ပြိုင်ဘက် ကင်းသော စွမ်းရည်။
Vol. 122 Ch. 1697
ထိုဂီတသံကို ကြားသော အခါ ခန်းမ အတွင်းရှိ အကြီး အကဲများ အားလုံး အံသြ သွား ကြသည်။
ယင်းမှာ နုတ်တစ်ခု တည်းသာ ဖြစ် သော်လည်း၊ ဦးရေပြားများ ထုံကျင် သွားစေ သည့်၊ ပေါက်ကွဲ သံ ဖြစ်၏။
မုရွယ်လင်မှ အံအားသင့် စွာဖြင့်၊ လင်းယွန်၏ လက်ချောင်း များထံ စိုက်ကြည့် နေမိသည်။ တစ်ချက် ခတ်ရုံဖြင့်၊ အလင်းများ ခန်းမ အတွင်း၌ ပြည့်နှက် သွား၏။
မိုးကြိုး မုန်တိုင်း ဗျပ်စောင်း အတွင်း၌၊ သားရဲ တစ်ကောင် ပုန်းအောင်း နေသည် ဟုပင်၊ ခံစား လာရသည်။
“ ဒင် ... ။ ”
များမကြာခင် ဖီးနစ် အော်သံ ထွက်လာ၏။ ခန်းမ အတွင်း ဖီးနစ် မရှိချေ။ ထို့ကြောင့် ဖီးနစ် အသံသည် ထင်မှား နေခြင်းသာ ဖြစ်သည်။
သို့သော် ဗျပ်စောင်း သံမှာ အစစ် ဖြစ်နေ သဖြင့်၊ ဖီးနစ် အသံ သည်လည်း၊ အစစ် အမှန် ဖြစ်လာ တော့သည်။
“ ဒင် ... ။ ”
လင်းယွန်က ဆက်လက် တီးခတ် နေချိန်တွင်၊ မီးလျှံများ သူ့ လက်ချောင်း များမှ ပြေးထွက် လာသည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
ကျင်းယွီ မျက်နှာမှာ၊ တဖြည်းဖြည်း ပျက်ယွင်းလျက်၊ လင်းယွန်၏ မူလကို တေွးမိ လာ စေသည်။
လင်းယွန် လက်ချောင်း များမှ မီးတောက်များ ပျံ့နှံ့လျက်၊ ချက်ချင်း မီးလွင်ပြင် အဖြစ်၊ ထွက်ပေါ် လာသည်။
ရိုက်ခတ် နေသော လှိုင်းလုံးများ အရ၊ လင်းယွန်သည် ဝါသနာရှင် အဆင့် ၌သာ ရှိ သည်ကို၊ ယုံနိုင်စရာ မရှိချေ။
“ ဒင် ... ။ ”
သဘာဝ ဖြစ်စဉ် များကို ကြည့်ပြီး၊ လူတိုင်း မျက်လုံးပြူး ကုန်၏။ လောင်းကြေး ထပ်ခဲ့သော ကူကျွင့်မှာ၊ ဆိုဖွယ် မရှိချေ။
ဤအခိုက်တွင် လင်းယွန်၏ မာနမှာ၊ မည်သည့် နေရာမှ လာသည်ကို သူ သိသွားပြီ ဖြစ်သည်။
“ ကျီး ... ။ ”
ရုတ်တရက် စည်းကမ်း ထိန်းသိမ်းရေး ခန်းဆောင် အတွင်း၊ နောက်ထပ် ဖီးနစ် အော်သံ ထွက်ပေါ် လာလေသည်။
ရက်စက် နာကျည်း နေသော ဖီးနစ် အော်သံနှင့် ယှဉ်သော်၊ ဤဖီးနစ် အော်သံသည် တည်ငြိမ်ပြီး မာန ကြီးချေ၏။
“ ဒင် ... ။ ”
