← Chapters

ဒေါသ ... ။

Vol. 122 Ch. 1695

ဒေါသ ... ။

Vol. 122 Ch. 1695

မျက်စိ တစ်မှိတ် အတွင်း ကျင်းဖုန်က လင်းယွန် အနား ရောက်ရှိ လာသည်။ ၎င်းမှ ရောင်ဝါသည် လင်းဝမ်နှင့် လောရှုရီ တို့ကိုပင်၊ သက်ရောက် စေသဖြင့်၊ စိုးရိမ် သွား၏။

“ သတိထား ... ။ ”

လင်းယွန် မှာမူ ထိတ်လန့်ခြင်း မရှိဘဲ၊ လောရှုရီတို့ နှစ်ဦးအား တွန်းထုတ် လိုက်သည်။ ထို့စဉ် ကျင်းဖုန် လက်ဖဝါးမှာ၊ သူ့ အပေါ် ကျရောက် လာတော့၏။

“ ဖပ် ... ။ ”

ဤလက်ဖဝါးသည် အရိုးကို ချိုးကာ၊ အတွင်းအင်္ဂါများ အပေါ်၊ သက်ရောက်မှု ရှိစေ မည်ဟု၊ ကျင်းဖုန်မှ မျှော်လင့် ထားသည်။

သို့သော် လင်းယွန် ခန္ဓာ ကိုယ်၌၊ နဂါး ရူရ်များ ပြည့်ကျပ်စွာ ရောယှက် နေ သဖြင့်၊ ထိုသို့ ဖြစ် မလာ ခဲ့ချေ။

“ ခရစ် ... ။ ”

အနည်းငယ်သာ ကွဲအက်လျက် မိုးခြိမ်း သံများ တဟုန်ထိုး ထွက်ပေါ် လာသည်။ လေ နှင့် လျှပ်စီများ လက်လာကာ၊ သူ့ လက်ဖဝါးကို တည်ငြိမ်စွာ ခံယူ သွားသည်။

“ ငါ ... မယုံဘူး။ ”

ကျင်းဖန်မှ အေးစက်သော အသွင်ဖြင့်၊ ပဉ္စမမြောက် ကျင့်ကြံမှု ခွန်အားကို ထုတ်ဖော် ပြီး၊ လက်သီး မိုးများ ရွာချ ပစ်၏။

“ ဝုန်း ... ။ ”

တိုက်မိ သံများ တဝုန်းဝုန်း မြည်ကာ၊ ကြမ်းပြင် ကွဲသွားသည်။ သို့တိုင် လင်းယွန်မှာ ရပ်နေမြဲ ဖြစ်၏။

ပျက်စီး သွားသည့် နေရာ၌၊ အသစ် အသစ်သော နဂါး ရူရ်များက၊ အစားထိုး ဖြစ်ပေါ် လာလေသည်။

“ ဘုန်း ... ။ ”

ထိုးချက်ပေါင်း ရာဂဏန်းခန့်၊ ပစ်လွှတ်ပြီး ချိန်တွင်၊ လင်းယွန်မှ သူ့အား ပြန် မော့ကြည့် ကာ၊

“ ပျော်စရာ ကောင်းလား။ ”

-ဟု မေးလာ တော့သည်။

ယင်းကြောင့် ချက်ချင်း နောက်ဆုတ် လိုက်၏။ သို့သော် တစ်ဖက် လူ၏ လက်သီး ချက်က၊ ဝင်ရောက် လာပြီ ဖြစ်သည်။

“ ဝေါ့ ... ။ ”

နဂါး ဟောက်သံ ရုတ်တရက် ကြားလိုက် ရကာ၊ လျှပ်စီး မိုးကြိုးများ တဖျပ်ဖျပ် လက်လာ ပြီး၊ ကျင်းဖုန် ခမျာ သွေးအန်လျက် လွင့်ထွက် သွားတော့၏။

“ ဝှစ် ... ။ ”

မြေပြင်ပေါ် ဆင်းသက် ချိန်၌၊ နောက်သို့ ခြေသုံးလှမ်း ဆုတ်ခွာကာ ဟန်ချက်ကို ညှိယူ လိုက်သော်လည်း၊ လဲကျ သွားလေသည်။

“ ဒါ ... ဒါက ။ ”

