ကောင်းကင် ရနံ့ တံဆိပ်။
Vol. 121 Ch. 1690
ကောင်းကင် မူလ ကြေးမုံ ဟူသည် အုပ်စိုးရှင် သူတော်စင် လက်ရာ ဖြစ်သည်။ ထို့ကြောင့် နှင်းထိပ်တွင်၊ ကနေသော ယွဲ့ဝေဝေမှ သတိ ထားမိ၏။
“ ဝှစ် ... ။ ”
ရေကန်ပေါ် ခြေထောက်ကို ညင်ညင် သာသာ ပုတ်လျက်၊ ခန္ဓာကိုယ်အား လှည့်ပါတ် ကာ ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။
အနီရောင် အဝတ်များမှာ၊ လှိုင်းလုံးများ သဖွယ် လွင့်ပျံ သွားလေရာ၊ ကြက်သွေးရောင် သမုဒ္ဒရာ အလား ထင်မှား လာစေ၏။
သူမ အပြုံးသည် ဆွဲဆောင်မှု အပြည့်ရှိ နေပြီ၊ ကိုယ်ဟန် အချိုးမှာ ရင်သပ် ရှုမောဖွယ် ဖြစ်သည်။
ကောင်းကင်ပေါ် ရောက်သည်နှင့် လေထု အလယ် ရပ်လျက်၊ သူတော်စင် နန်းဆောင်ထံ မျှော်ကြည့် သည်။
“ ကောင်းကင် မူလ ကြေးမုံ ... ။ ”
ဂိုဏ်းတစ်ဂိုဏ်း အနေဖြင့် အုပ်စိုးရှင် လက်ရာ တစ်ပါးကို ခေါ်ယူ ခြင်းသည် တစ်စုံ တစ်ရာ ဖြစ်ပျက် နေသည်ဟု အဓိပ္ပါယ် ရ၏။
ကောင်းကင် လမ်းမှ ထွက်လာ ပြီးနောက် ငြီးငွေ့ဖွယ် ကောင်း လောက်အောင် ဤဂိုဏ်း၌ နေ နေခဲ့ ရသည်။
ထို့ကြောင့် ဖြစ်ပျက် နေသည့် အရာကို သိချင် လာတော့၏။
“ ဘယ်မှ သွားခွင့် မရှိဘူး ... ။ ”
ရုတ်တရက် အေးစက်သော အသံ တစ်သံက၊ လေထဲ ပဲ့တင်ထပ် လာသည်။
“ ဒေါ်လေး ... ။ ”
“ ဒေါ်လေး မလုပ်နဲ့ ကောင်းကင် ကိုးပါး ကကွက်ကို မရရင်၊ ဒီတောင်ပေါ် ကနေ ဆင်း ခွင့် မရှိဘူး။ ”
ကောင်းကင် ကိုးပါး ကကွက်၌၊ စုစုပေါင်း ကဏ္ဍကြီး (၁၈) ရပ် ပါဝင်သည်။ ကဏ္ဍ တစ်ရပ် စီတွင်၊ ကကွက် ကိုးကွက် ပါဝင်၏။
ထို့ကြောင့် ယွဲ့ဝေဝေမှာ၊ စိတ်ပျက် လက်ပျက်ဖြင့်၊ နှုတ်ခမ်းဆူ လိုက်တော့သည်။
“ ဆက် ‘က’ ... ၊ ဒါက မင်းနဲ့ မဆိုင်ဘူး။ ”
တင်းမာသော အသံသည် နူးညံ့ သွား သော်လည်း၊ ယွဲ့ဝေဝေအား ထွက်ခွာခွင့် မပြု ခဲ့ချေ။
“ ဟွန့် ... အရမ်း လွန်တယ်။ ”
သူတော်စင် နန်းဆောင်၌ မည်သည့် အရာများ၊ ဖြစ်ပျက် နေသည်ကို တွေးတော လျက်၊ ရေကန်ပေါ် ဆင်းသက် လိုက် တော့သည်။
ကောင်းကင် မူလ ကြေးမုံ ထွက်ပေါ် လာသဖြင့်၊ ကောင်းကင် ရနံ့ သင်းသင်း တစ်ခု လုံး၊ တိတ်ဆိတ် သွားသည်။
