← Chapters

မင်းကို ဘယ်သူက ထွက်သွားခွင့် ပေးလို့လဲ။

Vol. 121 Ch. 1694

မင်းကို ဘယ်သူက ထွက်သွားခွင့် ပေးလို့လဲ။

Vol. 121 Ch. 1694

ကျင်းဖုန် အသံက စူးရှပြီး၊ လူတိုင်း၏ နှာသီးဖျား အတွင်း၌ ယမ်းနံ့များ ရရှိ လာစေ ခဲ့သည်။ ဤအရာက လင်းယွန်ကို ကြည့်ကာ၊ လူတိုင်း ပြုံးမိ စေ၏။

“ လင်းရှောင် ကျန်တာတွေ ဂရု မစိုက်နဲ့၊ ငါက ဒီအတိုင်းပဲ မေးလိုက်တာ ... ၊ နား မလည် သေးရင်၊ တက်လာ စရာ မလိုဘူး။ ”

မုရွယ်လင် စကားကြောင့်၊ လင်းယွန် တစ်ယောက် သဘောကျ သွား၏။ ကောင်းကင် ရနံ့ သင်းသင်းသည်၊ ထင်ထား သလောက် မဆိုး လှချေ။

“ ကျေးဇူး တင်ပါတယ် သူတော်စင် အကြီးအကဲ၊ ဒီသီချင်းမှာ လိုအပ်ချက် တစ်ခု ရှိနေ သေးလို့ပါ၊ အဲဒါကို ငါ မရှာနိုင် သေးဘူး၊ သူ့ရဲ့ နက်နဲမှုကို မဖော်ကျူး နိုင်ရင်၊ တီးခတ် နေလဲ ဘာထူးမှာလဲ။ ”

လင်းယွန်မှ ပြန်ဖြေသည်။

“ အဟက် ... ။ ”

ကျင်းဖုန်က ဟန်ဖြင့် တံတွေး ထွေးပြ လိုက်ပြီး၊

“ ဒါက ရှေးဟောင်း သီချင်း တစ်ပုဒ်ပဲ၊ ကျွင်းကျင် ပညာရှင် တောင်မှ၊ သူ့ရဲ့ အနှစ်သာ ရကို၊ နားမလည် နိုင်တာ၊ မင်းက စကားကြီး စကား ကျယ်တွေ လာပြော နေတယ်။ ”

သို့သော် လင်းယွန်က သူ့ကို လျစ်လျူရှု လိုက်၏။

“ ကျင်းဖုန် ... နင့် ပါးစပ် ပိတ်ထား၊ သခင်လေး လင်းရဲ့ ဂီတ အပေါ် အောင်မြင်မှုက၊ နင့်ထက် ဆယ်ဆ ပိုတယ်။ ”

လင်းဝမ်မှာ မနေနိုင် တော့ဘဲ၊ ဝင်ပြော မိတော့သည်။

“ ဟား ဟား ဟား ... ။ ”

ကျင်းဖုန်မှ ရယ်၏။

“ ငါ့ထက် ဆယ်ဆ သာတာလား၊ ဒါဆို ဘာလို့ စင်ပေါ် ... ၊ မတက် ရတာလဲ၊ ဘယ်သူ က အမှိုက်၊ ဘယ်သူက ရတနာ ဆိုတာ၊ သိချင် သား။ ”

“ မိန်းကလေး လင်း ... ၊ မင်း သူ့လို လူနဲ့ တုပ မနေ ပါနဲ။ ”

လင်းယွန်က လင်းဝမ်ကို ပြုံးလျက်၊ လှမ်းတား လိုက်သဖြင့်၊ ကျင်းဖုန် ခမျာ ဒေါသ ထွက်သွား သည်။။

ဤလူငယ်သည် သူ့အဖေ အား လူ မြင်ကွင်း၌၊ ရိုက်နှက် ခဲ့၏။ ၎င်းအား သင်ခန်းစာ ပေးရန် စိတ်ကူး ထားသည်။

သို့သော် လင်းဝမ်နှင့် လောရှုရီ တို့မှာ၊ နတ်သမီး လေးဖြင့်၊ ခင်မင် နေသော ကြောင့်၊ သူ့အား ကာကွယ်ရန် ကြိုးစား လာသည်။

