← Chapters

သင်ပေး ပါရစေ။

Vol. 122 Ch. 1696

သင်ပေး ပါရစေ။

Vol. 122 Ch. 1696

ကောင်းကင် ရနံ့ သင်းသင်း၏၊ စည်းကမ်း ထိန်းသိမ်းရေး ခန်းမသည် နဝမမြောက် တောင် ထိပ်တွင် တည်ရှိသည်။

တောင်ထိပ်တွင် မီတာ ရာဂဏန်းခန့် မြင့်မားသော နန်းတော် တစ်ဆောင် ဆောက် လုပ် ထားသည်။

လင်းယွန်မှ ထိတ်လန့်မှု မရှိဘဲ၊ စည်းကမ်း ထိန်းသိမ်းရေး အကြီးအကဲများ နောက် လိုက်ပါ လာခဲ့သည်။

ဂိုဏ်းတိုင်းတွင် စည်းကမ်း ထိန်းသိမ်းရေး ခန်းမရှိ၏။ ဓားဂိုဏ်း သည်သာ ဓားထမ်း ခန်းမ ဟု၊ အမည်ကွဲ ပေးထားခြင်း ဖြစ်သည်။

“ ကောင်လေး ... ၊ မင်း ... မကြောက် ဖူးလား။ ”

အပြာရောင် ဝတ်ဆင် ထားသည့် လူလတ်ပိုင်း အရွယ် အကြီးအကဲက လင်းယွန် ကို၊ အံ့အား သင့်စွာ မေးသည်။

“ ကြောက်ရင် လွှတ်ပေး မှာလား။ ”

အပြာဝတ် အကြီးအကဲမှာ ကူကျွင့် ဖြစ်သည်။ စည်းကမ်း ထိန်းသိမ်းရေး ခန်းမ၏ ဒုတိယ အကြီး အကဲ ဖြစ်၏။ သူ့ ရာထူးမှာ ကျင်းယွီထက် တစ်ဆင့် နိမ့်သည်။

“ ဘယ် လွှတ်ပေး မှာလဲ ... ၊ သူတော်စင် အကြီး အကဲသာ မဟန့်တားရင်၊ အဲဒီ မှာတင် မင်းကို ဒုက္ခိတ ဖြစ်အောင် လုပ်ပြီး နေပြီ၊ ...

... ကျင်းဖုန် ဆိုတာ ကောင်းကင် ရနံ့ သင်းသင်းရဲ့ ... သာမာန် တပည့် တစ်ယောက် ဖြစ်နေ ရင်တောင် ... ၊ သူ့ကို မင်းက အပြစ် စီရင် ပိုင်ခွင့် မရှိ ပါဘူး။ ”

“ ဟာသ ပဲ။ ”

လင်းယွန်မှ ကူကျွင့်ကို လျစ်လျူရှုပြီး၊ ဆက်လျှောက် သွားသည်။ ထိုအပြု အမူကြောင့်၊ ကူကျွင့်မှာ၊ မျက်နှာ ပျက်ယွင်း လာ၏။

“ ကောင်လေး ... အကြီးအကဲ ကူကို ကောင်းကောင်း ဆက်ဆံပါ။ ”

အခြားသော အကြီး အကဲ များက သူ့ကို မကျေ မနပ်ဖြင့်၊ သတိ ပေးလာသည်။

“ ငါတို့က အမြင် မတူဘူး၊ ဒီတော့ ... သူနဲ့ ပြောစရာ အကြောင်း မရှိဘူး။ ”

လင်းယွန်မှ ပြန်ပြော လိုက်၏။

“ ဟမ့် ... မင်း အသတ် မခံ ရရင်တောင် မင်းရဲ့ ကျင့်ကြံမှုနဲ့ လက်ဆယ်ချောင်း ကတော့ ကျိန်းသေပဲ၊ အဲဒီ အချိန် ... အခုလို ဆက်ပြီး မင်း မောက်မာ နိုင်ဦး မလား၊ ငါ ကြည့်မယ်။ ”

ကူကျွင့်က ဒေါသဖြင့် ဆိုလာ၏။

“ ငါ အဆင် ပြေရင်ရော ... ။ ”

လင်းယွန်မှ လှောင်ပြုံးဖြင့် ကူကျွင့်အား ပြန်ကြည့် လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