လူတိုင်းက ပြန် လှည့်ကြည့် လိုက်ရာ၊ မုရွယ်လင် တစ်ယောက်၊ မီးလွင်ပြင် ထဲက ဖီးနစ်ကို ကစားနေ သည်အား၊ တွေ့လိုက် ရသည်။
သီချင်း တစ်ပုဒ် တည်းကို လူ နှစ်ဦးမှ တူညီစွာ တီးခတ်နေ သော်လည်း၊ အနု ပညာ အယူ အဆ ကွဲပြား နေသည်။
ထို့ကြောင့် ဖီးနစ် နှစ်ကောင်သည် ခန်းမ ထဲ၌ အချင်းချင်း တိုက်ခိုက် ကုန်ပြီး မီးပွားများ ပွင့်ထွက် လာတော့၏။
လင်းယွန်က ခေါင်းမော့ ကြည့်သည်။ မုရွယ်လင်သည် သူ့အား ဖိနှိမ်ရန် ကြိုးစားနေ သကဲ့သို့၊ သီချင်း၏ ဒုတိယ အပိုင်း ကိုလည်း သင်ကြား ပေးနေ၏။
“ ဒင် ... ။ ”
တစ်ဖက်တွင် တစ်ကြိမ် ပြသခဲ့ ရုံဖြင့် လိုက်လံ တီးခတ် နိုင်သော လင်းယွန်ကြောင့် မုရွယ်လင် သည်လည်း အံ့သြ နေသည်။
နောက်ဆုံးတွင် လင်းယွန်၏ အယူအဆ များကြောင့်၊ ဖီးနစ်မှာ ကြက်သွေးရောင် အသွင် ပြောင်းလဲ သွားသည်။
“ ဖရူး ... ။ ”
၎င်းက ကြက်သွေးရောင် မီးတောက် များဖြင့်၊ မှုတ်လျက် စူးစူး ဝါးဝါး ဟစ်အော် တော့သည်။
မျက်ဝန်း များ၌၊ ရက်စက် ကြမ်းကြုတ်မှု များနှင့် ပြည့်နှက် နေသောကြောင့်၊ ကြားရ သူ တိုင်းကို စိတ်မသက် မသာ ဖြစ်စေသည်။
“ ကျီး ... ။ ”
ဖီးနစ် နှစ်ကောင် တိုက်ခိုက် နေစဉ်၊ မီးလျှံများ တောက်လောင် လာပြီး၊ အနီရောင် ဖီးနစ်မှာ၊ ရုတ်ချည်း မှိန်ဖျော့ သွား၏။
ထိုမြင်ကွင်းက လူတိုင်းကို မျက်လုံး ပြူးလာစေ တော့သည်။ မုရွယ်လင်မှ ရှုံးနိမ့် သွားခြင်း ဖြစ်ချေပြီ။
“ ဒါ ... ။ ”
ဗျပ်စောင်း သံမှာ တပြိုင် နက်တည်း ရပ်သွားပြီး၊ လူတိုင်း အသံ တိတ်ကျ သွား၏။
“ ပြီးပြီ ... ။ ”
လင်းယွန်က မုရွယ်လင်အား ကြည့်ကာ ပြောလိုက်သည်။ သူ့စကားကြောင့် မုရွယ်လင်မှ နိုးထ လာဟန်ဖြင့်၊
“ ဒါဆို ငါက အိပ်မက် ထဲမှာ၊ ဆယ့်သုံးနှစ် ကြာအောင် နေမိခဲ့ တာပေါ့၊ ငါ့ ဖီးနစ်က ဖီးနစ် မဟုတ်မှန်း၊ ခုမှ သိတော့တယ်။ ”
-ဟု ရေရွတ် လိုက် တော့သည်။
မုရွယ်လင်သည် မည်မျှ ထက်မြက် လှ သည်ကို၊ သိထားသော အကြီးအကဲ များမှာ၊ ထိတ်လန့် သွားကြသည်။
ထို့ကြောင့် သူမ၏ ချီးကျူး စကား တစ်ခွန်းသည်၊ မည်မျှ ခရီး ရောက် သည်ကို၊ တွေးကြည့် နိုင်သည်။
