← Chapters

ကိုးပါး ကောင်းကင် ချပ်ဝတ် ။

Vol. 122 Ch. 1698

ကိုးပါး ကောင်းကင် ချပ်ဝတ် ။

Vol. 122 Ch. 1698

လင်းယွန်က အကြီးအကဲ ကူကျွင့်နှင့် ဆေးခန်းမသို့၊ ဦးတည် လာခဲ့သည်။ တော်ဝင် သူတော်စင် ဆေးလုံးသည်၊ စိတ်စွမ်းအင်ကို အားကောင်း စေသည့်၊ ထိပ်တန်း အရည် အသွေး ရှိ၏။

သန့်စင်ရ ခက်ခဲ သောကြောင့်၊ ကူကျွင့် ပင်လျှင် ဆယ်လုံးကို တစ်ပြိုင်နက် ထုတ်ယူရန် အခက် အခဲ ရှိလေသည်။

ထို့ကြောင့် မုရွယ်လင်မှ ကြိုတင် အကြောင်း ကြား ပေးခဲ့ ရသည်။ ဆေးလုံး ထုတ်ယူ နေစဉ်၊ ကူကျွင့် မျက်နှာမှာ ပျက်ယွင်း လာသည်။

ဤပမာဏအား သူ့ လစာ ထဲမှ ဖြတ်မည် ဖြစ်သည်။

“ လင်းရှောင် ... ၊ ငါတို့ ဘာလို့ မညှိနှိုင်း ကြတာလဲ၊ ဒီပမာဏကို မင်း ... အခု ချက်ချင်း မလိုသေး ပါဘူး၊ လက်ရှိ ကျင့်ကြံမှု အရ၊ ဖြုန်းတီးမှု တစ်ခု ပါပဲ၊ မင်းအတွက် ...

... အဆင့်နိမ့် ဒါမှ မဟုတ် ... အလယ် အလတ် သူတော်စင် ဆေးလုံး တွေနဲ့၊ လှဲလှယ် လိုက် ပါလား၊ မင်းရဲ့ ကျင့်ကြံမှု မြင့်မား လာရင်၊ တော်ဝင် သူတော်စင် ဆေးလုံးကို၊ ငါ ပြန်ပေး မယ်လေ။ ”

“ စိတ်မဝင် စားဘူး။ ”

လင်းယွန်က ပြုံးပြီး၊ ၎င်း လက်မှ ဆေး ပုလင်းကို လုယူ လိုက်သည်။ ပုလင်းကို ကိုင်မိ သော အခါ၊ စိတ်လှုပ်ရှား လာ တော့၏။

အကျိုး သက်ရောက်မှုသည် နတ်ဘုရား အသွေးတော် အရွက်ထက် နိမ့်ကျခြင်း ရှိမည် မဟုတ် ချေ။

ထို့ပြင် ၎င်းအရွက်ကို တစ်ကြိမ် သန့်စင် ထားပြီး ဖြစ်သဖြင့်၊ အကျိုး သက်ရောက်မှု မှာ၊ အားနည်း လာပေမည်။

တော်ဝင် သူတော်စင် ဆေးလုံး ပုလင်းကို ကြည့်ကာ၊ ပြုံးနေသော လင်းယွန်၏ အမူ အရာ ကြောင့်၊ ကူကျွင့်မှ မရိုး မရွ ဖြစ်လာသည်။

“ မင်းမှာ အသိ တရား မရှိ ဖူးလား၊ ငါ မင်းကို လွှတ်ပေးဖို့ စောစောက ကူပြော ပေး ထားတယ်လေ။ ”

“ ဟုတ် လား ... ။ ”

လင်းယွန်မှ ပြုံး သည်။ ကူကျွင့်မှာ ပြောပေးသည် မှန်သော်လည်း၊ ကျင်းယွီအား အတိုက် အခံ မလုပ် ရဲချေ။

ကျင်းယွီမှာ စည်းကမ်း ထိမ်းသိန်းရေး ခန်းမ၏ မဟာ အကြီးအကဲ ဖြစ်ပြီး၊ သူသည် ဒုတိယ အကြီး အကဲ မျှသာ ဖြစ်သည်။