ကူကျွင့်မှ ရယ်မော တော့၏။

“ မင်းကိုယ်မင်း ... ဘယ်သူလို့ ထင်နေ တာလဲ၊ ဂီတ မျိုးရိုးက ဆင်းသက် လာတဲ့ ပါရမီ ရှင်ဆို ရင်တောင်၊ မင်းရဲ့ မျိုးရိုးက ကောင်းကင် ရနံ သင်းသင်းမှာ ဘာမှ မဟုတ်ဘူး။ ”

“ ဒါဆို ... ငါ အဆင် ပြေရင်၊ တော်ဝင် သူတော်စင် ဆေးလုံး ဆယ်လုံး မင်း ပေးမလား။ လောင်းကြေး ထပ်ရဲလား။ ”

“ အိုး ... မင်းက တကယ့် အရူးပဲ ... ၊ အရည်အချင်းမှာ ပန်းသင်္ချိုင်းကို မမီ ပေမယ့်၊ ဒေါသ ကတော့ ပန်းသင်္ချိုင်း နီးနီးပဲ ... ၊ အဲဒီ ကောင်မလေး နှစ်ယောက်ကို အားကိုးဖို့ မစဉ်းစားနဲ့၊ နတ်သမီးလေး ကိုယ်တိုင် ...

... လာခဲ့ ရင်တောင်၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ စည်းကမ်း ထိန်းသိမ်းရေး ခန်းမကို ဝင်စွက်ဖက် နိုင်တဲ့ အစွမ်း မရှိဘူး။ ”

“ စကား မများနဲ့ ... ၊ လောင်းကြေး ထပ်ဝံ့လား။ ”

“ ဘာလို့ မထပ်ဝံ ရမှာလဲ ... ၊ မင်း ရှုံးရင် ... ငါ အဲဒီ ဗျပ်စောင်းကို ယူမယ်။ ”

“ သဘော တူတယ်။ ”

လင်းယွန်က ကူကျွင့်အား စိတ်ပြောင်းခွင့် မပေးချေ။ ဘေးမှ နားထောင် နေသော အကြီး အကဲ များမှာ၊ အံ့အားသင့် နေရာမှ ပြုံးရယ် လာကြသည်။

စည်းကမ်း ထိန်းသိမ်းရေး ခန်းမသို့၊ လှမ်းဝင်လိုက် သည်နှင့်၊ တင်းကြပ်သော လေထုကို ခံစား လာရသည်။

ကျင်းယွီမှ လွဲပြီး၊ ကျန်ရှိ နေသော အကြီး အကဲများ အားလုံး သတင်း ကြားချိန်၌၊ အပြေး ရောက်ရှိ လာခြင်း ဖြစ်သည်။

ခန်းမ အလယ်တွင် မုရွယ်လင်က ကုလားထိုင် တစ်လုံး ပေါ်၌ ထိုင်နေ ခဲ့သည်။ သူမက လင်းယွန်ကို ကြည့်ကာ စကား မဆို သေးချေ။

မိနစ် အနည်းငယ် စောင့်ဆိုင်း ပြီးနောက်၊ စုံစမ်း စစ်ဆေးရန် စေလွှတ် ထားသည့် အကြီး အကဲ တစ်ဦး ပြန်ရောက် လာသည်။

“ သူတော်စင် အကြီးအကဲ ဒါ ရန်ပွဲလေး တစ်ခုပါ၊ ကျင်းဖုန် ရှုံးပြီး တာတောင်၊ လင်းယွန် က သူ့ရဲ့ နဂါး သေွးလွှတ်ကြောနဲ့၊ လက်ချောင်း တေွကို ဖျက်ဆီး ခဲ့တယ်။ ”

ထိုအကြီး အကဲက သူ စုံစမ်းရ သမျှကို ချင်ချင်း ပြန်လည် တင်ပြ လာလေသည်။

“ အဟက် ... ။ ”

လင်းယွန်မှ လှောင်ရယ် ရယ်သည်။ ရန်ဖြစ်ခြင်း ဟူသော ဝေါဟာရကို မည်သို့ မြင်ကြသည် မသိချေ။

ဤအရာသည် ကျင်းဖုန် ဘက်မှ စတင် လာခြင်း ဖြစ်ပြီး၊ သူသာ ရှုံးနိမ့် သော်၊ ၎င်းအဖြစ် ထက် ပိုဆိုး နိုင်မည်။

“ လင်းရှောင် ... မင်းမှာ ဘာပြော စရာ ရှိလဲ။ ”

မုရွယ်လင်မှ လှမ်းမေး၏။

“ မ ရှိ ဘူး ... ။ ”