လူတိုင်းက ဤလင်းယွန်သည် ဘီလူး တစ်ကောင် ဖြစ်ကြောင်း တွေးမြင်လာ မိသဖြင့်၊ တိတ်ဆိတ် သွား၏။

အဆုံးတွင် လူသား တစ်ဦးသည် ပဉ္စမမြောက် သွေးလွှတ်ကြောမှ ကျွမ်းကျင်သူ ကို၊ ခန္ဓာကိုယ် ခွန်အား သက်သက်ဖြင့်၊ ရင်ဆိုင် နေခြင်း ဖြစ်လေသည်။ ယုံနိုင် စရာ မရှိချေ၊

ကျင်းဖုန် တစ်ယောက် မျက်နှာ ဖြူဖျော့ လာပြီး၊ ခန္ဓာကိုယ် အတွင်းမှ မိုးကြိုး စွမ်းအင် များကို မဖြေရှင်း ရသေး သဖြင့်၊ ပါးစပ်မှ သွေးများ ထွက်လာ တော့သည်။

အနားရှိ ဖျာတစ်ချပ် ဆီသို့ ရွေ့လျား လိုက်ကာ၊ လင်းယွန်ကို အေးစက်စွာ ကြည့် လျက် ထိုင်ချ လိုက်၏။

“ မင်းက တကယ့် လူရိုင်းပဲ၊ ကောင်းပြီ ... ဂီတ သမား တစ်ယောက်ရဲ့ ... ခွန်အား အစစ် အမှန်ကို ငါ ပြမယ်။ ”

သို့မှသာ လူတိုင်းက သတိ ရလာသည်။ ကျင်းဖုန်သည် ကျင့်ကြံမှု မြင့်မား သော်လည်း၊ သိုင်းပညာ တိုက်ပွဲ၊ အတွေ့ အကြုံ များစွာ မရှိပေ။

သူ၏ တိုက်ပွဲဝင် စွမ်းအားမှာ၊ ဂီတ ဖြစ်သည်။ ဆဋ္ဌမတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် ခွန်အားနှင့် အရိယာ အသံသည်၊ လင်းယွန်ကို သတ်ရန် လုံလောက်၏။

“ ဒင် ... ။ ”

လက်ချောင်းများ ဗျပ်စောင်းပေါ် ကျ ရောက်လာ သောအခါ၊ ကျင်းဖုန်၌ တိုက်ပွဲဝင် ဆန္ဒများ၊ ပြန်လည် ရရှိ လာသည်။

“ ဂီတ ဝါသနာရှင်။ ”

လင်းယွန် မျက်ဝန်းများ အတွင်း၊ သတ်ပစ် လိုသော ရည်ရွယ်ချက်များ ပေါ်ပေါက် လာပြီး၊ ပြုံး လိုက်သည်။

ရှေးဟောင်း ပျက်သုဉ်း မြေမှ ထွက်လာ ပြီးနောက်၊ ဤကျင်းဖုန်သည် စိတ် အနှောက် အယှက် အပေးဆုံး ဖြစ်၏။

သူ့တွင် ဒဏ်များသာ မရှိက၊ ကောင်းကင် အမိုးဓား သုံးကာ တစ်ချက် တည်းဖြင့်၊ သတ်နိုင် သည်။

ကျင်းဖုန်က မီးလွင်ပြင် ထဲက ဖီးနစ်ကို တီးခတ် ခဲ့သည်။ ပတ်ဝန်းကျင် အပူချိန် တိုးလာ ပြီး၊ လက်ချောင်း များမှ တဆင့်၊ အသံ လှိုင်းများ ပျံ့လွင့် သွား၏။

“ ဒင် ... ။ ”

အသံလှိုင်း တစ်ခုစီသည် ကြောက်မက်ဖွယ် ကောင်းသော အပူလှိုင်း တစ်ခု ဖြစ် သော်လည်း၊ လင်းယွန်က ထိတ်လန့်ခြင်း မရှိချေ။

“ ဝှစ် ... ။ ”

မယုံနိုင် စရာ ကောင်းလောက်အောင် လျင်မြန်သော အသွင်ဖြင့်၊ အသံလှိုင်း များကို ရှောင်တိမ်း နေခဲ့သည်။

“ ဘန်း ... ။ ”