မုရွယ်လင် ရှိ၍ သာလျှင်၊ ထွက်လာ နိုင်ခြင်း ဖြစ်၏။

“ မင်းက တကယ်ပဲ ဂီတ သမားလား။ ”

ကူကျွင့်က အကြောင်း အရာကို၊ ဆက် မပြော တော့ဘဲ၊ ခေါင်းစဉ် ပြောင်း လိုက်သည်။ လင်းယွန်နှင့် ရန်ငြိုး မရှိ သဖြင့်၊ ပြဿနာကို ထားခဲ့ နိုင်ခဲ့သည်။

သို့တိုင် တော်ဝင် သူတော်စင် ဆေးလုံး ဆယ်လုံး ဟူသော ပမာဏသည် သူ့ကို နာကျင် စေသည်။

“ ဘယ်လို ထင်လို့လဲ ။ ”

“ မဟုတ် ဖူးလို့ ထင်တယ် ... ၊ သူတော်စင် အသံကို၊ မင်း စိတ်စွမ်းအင် လောက်နဲ့ ဆုပ်ကိုင် နိုင်တဲ့၊ နည်းလမ်း မရှိ ပါဘူး၊ ငါ့ အမြင် မှာတော့ မင်းက ဓားသမားပဲ။ ”

လင်းယွန်က ငြင်းဆိုခြင်း မပြုချေ။ ရုပ်ဖျက်ထား သည့်တိုင်၊ မူလ ဗီဇမှာ ထွက်ပေါ် လာမြဲ ဖြစ်သည်။

လက်ရှိ အချိန်၌ ကောင်းကင် မူလ ကြေးမုံကြောင့်၊ သူ့အား လင်းယွန်ဟု မည်သူမျှ ထင်ကြမည် မဟုတ်ချေ။

“ အဲဒါ ... ဘယ်သူလဲ ... ။ ”

ရင်းနှီးသော အငွေ့ အသက် (၃)ခု ပျံသန်း သွားသည်ကို တွေ့လိုက် ရသဖြင့်၊ လင်းယွန် က ရုတ်တရက် ရပ်ကာ မေးတော့သည်။

၎င်းတို့၏ နောက်ကျောကို ကြည့်ရုံဖြင့်၊ လင်းဝမ်နှင့် လောရှုရီဟု အတည်ပြု နိုင်ပေ၏။ သို့သော် ကျန် တစ်ယောက် ကိုမူ၊ မသိချေ။

“ စိတ်ဝင်စားဖို့ ကောင်းတယ် ... ၊ သူ့ ထောက်ခံမှုနဲ့ ... ကောင်းကင် ရနံ့ သင်းသင်းထဲ မင်း ဝင်လာတာ မဟုတ် ဖူးလား၊ ဒါဆို ကောလ ဟာလ တွေက အမှန်ပေါ့၊ မင်းကိုယ် တိုင်က နတ်သမီး လေးကို မတွေ့ဖူး ဘူးပဲ။ ”

ကူကျွင့်မှ ပြန်ဖြေသည်။

“ နတ်သမီးလေး ဆိုတာလား။ ”

အဝေးရောက် နေပြီ ဖြစ်သော၊ မိန်းကလေး၏ ကျောပြင်ထံ လင်းယွန်မှ ကြည့် မိသည်။

၎င်းသည် ကောင်းကင် ရနံ့ သင်းသင်း၌ မြင့်မားသော ဂုဏ် ကျက်သရေ ရှိသောကြောင့်၊ မြင်ချင် လာမိသည်။

မျက်နှာချင်းဆိုင် မဆုံ လိုက်ရ သည်မှာ၊ စိတ်မကောင်း စရာ ပေပင်။ သို့သော် သူမနှင့် ရင်းနှီး နေသည် ဟူသော ခံစားချက်မျိုး၊ ပေးစွမ်း နေသည်မှာ၊ ထူးဆန်း လှ၏။

ပုံရိပ် သုံးရိပ်၊ တိမ်တိုက်ထဲ ဝင်ရောက် ပျောက်ကွယ် သွားပြီးနောက်၊ ယင်းကိစ္စ အား၊ ခေါင်းထဲမှ ထုတ်ပစ် လိုက်သည်။

