← Chapters

အိမ်မက် ထဲက ရတနာ။

Vol. 122 Ch. 1699

အိမ်မက် ထဲက ရတနာ။

Vol. 122 Ch. 1699

မုရွယ်လင်သည် လင်းယွန်အား စကား တစ်ခွန်မျှ မဆို တော့ဘဲ၊ နှင်းတောင်ပေါ် ခေါ် ဆောင် လာသည်။

“ ဒါ ... နှင်း သူတော်စင် တောင်ပဲ။ ”

လင်းယွန်က ရေခဲပြင်ပေါ် ဆင်းသက်လျက်၊ အံ့ဩ သွားသည်။ ဤသည်မှာ ကောင်းကင် ရနံ့ သင်းသင်း၏၊ (၃၆) လုံးသော တောင်တန်းများ အနက်၊ ရှေး အကျဆုံး တောင် ဖြစ်သည်။

ဓားဂိုဏ်း၏ သူတော်စင် တောင် ကဲ့သို့၊ သက်တမ်း ကြာရှည်ခြင်း မရှိ သော်ငြားလည်း၊ သူတော်စင် သွေးကြော ရှိနေဆဲ ဖြစ်၏။

သူတော်စင် တောင်သည် ယေဘူယျ အားဖြင့်၊ ဂိုဏ်း တစ်ဂိုဏ်း၏ တားမြစ် နယ်မြေ ဖြစ်ပြီး၊ လင်းယွန် သည်ပင်၊ ဓားဂိုဏ်း၌ တက်ရောက်ခွင့် မရ ခဲ့ချေ။

မုရွယ်လင် နောက်မှ လိုက်ပါ လာစဉ်၊ ရေကန်ကြီး တစ်ကန် ပေါ်တွင် ကခုန် နေသော အနီဝတ် အမျိုးသမီး တစ်ဦးကို မြင်လိုက် ရသည်။

အမျိုးသမီး၏ ပြေပြစ်သော ခန္ဓာကိုယ် ကောက် ကြောင်းကို၊ အဝေး မှပင် မြင်နိုင်သည်။ မျက်နှာ အသွင် အပြင် အတွက်မူ၊ ဆီးနှင်း များက တားဆီး နေသဖြင့်၊ မမြင်ရချေ။

“ သူက နတ်သမီး လား။ ”

လင်းယွန်က နတ်နဂါး မျက်လုံး များကို ထုတ်ဖော် လိုက်သော အခါ၊ မြင်ကွင်း အတွင်း၊ ပူစီဖောင်း များ ပေါ်လာသည်။

ပူစီဖောင်း တစ်ခု စီသည်၊ သူတော်စင် တာအို၏ သဘော တရားများ ဖြစ်ပြီ၊ နတ်နဂါး မျက်လုံး များကို ဟန့်တား လာ၏။

နတ်နဂါး မျက်လုံးကို ရုတ်သိမ်းလျက်၊ လင်းယွန်မှ မုရွယ်လင်ထံ ကြည့်သည်။ ယင်းကို သူမ လုပ်ခဲ့မှန်း သူ သိ၏။

မုရွယ်လင်သည် ခြေတစ်လှမ်း လှမ်းနိုင် ရုံဖြင့်၊ သူတော်စင် တာအို များကို ဆုပ်ကိုင် နိုင် တော့မည် ဖြစ်သည်။ ထို့ကြောင့် အသူရာ နဂါး မျက်ဝန်း အသုံးပြုမှ သာလျှင်၊ မြင်နိုင် တော့မည် ဖြစ်၏။

“ မင်း ဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ နတ်သမီး လေးကို ချောင်းကြည့်ဖို့ ... မကြိုးစား ပါနဲ့၊ ဒါ ... နောက်ဆုံး သတိ ပေးခြင်းပဲ။ ”

သတ်ဖြတ် လိုသော ဆန္ဒကို ချက်ခြင်း ခံစားလိုက်ရ သဖြင့်၊ သူတော်စင် အကြီး အကဲ မှာ၊ နားလည်မှု လွဲနေမှန်း သိလိုက်သည်။

အဆုံးတွင် မကောင်းသော လျှို့ဝှက် နည်းစနစ် တိုင်းသည်၊ အဝတ် အစား များကို ဖြတ်ကာ၊ အမျိုးသမီး များ၏ ခန္ဓာ ကိုယ်အား ကြည့်ရန်၊ ရည်ရွယ် ပေ၏။

နတ်နဂါး မျက်လုံးများ သည်လည်း၊ ထိုနည်း လည်းကောင်း ပေပင်။

“ သူရဲ့ မျက်နှာကို မြင်ချင် ရုံပါ၊ အထင် မလွဲ ပါနဲ့။ ”

လင်းယွန်က ချက်ချင်း ရှင်းပြ လိုက်သည်။

“ ငါ သိတယ် ... ၊ မဟုတ်ရင် မင်းကို သတ်ပစ် လိုက်ပြီ။ ”