ထို့နောက် မီးတောက် များကို၊ ကြုံသလို လက်သီးဖြင့် ထိုးခွဲ ပစ်သည်။ ရှေးဟောင်း ဂီတ အသံ၏ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်း ချေ၏။

လှိုင်းများ အကြား၊ လူးလွန့် နေသော လှေငယ်လေး တစ်စင်း ကဲ့သို့၊ လင်းယွန်အား အန္တရာယ် ရှိသည့်၊ အနေ အထားတွင် ကျရောက် စေခဲ့သည်။

သို့သော် အချိန် အတော်ကြာ သည့်တိုင်၊ ထိခိုက်မှု မရှိကြောင်း လူတိုင်း တဖြည်းဖြည်း သတိထား လာမိ ကြ၏။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

“ လင်းရှောင်ရဲ့ ... ၊ လှုပ်ရှားမှု တွေကို ကြည့်စမ်း၊ ဂီတ စည်းချက်နဲ့ ကိုက်ညီ နေတယ်၊ အစ်ကိုကျင်း ထက်တောင်၊ မီးလွင်ပြင် ထဲက ဖီးနစ် အပေါ်၊ ပိုမို ကျွမ်းကျင် နေပုံပဲ။ ”

“ ထူးဆန်းတယ် ... ။ ”

တစ်စုံ တစ်ယောက်မှ၊ ဖြစ်ပျက် နေသည် များကို သတိ ပြုမိ လာပြီး၊ အော်ဟစ် လိုက်လေ သည်။

ဗျပ်စောင်း သံများ မြိုင်လာ ချိန်တွင်၊ မီးလွင်ပြင်၌ ဖီးနစ် တစ်ကောင် ထင်ရှား လာ တော့၏။

“ ကျီး ... ။ ”

“ ဖရူး ... ။ ”

ဖီးနစ်က ဟစ်အော်ပြီး၊ အတောင် ပံများ ဖြန့်ကာ၊ ခတ်ထုတ် လိုက်သဖြင့်၊ ကမ္ဘာ ပေါ်ရှိ အရာ အားလုံးကို၊ မီးရှို့ လောင်ကျွမ်း နိုင်သည် ဟူသော ခံစားချက်မျိုး၊ ပေးစွမ်း လာသည်။

“ မြစ်ရေက တောင်တွေကို ဖြတ်ပြီး ... စီးဆင်း လာချိန်မှာ၊ လေပြည်က သစ်ရွက်လေး တွေကို၊ သယ်ဆောင် ခဲ့တယ်၊ ငါ တွန်ကျူးပြီး၊ ငါ့ အရိပ်နဲ့ ... ငါ ကစားမယ်။ ”

လင်းယွန်က သူ နားလည်သော၊ မီး လွင်ပြင်ထဲက ဖီးနစ်ကို သီဆို လိုက်သည်။ ထို သီချင်း သံကြောင့်၊ ကျင်းဖုန် ဖီးနစ်မှာ၊ သူ့ထံ ငုံ့ကြည့်ပြီး၊ တုန်ယင် လာ၏။

ထိုအချိန်၌ နဂါး ရူရ် တစ်သိန်းသည် လင်းယွန် လက်၌ စုရုံး လာ တော့သည်။ လေ နှင့် လျှပ်စီးများ တိုက်ခတ် လာပြီး၊ ငွေရောင် လေစုပ်ဝဲ ပေါ်လာ၏။

ဤသည်မှာ နဂါး ထွက်သက် ဖြစ်လေသည်။

“ လာ ... ။ ”

လင်းယွန်က သူ့လက်ကို လှမ်း လိုက်ရာ၊ လက်ဖဝါးရှိ ရေဝဲများက ဖီးနစ်အား စုပ်ယူလိုက် တော့၏။

“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”

ကျင်းဖုန်မှ အံသြ သွားသည်။

“ မယုံ နိုင်စရာပဲ။ ”

ပတ်ဝန်းကျင်မှ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်ကုန်သည်။ လက်အား ဆန့်ထုတ် လိုက်ရုံဖြင့်၊ ဖီးနစ် တစ်ကောင်ကို ဝါးမျို သွား၏။

၎င်းသည် အဆင့်နိမ့် တစ္ဆေ ဝိညာဉ် သိုင်းပညာရပ်နှင့် ယှဉ်နိုင်သော ရှေးဟောင်း ဂီတ အမျိုးအစား၏၊ ဖြစ်စဉ် ဖြစ်သည်။

