ရွှေခေတ် ရောက်ရှိ လာခြင်း။
Vol. 121 Ch. 1691
“ အဲဒါကို မစဉ်းစားနဲ့။ ”
လောရှုရီမှ မျက်လုံးပြူးလျက် ချက်ချင်း ငြင်းဆန် သွားသည်။
“ လာ ... သခင်လေး လင်း ... ၊ နေရမဲ့ အရပ်ကို လိုက်ပို့ ပေးမယ်၊ သားရဲ တစ်ကောင် လို ... လူတိုင်း ကြည့်တာ မခံချင်ဖူး မလား။ ”
လင်းဝမ်က ပြုံးကာ ဆိုလိုက်သည်။ ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်လုံး များတွင် စူးစမ်းလို စိတ်များဖြင့် ပြည့်နှက် နေ၏။
လင်းရှောင်သည် ပထမ နေ့မှာပင်၊ အကြီးအကဲ ကျင်းကို ရိုက်နှက်ပြီး၊ သူတော်စင် အကြီး အကဲ မုအား မြှူစွယ် ခဲ့သည်။
“ လင်း ရှောင် ... ။ ”
လင်းယွန်တို့ ထွက်ခွာသွား တော့မည့် အချိန်၌၊ ကျင်ယွီနှင့် အကြီးအကဲ အများ အပြား၊ လျှောက်လှမ်း လာ၏။
“ အကြီး အကဲ ကျန်း ... ၊ ဒဏ်ရာတွေ သက်သာ သွားပြီလား၊ အထွတ်အထိပ် လောက နိယာမ နယ်ပယ် စွမ်းအားက၊ တကယ့်ကို မယုံနိုင် စရာ ပါပဲ။ ”
လင်းယွန်က ပြုံးလျက် ကျင်းယွီအား စစ်ဆေး ကြည့်ကာ ပြောလိုက်သည်။
“ သူတော်စင် အကြီး အကဲကြောင့် ... ၊ မင်းကို လွှတ်ပေး လိုက်ပေမယ့် ... ပြီးသွားပြီ မထင်နဲ့၊ ကောင်းကင် ရနံ့ သင်းသင်းမှာ ... ၊ အပြစ် မရှိအောင် နေပါ။ ”
ကျင်းယွီက အံကြိတ် သတိ ပေးပြီး၊ လက် ဝှေ့ယမ်းကာ လှည့်ထွက် သွားသည်။ လင်းဝမ်မှ သူ့အား တည်ခိုရန် နေအိမ်သို့ ခေါ်ဆောင် လာခဲ့၏။
ထိုအရပ်ကို ရေလှိုင်း ခန်းမဟု ခေါ်ဆိုကာ၊ အပြင်လူ မရှိ သောကြောင့် စကား ပြောဆိုရန် အသင့် လေျာ်ဆုံး ဖြစ်သည်။
“ သတိထား နေပါ၊ သခင်လေး လင်း၊ ဒီနေ့ လုပ်ရပ်က မယဉ် ကျေးဘူး၊ သူတော်စင် အကြီး အကဲမု ဆိုတာ ...
... နတ်တောင်ရဲ့ သံတမန် တစ်ဦးပဲ ... ၊ သူမကို စော်ကား မိရင်၊ နတ်သမီး လေးတောင် ကယ်နိုင်မှာ မဟုတ်ဘူး။ ”
“ နတ်တောင် ဟုတ်လား ... အဲဒါက ဘယ်နေရာ မှာလဲ။ ”
လင်းယွန်မှ ပြန်မေးသည်။
“ မသိဘူး၊ ဘယ်သူ မှလည်း မသိဘူး၊ နတ်တောင် တကယ် ရှိ-မရှိ တောင်၊ အတည် မပြု နိုင်ဘူး၊ ဒါက ကောင်းကင် ရနံ့ သင်းသင်းရဲ့ မြင့်မြတ် မြေပဲ၊ ...
