← Chapters

မီးလွင်ပြင် ထဲက ဖီးနစ်။

Vol. 121 Ch. 1693

မီးလွင်ပြင် ထဲက ဖီးနစ်။

Vol. 121 Ch. 1693

“ ဒင် ... ။ ”

မုရွယ်လင်မှ ဗျပ်စောင်းကို တီးခတ်ရာ၊ အလင်းတန်း တစ်ခု ထွက်လာပြီး၊ နန်းဆောင် အတွင်း၌၊ အရိပ် တစ်ရိပ် ပေါ်လာသည်။

လေပြင်းများ တိုက်ခတ် လာ သဖြင့်၊ လူတိုင်း နဂါး မူလအား ထုတ်ဖော် ခုခံ လိုက် ရ၏။

“ ဗျစ်စောင်း တွေက ... တခြား တူရိယာ တွေနဲ့ မတူဘူး၊ မင်းတို့က နုတ်ကို ... မှန်မှန် တီးခတ် နိုင်ရင်၊ စိတ်စွမ်းအင်က ကြာကြာ ခံတယ်။ ”

“ ဒင် ... ဒင် ... ဒင် ... ။ ”

မုရွယ်လင်မှ လက်ချောင်း များကို လျင်မြန်စွာ ခတ်ထုတ် ပစ်လိုက်ရာ၊ နောက် ဆက်တွဲ ပုံရိပ်များ ဖြစ်ပေါ် လာ၏။

နုတ် တစ်ခုချင်း စီသည်၊ နန်းဆောင် အတွင်း၌၊ ကြောက်မက်ဖွယ် လေပြင်း များကို၊ ဖြစ်ပေါ် လာစေသည်။

မျက်စိ တစ်မှိတ် အတွင်း၊ လေဆင် နှာမောင်း တစ်စင်း ပေါ်လာပြီး နန်းဆောင် အနှံ့ ဖြတ်တိုက် တော့သည်။

လေဆင် နှာမောင်းမှ ဆွဲယူ ခံရ မည်ကို စိုးရိမ် သဖြင့်၊ လူတိုင်း စွမ်းအင် ကျင့်ကြံမှု ပညာ ရပ်ကို၊ ချက်ချင်း ဖြန့်ဝေ လိုက်ရသည်။

လင်းယွန်မှ အနည်းငယ် အားစိုက် နားထောင် လိုက်ရာ၊ ဂီတသံ အတွင်း လေပြင်း များက၊ သမုဒ္ဒရာ အလား စီးဆင်း နေသံကို ကြားလိုက် ရသည်။

လေသည် သမုဒ္ဒရာ ဖြစ်ပြီး မုရွယ်လင်က ထိုသမုဒ္ဒရာ ပေါ်တွင် ထိုင်နေ ခဲ့၏။ နုတ်တိုင်းက လှိုင်းလုံးများ သဖွယ်၊ ပျံ့ကားနေကာ၊ ဆယ်ပေ ကျယ်သော လေဆင် နှာမောင်း အဖြစ်သို့ ပြောင်းလဲ သွားသည်။

“ ဒင် ... ။ ”

ယင်းက သက်ရှိ တစ်ကောင် အလား၊ ကြောက်မက်ဖွယ် ရောင်ဝါကို ထုတ်ဖော်လျက်၊ ဂီတ သံနှင့် အတူ ယိမ်းနွဲ့ လာသည်။

ဤသည်မှာ အရိယာ အသံ မျှသာ ဖြစ်သော်လည်း၊ လူတိုင်းကို ထိတ်လန့် စေ ခဲ့သည်။

နန်းဆောင် အတွင်း၌၊ ကောင်းကင် ရနံ့ သင်းသင်း တပည့်များ၊ ရှေးဟောင်း သူတော်စင် မိသားစုဝင် ပါရမီရှင်များ အပါအဝင်၊ အခြား သော နယ်ပယ် များမှ ပါရမီရှင် များလည်း ရှိနေသည်။

သူတို့ အားလုံးသည် ငယ်စဉ် တည်းက တေးဂီတကို နားရည် ဝထား သူများ ဖြစ်ရာ၊ မုရွယ်လင် အပေါ်၊ လေးစား လာမိ၏။

“ ဒါ အကုန် မဟုတ် သေးဘူး။ ”