သူမ သည်လည်း ကောင်းကင် ရနံ့ သင်းသင်းတွင် ရှိနေ သောကြောင့်၊ တစ်ချိန် မဟုတ် တစ်ချိန်၊ ဆုံတွေ့ ခွင့် ရပေမည်။

“ မင်းရဲ့ တော်ဝင် သူတော်စင် ဆေးလုံးအတွက် ကျေးဇူး တင်ပါတယ်။ ”

လင်းယွန်က နှုတ်ဆက်ပြီး နေအိမ်သို့ ပြန်ရန် ပြင်လိုက်သည်။

“ မင်း ... တကယ့်ကို အလေး အနက် မထားဖူးပဲ၊ ကျင်း မိသားစုက ရှေး သူတော်စင် မိသားစုပါ၊ သူတို့က ငရဲ ပင်လယ်မှာ ... အင်အားကြီးတယ်၊ သတိထား ။ ”

ကူကျွင့်မှ သတိ ပေး၏။

“ ကောင်းပြီ ... ၊ အပြင် ထွက်ဖို့ အစီစဉ် ရှိရင်၊ ဆက်သွယ် လိုက်ပါ့မယ်။ ”

လင်းယွန်မှ ပြုံးကာ ပြန်ပြော သည်။

“ ကောင်လေး ... ၊ မင်းက ငါ့ကို သက်တော်စောင့်များ ထင်နေလား။ ”

သူ့စကားကြောင့် ကူကျွင့်မှာ ဒေါသ ထွက်သွားပုံ ရသည်။

“ တော်ဝင် သူတော်စင် ဆေးလုံး တစ်လုံး။ ”

လင်းယွန်မှ ညှိနှိုင်း လိုက်၏။

“ သဘော တူတယ် ... ၊ မင်း စကားကို ပြင်ဆင်ခွင့် မရှိဘူး။ ”

ယင်းက လင်းယွန်ကို နှုတ်ခမ်းများ လှုပ်ယမ်း သွားစေ၏။ ကူကျွင့်သည် သူ့အား ခြိမ်းခြောက်ကာ၊ သူတော်စင် ဆေးလုံးကို ပြန်လည် ရယူရန်၊ ကြိုးစား ခဲ့ခြင်း ဖြစ်မှန်း နားလည် လိုက်သည်။

ထိုအချိန်တွင် နှင်း လှိုဏ်ဂူ ထဲ၌၊ ကောင်းကင် ရနံ့ သင်းသင်း ခန်းမ သခင်နှင့်၊ မုရွယ်လင်မှာ ဝိုင်းဖွဲ့ နေခဲ့သည်။

သူမက မုရွယ်လင် စကား များကို ကြားရ ချိန်၌၊ အံ့ဩ လာတော့သည်။

“ မီးလွင်ပြင် ထဲက ဖီးနစ်ကို ... ၊ ပထမဆုံး ကြားဖူးတာ သေချာလား။ ”

“ သေချာ သလောက် နီးပါးပဲ။ ”

“ ဒါဆို မင်းက သူ့ကို ဝေဝေနဲ့ တွဲစေချင် လား၊ ဒါပေမယ့် ... သူ ဒီရောက်တာ နှစ်ရက်ပဲ ရှိပါ သေးတယ်၊ သူ့ကို စောင့်ကြည့်ဖို့ အချိန် လိုတယ် မဟုတ်လား။ ”

ခန်းမ သခင် စကားကြောင့်၊ မုရွယ်လင် ခမျာ၊ အနည်းငယ် ငြိမ်သက် သွား တော့သည်။ ခန်းမ သခင်က၊

“ လင်းဝမ်နဲ့ လောရှုရီ ပြောခဲ့ တာတွေ ကသာ၊ အမှန် ဆိုရင်၊ သူ့ စရိုက်က အဆင် ပြေ မှာပါ၊ ပြဿနာ ဖြစ်မယ် မထင် ပါဘူး၊ ပြီးတော့ ငါတို့မှာ ...

... ရွေးချယ် ခွင့်မှ မရှိ တော့တာ ... ၊ တတ်နိုင် သမျှ ကြိုးစား ပြီးပြီပဲ၊ သူတို့က အရည် အချင်း ရှိပေမယ့် ... ၊ ဝေဝေ့ကို စိတ်ဝင်စားမှု မပေး နိုင်ဘူး၊ ...