... လက်ရှိ ကောင်းကင် ရနံ့ သင်းသင်း ခန်းမက ဂီတအိမ် လေးလုံးမှာ ပါပေမယ့်၊ အစစ် အမှန် မဟုတ်ဘူး၊ တကယ့် ကောင်းကင် ရနံ့ သင်းသင်း ဆိုတာ၊ ...
... မြင့်မြတ် မြေပဲ၊ အရမ်း ရှေးကျပြီး၊ ငါတို့တွေ ဘယ်သူမှ မရောက် ဖူးတဲ့ ... နယ်မြေ တစ်ခုပါ။ ”
မုရွယ်လင်သည် ထိုမျှ ကြီးမားသော နောက်ခံမျိုး ရှိနေ လိမ့် မည်ဟု၊ မထင်ထား သဖြင့်၊ လင်းယွန်မှ မျက်လုံး ပြူးသွားသည်။
သူ့ထံ စိုက်ကြည့် ခဲ့သော နောက်ဆုံး အကြည့်သည်၊ မည်မျှ လေးနက်ကြောင်း၊ သိရှိ လာတော့၏။
“ ငါတို့ အသက်ကို ... ၊ ကယ်ခဲ့ ဖူးတဲ့ အတွက်၊ ကောင်းကင် ရနံ့ သင်းသင်းမှာ သခင် လေး လင်းကို၊ ဘာမှ မဖြစ် စေချင်ဘူး။ ”
လောရှုရီမှ ဝင်ပြောသည်။ ထိုစကား များကြောင့်၊ သူ့ လုပ်ရပ်သည် သူမ တို့အား မည်မျှ စိတ်ပူ စေသည်ကို၊ နားလည် လာ မိသည်။
“ တောင်းပန် ပါတယ်၊ ငါ ... နည်းနည်း မဆင်မခြင် ဖြစ်သွားတယ်၊ ဒါပေမယ့် ငါဆိုလို တာက၊ အဲဒီ အဓိပ္ပါယ် မဟုတ် ပါဘူး၊ ယုံပါ ... ငါ့မှာ ရွေးချယ်ခွင့် မရှိ လို့ပါ။ ”
လောရှုရီက သူ့စကားကို ခေါင်းညိတ်ပြီး ယုံကြည်ကြောင်း ပြသ၏။ သို့တိုင် လင်းယွန် မှာ ကူကယ်ရာ မဲ့စွာ ပြုံးမိ လေသည်။
မုရွယ်လင် သည်သာ ကျင်းယွီ စကား အတိုင်း၊ နဂါးပြာ အရိုး ရှိ-မရှိ လာရောက် စမ်း ကြည့် ပါက၊ ပြဿနာ တတ်ရ ပေလိမ့်မည်။
ထို့ကြောင့် အရှက် မဲ့သော လူ တစ်ယောက် အသွင် ဖမ်းလိုက် ရခြင်း ဖြစ်၏။
“ ကောင်းပြီ ... ၊ သခင်လေး လင်း အနား ယူပါ။ ”
လင်းဝမ်နှင့် လောရှုရီက ကောင်းကင် ရနံ့ သင်းသင်းနှင့် ပတ်သက်သော စည်းမျဉ်း များကို အကြမ်းဖျင်း ပြောပြကာ၊ နှုတ်ဆက် ထွက်ခွာ သွား ကြသည်။
ထိုအချိန်တွင် ယွဲ့ဝေဝေ ကခုန် နေသော တောင်ထိပ် ပေါ်သို့၊ မုရွယ်လင် ရောက်ရှိ လာ လေသည်။
တောင် အတွင်း ပိုင်း၌ လှိုဏ်ဂူ တစ်လုံး ရှိသည်။ အပြင်တွင် အေးစိမ့် နေခဲ့ သော်လည်း၊ ဂူ အတွင်း၊ နွေးထွေး နေ၏။
ယွဲ့ဝေဝေ အဒေါ်သည် ဂူထဲ၌ ရှိပြီး၊ ကျောက်စက် ရေအိုင် ဘေးတွင် လက်ဖက်ရည် ဝိုင်းကို၊ သပ်ရပ်စွာ ပြင်ဆင် ထားသည်။
သူမသည် ယွဲ့ဝေဝေနှင့် အဒေါ် တော်စပ် သကဲ့သို့၊ ကောင်းကင် ရနံ့ သင်းသင်း၏ သခင် လည်း ဖြစ်သည်။
“ မင်း ... ဒီကို ရောက်လာတယ် ဆိုတော့ အဲ့လူက တကယ်ပဲ လင်းယွန်လား။ ”
“ မဟုတ်ဘူး၊ သူက လင်းရှောင်ပါ ... ၊ ကောင်းကင် မူလ ကြေးမုံ ရှေ့မှာ ရုပ်ဖျက်လို့ မရ ပါဘူး၊ ဒါပေမယ့် ... ကောင်းကင် မူလ ကြေးမုံက၊ ...