လင်းယွန်က ခေါင်းယမ်းသည်။

“ မရှိ ဖူးလား။ ”

မုရွယ်လင်မှ သေချာအောင် ထပ်မေးသည်။

“ မရှိ ဘူး ... ။ ”

လင်းယွန်မှ ထပ်ဖြေ၏။ ကျင်းဖုန်သည် စတင် ခဲ့သူ ဖြစ်သော်လည်း၊ သူ့ လုပ်ရပ်မှာ၊ ရက်စက် လွန်း သဖြင့်၊ အကြောင်း ပြချက်ပေး လျှင်ပင်၊ မုရွယ်လင်မှ လက်ခံမည် မဟုတ်ချေ။

“ သူ့မှာ ပြောစရာ မရှိရင် ... ဒီအကြီးအကဲက ... ကိုယ်တိုင် အပြစ်ပေး ပါရစေ၊ ခွင့်ပြုပါ သူတော်စင် အကြီး အကဲ ... ။ ”

အေးစက်သော အသံနှင့် အတူ၊ ကျင်းယွီ ဝင်လာသည်။ ခန်းမ အတွင်း လေထု အပူချိန် များ၊ ချက်ချင်း ကျဆင်း သွား၏။

သူ့သား ဒဏ်ရာကို စစ်ဆေး ရာမှ ပြန် လာခြင်း ဖြစ်သည်။ ဒဏ်ရာမှာ ပြင်းထန် သဖြင့်၊ ထိုနေရာ ၌ပင်၊ မူးလဲလု နီးပါး ဖြစ်ခဲ့ ရသည်။

ယင်းက မဟာ သူတော်စင် တစ်ပါးပင် မကယ်နိုင် လောက်သည် အထိ၊ ပြင်းထန်နေ ချေ၏။

ထို့ကြောင့် သတ်ဖြတ် လိုသော ဆန္ဒများ ထုတ်ဖော်လျက်၊ လင်းယွန်ထံ လျှောက်လှမ်း လာခဲ့သည်။

မုရွယ်လင်မှ ကျင်းယွီကို ကြည့်သည်။ ပြဿနာ များ၏ ရေသောက် မြစ်မှာ၊ ကျင်းယွီ ဖြစ်သည်။ အကြီး အကဲ တစ်ဦး အနေဖြင့် လင်းရှောင် အပေါ် ရမယ်ရှာ ခဲ့သည်။

ထို့နောက် ကျင်းဖုန် ပါဝင် လာသည်။ သို့သော် ကျင်းဖုန်အား ဒုက္ခိတ ဖြစ်အောင် လုပ် ခြင်းသည်၊ လင်းယွန် အမှား ပေပင်။

“ လင်းရှောင် ... မင်းမှာ ပြောစရာ ရှိသေးလား။ ”

နောက်ဆုံး အကြိမ် အဖြစ် မုရွယ်လင်မှ ထပ်မေး မိသည်။

“ မရှိ ပါဘူး ... ။ ”

လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေ၏။ ၎င်းဖြေနှင့် အသွင် အပြင်ကြောင့်၊ အကြီး အကဲ များ အားလုံး၊ အံ့အားသင့် နေမိသည်။

လင်းရှောင် မာနသည် ဂီတ သမား တစ်ယောက်နှင့် မတူချေ။ ထက်ရှသော ဓား တစ်လက် လိုပင်။

“ ဒါဆို ... ၊ မင်းရဲ့ ပြစ်ဒဏ်ကို လက်ခံပါ။ ”

မုရွယ်လင်က ပြောသည်။

“ ခဏလေး ... ။ ”

လင်းယွန်မှ ချက်ချင်း ဟန့်တား လိုက်၏။

“ မင်းမှာ စကား ပြောဖို့ ... ၊ အခွင့် အရေး ရှိတယ် လို့များ ထင်နေလား၊ အကြီး အကဲကျင်း သူ့လို လူရိုင်း တစ်ယောက်နဲ့ အချိန် ဖြုန်းနေဖို့၊ မလို ပါဘူး။ ”

ကူကျွင့်မှ နှာခေါင်း ရှုံ့လျက် ဝင်ပြော လိုက်သည်။ လောက နိယာမ နယ်ပယ် ရောင်ဝါ ထုတ်လွှတ်ပြီး၊ ကျင်းယွီက ခေါင်းညိတ်၏။