မုရွယ်လင်မှ ပြန်ပြောသည်။

“ မျက်နှာကို ကြည့်လို့တောင် မရ ဖူးလား။ ”

“ မရဘူး ... ဒါ မင်း အတွက် ပြောတာ၊ နတ်သမီးလေးရဲ့ အလှက တုနှိုင်း မဲ့တယ်၊ မင်း မကြည့်တာ အကောင်း ဆုံးပဲ၊ မဟုတ်ရင် ရူးသွား လိမ့်မယ်။ ”

“ ဟမ့် ... သူက ဘယ်လောက် တောင် လှနိုင်လို့လဲ၊ သူတော်စင် အကြီးအကဲ ထက် သာလား။ ”

လင်းယွန်က ပြုံးကာ မေးလိုက်သည်။ ထိုစကားကြောင့် မုရွယ်လင်မှာ အနည်းငယ် အံ့အားသင့် သွား၏။ ပြီးစဉ်းစား နေဟန်ဖြင့် ငြိမ်သက် သွားကာ၊

“ ငါနဲ့ ... အတူတူပဲ။ ”

-ဟု ပြန်ဖြေ လာတော့သည်။

“ ဟား ဟား ဟား ... ။ ”

လင်းယွန်မှာ မထိန်းနိုင် တော့ဘဲ၊ ကျယ်လောင်စွာ ရယ်မော လိုက် မိသည်။ ဤ အမျိုးသမီးသည် အေးစက် တည်ကြည်သော အသွင် ရှိသော်လည်း၊ ရိုးသား လွန်းချေပြီ။

ယင်းက တစ်မျိုး ချစ်စရာ ကောင်း၏။ သူ့ရယ်သံကြောင့် မုရွယ်လင်မှာ ရှက်ရွံ့ သွားပြီး၊

“ ဘာရယ် တာလဲ။ ”

-ဟု မလုံ မလဲနှင့် ပြန်မေး လေသည်။

“ ဘာမှ မဟုတ် ပါဘူး ... ၊ သူတော်စင် အကြီးအကဲက ငါ့ကို ဒီခေါ်လာတာ အကူ အညီ တောင်းမို့ မဟုတ်လား၊ ဆက် ပြော ပါ။ ”

“ သူက ကောင်းကင် ကိုးပါး ကကွက်ကို လေ့ကျင့် နေတာ၊ ဒါပေမယ့် တတိယ အဆင့်မှ ပိတ်မိ နေတယ်၊ ဒါကြောင့် ...

... ကိုးပါး ကောင်းကင် ချပ်ဝတ်နဲ့ သူ့ကို ကူညီပြီး၊ အောင်မြင်မှု ရအောင် လုပ်ဆောင်ပေး ပါ။ ”

မုရွယ်လင်က လိုရင်းကို တိုက်ရိုက် ပြောသည်။

“ ကိုးပါး ကောင်းကင် ချပ်ဝတ်ကို ဘယ်လို တီးရ မလဲ၊ သူ မသိ ဖူးလား။ ”

“ မဟုတ်ဘူး ... ၊ ဒါက ယောက်ျား လေး တစ်ယောက်က၊ သူ့ချစ်သူ မိန်းကလေး အတွက် ချပ်ဝတ် တစ်ထည်ကို ဖန်တီး ပေးရတာ မျိုးပါ၊ မိန်းကလေးက သူ့ချစ်သူ ပေးတဲ့ ဝတ်စုံကို ဝတ်ပြီး၊ ပျော်ရွှင်စွာ ကခုန် ရတယ်။ ”

“ ဘာလို့ ... ငါ့ကို ရွေးရ တာလဲ။ ”

လင်းယွန်မှ အံ့ဩ သွားသည်။

“ မင်းကို ... ၊ ထုတ်ဖော် ချီးကျူး စေချင် လို့လား။ ”

မုရွယ်လင်က သူ့အား လှည့်ကြည့်၏။ ထိုအကြည့် ကြောင့် လင်းယွန်မှာ၊ အနည်းငယ် တုန့်ဆိုင်း သွားပြီး၊ ပြုံးလိုက်သည်။

“ နားလည် ပြီ ... ။ ”

“ ကောင်းပြီ ... မင်းက နတ်သမီးလေး အတွက်၊ ချပ်ဝတ်ကို ဖန်တီး ပေးပါ၊ တိမ်တွေ ကနေ ယှက်လုပ် ထားတဲ့၊ ရောင်စဉ် ကိုးသွယ် ချပ်ဝတ် မျိုးပဲ ... ၊ ချပ်ဝတ် တစ်ထည် လုံးက နှင်းပွင့်လေး တွေလို ပေါ့ပါး နေရမယ်၊ နားလည်လား။ ”