... သူနဲ့ ပတ်သတ်တဲ့၊ အရာ အချို့ကို မြင်ခဲ့တယ်၊ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်မှာ စိုးလို့၊ ရွယ်လင် ထုတ်မပြ ခဲ့ဘူး။ ”
“ ဘာ တွေ့ခဲ့ လို့လဲ။ ”
“ အုပ်စိုးရှင် နက္ခတ် ... ။ ”
လက်ဖက်ရည် ငုံ့သောက် နေသော ကောင်းကင် ရနံ့ သင်းသင်း ခန်းမ သခင်မှာ၊ ထိုစကားကို ကြားကြောင့် အံ့အားသင့် သွားသည်။
“ မင်း ... အမြင် မှားနေတာ များလား။ ”
“ မမှားဘူး။ ”
“ ဒါဆို ဒီကောင်လေးမှာ ... နောက်ခံ ကြီးကြီး မားမား ရှိနိုင်မယ်၊ မြင့်မြတ်မြေ တွေရဲ့ သန့်ရှင်းသော သားတော် လား၊ ဒါမှ မဟုတ် ရှေးဟောင်း အင်အားကြီး မိသားစုရဲ့၊ တာအို သားတော်လား၊ စိတ်ဝင်စား စရာပဲ ...
... သူ့ မတိုင်မီက ဓားဂိုဏ်းမှာ ပန်းသင်္ချိုင်း ထမြောက် လာတယ်၊ အခု အုပ်စိုးရှင် နက္ခတ်ကို ဆက်ခံ သူက ငါတို့ဆီ ရောက်လာတယ်၊ အမျိုး မျိုးသော မြင့်မြတ်မြေ တွေမှာလည်း၊ သန့်ရှင်း သော သားတော်တွေ မွေးဖွားပြီး၊ ...
... နတ်နဂါး အင်ပါယာ မှာတောင် ... ၊ ထူးချွန် သူတွေ အများ အပြား ပေါ်ထွန်း လာ တယ်၊ နှစ်ပေါင်း သုံးထောင် ကုန်လွန် ပြီးတဲ့ နောက်၊ နတ်နဂါး ခေတ်က အသက်ဝင် လာတော့မဲ့ ပုံပဲ။ ”
ကောင်းကင် ရနံ့ သင်းသင်း ခန်းမ သခင်၏ စကားကြောင့် မုရွယ်လင် မျက်ဝန်းများ တောက်ပ လာသည်။
“ ဒီကမ္ဘာ ကြီးရဲ့ ... နိယာမ တွေက အမြဲတမ်း မှန်တယ်၊ တစ်စုံ တစ်ရာက အထွတ် အထိပ် အထိ၊ ရောက်သွား ပြီးရင်၊ ပြန်လည် ကျဆင်း လာတတ်တယ်၊ ...