သူတော်စင် နန်းဆောင်တွင်၊ ဤလူငယ် အား နတ်သမီး လေးမှ အကြံပေး ထားခြင်း ဖြစ် သဖြင့်၊ စူးစမ်းရန် လာခဲ့သော လူအုပ်မှာ၊ ဤမျှ အထိ၊ ဖြစ်ပျက် သွားခြင်း အပေါ်၊ မယုံ နိုင်ချေ။
လင်းယွန်က အနည်းငယ် စိုးရိမ် လာသည်။
“ သူတော်စင် အကြီး အကဲ ... ၊ ဒီလောက် အထိ လိုလို့လား၊ ငါက ပန်းသင်္ချိုင်း ပါလို့ ဝန်ခံ ထားပြီး ပြီပဲ၊ ငါ့မှာ နတ်နဂါး အရိုး ရှိ- မရှိ ကို၊ မင်း လာပြီး ထိကြည့်လို့ ရပါတယ်။ ”
လင်းယွန်၏ အရှက် ကင်းမဲ့သော လုပ်ရပ် ကြောင့်၊ ကောင်းကင် ရနံ့ သင်းသင်းမှ တပည့် များမှာ မျက်နှာ ပျက်သွားသည်။
သို့သော် မုရွယ်လင်က လင်းယွန်ကို ခံစားချက် မဲ့စွာ ကြည့်ပြီး၊
“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ပန်းသင်္ချိုင်း ဆိုတာ ... ၊ နှစ်ပေါင်း သုံးထောင် သက်တမ်း ရှိတဲ့၊ ...
... မဟာ သူတော်စင်ကြီး ကိုတောင် သတ်ပစ် နိုင်ခဲ့တဲ့ ပါရမီရှင်ပါ၊ မင်းက သူနဲ့ ယှဉ်နိုင် မယ်များ ထင်နေလား။ ”
ဤသို့ ဆိုက မုရွယ်လင် တစ်ယောက် အဘယ့်ကြောင့်၊ ကောင်းကင် မူလ ကြေးမုံအား၊ အသုံးပြု နေမှန်း၊ လင်းယွန် မသိ တော့ချေ။
“ ဒါဆို ဘာလို့ ... ဒီမှန်ကို သုံးရ တာလဲ။ ”
လင်းယွန်မှ ပြုံးကာ မေး လိုက်၏။
“ မင်းသာ တကယ် လင်းယွန် ဆိုရင် ကောင်းကင် ရနံ့ သင်းသင်းမှာ၊ အန္တရာယ် ကင်း စေရမယ်၊ မဟုတ်ရင် ငါ့ရဲ့ ကောင်းကင် ရနံ့ သင်းသင်း ကို၊ ...
... အကြောင်း ပြချက် မရှိဘဲ၊ ပြဿနာထဲ ဆွဲသွင်းတာ မခံနိုင်ဘူး၊ ဒါကြောင့် ဒီနေ့ ရှင်းရှင်း လင်းလင်း သိဖို့ လိုတယ်။ ”
မုရွယ်လင်မှ ပြန်ပြောသည်။ သူမ စကား အပေါ်၊ အခြားသော အကြီးအကဲ များက ခေါင်းညိတ် ထောက်ခံ ကြ၏။
လင်းရှောင်သည် လင်းယွန် ဖြစ်ရန် နည်းလမ်း မရှိ သော်လည်း၊ ရှင်းလင်း အောင် မလုပ် နိုင်က၊ ဒုက္ခ ဖြစ်နိုင်သည်။
ထို့ကြောင့် ကောင်းကင် မူလ ကြေးမုံဖြင့် အရာများကို ရှင်းလင်းအောင် ပြုလုပ် ခြင်းသည် ၎င်းတို့ အတွက် အကောင်းဆုံး ပေပင်။
ကောင်းကင် မူလ ကြေးမုံ ဟူသည် ရုပ်ဖျက်နည်း တိုင်းကို၊ ရှင်းလင်းစွာ မြင်တွေ့ နိုင်သော ထိပ်တန်း ရတနာ ဖြစ်၏။
အားအင် အပြည့် ထုတ်သုံးသော်၊ အရာ အားလုံး အပေါ် အေးခဲ စေနိုင်ပြီး၊ အချိန် ကိုပင် နောက်ပြန် ဆုတ်နိုင်သည်။
“ လင်းရှောင် ဒီကမ္ဘာ ပေါ်မှာ ရှိတဲ့ ... ၊ ဘယ်အရာ ကမှ၊ ကောင်းကင် မူလ ကြေးမုံကို လှည့်စားလို့ မရဘူး။ ”