... ကောင်းကင်ဘုံ ကိုးပါး ကကြိုး က ... ၊ ကိုးပါး ကောင်းကင် ချပ်ဝတ် မပါရင်၊ အထွတ် အထိပ် ရောက်မှာ မဟုတ်ဘူး၊ အဲဒီ ကောင်လေး ကသာ၊ ဒီလို သီချင်းမျိုး တီးနိုင်တယ် ဆိုရင်၊ ငါတို့ စမ်းကြည့် သင့်တယ်၊ ဒါပေမယ့် ... ”

“ ဒါပေမယ့် ... ဘာဖြစ်လဲ။ ”

“ ရောက်ရောက်ချင်း နေ့မှာပဲ ... ၊ မင်းကိုတောင် ရိုင်းရိုင်း စိုင်းစိုင်း ပြုမူခဲ့ တယ်လို့၊ ငါ ကြားတယ်၊ မင်း ... သူ့ကို သုံးချင်တာ သေချာ တာလး။ ”

“ ခန်းမ သခင် ... စိုးရိမ်လွန် နေပြီ၊ သူက အရမ်း မာန ကြီးတဲ့ အတွက်၊ သူ့အပေါ် အထင် အမြင် ကောင်းတွေ မရှိ ပါဘူး၊ ဒါပေမယ့် ခန်းမ သခင် ပြောသလိုပဲ၊ သူက ရှေးဟောင်း နုတ် တွေကို၊ ကောင်းကောင်း နိုင်နင်း တယ်။ ”

“ မင်းထက် သာလား ... ။ ”

“ သာ ... တယ်။ ”

မုရွယ်လင် တစ်ယောက်၊ လင်းယွန်၏ မေးခွန်း များကို၊ ပြန်ကြားယောင် လာတော့ သည်။ ထိုစဉ်က မေးခွန်း တိုင်း၊ သူမ ပြန်မဖြေ နိုင်ခဲ့ချေ။

“ ကျွမ်းကျင်မှု မလုံလောက် ပေမယ့် ... ၊ သူ့မှာ အတွေ့အကြုံ ကောင်းတွေ အများကြီး ရှိနေတယ်၊ ရွယ်လင်ရဲ့ အမြင် ကိုတောင်၊ ဖွင့်လှစ် သွားတယ်၊ အဲဒီ တုန်းက ...

... တကယ် တုန်လှုပ် ခဲ့ရတာ၊ အခု ရွယ်လင်တောင် အောင်မြင်မှု တစ်ခု ရယူဖို့၊ နီးစပ်လာ ပြီလို့ ခံစား လာရတယ်။ ”

“ အဲဒီ လောက် တောင်လား။ ”

ခန်းမ သခင်မှ ထိတ်လန့် သွားသည်။ ထို့ကြောင့် လင်းယွန်အား ပို၍ စိတ်ဝင်စား လာတော့၏။

“ ဒါဆို ခေါ်လာခဲ့ ... ။ ”

“ ကောင်းပြီ ... ၊ ဒါပေမယ့် ... ဝေဝေ ကိုတော့ အသိ မပေး ပါနဲ့ ... ၊ သူ့ကို အဝေး ကနေပဲ စမ်းကြည့်မယ်။ ”

မုရွယ်လင်က တွေးဆ နေဟန်ဖြင့်၊ ပြောသည်။

“ကောင်းပြီ ... ။ ”

သုံးရက် အကြာတွင်၊ လင်းယွန်မှ မျက်ဝန်းများ ပွင့်လာ ခဲ့သည်။ ဤသုံးရက် အတွင်း၊ တော်ဝင် သူတော်စင် ဆေးလုံး တစ်လုံးအား၊ သန့်စင် နိုင်ခဲ့၏။

ထို့ကြောင့် စိတ် စွမ်းအင်မှာ၊ ဆဋ္ဌမတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် အဆင့် သို့၊ ချက်ချင်း ရောက်ရှိ လာသည်။

မုရွယ်လင် အဆို အရ၊ သူတော်စင် အသံ ဖန်တီးရန် လုံလောက်ပြီ ဖြစ်သည်။ သို့သော် မကျေနပ် နိုင်သေးချေ။