“ ဘယ်သူများ ... မီးလွင်ပြင် ထဲက ဖီးနစ်ကို စမ်းကြည့်ချင် သေးသလဲ။ ”

မုရွယ်လင်မှ လူအုပ်ထံ ဝေ့ကြည့်ကာ၊ မေးလိုက်သည်။

“ ကျွန်တော် ကျန်းမူက ဆန္ဒ ရှိပါတယ်။ ”

ခရမ်းရောင် ၀တ် လူငယ် တစ်ဦးက ပေါ့ပါးသော အပြုံးဖြင့် ထရပ် လာ၏။ ၎င်းသည် နတ်နဂါး အင်ပါယာ၏ သူတော်စင် မိသားစုမှ ဖြစ်ပြီး၊ ရေခဲ နယ်မြေ၌၊ ဩဇာ ရှိသည့် အင်အားစု တစ်စု ဖြစ်သည်။

ခွန်လွန်တွင် ကောင်းကင်၊ မြေကြီး၊ တော်ဝင်၊ လေ၊ မီး၊ လျှပ်စီး၊ ရေခဲနှင့် ပျက်စီးခြင်း ဟူသော ရှေးဟောင်း နယ်မြေ ကြီးများ ရှိ၏။

လေ၊ မီး၊ လျှပ်စီးနှင့် ရေခဲ ဟူသည့်၊ နယ်မြေများမှာ၊ အင်ပါယာ အုပ်ချုပ်မှု အောက်၌ ရှိသည်။

ကောင်းကင်၊ မြေကြီး၊ တော်ဝင်နှင့် ပျက်သုဉ်းမြေ တို့သည် အင်ပါယာ ပြင်ပတွင် ဖြစ်သည်။

အင်ပါယာ၏ ကနဦး အစီ အစဉ် အရ၊ ရှေးဟောင်း ဟောင်းပျက်သုဉ်း မြေသည် အရှေ့ ဘက်တွင် တည်ရှိ သောကြောင့်၊ ဦးစွာ သိမ်းယူရန် ဖြစ်သည်။

ထို့နောက် ကျန်နယ်မြေ သုံးခု ဖြစ်၏။ ယင်းအတွက် အင်ပါယာ နန်းတော်ကို၊ အဆိုပါ နယ်မြေ (၄)ပါး အလယ်၌ တည်ထား ခဲ့သည်။

ဤနည်းဖြင့် နယ်မြေ လေးခု၏ အင်အားစုများ မချိတ်ဆက် မိစေရန်၊ ရည်ရွယ် ခဲ့သည်။

အရှေ့ဘက် ပျက်စီးမြေ၊ အနောက် ဘက် သဲကန္တာရ၊ တောင်ပိုင်း နယ်စပ်နှင့် မြောက်ပိုင်း လွင်ပြင် တို့တွင်၊ ရှေး အင်အားစုများ ရှိ၏။

မြင့်မြတ်မြေ (၆)ပါး၊ သွေးလ ဂိုဏ်းနှင့်၊ နတ်မိစ္ဆာ တံခါး တို့သည်၊ အရှေ့ဘက် ပျက်စီး မြေ၌ တည်သည်။

အနောက်ဘက် သဲကန္တာရ အတွင်းတွင် ရှေးဟောင်း ဗုဒ္ဓ ဘာသာ ကျောင်းတိုက်များ တည်ရှိ၏။

တောင်ပိုင်း နယ်စပ် ဒေသ၌ သားရဲ မျိုးနွယ်စုများ၊ လူရိုင်း အနွယ်ဖွား များနှင့် စုန်း ကဝေများ ရှိသည်။

မြောက်ပိုင်း လွင်ပြင်၌၊ မိစ္ဆာ ကျင့်ကြံသူ မျိုးနွယ်စုများ အခြေချ နေထိုင်ပြီး၊ ၎င်းတို့သည် နတ်ဘုရား တိုက်ပွဲ အပြီးတွင်၊ ရုတ်တရက် ပေါ်ပေါက် လာသော အင်အား စုများ ဖြစ်၏။