မုရွယ်လင်မှ လက်များ ဝှေ့ယမ်း လိုက်ရာ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ လွင့်ပျံ့ လာသည်။
ရောင်ဝါ အထွတ် အထိပ်သို့ ရောက်သော အခါ၊ သူမ ဆံပင်များ လွင့်ဝဲလျက်၊ ကောင်းကင် မူလ ကြေးမုံ လင်းလက် လာ တော့၏။
မျက်နှာ ပြင်၌ အနက်ရောင် အကွက်များ ပေါ်လာသည်။ ထိုအကွက်သည် ဆန်းကြယ် ပုံရ သဖြင့်၊ လင်းဝမ်နှင့် လောရှုရီ အပါ အဝင် လူတိုင်း စိတ်လှုပ်ရှား လာသည်။
လောရှုရီ၏ စိတ်ပျက် အားငယ် နေသော နှလုံးသားသည် မျှော်လင့်ချက်များ တဖျပ်ဖျပ် ခတ်လာ တော့၏။
( ဘာတွေ ဖြစ်နေ တာလဲ ... ။ )
မှန် အလင်းများ၊ သူ့ အပေါ် ဖြတ်ကျ လာသော အခါ၊ နတ်လိပ် အသွင် ပြောင်းနည်း အသက်ဝင် လာ၏။
နဂါး မူလ များက သွေးလွှတ် ကြောများ မှတဆင့် လိပ်ခွံ ပေါ်ရှိ၊ အချက် အလက် များ အတိုင်း၊ လည်ပတ် လာသည်။
ယင်းက သူ နားလည် ထားသော လမ်းကြောင်း မဟုတ်ချေ။ ထို့ကြောင့် စိတ် လှုပ်ရှား သွားသည်။
လမ်းကြောင်း ဆုံးသွား ချိန်၌၊ အနက်ရောင် လိပ်တစ်ကောင် သူ့ ခန္ဓာကိုယ် အတွင်း ပေါ်လာ တော့သည်။
လိပ်နက် ပေါ်လာသော အခါ၊ မူလ ရုပ်သွင်သို့၊ ပြောင်းလု နီးနီး ဖြစ်နေသော သူ့ အသွင်မှာ၊ လင်းရှောင် အဖြစ်၊ တည်မြဲ သွားသည်။
“ ပြောင်းလဲမှု မရှိဘူး။ ”
“ တေွ့လား သူက လင်းရှောင်ပါ၊ ငါ ပြောသားပဲ၊ သူ ပန်းသင်္ချိုင်း ဘယ်လိုလုပ် ဖြစ်နိုင် မှာလ။ ”
“ ပန်းသင်္ချိုင်းက ... ၊ အခုလို ကောင်းကင် ရနံ့ သင်းသင်းကို လာတဲ့ အထိ၊ မိုက်မဲ မယ်များ မင်း ထင်လား။ ”
ရလဒ် အပေါ် လူတိုင်း မျှော်လင့် ထားပြီး ဖြစ်လေသည်။ လောရှုရီနှင့် ကျင်းယွီ သည်သာ ကိုယ့်အကြောင်း နှင့်ကိုယ် စိတ်ပျက် ခဲ့ကြ၏။
မုရွယ်လင် မှာမူ၊ အနည်းငယ် အံ့အားသင့် နေသော အသွင်ဖြင့်၊ လင်းယွန်ထံ စိုက်ကြည့် ကာ၊
“ ကောင်းကင် မူလ ကြေးမုံက၊ ရုပ်ဖျက်မှု တိုင်းကို မြင်နိုင်တယ်၊ မင်းကိုယ်မင်း လင်းယွန် လို့ ထပ်ပြော ဝံ့ရင်၊ ငါကိုယ်တိုင် မင်းကို ရိုက်နှက်မယ်၊ ...
... နိဗ္ဗာန် ပွဲတော်က နီးလာတော့ ... ၊ လူပေါင်း ရှစ်ထောင်ကျော် လောက်က၊ ငါ့ရဲ့ ကောင်းကင် ရနံ့ သင်းသင်း ခန်းမကို ရောက်လာ ကြတယ်၊ ...