... ဧကရာဇ် ကိုးပါးက၊ အမှောင် ခေတ်ကို အဆုံးသတ်ပြီး အင်ပါယာ တည်ထောင် ခဲ့တယ်၊ အခုဆို ... နှစ်ပေါင်း သုံးထောင် ကျော်သွားပြီ ဆိုတော့ ... ၊ နဂါးပြာ မှတ်တမ်းကို ပြန်ရေး ရမဲ့ အချိန်၊ ရောက်လာ ပုံပဲ။ ”
“ နဂါးပြာ မှတ်တမ်းက ပေါ်လာ တော့မှာလား။ ”
ကောင်းကင် ရနံ့ သင်းသင်း၏ ခန်းမ သခင်က မုရွယ်လင်အား ကြည့်ကာ မေးလိုက် သည်။
“ ပေါ်လာမယ် ထင်တယ်။ ”
မုရွယ်လင်မှ ပြန်ဖြေ၏။ ကောင်းကင် ရနံ့ သင်းသင်း၏ ခန်းမ သခင်က သက်ပြင်းချသည်။
“ နယ်ပယ် သုံးပါးကို ကျော်လွန်တဲ့ ... ၊ နဂါးပြာ မှတ်တမ်း ပေါ်လာမယ် ဆိုတော့၊ ဒါက ခွန်လွန်ရဲ့ ရွှေခေတ် ရောက်လာ ပြီလို့ ဆိုလို တာပဲ မဟုတ်လား။ ”
အင်ပါ ရီယန်၊ ပင်မ နတ်ဘုရားနှင့် နဂါး သွေးလွှတ်ကြော နယ်ပယ် အဆင့်ကို၊ နတ်နဂါး အင်ပါယာမှ တည်ထောင် ခဲ့ပြီး၊ ခွန်လွန်အား ငါးပိုင်း ခွဲကာ၊ သတ်မှတ် ပေးခဲ့သည်။
၎င်းတို့သည် အရှေ့ဘက် ပျက်စီးမြေ၊ အနောက်ဘက် ကန္တာရ၊ တောင်ပိုင်း နယ်စပ် ဒေသ၊ မြောက်ပိုင်း လွင်ပြင်နှင့် နတ်နဂါး အင်ပါယာ တို့ဖြစ်သည်။
ထိုနယ်မြေကြီး များသည်၊ မယုံနိုင် လောက်အောင်၊ ကြီးမား ကျယ်ပြန့် ချေ၏။ သူတော်စင် များပင်၊ အဆိုပါ ဒေသကြီး များကို ဖြတ်သန်း သွားလာရန်၊ ခက်ခဲ လှသည်။
တားမြစ်ဇုန် များစွာနှင့် မမြင် နိုင်သော အန္တရာယ် များစွာ ရှိသည့် အပြင်၊ အကြောင်း ပြချက် များစွာလည်း ရှိသည်။
ဒေသ တစ်ခု စီ၌၊ နယ်ပယ် သုံးပါး အဆင့် သတ်မှတ်ချက်ကို ဖန်တီး ပေးထား၏။ နဂါးပြာ မှတ်တမ်း မှာမူ၊ ထိုနယ်ပယ်ထက် သာလွန် သည်။
တစ်စုံ တစ်ယောက်၏ အမည်ကို ထိုမှတ်တမ်းတွင် ထည့်သွင်းခံ ထားရ ပါက၊ ၎င်းအား နတ်နဂါး အင်ပါယာမှ ကာကွယ် ပေးရမည် ဖြစ်သည်။
ဆိုလို သည်မှာ၊ နတ်နဂါး ခေတ်ကြီး၏ သန့်ရှင်းသော သားတော် ဖြစ်လာခြင်း မည်၏။ ၎င်းသည် နတ်ဘုရား လက်ရာ တစ်ခု ဖြစ်ပြီး၊ ဧကရီမှ ထိန်းသိမ်း ထားခြင်း ဖြစ်သည်။