မုရွယ်လင်မှ ရေရွတ်လျက် လက်ချောင်း များကို လျင်မြန်စွာ ရွေ့လျားပြီး၊ မတူညီသော နုတ်အား ပြောင်းလဲ လိုက်ရာ၊ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက် သွားခဲ့သည်။

လေ၊ မီး၊ လျှပ်စီးနှင့် ရေခဲ ဟူသော သဘာဝ ဖြစ်စဉ်များ ပေါ်လာ၏။ လင်းယွန် တစ်ယောက် လုံး၀ စွဲလန်း သွားပြီး၊ နုတ်တိုင်းကို အသေးစိတ် လိုက်မှတ် နေမိသည်။

ဤအခိုက်တွင် မုရွယ်လင်မှ ထုတ်လွှတ် သော ရောင်ဝါသည် လူတိုင်းအား ထိတ်လန့် စေ၏။

“ ဒင် ... ။ ”

ဗျပ်စောင်းကို အပြီးသပ် လိုက်သော်မှ၊ လူတိုင်း ရင်ထဲတွင် လှိုင်းများ ခတ်နေဆဲ ဖြစ်ပြီး သူမ ထံသာ စိုက်ကြည့် နေမိသည်။

မုရွယ်လင်က နန်းဆောင် အတွင်း၊ ဝှေ့ကြည့်ပြီးနောက် လင်းယွန်၌ အကြည့်ကို ရပ်လိုက်၏။

တစ်ဖက် လူသည် အာရုံ စူးစိုက်မှု အပြည့်ရှိ နေသည်ကို မြင်လိုက် ရသည်။ ထို့ကြောင့် မနေ့ က အမြင်များ ပျောက်ကွယ် လာ၏။

သူမ တီးပြ ခဲ့သည့် နုတ်များ အပေါ် နားလည် နေသည့် အတိုင်း၊ လက်ချောင်း များ လိုက်ပါ လှုပ်ရှား နေသည်။

ဤလုပ်ရပ်က လူရိုင်း တစ်ယောက် အသွင်နှင့် ခြားနား နေ၏။ ၎င်းသည် အုပ်စိုးရှင် နက္ခတ်အား ပိုင်ဆိုင် ထားသဖြင့်၊ ဂီတ အတွက် အချိန်ဖြုန်း နေရန် မလိုချေ။

သူမ ကြည့်နေစဉ် လင်းယွန်က ပြုံးလျက် မျက်ဝန်းများ ဖွင့်လာသည်။ ထို့ကြောင့် အကြည့် အား ပြန် ရုတ်သိမ်းကာ သီချင်း၏ နက်နဲမှုကို၊ အသေးစိတ် ရှင်းပြ လိုက်မိသည်။

လူတိုင်းက အလေး အနက် နားထောင် သည်။ များ မကြာခင် လက်တွေ့ တီးခတ်ခြင်း ပြုလုပ် စေ၏။

“ ဒင် ... ။ ”

အရွယ် အစား အမျိုးမျိုး ရှိသော လေဆင် နှာမောင်းများ၊ သူတော်စင် နန်းဆောင် အတွင်း ပေါ်ထွန်းရန်၊ အချိန် သိပ်မကြာ လိုက်ချေ။

သူတို့ အားလုံးသည် ဂီတ၌ ဉာဏ်ကြီး ရှင်များ ဖြစ်လေရာ၊ တစ်ကြိမ် ရှင်းပြ ရုံဖြင့် နားလည် ကြသည်။

မုရွယ်လင်နှင့် ယှဉ်ရန် နည်းလမ်း မရှိ သော်လည်း၊ ဗျပ်စောင်း သံမှာ စွဲမက် စရာ ကောင်းနေ ခဲ့၏။

သူတို့ အားလုံးတွင် မြင့်မားသော စိတ် စွမ်းအင်များ ရှိပြီး၊ ဆဋ္ဌမတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် များပင် ပါရှိသည်။

သို့သော် အားလုံးသည် ပြိုင်ဘက်များ ဖြစ်သဖြင့်၊ သိပ် အများကြီး ထုတ်ပြရန်၊ ဆန္ဒ မရှိ ကြချေ။