ကျန်ရှိ နေသောကြောင့် သူတော်စင် ဆေးလုံး များဖြင့်၊ သတ္တမတန်း ဝိညာဉ် ရေးရာ ဆရာ သခင် အဆင့်သို့၊ တက်လှမ်း လိုသည်။

သို့မှသာ အဋ္ဌမ သွေးလွှတ်ကြော နယ်ပယ် တွင်ရှိသော ပြိုင်ဘက် များကို၊ အလွယ် တကူ ရင်ဆိုင် နိုင်မည် ဖြစ်သည်။

“ သူတော်စင် နန်းဆောင်ကို အခု လာခဲ့ ... ။ ”

ရုတ်တရက် ကောင်းကင် ရနံ့ တံဆိပ်မှ တုန်ခါ သွားပြီး၊ အသံ ထွက်ပေါ် လာလေသည်။ သုံးရက် လုံးလုံး ဂိုဏ်းနှင့် အဆက်ပြတ် နေသဖြင့်၊ စိတ် လှုပ်ရှား သွား၏။

ထိုအမျိုးသမီးသည် သူ့အား မောင်းထုတ် ခဲ့ပြီး၊ ယခု ဆက်သွယ် လာပြန်သည်။ မည်သို့ပင် ဆိုစေ ကာမူ၊ သူမ၏ ရပ်တည်ချက်နှင့် ခွန်အား အရာကြောင့်၊ လေးစား ထိုက် ပေ၏။

အမွှေးတိုင် တစ်ဝက် လောင်ကျွမ်းချိန် ကြာပြီးနောက်၊ သူတော်စင် နန်းဆောင်သို့၊ လင်းယွန် ရောက်ရှိ လာသည်။

နန်းဆောင် အတွင်း မည်သူမျှ မရှိဘဲ၊ မုရွယ်လင်သာ ရှိနေ၏။ သူ စောစော ရောက်ရှိ လာခြင်း ဖြစ်ပေမည်။

ခန်းဆောင် အတွင်း ဝင်လိုက် သည်နှင့်၊ သူမက သူ့အား စူးစိုက်ကာ ကြည့်လာ ခဲ့သည်။ ယခင်ထက် ပို၍ တည်ငြိမ် နေ၏။

မျက်ဝန်း များတွင်၊ အရည်လဲ့ နေပြီး၊ ဆန့်ကျင့်ဘက် လိင်အပေါ်၊ ဆွဲဆောင် နိုင်လွန်း ချေပြီ။

အလှ တရား များစွာကို တွေ့ဖူး ခဲ့ သော်လည်း၊ ဤမုရွယ်လင် လောက် ထူးခြား သည့်၊ အမျိုး သမီးမျိုး မမြင်ဖူး သေးချေ။

ငယ်ရွယ်ပြီး ကျင့်ကြံမှု မြင့်မားကာ၊ ဆွဲဆောင်မှု ပြင်းသော မျက်ဝန်း တစ်စုံ ပိုင်ဆိုင် ထား ချေပြီ။

“ ထိုင် ... ။ ”

မုရွယ်လင်မှ ဖျာတစ်ချပ်ကို ညွှန်ပြ လိုက်သည်။ လင်းယွန်က သံသယဖြင့် ဖျာပေါ် ဝင်ထိုင်ကာ၊

“ ဒီနေ့ စောစော လာမိ ပုံရတယ်။ ”

-ဟု မှတ်ချက် ပြု လိုက်သည်။

“ မဟုတ်ဘူး ... ၊ မင်း တစ်ယောက် တည်းကို ခေါ်လိုက်တာ၊ မင်းကို ကိုးပါး ကောင်းကင် သီချင်း သင်ပေးမယ်။ ”

“ ဘယ်လို ... ။ ”

ယင်းသည် အနည်းငယ် အလေး အနက် ထားရာ ကျလွန်း သောကြောင့်၊ မယုံ နိုင်ဖွယ် ဖြစ်လာ တော့သည်။

“ ဘာလဲ ... ၊ ငါ မင်းကို သင်ပေးဖို့ အရည်အချင်း မရှိ ဖူးလို့ ... ထင်တာလား။ ”