သို့သော် ဧကရီသည် ထိုနတ်ဘုရား လက်ရာကို အပြည့်အဝ မထိန်းချုပ် နိုင်ကြောင်း ကောလ ဟာလများ ပေါ်ထွက်ထား ဖူး၏။
နတ်ဘုရား လက်ရာ များတွင်၊ ဝိညာဉ် ရှိကြပြီး၊ ၎င်းအား မထိန်းချုပ် နိုင်သော်၊ အချိန် ကျ သည်နှင့်၊ သူ့ အလိုလို အသက်ဝင် လာမည် ဖြစ်သည်။
“ ဒါဆို ... လင်းရှောင်က၊ နိဗ္ဗာန် ပွဲတော် အတွက် လာတာ မဟုတ်ပဲ၊ နဂါးပြာ မှတ်တမ်း အတွက်၊ သူ့ကိုယ်သူ လေ့ကျင့်ဖို့ ... ၊ ထွက်လာ ခဲ့တာပေါ့၊ ဒီလိုလား ... ။ ”
ကောင်းကင် ရနံ့ သင်းသင်း သခင်၏ မေးခွန်းကို မုရွယ်လင်မှ ပြန်မဖြေ တော့ချေ။
“ ဒါနဲ့ သူ့ရဲ့ နက္ခတ်က ... ၊ ဘယ်မျိုးနွယ်နဲ့ သက်ဆိုင်လဲ။ ”
ခန်းမ သခင်က သတိရ သွားကာ ထပ်မေး၏။
“ ဒါကို ရွယ်လင်လည်း ... သံသယ ဖြစ်နေတယ်၊ သူ့နက္ခတ်က အပြာရောင် ဆိုတာ ကလွဲပြီး၊ ကောင်းကင် မူလ ကြေးမုံက ကျန်တာ မပြ နိုင်ဘူး။ ”
မုရွယ်လင်က ရေနွေးကြမ်း တစ်ခွက် ငှဲ့သောက်ကာ၊ ပြန်ဖြေသည်။
“ မဖြစ် နိုင်တာ ... ။ ”
ကောင်းကင် ရနံ့ သင်းသင်း ခန်းမ သခင်မှာ၊ ထိတ်လန့် သွားသည်။
“ ဟုတ်တယ် ... ၊ သူ့ရဲ့ နက္ခတ်ကို မမြင် နိုင်ခဲ့ ပေမယ့်၊ ဒါက ရှိပြီးသား အုပ်စိုးရှင် နက္ခတ် တစ်ရာ၊ မဟုတ်ဖူး ဆိုတာ သေချာတယ်။ ”
“ သေချာ လို့လား။ ”
“ သေချာတယ် ... ၊ အုပ်စိုးရှင် နက္ခတ် ဆိုတာ၊ အတု လုပ်လို့ ရတဲ့ အရာမှ မဟုတ်တာ။ ”
“ ဒါဆို ... သူက ထူးခြား နေတာပေါ့။ ”
“ မဟုတ်ဘူး၊ သူက ရူး နေ တာ ... ။ ”
မုရွယ်လင်က သူတော်စင် နန်းဆောင်တွင် ဖြစ်ပျက်ခဲ့ သမျှကို၊ ခန်းမ သခင်အား ပြန်ပြော ပြ လိုက်သည်။
“ ဟား ဟား ဟား ... ၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့၊ သံတမန်ကို နောက်ပြောင်ဖို့ သတ္တိ တကယ် ရှိတာပဲ၊ သူ့ကို ဝေဝေနဲ့ ဝေးဝေးထား ရတော့မယ်။ ”
***
လင်းဝမ်နှင့် လောရှုရီ ထွက်ခွာ သွား ပြီးနောက်၊ လိပ်နက် အသွင်ပြောင်း နည်းကို လင်းယွန် တစ်ယောက် လေ့ကျင့် မိသည်။