... ကောင်းကင် ရနံ့ သင်းသင်းရဲ့ ... တပည့်တွေ အပါ အဝင်၊ လူတိုင်းက စမ်းသပ်မှု (၉)ကြိမ် ဖြေဆို ရတယ်၊ ဒါကြောင့် ခွဲတမ်းကို တန်ဖိုး ထားဖို့ အကြံ ပေးချင် ပါတယ်။ ”
စကားဆုံး သည်နှင့်၊ မုရွယ်လင်က တံဆိပ် တစ်ခုကို ပစ်ပေး လာသည်။ လင်းယွန်မှ ဖမ်းယူ လိုက်ရာ၊ လူများ စွာက မနာလိုစွာ လှမ်းကြည့် တော့၏။
“ ကျေးဇူး တင်ပါတယ် ... ၊ သူတော်စင် အကြီး အကဲ။ ”
“ ဒီနေ့ ... ဒီမှာ ရပ်လိုက် ရအောင်၊ ... ။ ”
မုရွယ်လင်မှ ကျင်းယွီ၏ ကန့်သတ်ချက်ကို ပြန်လည် ဖယ်ရှား လိုက်ပြီး၊
“ မင်း ရောပဲ ... ။ ”
-ဟု သတိ ပေးသံဖြင့် ဆိုလိုက်သည်။
ထိုစကားကြောင့် ကျင်းယွီ ခမျာ စိတ်ပျက် လက်ပျက် ဖြစ်သွားသည်။
“ ဟုတ်ကဲ့ ... ။ ”
သို့တိုင် အံကြိတ်ကာ ပြန်ဖြေ လိုက်ရ၏။ သူအရိုက်ခံ ခဲ့ရ ခြင်းသည် ဤပုံစံဖြင့်၊ ပြီးဆုံးရ တော့မည် ဖြစ်သည်။
“ လင်းရှောင် မင်းလည်း ဒေါသကို ထိန်းပါ။ ”
မုရွယ်လင်မှ သတိ ပေးပြီး လှည့်ထွက် သွားတော့သည်။ မုရွယ်လင်သည် ကောင်းကင် မူလ ကြေးမုံမှ တဆင့်၊ တစ်စုံ တစ်ရာကို မြင် သွားခဲ့မှန်း လင်းယွန် ခံစား မိ၏။
“ သခင်လေး လင်း၊ ငါတောင် မင်းကို တကယ် ကြောက်လာပြီ။ ”
လင်းဝမ်က သူမ ရင်ဘတ်ကို ဖိကာ၊ ဟန်လုပ် ပြသည်။ လောရှုရီမှ ပြုံးလျက် ခေါင်းယမ်း ကာ၊
“ သခင်လေး လင်း ... ၊ နင် မကျေ မနပ် ဖြစ်တယ် ဆိုပေမယ့်၊ သူတော်စင် အကြီး အကဲ ကို၊ မလေး မစား မလုပ် ပါနဲ့၊ နတ်သမီးလေး ကြောင့်သာ မဟုတ်ရင်၊ သူက မင်းကို အခုလို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ ”
-ဟု ဆိုလိုက် လေသည်။
လင်းယွန်မှ ပြုံးပြီး၊ သူမ စကားကို မငြင်းဆန် ခဲ့ချေ။ မကျေ မနပ် ဖြစ်လာပြီး၊ ရွေးချယ် စရာ မရှိ သဖြင့်၊ ဤသို့ ပြုမူ မိခြင်း ဖြစ်သည်။
ဓား ရည်ရွယ်ချက်ကို ဖုံးကွယ် ထားနိုင် သော်လည်း၊ နဂါးပြာ အရိုးအား ဖျောက်ဖျက်၍ မရချေ။ ထို့ကြောင့် မုရွယ်လင်သာ ကျင်းယွီ ပြော သကဲ့သို့၊ သူ့ ရင်ဘတ်အား လာထိက အဖြစ်မှန် ပေါ်သွား ပေမည်။
“ အဲဒီ နတ်သမီးလေး ဆိုတာ ဘယ်သူလဲ ... ငါတောင် သိချင် လာပြီ။ ”
***