မုရွယ်လင် မျက်နှာ၌ ပြောင်းလဲမှု မရှိ သော်လည်း၊ အမည်ခံ သူတော်စင် ဖိအားကို ထုတ်ဖော် လိုက်သည်။

“ အဲဒီလို မဟုတ် ပါဘူး ... ၊ ဂီတနဲ့ ပတ်သတ်ရင်၊ ငါ့မှာ သင်ယူစရာတွေ အများကြီး ကျန်ပါ သေးတယ်၊ ဒီကိုးပါး ကောင်းကင် ချပ်ဝတ် သီချင်းက ဘာလဲ။ ”

“ နောက် ... မင်း သိပါ လိမ့်မယ်။ ”

မုရွယ်လင်မှ စကား အများကြီး မပြော တော့ဘဲ၊ ကိုးပါး ကောင်းကင် ချပ်ဝတ်ကို စတင် သင်ကြား ပေးလာသည်။

၎င်းသည် ရှေးဟောင်း သီချင်း ဖြစ်ပြီး၊ မီးလွင်ပြင် ထဲက ဖီးနစ် ထက်ပင်၊ ပို၍ ရှုပ်ထွေး ချေပြီ။ ပါရှိသော အနုပညာ အယူ အဆသည် အလွန် ရှေးကျ ချေ၏။

အရည်အချင်း ရှိသော လင်းယွန်ပင်၊ သီချင်း၏ ပထမ အပိုင်းကို မှတ်မိရန် အတွက် အကြိမ်ပေါင်း များစွာ လေ့ကျင့် ရသည်။

“ ဒင် ... ။ ”

တစ်နာရီကုန် လွန်ပြီးနောက် နောက်ဆုံး အပိုင်းကို စမ်းကြည့်သည်။ ထိုမြင်ကွင်းကြောင့် မုရွယ်လင် ခမျာ၊ ထိတ်လန့် သွားသည်။

နာရီပိုင်း အတွင်း ဤမျှ ရှုပ်ထွေးသော ရှေးဟောင်း သီချင်း တစ်ပုဒ်ကို၊ ဆုပ်ကိုင်နိုင် ခြင်းသည် ရူးသွပ်ဖွယ် ဖြစ်၏။

“ ဒီနုတ် တွေက မှားနေတယ်။ ”

လင်းယွန်က သီးချင်းကို ရပ်ကာ၊ မရေရာသော ဟန်ဖြင့် ပြောလိုက်သည်။

“ ဘာနေမှာ မှားလဲ။ ”

မုရွယ်လင်မှ မေးသည်။ ထိတ်လန့်မှုကို မျက်နှာတွင် မပေါ်အောင်၊ ထိန်းထား လိုက်ရ သည်။

“ လူ တစ်ယောက်။ ”

လင်းယွန်မှ ပြောသည်။

“ ဒါက ... ၊ ကောင်းကင် သီချင်း ဖြစ်လို့၊ သဘာဝ အတိုင်း ကောင်းကင် အကကို ‘က’မဲ့ လူတစ်ယောက် လိုနေတယ်။ ”

လင်းယွန် အဖြေကြောင့်၊ မုရွယ်လင်မှာ ထိတ်လန့် သွားပြီး၊ မယုံကြည် နိုင်စွာ ပြန်ကြည့် မိ လေသည်။

“ မင်း ... ဒါကို ဘယ်လို သိလဲ။ ”

“ ခံစား မိတာ ... ။ ”

အဖြေမှာ ရိုးရှင်း လှ၏။ မုရွယ်လင်က လင်းယွန် ရှေ့သို့ ချက်ချင်း ရောက်ရှိ လာပြီး၊ ပခုံးအား လှမ်းဆွဲလျက်၊

“ ငါနဲ့ လိုက်ခဲ့ ... ။ ”

-ဟု ဆိုကာ၊ ကောင်းကင်ပေါ် ခုန်တက် သွားတော့သည်။

သူမ ဦးတည်ရာ အရပ်သည် နှင်းတောင် ထိပ်ပေါ် ဖြစ်၏၊။ လင်းယွန် အတွက်မူ၊ နားထဲ လေသံများ တဝူးဝူး မြည်နေ တော့သည်

***

All Chapters