လင်းယွန်မှ သူ့အကြည့်ကို ပြန်ရုတ် လိုက်သည်။ စမ်းသပ် တီးခတ်ရန် ရည်ရွယ်ချက် မရှိချေ။

နိဗ္ဗာန် ပွဲတော် ခွဲတမ်း အတွက် ၊ ကောင်းကင် ရနံ့ သင်းသင်းသို့ လာခြင်းသာ ဖြစ်သည်။ ဂီတအား သင်ယူရန် မဟုတ်ချေ။

ထိုစဉ် (၁၀) အရွယ် လေဆင် နှာမောင်း တစ်စင်း ထွက်ပေါ် လာ သဖြင့်၊ ပတ်ဝန်းကျင်မှ အာမေဋိတ် သံများ၊ ညံလာသည်။

“ ဒါ ... စီနီယာ အစ်ကို ကျင်းဖုန်ပဲ။ ”

လူတိုင်းက ကျင်းဖုန်ထံ အံ့သြစွာ ကြည့်လိုက် ကြသည်။ လေဆင် နှာမောင်းသည်၊ ဗျပ်စောင်း အသံနှင့် အတူ၊ လင်းယွန်၏ ဦးတည် ရာသို့၊ ရွေ့လျား နေ၏။

“ ဝူး ... ။ ”

ယင်းကြောင့် လင်းယွန်၊ လင်းဝမ်နှင့် လောရှုရီ တို့က၊ ခေါင်းငုံ့ ရေှာင်တိမ်း လိုက်ရ လေသည်။

ကျင်းဖုန် ရပ်တန့် လိုက်မှ သာလျှင်၊ လေဆင် နှာမောင်း ပျောက်ကွယ် သွား၏။ လင်းဝမ် နှင့် လောရှုရီ တို့နှစ်ယောက်က ဒေါသတကြီးဖြင့်၊

“ ကျင်းဖုန် ... နင် ဘာလုပ် တာလဲ။ ”

-ဟု အော်ငေါက် လိုက်သည်။

“ ဟား ... ဟား ... ဟား ... တောင်းပန် ပါတယ်၊ ငါ နည်းနည်း စိတ်လှုပ်ရှား နေတော့ အမှား လုပ်မိ သွားတယ်၊ ညီအစ်ကို လင်း အဆင်ပြေ ရဲ့လား။ ”

လင်းယွန်က ပြန်မဖြေဘဲ၊ ခေါင်းညိတ် ပြလျက် လင်းဝမ်ကို လက်ပြ ဟန့်တား လိုက် သည်။

“ ဒါက ဘာမှ မဟုတ် သေးဘူး၊ ဒီနေ့ မင်းတို့ကို ရှေးဟောင်း သီချင်း တစ်ပုဒ် ... ၊ ငါ သင်ပေးမယ်၊ သီချင်း နာမည်က မီးလွင်ပြင် ထဲက ဖီးနစ်တဲ့။ ”

ထိုသီချင်းသည် ရှားပါးသော သီချင်း တစ်ပုဒ် ဖြစ်သဖြင့်၊ ရှေးဟောင်း သူတော်စင် မိသားစုဝင် များပင်၊ စိတ်ဝင်စား ကြသည်။

“ ဂီတ ပညာရှင် တစ်ယောက်ရဲ့ အကြီးမားဆုံး အားသာ ချက်က၊ ရန်သူ အများ အပြားကို တစ်ယောက် တည်းနဲ့ တိုက်ခိုက် နိုင်ခြင်းပဲ၊ ငါ ...

... နဂါး သွေးလွှတ်ကြော နယ်ပယ်မှာ ရှိနေတုန်းက၊ ဒီသီချင်းနဲ့ ... နတ်ဆိုး သားရဲ တစ်ရာ ကျော်ကို သတ်ပစ် ခဲ့တယ်၊ ဒီတော့ မင်းတို့ ကောင်းကောင်း သင်ယူပါ၊ ...