“ သူတော်စင် အကြီး အကဲ ... ၊ သူ သီချင်း ပြီးသွားပြီ၊ သူ့ကို အပြစ်ဒဏ် ပေးပါ။ ”
ကျင်းယွီမှ ပြော လိုက်သည်။
“ ဒါပေမယ့် ငါတို့ ပြန်ပြီး ... သုံးသပ် သင့်တယ်။ ”
ကူကျွင့်မှ ဆိုသည်။ ဗျပ်စောင်းကို ခတ်လိုက်စဉ် ကပင်၊ ဤလူငယ်သည် ထူးခြား နေမှန်း၊ သိထားပြီး ဖြစ်၏။
၎င်းတွင် အရည်အချင်း ရှိသောကြောင့် မည်သူ့ ထံမှ၊ ကရုဏာကို တောင်းခံ နေစရာ မလိုချေ။
ဂီတ ပါရမီရှင် မဟုတ်က၊ နတ်သမီးမှ ထောက်ခံ လျှင်ပင် အချည်း အနှီး ဖြစ်ပေမည်။ ဆိုလို သည်မှာ ယနေ့ အပြစ် ဒဏ်အား၊ ဆိုင်းငံ့မည် ဖြစ်သည်။
“ ဒါဆို ... ငါ့သား ကရော ... ။ ”
ကျင်းယွီ တစ်ယောက် ဒေါသများ ထွက် လာသည်။ ကျန်အကြီးအကဲ များမှာ၊ မျက်နှာ လွှဲလျက်၊ တိတ်ဆိတ် သွားသည်။
“ မဟာ အကြီး အကဲ ... ၊ ကျင်းဖုန်ကပြဿနာ စရှာ ခဲ့လို့၊ လင်းရှောင်က တုန့်ပြန် သူ ပါ၊ ဒါပေမယ့် ... နည်းနည်းတော့ ရက်စက်တာ အမှန်ပဲ။ ”
ကူကျွင့်မှ ပြန်ဖြေ၏။
“ ဒါဆို ဘာ ဓိပ္ပါယ်လဲ ... ၊ ငါ့သားက ထိုက်တန် တယ်လို့ ... ၊ မင်း ပြောချင် နေတာ လား၊ ဒါဆို စောစောက အပြစ် ပေးဖို့၊ မင်း ကိုယ်တိုင် ထောက်ခံ ခဲ့တာ ကရော။ ”
ချက်ချင်း ရပ်တည်ချက် ပြောင်းသွားသော ကူကျွင့်ကြောင့် ကျင်းယွီမှာ အေးစက် လာတော့ သည်။
ယင်းမှ အမှန်ပင် ဖြစ်နေ သဖြင့်၊ ကူကျွင့် တစ်ယောက်၊ အဆင် မပြေသည့် အနေ အထား သို့၊ ရုတ်ချည်း ရောက်ရှိ သွားသည်။
ကျင်းဖုန်သည် အမှိုက် ကောင်အား ရန်စ ခဲ့ပါက ကိစ္စ မရှိ သော်လည်း၊ လင်းရှောင် အား ရန်စ ခြင်းသည်၊ ဆန့်ကျင်ဘက် ဖြစ်သည်။
သူ့ အမြင်တွင် ကျင်းဖုန် ဆယ်ယောက် ရှိသော်မှ၊ လင်းရှောင်အား မယှဉ် နိုင်သေးချေ။
“ ကျန်တဲ့ သူတွေ ကရော ... ၊ ဘယ်လို ထင်လဲ။ ”
မုရွယ်လင်က ဝင်မေးသည်။ မည်သူမျှ တုံ့ပြန်ခြင်း မရှိချေ။ အားလုံး လင်းရှောင် အပေါ် အပြစ် ပေးရန်၊ တောင်းဆိုခြင်း မပြု တော့ဘဲ၊ တိတ်ဆိတ် နေခဲ့သည်။
“ အကြီးအကဲ ကျင်း ... ၊ မင်းရော ဘယ်လို လုပ်ရမယ် ထင်လဲ။ ”
နောက်ဆုံးတွင် မုရွယ်လင် အကြည့်က၊ ကျင်းယွီ ပေါ်သို့ ပြန်၍ ကျဆင်း သွားသည်။ ကျင်းယွီမှာ ပြန်မဖြေ နိုင်ခဲ့ချေ။