လင်းယွန်မှ ကျင်းယွီအား တစ်ချက်သာ ကြည့် လိုက်ပြီး၊

“ မလော ပါနဲ့၊ ပြောစရာ မရှိ သလို၊ ငြင်းခုံဖို့လည်း ရည်ရွယ်ချက် မရှိ ပါဘူး၊ အပြစ် မပေးခင် သီချင်း တစ်ပုဒ်လောက် တီးပြချင် ရုံပါ။ ”

-ဟု တောင်းဆို လိုက်တော့သည်။

“ ဟာသပဲ ... ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ ငါတို့လို ဂီတရဲ့ ကျွမ်းကျင် ပညာရှင် တွေက၊ မင်း သီချင်းကို နားထောင် စရာလား။ ”

ကျင်းယွီက သတ်ဖြတ် လိုသော ဆန္ဒအား ထုတ်ဖော်လျက်၊ လှောင်ပြုံးဖြင့် ပြောလာလေ သည်။

“ အကြီး အကဲ ကျင်း ပြောတာ မှန်တယ်၊ ဒါက အချိန်ဆွဲ နေတာပဲ ... နတ်သမီး လေးက စည်းကမ်း ထိန်းသိမ်းရေး ခန်းမရဲ့ ... ၊ ကိစ္စ တွေကို၊ ဝင်ရောက် စွက်ဖက်လို့ ရမယ်များ ထင်နေလား။ ”

အကြီးအကဲ တစ်ဦးက၊ အေးစက်စွာ ဝင် ပြောလာသည်။ အစောပိုင်း ကာလ၌ ငွေဖီးနစ် အော်မြည် သံကို၊ မုရွယ်လင်မှ ရုတ်တရက် သတိရ သွား၏။

“ အကြီး အကဲကျင်း ခဏ ... ။ ”

“ သူတော်စင် အကြီး အကဲ ... ။ ”

မုရွယ်လင်မှ ဟန့်တား လာသဖြင့်၊ ကျင်းယွီမှာ စိတ်ပျက် လက်ပျက် ဖြစ်သွား မိသည်။

“ ဂီတ သမား တစ်ယောက်က၊ သူ မသေခင်မှာ သီချင်း တစ်ပုဒ် တီးခတ်ချင်တာ မလွန် ပါဘူး၊ ခွင့်ပြု လိုက်ပါ၊ ဒါပြီး ရင်တော့ သေချာပေါက် အပြစ်ပေး ပေးမယ်။ ”

မုရွယ်လင်က ပြော၏။ ကျင်းယွီမှ လက်မခံလို သော်လည်း၊ မုရွယ်လင်က ပြော လာပြီ ဖြစ်သောကြောင့်၊ နောက်ဆုတ် ပေးလိုက် ရသည်။

တစ်ဖက်တွင် ကူကျွင့်မှာ ပဟေဠိ ဖြစ်လာ သည်။ လင်းယွန်မှ မည်သည့် အရာများ ကြံစည် နေမှန်း၊ သူ မသိ တော့ချေ။

သီချင်း တစ်ပုဒ် တီးပြရုံနှင့်၊ လက်ရှိ အခြေ အနေကို ပြောင်းလဲ နိုင်မည်ဟု ထင်နေ ခဲ့သော်၊ နုံအ လွန်းရာ ကျပေမည်။

ထိုအချိန်တွင် အသက် ပြင်းပြင်း ရှူပြီး လင်းယွန်က မိုးကြိုး မုန်တိုင်း ဗျပ်စောင်းကို ထုတ်ယူ လိုက်သည်။

“ မင်း ... ဘာ ကစား မှာလဲ ... ။ ”

မုရွယ်လင်မှ မေး၏။

“ မီးလွင်ပြင် ထဲက ဖီးနစ် ... ။ ”

“ ..... ။ ”

လင်းယွန်က ဗျပ်စောင်း ကြိုးများကို ချိန်ညှိ လျက်မှ ပြန်ပြော လိုက်သည်။

“ ငါ မေးတုန်းက ... ၊ မင်း ဘာလို့ ငြင်းခဲ့ တာလဲ။ ”

“ အဲဒီ တုန်းက ... သူတော်စင် အကြီး အကဲရဲ့၊ ဂီတမှာ ပြဿနာ ရှိနေတယ်၊ ဒါပေမယ့် ဘာလဲ ဆိုတာ ရှင်းမပြ နိုင်ခဲ့လို့၊ ...