ရှေးဟောင်း သူတော်စင် မိသားစုဝင် တပည့်များ ဖြစ်သည့် ကျန်းမူနှင့် ကျန် သူများ မှာ၊ ထိတ်လန့် သွား၏။

ရုတ်တရက် လင်းယွန်က လက်သီး ဆုပ်လိုက်ရာ၊ မွေးကင်းစ ဖီးနစ် တစ်ကောင် ပျံထွက် လာသည်။

အမွေး အတောင် တစ်ခု စီတွင်၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်များ ပါဝင်ပြီး၊ အဆင်းက ငွေရောင် ဖြစ်၏။

“ ကျီး ... ။ ”

ထိုဖီးနစ် အော်သံသည် ကောင်းကင်ကို တုန်လှုပ် စေသည် အထိ၊ အားမာန် ပါဝင် နေ သည်။ လက်သီးဖြင့် အထိုး ခံရသော ကျင်းဖုန် တစ်ယောက် သွေး တစ်လုတ် အန်လိုက် ရသည်။

ဗျပ်စောင်း ကြိုးများ အားလုံး၊ ဖီးနစ် အသံအောက်၌၊ ပြတ်ထွက် ကုန်သည်။ ဖီးနစ်က နန်းဆောင် အတွင်း အချိန် အနည်းငယ် ကြာအောင်၊ ပျံသန်း နေခဲ့၏။

ဤအခိုက်တွင် သူ့လမ်း ပေါ်ရှိ လူတိုင်း၏ တူရိယာ ကြိုးများ ပြတ်တောက် သွားသည်ကို၊ တွေ့ရှိ လိုက်ရသည်။

“ ကောင်းကင်ဘုံ ကိုးပါးက ဖီးနစ် တွန်ကျူးသံ။ ”

ကောင်းကင် ရနံ့ သင်းသင်း အနှံ့ ပျံ့ကျဲနေသော၊ အကြီးအကဲ အများ အပြားမှာ၊ သူတော်စင် နန်းဆောင် ထံသို့၊ မျှော်ကြည့် မိ ကုန်သည်။

ယင်း သည်သာ အစစ် အမှန် ဂီတ ဖြစ်၏။ ဂီတ တာအို၌ အောင်မြင်မှု တစ်ခုရမှ သာလျှင်၊ မြင်နိုင်သော ဖြစ်စဉ် ပေပင်။

“ ဟမ့် ... ။ ”

သူတော်စင် နန်းဆောင်မှ ထွက်ခွာ လာခဲ့သော မုရွယ်လင်က ရုတ်တရက် အံဩ စွာဖြင့် ပြန်လှည့် ကြည့် လိုက်သည်။

ထိုအချိန်တွင် သူတော်စင် နန်းဆောင် အတွင်း မီးတောက်များ ဖုံးလွှမ်း နေသော ငွေ ဖီးနစ် တစ်ကောင်က၊ ကျင်းဖုန် အပေါ်၊ ရစ်ဝဲ နေခဲ့သည်။

“ လာ ... ။ ”

လင်းယွန်က အလွတ် မပေးဘဲ၊ လက်ကို ဝှေ့ယမ်းပြီး၊ ကျင်းဖုန်ကို လေထဲ မြှောက်ကာ ပါးရိုက် ချ လိုက်သည်။

“ ဖြောင်း ... ။ ”

ပါးရိုက်သံမှာ ကျယ်လောင်စွာ ပဲ့တင် ထပ်လာ၏။ ပါးရိုက်ချက်ကြောင့် ကျင်းဖုန် ခမျာ လေထဲ အကြိမ်ကြိမ် လည်ထွက် သွားပြီး၊ ကြမ်းပြင်ပေါ် ပြုတ်ကျ သွားတော့သည်။

“ လင်းရှောင် မင်း သေပြီ၊ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင် စေရဘူး။ ”

ကျင်းဖုန်မှာ ဒေါသ ထွက်လာပြီး၊ ပြန် တိုက်ရန် ချက်ချင်း ထရပ် လိုက်သည်။ သို့သော် လင်းယွန်က အနား ရုတ်ချည်း ရောက်လာ သဖြင့်၊ နောက်ဆုတ် ပေးလိုက် ရ၏။