မုရွယ်လင်က ကခုန် နေသော အမျိုး သမီးအား လှမ်းကြည့်ကာ၊

“ သူ့ကို မင်းချစ်သူ အဖြစ် ခံစားပြီး၊ ဖန်တီးပါ၊ ဒါပေမယ့် သူ့ကို စိတ်ကူး မယဉ်နဲ့ ... ၊ သူက မင်း လက်လှမ်း မီတဲ့၊ ပန်းမျိုး မဟုတ်ဘူး။ ”

“ သူတော်စင် အကြီးအကဲ ... ၊ ဒါက ငါ့ကို တမင် ခက်ခဲအောင် ရည်ရွယ်ချက် ရှိရှိ လုပ်နေ တာလား။ ”

“ မင်းကိုယ်မင်း အဲဒီလောက် ပိုတွက် မထားနဲ့၊ နတ်သမီးလေး ဆိုတာ ... ထူးခြားတဲ့ ကလေးပဲ၊ သူ့ အဖေကို ဒီကမ္ဘာ ပေါ်မှာ ရှိတဲ့၊ ဘယ်သူမှ ရန်မစ ရဲဘူး၊ ဒေါသ တအား ကြီးတယ်။ ”

ထိုစကားကြောင့် လင်းယွန်မှ သူ့ နှာခေါင်းကို ပွတ်သပ်လျက်၊

“ သူ့ကို ရန်စ ... နေတာ မဟုတ်ဘူး၊ ဒါပေမယ့် ... သူ့ကို ... ငါ့ရဲ့ ချစ်သူလို့ တွေးဖို့ ဆိုတာက ခက်တယ်၊ ငါ မလုပ် နိုင်ဘူး။ ”

“ တော်ဝင် သူတော်စင် ဆေးလုံး ... (၁၈)လုံးနဲ့၊ နိဗ္ဗာန် ပွဲတော် တိုက်ရိုက် ဝင်ခွင့် ခွဲတမ်း ဆိုရင်ရော ။ ”

မုရွယ်လင်မှ ပြတ်သားစွာ ကမ်းလှမ်း လာသည်။

“ ဒါဆို စမ်းကြည့်မယ်၊ ဒါပေမယ့် သူ ဘယ်လို ပုံစံလဲ ဆိုတာတော့ ... သိမှ ရလိမ့်မယ်၊ မဟုတ်ရင် ငါ လုပ်နိုင်မှာ မဟုတ်ဘူး။ ”

“ ဘာဆိုင် လဲ ။ ”

“ တိမ်ဖြူဖြူတွေ ... ၊ နှင်းပွင့် တွေ ... ၊ ရှေးဟောင်း နရီ တွေနဲ့၊ ကောင်းကင် ရောင်ဝါ တွေကို၊ ပေါင်းစပ် ရမှာ ... ၊ သူတို့ အားလုံး စိတ်ကူး ထဲက၊ ...

... ဖြစ်စဉ် တွေပဲ၊ ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ်၊ ဒါက ပုံရိပ်ယောင် အဖြစ် ရှိနေ ဦးမှာ ... ။ ”

“ ဆက် ပြော ... ။ ”

မုရွယ်လင်က တစ်စုံ တစ်ရာ အပေါ်၊ အနည်းငယ် နားလည် လာဟန်ဖြင့်၊ ခေါင်းညိတ် လိုက်သည်။

“ ကိုးပါး ကောင်းကင် ချပ်ဝတ် ဆိုတာ၊ နတ်ဘုရား တွေရဲ့ အဆောင် အယောင်ပါ၊ ဒါက စိတ်ကူးယဉ် ရတနာပဲ၊ ဒီလောကမှာ ရှိတဲ့ အရာ ဝတ္တုမျိုး မဟုတ်ဘူး၊ ဒါပေမယ့် နတ်သမီးလေး ဆိုသူ ကတော့ ...

... လောက ကြီးရဲ့ ... ၊ သက်ရှိ လူသား စင်စစ် ဖြစ်နေတယ်၊ ဒီတော့ ပုံရိပ်ယောင် တွေနဲ့ သက်ရှိ လူသားကို၊ ပေါင်းစပ် နိုင်အောင် လုပ်ဖို့၊ လိုအပ်တယ် မဟုတ်လား။ ”

လင်းယွန် ရှင်းပြချက် များကြောင့်၊ မုရွယ်လင် မျက်နှာ ပြောင်းလဲ သွားပြီး၊ သဘော ပေါက်လာ တော့သည်။

“ ဘယ်သူမှ ... မအောင်မြင် ခဲ့တာ မဆန်းပါဘူး၊ ပုံရိပ်ယောင်ကို အစစ် အမှန်ဖြစ် လာအောင် ဖန်တီး ရမယ်၊ မရှိ တာကို၊ ...

... ရှိနေ သလို မျိုးပေါ့၊ ... ဒါက ဒီသီချင်းရဲ့ နရီပဲ၊ ဘယ်လို တောင် ... စိတ်ကူးယဉ် ဆန်လှ တဲ့၊ ချပ်ဝတ်မျိုး ဖြစ်မှာ ပါလိမ့်။ ”

***

All Chapters