ထို့ကြောင့် အင်ပါယာ၏ အထွတ် အထိပ် အခြေ အနေ ဖြင့်ပင်၊ ခွန်လွန်အား သိမ်းယူရန်၊ ခက်ခဲ လေသည်။

သည့်ပြင် နေရာတိုင်း၌ အမှောင်ခေတ် ပြန်လာမည် ဟူသော အသံ များလည်း ကြားနေ ခဲ့ရသည်။

အထူး သဖြင့် ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်စု ဝင်များသည် လုံးဝ သေဆုံး သွားခြင်း မရှိ ခဲ့ချေ။ ကျန်းမူကို ပြန်ကြည့် မိချိန်၌၊ သူ အတွေး လွန် နေသည်ကို သတိ ရလာသည်။

ကျန်းမူသည် သန်မာပြီး ဆဋ္ဌမတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်၏။ မတ်တပ်ရပ် နေသူ များတွင်၊ ၎င်း ကဲ့သို့သော ကျင့်ကြံမှုဖြင့် လူ လေး-ငါးယောက်ခန့် ပါရှိသည်။

သူတို့ အားလုံးက ကောင်းစွာ သိုဝှက် ထားကာ၊ ကျင်းဖုန်လောက် ဝင့်ကြွားမှု မရှိ ကြချေ။

ဤစမ်းသပ်မှုသည် ဆုလာဘ် မျှသာ မဟုတ်ဘဲ၊ မည်သူ မည်မျှ အရည် အချင်း ရှိမှန်း၊ သိလိုခြင်း ဖြစ်ကြောင်း သူတို့ သိ၏။

မုရွယ်လင် ဟူသည် ဧကရာဇ် အသံကို ဖန်တီး နိုင်သူ ဖြစ်ရာ၊ သူမ၏ ပုဂ္ဂိုလ် ရေးရာ လမ်းညွှန်မှု ခံရ ပါက၊ ခွန်အားများ သိသိ သာသာ တိုးနိုင်မည်။

ပါဝင်သူ ဆယ်ဦးက၊ စင်မြင့် ပေါ်သို့ တက်လာ ကြသည်။ ထို့နောက် ဗျပ်စောင်းအား စတင် တီးခတ် တော့၏။

၎င်းတို့ အားလုံးသည် ပါရမီရှင်များ ဖြစ် သဖြင့်၊ အနည်းငယ် ရပ်ဆိုင်း သွားခြင်းမှ လွဲ၍၊ အမှား အယွင်း မရှိ ခဲ့ချေ။

“ သူတို့က တကယ့် လူတွေပဲ။ ”

လင်းဝမ်က လင်းယွန် အနား ကပ်လာကာ၊ တိုးတိုးလေး ပြောသည်။

“ နုတ်တွေ အကုန် လုံးကို သိရင်တောင် ရှေးဟောင်း သီချင်း တစ်ပုဒ် တီးဖို့ မလွယ်ဘူး၊ သခင်လေး လင်း ... မင်းက ဂန္ဓဝင် သီချင်းတွေ ကျွမ်းကျွမ်း ကျင်ကျင် တီးတတ် တာပဲ၊ ဘာလို့ မစမ်း ကြည့်တာလဲ။ ”

လောရှုရီမှ မေးသည်။ အထူး သဖြင့် သွေးဦချို မြွေနက်အား၊ တိုက်ခိုက်စဉ် ဂန္ဓဝင် သီချင်း တစ်ပုဒ်၊ တီးခတ်ခဲ့ သည်အား၊ သူမ မြင်ထားသည်။

ထိုသီချင်းသည် ရှေးကျ လှပြီး၊ ခက်ခဲ လှသဖြင့်၊ ဤစင်မြင့် ပေါ်ရှိ လူများထက် နိမ့်ကျခြင်း မရှိချေ။

“ အရင်ဆုံး ကြည့်ရအောင်။ ”

လင်းယွန်မှ ပြုံးလိုက်၏။ အချိန် ကြာလာ သည်နှင့် အမျှ၊ တေးသွား များမှာ၊ အမြင့်ဆုံး ရောက်ရှိ သွားပြီး၊ မီး ပင်လယ်ကြီး စတင် ပေါ်ပေါက် လာသည်။