“ မင်း ဘာလုပ်ဖို့ ... ကြိုးစား နေတာလဲ။ ”

“ မင်းကို ... ၊ ဒုက္ခိတ ဖြစ်အောင် လုပ်ပေး မလို့။ ”

“ ဟား ဟား ဟား ... သေချာလား။ ”

လင်းယွန် အဖြေကြောင့် ကျင်းဖုန်က ရယ်သည်။ သူ့ အဖေ ကျင်းယွီသည် စည်းကမ်း ထိန်းသိမ်းရေး ခန်းမ၏၊ မဟာ အကြီး အကဲ ဖြစ်သည်။

ယင်း အဆင့် အတန်းမှာ၊ သူတော်စင် အကြီးအကဲ ပြီးနောက် ဒုတိယ လိုက်လေသည်။ ရှေဟောင်း သူတော်စင် မိသားစု များပင်၊ သူ့ အဖေကို မျက်နှာသာ ပေးရ၏။ ဤ အရိုင်း အစိုင်း ကောင်သည် ယင်းကို သိပုံ မရချေ။

“ မင်း ဝံ့ရင် ... စမ်းကြည့်လေ။ ”

ထို့ကြောင့် ကြောက်စိတ် များကို မောင်းထုတ်ကာ၊ လင်းယွန်အား လှောင်ပြောင် စိန်ခေါ် လိုက်သည်။

“ သခင်လေး လင်း စိတ်လျော့ပါ။ ”

လင်းဝမ်နှင့် လောရှုရီက မျက်နှာများ ပျက်ယွင်း သွားပြီး၊ လင်းယွန်ကို သတိပေး မိသည်။

“ ဘာလို့ ... မဝံ့ ရမှာလဲ။ ”

လင်းယွန်မှ စကားဆုံး သည်နှင့်၊ လက်ချောင်း များတွင်၊ လျှပ်စီးများ လက်လာ ပြီး၊ ကျင်းဖုန်၏ ရင်ဘတ်ထဲ ထိုးနှိုက် လိုက်သည်။

“ အား ... ။ ”

ကျင်းဖုန် တစ်ယောက် နာကျင်စွာ အော်ဟစ်မိ၏။ သူ မည်မျှပင် ရုန်းကန် စေကာမူ၊ အချည်းနှီး ဖြစ်နေသည်။

မိုးကြိုး မုန်တိုင်း စွမ်းအင် များက၊ ခန္ဓာ အတွင်း ဝင်ရောက် လာပြီး၊ နဂါး ငါးကောင်ကို ခေျမွပစ် လိုက်၏။

ထို့ကြောင့် အော်သံပင် မပြုနိုင် တော့ဘဲ၊ ချက်ချင်း ကြမ်းပြင်ပေါ် ပြိုကျ သွားတော့သည်။ ပတ်ဝန်းကျင်ရှိ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်ကုန်၏။

ကျန်းမူနှင့် အခြား သူများမှာ၊ ထိတ်လန့် သွားသည်။ ဘဝ တစ်လျှောက် ဤမျှ ရက်စက် သော လူမျိုး မကြုံ ဖူးချေ။

“ မဟုတ်ဘူး၊ မဟုတ်ဘူး ... ။ ”

ကျင်းဖုန်က သတိ ပြန်ဝင် လာပြီး၊ ကြမ်းပြင်ပေါ် လက် ထောက်ကာ၊ ထရပ်ရန် အကြိမ်ကြိမ် ကြိုးစား တော့သည်။

“ မင်း ... အား ... ။ ”

သို့သော် မော့ အကြည့်တွင် လင်းယွန်က သူ့ညာ လက်ချောင်း များကို နင်းချေ လာလေ သည်။

“ အား ... ။ ”

ပြီး ဘယ်ဘက် လက်ထံ ရွေ့သွား၏။ လက်ချောင်း ဆယ်ချောင်းသည်၊ နှလုံး သားနှင့် တိုက်ရိုက် ချိတ်ဆက် နေသော ကြောင့်၊ နာကျင် မှုမှာ ခိုင်းနှိုင်း စရာ စကားလုံး မရှိချေ။

ကျင်းဖုန်၏ အော်သံကြောင့် လူတိုင်း ကျောရိုးများ စိမ့်တက် လာကာ၊ ချွေးများ သီးထ လာ တော့သည်။