“ ကောင်းပြီ ... ဒါဆို ဒီကိစ္စ ပြီးပြီ၊ အကြီးအကဲ ကျင်းရဲ့ သားကို ငါ ကိုယ်တိုင် ကုသ ပေးမယ်၊ ငါ မကု နိုင်ရင် မဟာ သူတော်စင် တစ်ပါး ခေါ်ပေးမယ်။ ”
မုရွယ်လင်က စကားကို အဆုံးသတ် လိုက်သည်။ ကျင်းယွီ မျက်နှာ ပြောင်းလဲ သွား တော့၏။ သူ သဘော မတူချင် သော်လည်း၊ ဝတ်ရုံ စကို သိမ်းလျက်၊ ဘေးသို့ သွားရပ် လိုက်ရသည်။
ဆက်သွား လိုသော် အရှက်ကွဲ ခြင်းသာ ဖြစ်ပေ လိမ့်မည်။ သူတော်စင် အကြီး အကဲမှ၊ လင်းယွန်ကို ကာကွယ်ရန်၊ စိတ်ပိုင်း ဖြတ်ထား သ၍၊ ခန်းမ သခင်ပင် ဝင်ရောက် တောင်းဆို နိုင်မည် မဟုတ်ချေ။
“ လင်း ရှောင် ... ။ ”
မုရွယ်လင်က မတ်တပ် ထရပ်ပြီး လင်းယွန်ကို ကြည့်သည်။
“ ဟုတ်ကဲ့ ... ရှိပါတယ်။ ”
လင်းယွန် လေသံ ပြောင်းသွား၏။ ယင်းကို သူတော်စင် အကြီး အကဲမှ ဂရုစိုက်ပုံ မပြချေ။
“ သီချင်း တစ်ပုဒ်တီး ပြီးရင် ... ၊ မင်း အဆင်ပြေ လိမ့်မယ်လို့ ... တွက်ဆ ထားနိုင်ပုံ ရတယ်၊ ဟုတ်တယ် မဟုတ်လား။ ”
“ ကောင်းကင် ရနံ့ သင်းသင်း ကသာ ... တရား မျှတတဲ့ ... လူ့အဖွဲ့အစည်း ဆိုရင်၊ ဒီလို ရလာဒ် မျိုးပဲ၊ ထွက်လာ မယ်ဆိုတာ သိသာ ပါတယ် ... ။ ”
လင်းယွန်က စကားကို ခဏ ရပ်ကာ၊ မုရွယ်လင်အား ပြန်ကြည့်ပြီး၊
“ အမှန်တော့ ... ကျင်းဖုန်က ရန်စ တာပါ၊ သူ့ကို အကြိမ်ပေါင်း များစွာ သည်းခံ ခဲ့ပါတယ်၊ ဒါက သည်းခံတယ် ဆိုပေမယ့် လည်း၊ သူများ ရိုက်တာ ခံတဲ့ အထိတော့ ... ၊ သဘော မကောင်း နိုင်ပါဘူး။ ”
“ အိုး ... ဟုတ်တာပေါ့ ... ၊ မင်းက တကယ့်ကို ... သဘောထား ကြီးမြတ် လွန်း ပါတယ်။ ”
“ အခုလို ချီးကျူးတဲ့ အတွက် ... ၊ သူတော်စင် အကြီး အကဲကို ... အများကြီး ကျေးဇူး တင်ပါတယ်။ ”
လင်းယွန်မှ ခပ်တည် တည်ဖြင့်၊ ကျေးဇူး စကားကို ခံယူ လိုက်ရာ၊ လူတိုင်း တံတွေး နင် ကုန်သည်။
“ ကောင်းတယ် ... ပြောတာ အရမ်း ကောင်းတယ်၊ မင်း ထွက်သွား ... ငါ မင်းကို အခု မတွေ့ချင် တော့ဘူး။ ”
လင်းယွန်မှ ခေါင်းညိတ် ပြလိုက် သော်လည်း၊ ချက်ချင်း ထွက် မသွား သေးဘဲ၊ ကူကျွင့်ထံ လှည့်ကြည့်သည်။
