။

ဤအခိုက်တွင် နိုးထ လာသော နဂါး တစ်ကောင် အလား၊ လင်းယွန်မှ ခြေတစ်လှမ်း လှမ်း တက်ကာ၊ သူ့လက်ကို မြှောက်လိုက်၏။

“ ဂျိန်း ... ။ ”

မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်များ၊ ပါရှိသော နဂါး ရူရ်များက လင်းယွန် လက်ထံ ပေါင်းစပ် သွားသည်။

“ မကောင်း တော့ဘူး ။ ”

မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်မှာ၊ ဤမျှ ထိတ်လန့်ဖွယ် ကောင်းလိမ့် မည်ဟု မထင်ထား မိသောကြောင့်၊ ကျင်းယွီ တစ်ယောက် လန့် သွားသည်။ ယခု အချိန်မှ နောက်ဆုတ်ရန် မဖြစ်နိုင် တော့ချေ။

လင်းယွန်က ကျင်းယွီက လက်သည်းကို ပွတ်ရှောင်လျက်၊ ကောက်ဝတ်ထံ ဖမ်းဆွဲကာ၊ ကြမ်းပြင်ပေါ် လွှဲရိုက် ချလိုက် သည်။

“ ငါ့ ကို လွှတ် ... ။ ”

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

စတုတ္ထ သွေးလွှတ် ကြောသို့၊ ဖိနှိမ်ထား ခြင်းကို ဖြည်ချကာ၊ လင်းယွန်အား ရိုက်သတ် ချင်ခဲ့ သော်လည်း၊ အချည်းနှီး ဖြစ်သည်။

“ မင်း ... ။ ”

“ ဘုန်း ... ။ ”

ထိုလုပ်ရပ်သည် ရက်စက် လွန်းချေ၏။ ကောင်းကင် ရနံ့ သင်းသင်း၏ တပည့်များ အပါ အဝင် အကြီးအကဲများ အားလုံး၊ ပါးစပ် အဟောင်းသား ဖြစ်ကုန်သည်။

“ ငါ့ အဖေ့ကို လွှတ် ... ။ ”

ကျင်းဝမ်အာ ခမျာ စိတ် မထိန်းထား နိုင်တော့ဘဲ၊ တိုက်ပွဲ အတွင်း ပြေးဝင် လာတော့ သည်။

“ ကောင်မလေး ... ၊ မင်း မီးနဲ့ ကစားနေ မိပြီ။ ”

“ ဘုန်း ... ။ ”

“ ဝှစ် ... ။ ”

လင်းယွန်က ပြုံးပြီး၊ ကျင်းယွီအား နောက်ဆုံး အကြိမ် လွှဲရိုက်ကာ၊ သူမထံ ပစ်ထုတ် လိုက်သည်။

“ ဝမ်အာ၊ သတိထား ... ။ ”

လျူဖေးမှ စိုးရိမ် သွားသည်။ အကြီး အကဲ ကျင်းယွီနှင့် တိုက်မိသော်၊ ဝမ်အာတွင် ဒဏ်ရာ ကြီးကြီး မားမား ရနိုင် သည်။

“ ဖျပ် ... ။ ”

ထိုအချိန်၌ မုရွယ်လင်မှ ခြေတစ်လှမ်း လှမ်းတက် လိုက်သဖြင့်၊ ထိုမြင်ကွင်းမျိုး ဖြစ် မလာ ခဲ့ချေ။

ကျင်းယွီကို လှမ်းဆွဲကာ၊ ချက်ချင်း ပြန်ဆုတ်၏။ သူတော်စင် နန်းဆောင် တစ်ခုလုံး တိတ်ဆိတ် သွား တော့သည်။

အကြီးအကဲ များက မှင်တတ် နေရာမှ၊ ကျင်းယွီ ဒဏ်ရာကို စစ်ဆေးရန်၊ သတိ ရလာ ကုန်၏။

“ သူတော်စင် အကြီးအကဲ သူက တကယ် လင်းယွန်ပဲ သေချာတယ်၊ သူ့မှာ နတ်နဂါး အရိုး ရှိနေတယ်၊ မယုံရင် ထိကြည့် ပါ ... ။ ”

ကျင်းယွီမှာ ဒဏ်ရာကို ဂရု မစိုက် အားဘဲ၊ သွေးတစ်လုတ် အန်လျက်၊ စိတ်လှုပ်ရှား စွာဖြင့် အလော တကြီး ပြောလာသည်။

“ ဗြိ ... ။ ”

ထိုစကားကြောင့် လင်းယွန်က ရင်ဘတ် နေရာရှိ အဝတ်အစား များကို ချက်ချင်း ဆွဲဖြဲ ပစ်ပြီး၊ မုရွယ်လင်ထံ ကြည့်ကာ၊

“ သူတော်စင် အကြီး အကဲ ... ၊ မင်း လာကိုင် ကြည့်လို့ ရတယ်။ ”

-ဟု ဖိတ်ခေါ် လိုက်တော့သည်။

ဤမြင်ကွင်းက လင်းဝမ်နှင့် လောရှုရီ အပါအဝင် အမျိုးသမီး တပည့်များ မျက်နှာကို နီရဲ သွားစေသည်။

လင်းရှောင်သည် ထိုမျှ အရှက်ကင်းမဲ့ လိမ့်မည်ဟု မထင်ထား သဖြင့်၊ တောင်းဆို မိသော အကြီး အကဲ ကျင်းပင်၊ အဆင် မပြေ ဖြစ်လာသည်။

“ သူတော်စင် အကြီး အကဲ၊ ငါ အဲဒီလို အဓိပ္ပါယ် မျိုးနဲ့ ... ၊ ပြောတာ မဟုတ် ပါဘူး ... ၊ သူ့အသားကို ထိရင် သိပါလိမ့်မယ်။ ”

“ ဒီလောက် အထိ၊ ဒုက္ခခံ နေစရာ မလို ပါဘူး။ ”

မုရွယ်လင်မှ ရှေ့လှမ်း တက်ပြီး၊ သူမ ရောင်ဝါကို လွှတ်လိုက်သည်။ ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွား၏။

“ ကောင်းကင် မူလ ကြေးမုံ။ ”

“ ခရစ် ... ။ ”

သူမ ခေါ်သံနှင့် အတူ၊ ကောင်းကင်ကြီး ချက်ချင်း အက်ကွဲ လာတော့၏။ အက်ကြောင်း အတွင်းမှ မှန်တစ်ချပ် ဆင်းသက် လာကာ၊ နန်းဆောင် အတွင်း ပျံသန်း လာသည်။

၎င်းထံမှ ရောင်ဝါသည်၊ ကောင်းကင် ရနံ့ သင်းသင်း တောင် (၃၆)လုံး ကိုပင်၊ တုန်ခါသွား စေခဲ့၏။

ဤအရာသည် အုပ်စိုးရှင် သူတော်စင် လက်ရာ ဖြစ်လေသည်။ ထို့ကြောင့် ရုပ်ဖျက် ထားသော လင်းယွန် ခမျာ၊ ထိတ်လန့် သွား တော့၏။

***

All Chapters