ရက်စက် လွန်းချေ၏။ ကျင်းဖုန် တစ်ယောက် အမှန်ပင် ဒုက္ခိတ အဖြစ်သို့ ရောက်ရှိ သွားပြီ ဖြစ်သည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် လူရိပ် ဆယ်ရိပ် ကောင်းကင်မှ ဆင်းသက် လာကာ သူတော်စင် နန်းဆောင်ထဲ ပြေးဝင် လာသည်။

ကောင်းကင် ရနံ့ သင်းသင်းမှ၊ စည်းကမ်း ထိန်းသိမ်းရေး ခန်းမ၏ အကြီး အကဲများ ဖြစ် ချေပြီ။

နန်းဆောင် အတွင်း ရောက် သည်နှင့် မြင်လိုက် ရသော မြင်ကွင်းကြောင့်၊ အံ့အားသင့် သွားကြသည်။

“ မင်း ဘယ်လိုတောင် သတ္တိ ရှိလဲ၊ ငါ့ရဲ့ ကောင်းကင် ရနံ့ သင်းသင်း တပည့်ကို၊ လုပ်ဝံ့ တယ်ပေါ့။ ”

အဖွဲ့ ခေါင်းဆောင် အကြီး အကဲမှ ကြမ်းပြင်တွင်၊ ညည်းတွား လူးလှိမ့် နေသော ကျင်းဖုန်အား ကြည့်ပြီး၊ လင်းယွန်ကို အော်ငေါက် လိုက်၏။

လက် နှစ်ဖက်လုံး အရိုးများ ကြေမွလျက်၊ အသားစ များသာ ကျန်ရစ်သော သူ့သား အဖြစ် ကို မြင်သော်၊ ကျင်းယွီ တစ်ယောက် မည်မျှ ဒေါသ ထွက်သွား မည်ကို၊ မတွေး ဝံချေ။

“ သူ့ကို ... စည်းကမ်း ထိန်းသိမ်းရေး ခန်းမဆီ ခေါ်သွား ... ၊ ငါ မလာခင် ဘယ်သူမှ မထိနဲ့။ ”

ရုတ်တရက် မုရွယ်ချင်း အသံက၊ နှင်းတောင်ထိပ်မှ ထွက်ပေါ် လာ၏။ ထိုကြောင့် လင်းယွန် အပေါ် ရိုက်နှက်ရန် အကြံအား စွန့်လွှတ် လိုက်ကြသည်။

“ မြန်မြန် ... ဝေဝေကို ရှာ ... ။ ”

လင်းဝမ်နှင့် လောရှုရီက အကြည့်ချင်း ဖလှယ်လျက်၊ နှင်းတောင်သို့ ပြေးထွက် သွား တော့သည်။

လင်းရှောင်သည် ဤမျှ ပြတ်သား လိမ့်မည်ဟု၊ မထင်ထား သဖြင့် သူမတို့ နှစ်ဦးမှာ တုန်လှုပ် နေဆဲ ဖြစ်သည်။

လင်းယွန် မှာမူ စည်းကမ်း ထိန်းသိမ်းရေး အကြီး အကဲ များ၏ ခေါ်ဆောင်ရာ နောက်သို့ အသာ တကြည် လိုက်ပါ သွားတော့၏။

သူ့တွင် နောင်တ မရှိချေ။ မပျော် ပါက၊ မဟာ သူတော်စင် တစ်ပါး ကိုပင်၊ သတ်ပစ် ဖူး သည်။ ထို့ကြောင့် ကျင်းဖန် အသက်ကို မယူ ခဲ့သည် ကိုပင်၊ ကျေးဇူးတင် သင့်သည်။

ကောင်းကင် ရနံ့ သင်းသင်း၏၊ စည်းကမ်း ထိန်းသိမ်းရေး ခန်းမမှ၊ မဟာ အကြီး အကဲ ဟူ သော ရာထူးသည်၊ သူ့အား မဟန့်တား နိုင်ချေ။

သည့်ပြင် ပထမ နေ့မှာပင်၊ ထိုမဟာ အကြီးအကဲ ဆိုသူကို၊ ပါးရိုက်ကာ သင်ခန်းစာ ပေးထား ဖူးသည်။

***

All Chapters