“ မင်း ... ထွက် မသွားသေး ဖူးလား၊ အပြစ် ပေးတာ ခံချင် လို့လား။ ”
ထိုအပြု အမူကြောင့်၊ မုရွယ်လင်မှ အော်ထုတ် လာလေသည်။
“ အကြီး အကဲ ကူက ... ၊ ဒီဂျူနီယာကို တော်ဝင် သူတော်စင် ဆေးလုံး၊ (၁၀)လုံး ပေး မယ်လို့၊ ကတိပေး ထား ပါတယ်။ ”
လင်းယွန်မှ ပြုံးပြီး ပြန်ဖြေသည်။ ၎င်း ပမာဏမှာ နည်းပါးသော တန်ကြေးမျိုး မဟုတ် သဖြင့်၊ လူတိုင်း မျက်လုံးပြူး သွားသည်။
မုရွယ်လင်က စကား မဆို တော့ဘဲ၊ ကူကျွင့်ထံ ကြည့်၏။
“ ဒါက ... အတည် မဟုတ် ပါဘူး။ ”
ကူကျွင့်မှ ချက်ချင်း ငြင်းသည်။ ထို့ကြောင့် မုရွယ်လင်က လင်းယွန်ထံ ပြန် လှည့်ကြည့်၏။ နတ်တောင် ပေါ်မှ ဆင်းလာချိန် ကတည်းက စကာ၊ သည်အကြိမ် လောက်၊ သူမအား ဒုက္ခပေး နိုင်သည့်၊ လူမျိုး မရှိ ခဲ့ချေ။
“ ကောင်းကင် ရနံ့ သင်းသင်းမှာ ... ၊ တာဝန်မဲ့တဲ့ လူတွေ မရှိဘူး၊ လင်းရှောင် ... မင်း သူ့ကို ခေါ်ပြီး၊ ဆေးခန်းမ ကနေ ထုတ်ယူလိုက်၊ ထွက်သွား အခု ချက်ချင်း ... ။ ”
ဤတစ်ကြိမ်၌ အမှန်ပင် သူမ ဒေါသ ထွက်နေ ချေပြီ။
“ ကျေးဇူး တင်ပါတယ် ... သူတော်စင် အကြီး အကဲ ... ၊ အကြီး အကဲကူ ... ငါတို့ သွား ရ အောင် ။ ”
လင်းယွန်မှ ကူကျွင့်အား ခေါ်ဆောင် သွားချိန်တွင်၊ ခန်းဆောင် တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။
သူတို့ ထွက်ခွာ သွား ပြီးနောက် ယွဲ့ဝေဝေ၊ လင်းဝမ်နှင့် လောရှုရီတို့ ခန်းဆောင်ထဲ ပြေးဝင် လာသည်။
ယင်းက အကြီး အကဲ များကို၊ ထိတ်လန့် အံသြသွား စေ၏။ သို့သော် ချက်ချင်း သတိ ဝင် လာပြီး၊ နှုတ်ဆက် လိုက်ကြသည်။
“ တော်ဝင် နတ်သမီး လေးကို နှုတ်ဆက် ပါတယ်။ ”
လောရှုရီနှင့် လင်းဝမ်က အခန်း အတွင်း၊ လင်းယွန်ကို ဝေ့ဝဲ ရှာရာ၊ မတေွ့ သဖြင့်၊ စိတ်ပူ သွားသည်။
“ မင်း ... ဘာလာ လုပ်တာလဲ။ ”
မုရွယ်လင်က ယွဲ့ဝေဝေကို မေးသည်။
“ အဟီး .. ၊ ပျင်းလို့ မဟုတ်ဖူး ... မဟုတ်ဖူး၊ အစ်မကို သတိ ရလို့ ... ၊ ဒီကို တိတ်တိတ်လေး တောင်ပေါ် ကနေ ဆင်းတာ။ ”
ယွဲ့ဝေဝေမှ ပြုံးပြီး ပြန် ဖြေ၏။ သူမ၏ စီနီယာ အစ်မ ဖြစ်သူသည်၊ စာအုပ်ကြီး သမား ဖြစ်သည်။