ကောင်းကင် မူလ ကြေးမုံ၏ ဖိအား အောက်၌၊ လိပ်နက် အသွင် ပြောင်းနည်းမှာ၊ ပြီးပြည့်စုံ သွားခဲ့သည်။ ယင်းက အံ့သြဖွယ် ကောင်းလှ၏။
လိပ်နက် အသွင်ပြောင်း နည်းကို ဖြန့်ဝေ လိုက်သော အခါ၊ သူထိုင် နေသည့် ကြမ်းပြင်၌ နတ် ရူရ်များ ပေါ်လာသည်။
ရူရ်များ ရောယှက် လာပြီး၊ တံဆိပ် တစ်ခု ဖွဲ့တည် လာတော့၏။ သည်ကနေ့ စွန့်စားရ ကျိုးနပ် လေသည်။
လက်ရှိ အချိန်၌၊ လိပ်နက် တံဆိပ်ကို ဆင့်ခေါ် နိုင်ပြီး၊ သူတော်စင် တစ်ပါး ရှေ့၌ပင်၊ ယုံကြည်မှု ရှိရှိဖြင့်၊ ရပ်နေ နိုင်ပြီ ဖြစ်၏။
အရေး အကြီး ဆုံးမှာ၊ ဤတံဆိပ်သည် နဂါးပြာ အရိုး၏ အသွင်ကို ဖုံးကွယ် နိုင်ကြောင်း တွေ့ရှိ လာခြင်း ဖြစ်သည်။
ထို့ကြောင့် တစ်စုံ တစ်ယောက်သည်၊ သူ့ခန္ဓာ ကိုယ်အား ထိတွေ့ သော်မှ နတ်နဂါး အရိုးအား ရှာတွေ့ တော့မည် မဟုတ်ချေ။
ကောင်းကင် မူလ ကြေးမုံသည်၊ ရုပ်ဖျက် ခြင်းအား မြင်နိုင်သည်။ တနည်း အားဖြင့် တစ်စုံ တစ်ရာအား မူလသို့၊ ပြန်ရောက် စေသည်ဟု၊ အဓိပ္ပါယ် ရ၏။
ယင်းကို မုရွယ်လင် မသိဘဲ၊ သူ့ အပေါ် သုံးလိုက် မိသော အခါ၊ လိပ်နက် သွေး အပေါ် အခြေခံကာ၊ အရောက်ပို့ ပေးခဲ့ခြင်း ဖြစ်သည်။
အခန်းထဲ နေရောင်ခြည်များ ဝင်ရောက် လာချိန်မှ သာလျှင်၊ တရား ထိုင်ခြင်းကို ရပ်နား လိုက်၏။
“ ကောင်းကင် ရနံ့ သင်းသင်းမှာ၊ ခဏလောက် နေရ ရင်လည်း မဆိုးနိုင် ပါဘူး။ ”
အပျင်းကြော ဆန့်လျက်မှ၊ ရေရွတ် လိုက်မိသည်။ ထို့နောက် မုရွယ်လင် ပေးခဲ့သော ကောင်းကင် ရနံ့ တံဆိပ်ကို ထုတ်ယူကာ၊ လက်ထဲ လှည့် ကစား လိုက်သည်။
ဓားဂိုဏ်းတွင် ရှိနေစဉ် အချိန်၌ သူ့ ဝန်းကျင်မှာ၊ အကန့် အသတ် ရှိလေသည်။ ရှေးဟောင်း ပျက်သုဉ်း မြေသည် ကြီးမား သော်လည်း၊ စိတ် လှုပ်ရှားစရာ မရှိချေ။
ရုတ်တရက် သူ့လက် ထဲမှ၊ တံဆိပ်ပြား တုန်ခါသွားပြီး၊ မုရွယ်လင် အသံ ထွက်ပေါ်လာ လေသည်။
“ ဒီတံဆိပ် ရထားတဲ့ လူတိုင်း ... ၊ သူတော်စင် နန်းဆောင်မှာ အခု ... ချက်ချင်း စုဝေးပါ၊ အချိန် (၃) မိနစ် ရမယ်။ ”
***