... ငြင်းလိုက်တာ၊ သီချင်း တစ်ပုဒ်ရဲ့ ရည်ရွယ်ချက်ကို ... မပြ နိုင်ရင် ... ၊ တီးခြင်းနဲ့ မတီး ခြင်းက အတူတူ ပါပဲ။ ”

လင်းယွန် ခေါင်းမော့ကာ ပြန်ဖြေ၏။ သူ့စကားသည် စည်းကမ်း ထိန်းသိမ်းရေး ခန်းမ တစ်ခု လုံးကို၊ ချက်ချင်း တိတ်ဆိတ် သွား စေသည်။

ဤလင်းယွန်သည် အသက်ရှင် နေရ သည်ကို၊ ငြီးငွေ့ ပုံရ၏။ မုရွယ်လင် ဟူသည် သည်နေရာရှိ လူတိုင်းထက်၊ အသက်ငယ် သည်သာ မက၊ သူတော်စင် နယ်ပယ် သို့ပင် ခြေတစ်လှမ်း နင်းထားသူ ဖြစ်သည်။

ဂီတ တာအို၌၊ ထက်မြက်သော သမ္ပတ္တိ လည်း ရှိသည်။ ကျွမ်းကျင် ပညာရှင် တစ်ပါးပင်၊ သူမ ရှေ့တွင် ခေါင်းငုံ့ ထားရ ပေမည်။

ထို့ကြောင့် မုရွယ်လင် အပေါ်၊ ဝေဖန် ခြင်းသည်၊ သေခြင်း တရားကို ဖိတ်ခေါ်ခြင်း မည်ချေ၏။

သူမ၏ တိုက်ပွဲဝင် စွမ်းအားသည် စစ်မှန်သော သူတော်စင် တစ်ပါးနှင့် ယှဉ်နိုင် ပေသည်။

လူတိုင်း မျှော်လင့် ထားသည့် အတိုင်း မုရွယ်လင် မျက်နှာ ပေါ်၌၊ ဒေါသ ရိပ်များ ထင် လာတော့သည်။

“ ဒါဆို ... ငါ့ကို ပြောပါဦး၊ ငါ ... ဘာတွေများ ချို့ယွင်း နေလဲ။ ”

လင်းယွန် လုပ်ရပ်သည်၊ သေမင်းကို ဖိတ်ခေါ်ခြင်းနှင့် မခြား သောကြောင့် ကျင်းယွီမှ ပြုံးလိုက် မိ၏။

သူတော်စင် အကြီး အကဲ မု သည်သာ မပျော်တော့ ပါက၊ နတ်သမီး ဆင်းလာ လျှင်ပင်၊ မည်သည့် အရာမျှ လုပ်နိုင်မည် မဟုတ်ချေ။

ထိုအချိန်တွင် လင်းယွန်က မုရွယ်လင် မေးခွန်းကို တိုက်ရိုက် မဖြေဘဲ၊ မေးခွန်းဖြင့် ပြန် မေးလိုက်သည်။

“ သူတော်စင် အကြီး အကဲကို တစ်ခု လောက် မေးပါ ရစေ၊ ဘဝမှာ အရေးကြီးတဲ့ လူ တစ်ယောက်ကို ဆုံးရှုံး ဖူးလား။ ”

မဟာချင် အင်ပါယာ၏ လမ်းဘေး တစ်နေရာတွင်၊ အစ်ကိုကြီး ရှင်းဂျူ ကွယ်လွန် သွားသည့် မြင်ကွင်းက၊ လင်းယွန် စိတ်ထဲ ပြန်ပေါ် လာသည်။

ထို့ကြောင့် မျက်ဝန်း များ၌ နောင်တနှင့် နာကျင်မှုများ ထင်ဟပ်လာ၏။ မုရွယ်လင် ခမျာ မျက်နှာလွှဲ လိုက်ပြီး၊

“ မဆုံးရှုံး ဖူးဘူး၊ ”

-ဟု ပြန်ဖြေ မိသည်။

“ ဒါဆို အသက်နဲ့ သေခြင်း တရားကို၊ ရင်ဆိုင် နေချိန်မှာ၊ သူတော်စင် အကြီး အကဲ အတွက်၊ မိတ်ဆွကေ အသက်ပေး သွားတဲ့ မြင်ကွင်း မျိုးရော ကြုံဖူးလား။ ”

လင်းယွန်မှ ဆက်မေးသည်။ ပယင်း ကမ္ဘာတွင် နဂါးလေးသည် သူ့ကို ကယ်တင်ရန် အသက် ပေးခဲ့ ဖူးသည်။