... ဒီနေ့ သီချင်းရဲ့ ... ပထမ ပိုင်းကို ... ၊ အရင် သင်ပေးမယ်၊ ပြီးရင် မင်းတို့ ပြန်တီးပြ ရမယ်။ ”

တက်ရောက် လာသူ အားလုံးသည် မျိုးဆက်သစ် လူငယ်များ ကြားတွင် ပါရမီရှင် များ ဖြစ်ကြပြီး၊ မုရွယ်လင် စကားကို ကြား ပြီးနောက် ပို၍ အာရုံစိုက် လာကြသည်။

မည်သူ မဆို အရည် အချင်းအား ပြသရန် အခွင့် အရေး ဖြစ်သည်။ မုရွယ်လင် ဟူသည်မှာ၊ အမည်ခံ သူတော်စင် ဖြစ်ပြီး၊ သူတော်စင်နှင့် ရင်ဆိုင် နိုင်သော၊ ဧကရာဇ် အသံကို ဖန်တီး နိုင်သည်။

မီးလွင်ပြင် ထဲက ဖီးနစ်သည်၊ ကြမ်းကြုတ်သော သီချင်း တစ်ပုဒ် ဖြစ်သည် သာမက၊ အထီးကျန်သည့် ခံစားချက်အား ပေးစွမ်း လေသည်။

တစ်စုံ တစ်ရာ ဆုံးရှုံးသွား သဖြင့်၊ ရိုင်းစိုင်း အထီးကျန် လာသော ခံစားချက်အား ပုံဖော်ရ ခြင်း ဖြစ်သည်။ လွယ်ကူခြင်း မရှိချေ။

ရှုပ်ထွေးပြီး အပြောင်း အလဲပေါင်း တစ်ထောင်ကျော် ပါဝင်၏။ သီချင်း၏ ပထမ ပိုင်း မျှသာ ဖြစ်သော်လည်း၊ များစွာ ခက်ခဲ လေသည်။

ထို့ကြောင့် မေးခွန်း မေးသံများ မကြာ- မကြာ ထွက်ပေါ် လာပြီး၊ မုရွယ်လင်မှ ဖြေကြား ပေးနေ ရသည်။

သူတော်စင်နှင့် ယှဉ်နိုင်သော ကျွမ်းကျင် မှုမျိုး ရှိနေ သဖြင့်၊ သူမ၏ အဖြေမှာ ရှင်းလင်း လေသည်။ သို့သော် သင်ယူ သူများ အတွက်မူ၊ အတား အဆီး တစ်ခု ရှိနေဆဲ ဖြစ်၏။

လင်းယွန် အမြင်တွင်၊ စိတ်ကူး ထား သလောက်၊ စိန်ခေါ်မှု မရှိ ခဲ့ချေ။ နတ် ဖီးနစ် အတေွ့နှင့် ယှဉ်က များစွာ လွယ်ကူ နေ၏။

ခေါင်းမော့ ကြည့်လိုက် သော အခါတွင်၊ မုရွယ်လင်၏ အကြည့် များက၊ သူ့ထံ ဦးတည် နေသည်ကို တွေ့လိုက် ရသည်။

ထိုမြင်ကွင်းကြောင့် သူတော်စင် အကြီး အကဲသည် တစ်ချိန်လုံး သူ့ အပေါ်၊ စောင့်ကြည့် နေ သည်ဟု ခံစား လိုက်ရ၏။

“ ကိုယ့်ကိုကိုယ် အတင်း အကြပ် မလုပ်ကြနဲ့၊ မင်းတို့ရဲ့ ပထမဆုံး အကြိမ်မှာ (၃၀%) ဆုပ်ကိုင် နိုင်ရင် လုံလောက်ပြီ။ ”

နှုတ်ဖြင့် သင်ကြားရေး ပြီးသည်နှင့်၊ မုရွယ်လင်မှ ဗျပ်စောင်းအား သရုပ်ပြ တီးခတ် တော့သည်။

“ ဒင် ... ။ ”

သူမ ရောင်ဝါမှာ တောက်ပလျက်၊ သေမျိုး ကမ္ဘာသို့ ရောက်ရှိ နေသော၊ နတ်သမီး အလား ထင်မှား စေ၏။

လင်းယွန်က သီချင်း နားထောင်ရန် မျက်လုံးများ မှိတ်လိုက်သည်။ လေထု အတွင်း သံစဉ်များ ရောယှက် လာပြီး၊ မီးပွားများ တောက်လောင် သွား၏။

သီချင်း အထွတ် အထိပ်သို့ ရောက်သော အခါတွင်၊ ဖီးနစ် တစ်ကောင် ဟစ်အော်လျက်၊ ထွက်ပေါ် လာသည်။