ဆယ်ယောက် အနက် ကျင်းဖုန်၏ စွမ်းဆောင်မှုသည် အကောင်းဆုံး ပေပင်။ ဖီးနစ် ကောက်ကြောင်း ကိုပင် ဆင့်ခေါ် ထား နိုင်၏။

ဖီးနစ်များ ပျံသန်း လာစဉ်၊ သူတော်စင် နန်းဆောင် တစ်လုံး မီးတောက်များ ပြန့်ကျဲ ကုန်သည်။

တစ်ဖက်တွင် ကျန်းမူနှင့် အခြားသော သူတော်စင် မိသားစုဝင် များမှာ၊ စွမ်းဆောင် ရည်ကို သိုဝှက် ထားကြောင်း၊ သတိ ထားမိ သည်။

ကျင်းဖုန်နှင့် ယှဉ်ပြိုင်ရန် ဆန္ဒ မရှိ သော်လည်း၊ ၎င်းတို့ ခေါ်ယူ ထားသော ဖီးနစ် များတွင်၊ ဝင့်ကြွားမှုများ အပြည့် ရှိသည်။

“ စီနီယာ အစ်ကို ကျင်းက အရမ်း ထက်မြက် တာပဲ။ ”

“ သူက ကောင်းကင် ရနံ့ သင်းသင်းရဲ့ တပည့် တစ်ဦးပဲ၊ သူ့ကို ဘယ်သူက ယှဉ်နိုင် မှာလဲ။ ”

တီးခတ် ပြီးသော အခါ၊ လေထု အတွင်း အပူရှိန်များ ကျန်ရစ်ဆဲ ဖြစ်သည်။ ကျင်းဖုန်မှာ မျှော်လင့်ချက်ဖြင့် မုရွယ်လင်ထံ ကြည့်သည်။

“ လူတိုင်း ကောင်းကောင်း ... အာရုံစိုက် ခဲ့တာ မြင်သာ ပါတယ်၊ အကဲဖြတ် ရမယ် ဆိုရင်၊ ကျင်းဖုန်က အကောင်း ဆုံးပဲ၊ ဒါပေမယ့် အနု ပညာ အယူ အဆ ကင်းမဲ့ နေသေးတယ်၊ ပိုပြီး လေ့ကျင့် ပါ၊ ရော့ ... မင်းရဲ့ ဆုလာဘ်။ ”

မုရွယ်လင်မှ သူတော်စင် ဆေးလုံးကို ပေးအပ် လိုက် ပြီးနောက်၊ အကြည့် များမှာ ကျန်းမူ တို့ထံ၊ သက်ရောက် သွားသည်။

ဤလူငယ် များ၏ ဂီတတွင် အနု ပညာ အယူ အဆ အချို့ ပါဝင် သော်လည်း၊ တိကျမှု မရှိ ခဲ့ချေ။ လေ့ကျင့်ရန် အချိန် အနည်းငယ် လိုအပ် နေပုံ ရသည်။

“ ဒီနေ့တော့ ... ဒီလောက် ပါပဲ။ ”

မုရွယ်ချင်းက ပျံသန်းလျက်၊ ထွက်ခွာ သွားတော့သည်။ လူအများ အပြားက ကျင်းဖုန် အား၊ ချီးကျူး စကား ဆိုကုန် ကြ၏။

“ သွား ရ အောင်၊ ငါမှာ ဒီသီချင်းနဲ့ ပတ်သတ်ပြီး၊ ထိုးထွင်း သိမြင်မှု အချို့ ရထား တယ်၊ ပြန်ရောက်ရင် မင်းတို့ အတွက် ... ၊ ငါ ကစား ပြမယ်။ ”

လင်းယွန်က မတ်တပ် ထရပ်ကာ ပြော လိုက်သည်။ အစောပိုင်း မုရွယ်လင် ခေါ်ခဲ့သော ဖီးနစ်၏ ချို့ယွင်းချက်ကို၊ ရှာဖွေ တွေ့ရှိ ထားပြီ ဖြစ်သည်။

“ ကောင်း ပြီ ... ။ ”