ထို့ကြောင့် ပိုးအိမ် အဖြစ်နှင့် အချိန် အတော်ကြာ နေခဲ့ ရ၏။ ယင်းကို တွေးမိ ရုံဖြင့် ဒေါသများ ပြည့်နှက် သွားသည်။ ထက်ရှခြင်း မရှိသော လက်ထဲရှိ ဓားကို မုန်းပေ၏။

ဒုတိယ မေးခွန်းကို ကြားသော အခါတွင် မုရွယ်လင်မှာ ပြန်မဖြေ တော့ချေ။

“ သူတော်စင် အကြီး အကဲ၊ မင်းဘေးမှာ ရန်သူတွေ ဝိုင်း နေတဲ့ ... ၊ အဖြစ် ဆိုးမျိုး ... မင်း ကြုံဖူးလား။ ”

လင်းယွန် မေးခွန်း များက ဆက်တိုက် ထွက်ပေါ် လာသည်။ နဝမမြောက် ကောင်းကင် လမ်းတွင်၊ ယွဲ့ဝေဝေကို ဖမ်းဆီး ထားသော မြင်ကွင်းမျိုး ပြန်မြင် လာ၏။

“ သူတော်စင် အကြီး အကဲ၊ တရား မျှတမှု မရှိတဲ့ ... ဒီကမ္ဘာ ကြီးကို မုန်းဖူး သလား၊ မင်းရဲ့ ချစ်သူက မင်းကို ထားသွားတဲ့ အဖြစ်မျိုး ... ။ ”

ဤတစ်ကြိမ်တွင် မုရွယ်လင်၏ ယုံကြည်မှုများ ပျောက်ကွယ် သွားပြီး၊ အသံ လုံးဝ မထွက်နိုင် တော့ချေ။

“ သူတော်စင် အကြီး အကဲက၊ ဒါတွေ မကြုံဖူး ဘူးကိုး ... ၊ ဒါဆို မီးလွင်ပြင် ထဲက ဖီးနစ်မှာ၊ ဘာတွေ လိုအပ် နေလဲ မသိတာ မဆန်း ပါဘူး။ ”

လင်းယွန်က မုရွယ်လင်အား တည့်တည့် စိုက်ကြည့်ကာ၊

“ သူတော်စင် အကြီး အကဲရဲ့ ... ၊ ဖီးနစ်က အဟုန်မဲ့ နေတယ်၊ တကယ်တော့ သီချင်း ထဲက ဖီးနစ်မှာ၊ တစ်ကမ္ဘာ လုံးကို မီးရှို့ ချင်ပြီး၊ ...

... တရား မျှတမှု မရှိတဲ့၊ ကောင်းကင်ကြီး ကိုတောင်၊ မုန်းတီး နေတယ်၊ ဒီနေ့ .. မီးလွင်ပြင် ထဲက ဖီးနစ် ဆိုတာ၊ ဘာလဲ ... ငါ ပြပါ ရစေ။ ”

“ ဒင် ... ။ ”

လင်းယွန်က ဗျပ်စောင်းကို၊ ရုတ်တရက် တီးခတ် လိုက်သည်။ နုတ်သံ တစ်သံ တည်းသာ ဖြစ် သော်လည်း၊ ပြင်းထန်သော သတ်ဖြတ် လိုစိတ်ကို၊ လူတိုင်း ခံစား နိုင်သည်။

“ ဂျိန်း ... ။ ”

မိုးကြိုး မုန်တိုင်းများ တဟုန်းဟုန်း တောက်လောင် လာပြီး၊ ကြက်သွေးရောင် မီး လွင်ပြင်ကြီး ချက်ချင်း ပေါ်လာ၏။

“ ကျီး ... ။ ”

ထိုနောက်တွင် ဖီးနစ် အော်သံ ထွက်ပေါ် လာကာ၊ ပြင်းထန် ရက်စက်သော ခံစားချက် များ၊ လေထု အတွင်း လှိုင်းထ လာသည်။

အစော ပိုင်းတွင်၊ လှောင်ပြောင် သရော် လိုသော အပြုံးဖြင့်၊ ရပ်ကြည့် နေသော အကြီး အကဲ ကျင်းယွီမှာ၊ သီချင်း သံကြောင့်၊ မျက်နှာ ပျက်ယွင်း သွား တော့သည်။

***

All Chapters