ဖီးနစ်နှင့် သီချင်း ပေါင်းစပ် သွားချိန်၌၊ မီးပင်လယ်ပြီး ပေါ်လာရာ၊ လူတိုင်း လေးနက် ကုန် တော့သည်။

“ ကျီး ... ။ ”

ဖီးနစ် အသံသည် ယောင်ဝါးဝါး မျှသာ ဖြစ်သော်လည်း၊ သီချင်းသည် အစစ် အမှန် ဖြစ် ချေ၏။ အစစ်နှင့် အတု ပေါင်းစပ်ကာ၊ အာကာ ပြင် ကွဲလွဲ လာသည်။

ဖီးနစ်သည် ရှေးဟောင်း သားရဲ ဖြစ်ပြီး၊ ဗျပ်စောင်း သံကို နားလည် နေ သကဲ့သို့၊ ကခုန် တော့၏။

တစ်စုံ တစ်ယောက်သည် ဂီတ၌ ဤမျှ အောင်မြင် နေသည်ကို၊ လူတိုင်း မတွေးကြည့် ထားဖူး ချေ။

ထို့ကြောင့် ဗျပ်စောင်းသံ ရပ်သွား သော်မှ၊ မုရွယ်လင်အား ငေးကြည့် နစ်မျော နေမိဆဲ ဖြစ် လေသည်။

သို့သော် ဤသီချင်းတွင် တစ်စုံ တစ်ရာ ချို့ယွင်း နေသည်ကို ခံစား မိသော၊ လင်းယွန် ခမျာ ရင်ထဲ၌ ကျလိ-ကျလိ ဖြစ်လာ၏။

ထိုချို့ယွင်းချက်ကို ရှာမတွေ့ သဖြင့်၊ သာ၍ ဆိုးလာသည်။

“ ဘယ်သူ လာစမ်း ကြည့်ချင်လဲ၊ အကောင်းဆုံး တီးပြ နိုင်တဲ့ လူကို၊ တော်ဝင် သူတော်စင် ဆေးလုံး ဆုချမယ်။ ”

မုရွယ်လင်မှ ကြေငြာသည်။ တော်ဝင် သူတော်စင် ဆေးလုံးသည် အလွန် ရှားပါးကာ၊ စိတ်စွမ်းအင်ကို တိုးပွား စေသော ဆေးဖြစ်၏။

“ သူတော်စင် အကြီး အကဲ ... ၊ ဒီတပည့် ကျင်းဖုန်က စမ်းသပ် တီးခတ် ကြည့်ဖို့ ဆန္ဒရှိ ပါတယ်။ ”

ကျင်းဖုန်က ဦးစွာ မတ်တပ် ထရပ် လိုက်သည်။ ရှေးမနှောင်း မှာပင် နောက်ထပ် လူ အနည်းငယ် မတ်တပ် ထရပ် လာ၏။ ဆယ်ယောက် နီးပါး ပေပင်။

“ လင်းရှောင် ... ၊ မင်းရော စမ်းကြည့်ဖို့ စိတ်ကူး မရှိ ဖူးလား။ ”

မုရွယ်လင် အာရုံက လင်းယွန် ၌သာ ရှိနေသည်။

“ ငါလား ... အဲဒီ သီချင်းကို၊ နားမလည် သေးဘူး၊ ဒါကြောင့် ကိုယ့်ကိုယ်ကို အရှက် ခွဲရာ ရောက်သွား လိမ့်မယ်၊ မထွက် ပါရ စေနဲ့။ ”

လင်းယွန်က ပြုံးလျက်၊ ချက်ချင်း ငြင်းဆန်မိ လေသည်။

“ မင်းလို လူရိုင်း တစ်ယောက်က၊ ကိုယ့် အကန့် အသတ် ကိုတော့ ကိုယ် သိနေ သားပဲ၊ ဒါပေမယ့် ... သူတော်စင် အကြီး အကဲက၊ ခေါ်တဲ့ အခါ၊ ထွက်လာ သင့်တယ်။ ”

ကျင်းဖုန်က လူအများ ရှေ့တွင်၊ လင်းယွန်အား အရှက်ခွဲ လိုသော အတွေးဖြင့်၊ လှောင်ပြောင် လာတော့သည်။

***

All Chapters