လင်းဝမ်နှင့် လောရှုရီ တို့က၊ ဂီတ တာအိုတွင် လင်းယွန်၏ အုတ်မြစ်မှာ နက်ရှိုင်း ကြောင်း သိထား သဖြင့်၊ မျက်ဝန်းများ တောက်ပ လာခဲ့သည်။

“ လင်းရှောင် မင်းက မိန်းမ တွေနဲ့ ပတ်သတ်ရင်၊ တော်တော် ကံကောင်း တာပဲ။ ”

ကျင်းဖုန်က လူအုပ်ကို ဖြတ်ကာ လင်းယွန်ထံ လျှောက်လှမ်း လာလျက်မှ ပြော လိုက်လေသည်။

“ လင်းဝမ်နဲ့ လောရှုရီက ... နတ်သမီး လေးနဲ့ သိုင်းညီအစ်မ တေွပဲ၊ မင်းက သူတို့ကို အသုံး ချပြီး၊ ငါတို့ရဲ့ နတ်သမီးဆီ ချည်းကပ်ဖို့၊ ကြံရွယ် နေတာ လားလို့ ... တွေးမိတယ်။ ”

ကျင်းဖုန်က ကောက်ကျစ်စွာ ပြုံးလျက် ဆိုလိုက် တော့သည်။

“ ဟမ့် ... ဒီလို အကြံစည် ရှိနေ တာလား ... ၊ ငါတို့ရဲ့ နတ်သမီး လေးက ... ၊ သူနဲ့ မထိုက်တန် ပါဘူး။ ”

“ ဂီတ အပေါ်၊ သူရဲ့ နားလည် နိုင်စွမ်းက အလယ် အလတ် ပါပဲ၊ ဒါကို အရှက် မရှိ ကြံဝံ့ တယ်လား။ ”

ကျင်းဖုန် စကားကြောင့် လူတိုင်း၏ အမြင်များ ပြောင်း သွားသည်။ အဆုံးတွင် နတ်သမီးလေး ဟူသည်၊ ကောင်းကင် ရနံ့ သင်းသင်း၌ နတ်ဘုရား ဖြစ်၏။

“ ကျင်းဖုန် အမှိုက်၊ နင် ဘာတွေ မဟုတ်တာ ပြောနေ တာလဲ။ ”

တစ်ဖက် လူ၏ ရည်ရွယ်ချက်ကို နားလည်လာ သဖြင့် လင်းဝမ် မျက်နှာ ပျက်ယွင်း သွားသည်။

“ အမှိုက်လား၊ ငါ မင်းနဲ့ ဖြေရှင်း စရာ ရှိသေးတယ်၊ ဒီလူရိုင်းက ငါ့ထက် ဆယ်ဆ ပိုပြီး အရည် အချင်း ရှိတယ်လို့၊ စောစောက မင်း ပြောခဲ့တယ် မဟုတ်လား၊ ...

... အဲဒီ စော်ကားမှု အတွက်၊ မင်း ငါ့ကို မတောင်းပန်ရင် ... ဒီနေ့ ထွက်သွားဖို့ မစဉ်း စားနဲ့။ ”

ကျင်းဖုန်၏ စကား များသည်၊ စိတ် အနှောက် အယှက် ဖြစ်လာ သဖြင့်၊ လင်းယွန် မှ မျက်ခုံးပင့် လိုက်သည်။ ဤလူသည် စကားများ လွန်းချေပြီ။

“ မိန်းကလေး လင်း ပြောတာ မှန်တယ်၊ ဒါကြောင့် မင်းကို တောင်းပန် စရာ မလို ပါဘူး။

လင်းယွန်က ဝင်ပြောပြီး၊ လင်းဝမ်နှင့် လောရှုရီ တို့အား ထွက်ခွာရန် ဦးဆောင်လိုက် လေသည်။

“ ဟား ဟား ဟား ... ဟုတ်လား။ ”

ကျင်းဖုန်က ရယ်မောလျက် ကေျာခိုင်း သွားသော၊ လင်းယွန် ထံသို့ လက်ဖဝါးဖြင့် ရိုက်ချ လိုက် တော့သည်။

***

All Chapters