ထို့ကြောင့် စည်းကမ်း ထိန်းသိမ်းရေး ခန်းမ၏၊ ကိစ္စများ အပေါ်၊ ဝင်ရောက် စွက်ဖက် ခြင်းကို မကြိုက်ချေ။
မုရွယ်လင်က အကြီး အကဲ များအား၊ ထွက်သွားရန် လက်ပြ လိုက်သည်။ လူရှင်း သွား သည်နှင့်၊ ယွဲ့ဝေဝေက ပြုံးရွှင် စွာဖြင့်၊ သူမ လက်မောင်းကို ဖက်တွယ် တော့၏။
“ အစ်မ ... သူ ဘယ်မှာလဲ။ ”
“ ငါ သိတယ် ... ၊ မင်း ငါ့ကို သတိ ရလို့ လိုက်လာတာ မဟုတ်ဖူး ဆိုတာ၊ ထွက်သွားပြီ။ ”
မုရွယ်လင်က ခန်းဆောင် အတွင်း ဖြစ်ပျက်ခဲ့သည် များကို၊ ပြန်လည် ပြောပြ လိုက်၏။
စကား နားထောင် နေစဉ်၊ လင်းဝမ်နှင့် လောရှူရီမှာ မယုံနိုင်ဟန် မျက်လုံးများ ပြူး ကျယ် လာတော့သည်။
“ တကယ်လို့ ... သူသာ ဒီသီချင်းကို မတီးနိုင်ရင် ... ၊ အစ်မက သူ့ကို တကယ် အပြစ် ပေး မှာလား။ ”
ယွဲ့ဝေဝေက မကျေ မနပ်ဖြင့် မေးလိုက်၏။
“ သူသာ တောင်းပန် လာမယ် ဆိုရင် ... ၊ ဒီကိစ္စကို ငါ သေသေ ချာချာ ... စုံစမ်း ပေးမှာပါ၊ မနစ်နာ စေရ ပါဘူး၊ ဒါပေမယ့် ... သူ တကယ် ခေါင်းမာတယ်၊ ဒီလို ခေါင်းမာတဲ့ လူမျိုး တစ်ခါမှ မတွေ့ ဖူးဘူး။ ”
မုရွယ်လင်မှ ပြန်ဖြေ၏။
“ ဒီတစ်ခါတော့ ငါ့ အစ်မက၊ အရှုံးကို လက်ခံလိုက် ရတယ် မဟုတ်လား ... ၊ ဒါမျိုး ရှားရှား ပါးပါး ပါပဲ။ ”
ယွဲ့ဝေဝေက ပြုံးလျက်၊ စကား ဆိုလိုက်သည်။ မုရွယ်လင်မှ စူးစူး ရဲရဲ ကြည့် လာ သဖြင့်၊ ချက်ချင်း ခေါင်းစဉ် ပြောင်းလိုက် ရ၏။
“ ကြည့်ရတာ ... ဒီလင်းရှောင်ရဲ့ အကျင့်စရိုက်က ... ငါ့အစ်ကိုကြီး ယွန်နဲ့ တူနေ သလိုပဲ။ ”
“ သူ့ကို ကောင်းကင် မူလ ကြေးမုံနဲ့ ... ငါကြည့်ပြီး ပါပြီ၊ သူက လင်းယွန် မဟုတ်ဘူး၊ လင်းရှောင် ... ညည်း စိတ်ကူးယဉ် မနေနဲ့၊ ကောင်းကင်ဘုံ ကိုးပါး ကကြိုး ... ကိုပဲ အာရုံစိုက်ပါ။ ”
“ ဝေဝေက ... ဒီအတိုင်း ပြောကြည့် တာပါ။ ”
ယွဲ့ဝေဝေက လွမ်းဆွတ် လာသော အမူအရာဖြင့်၊ အဝေးကို ငေးကာ၊ ငြိမ်သက်သွား တော့သည်။
အစ်ကိုကြီး ယွန် တစ်ယောက် အဆင်မှ ပြေမည် လောဟု မေးချင် လာမိသည်။ သို့သော် သူမ မေးခွန်ကို၊ ဖြေမည့်သူ မရှိချေ။
***