← Chapters

တောက်ပသော အပြုံး တစ်ပွင့်။

Vol. 122 Ch. 1700

တောက်ပသော အပြုံး တစ်ပွင့်။

Vol. 122 Ch. 1700

လင်းယွန် ပြောသော စကား များသည် မုရွယ်လင်အား ထိုးထွင်း သိမြင်မှုများ ပေးစွမ်း သည်။

ထို့ကြောင့် တစ်ဖက်လူ အပေါ် လေးစား လာ၏။ မီးလွင်ပြင်ထဲမှ ဖီးနစ်သည် တိုက်ဆိုင်မှု တစ်ခု အဖြစ်၊ ဆိုသော် ကိုးပါး ကောင်းကင် ချပ်ဝတ်သည် မတော် တဆ မဟုတ်ချေ။

“ မင်းက ... ငါ့ကို တကယ် အံ့ဩ စေတာပဲ။ ”

မုရွယ်လင်မှ ရိုးသားစွာ ဝန်ခံသည်။

“ ဒါဟာ ဘာမှ မဟုတ် ပါဘူး ... ၊ ဂီတ တာအိုနဲ့ ပတ်သက်ရင် ... ၊ သူတော်စင် အကြီး အကဲကို၊ ငါက ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ။ ”

“ ဒီလောက်လည်း နှိမ့်ချ မနေ ပါနဲ့ ... ၊ မင်းက မရိုးရှင်းဖူး ဆိုတာ၊ ကောင်းကင် မူလ ကြေးမုံ ကနေ၊ ငါ သိထားတယ်၊ ကောင်းပြီ နတ်သမီး မျက်နှာကို ကြည့်ခွင့် ပေးမယ်။ ”

မုရွယ်လင်မှ သူမ လက်ကို ဝှေ့ယမ်းပြီး၊ နှင်းပွင့် များနှင့် လေထု ထဲရှိ သူတော်စင် တာအို အား၊ ဖယ်ရှား လိုက်သည်။

အဆုံးတွင် မှန်တစ်ချပ် ကဲ့သို့ ရေစက်ကြီး တစ်စက် လေထဲပေါ် လာ၏။ ၎င်းကို လင်းယွန် မှ စိတ် မဝင်စား နိုင်သေးချေ။

မုရွယ်လင် တစ်ယောက် ကောင်းကင် မူလ ကြေးမုံမှ နေ၍၊ သူ့ လျှို့ဝှက်ချက်ကို ရှာတွေ့ ခဲ့ သည်ဟူသော စကား အပေါ် အာရုံ ရောက် နေသည်။

ယင်းက မည်သည့် အရာများ ဖြစ်မည် သနည်း။ နဂါးပြာ အရိုးလော၊ ဓားတွေကို ချိုး နိုင်သော သိုင်း ဝိညာဉ် လော၊ သို့မဟုတ် အခြား တစ်စုံ တစ်ရာ ပင်လော။

သူ အတွေးများ နေစဉ်၊ ရေစက် အတွင်း၌ အမျိုးသမီး တစ်ဦးပုံ ပေါ်လာသည်။ သူမ အသွင် အပြင်ကို သတိထား မိချိန်၌၊ အတွေးများ လွင့်စင် ကာ တုန်လှုပ် သွား၏။

( ယွဲ့ဝေဝေ ... ။ )

မြစ်ကမ်း နဘေးတွင် ပလွေမှုတ်ကာ ကူညီခဲ့ပုံ၊ ယင် လေစီးကြောင်း အတွင်း အတူတူ ခုန်ဆင်း မိပုံ၊ သွေးစွန်းသော ဧည့်ခံပွဲနှင့် ကောင်းကင် လမ်း တစ်လျှောက် မြင်ကွင်းများ တရိပ်ရိပ် ဖြစ်ပေါ် လာတော့သည်။

ယွဲ့ဝေဝေက သူတို့ရှိရာ အရပ်သို့ လှည့် ကြည့်လာ သဖြင့်၊ လင်းယွန်၏ နှလုံးသားမှာ ခုန်ပေါက် သွား တော့သည်။

ယခု အချိန်၌ အစ်ကိုကြီး ယွန် ဟုသာ ခေါ်လိုက် ပါက၊ ပြန်ထူးမိ မည်မှာ သေချာသည်။ သို့သော် မြင်ကွင်းမှာ၊ တဖြည်းဖြည်း မှိန်ဖျော့ လျက်၊ မှုန်ဝါး လာတော့၏။

သူမသည် သတိ ထားမိ သော်မှ၊ သူ့ အသွင်အား၊ မှတ်မိမည် မဟုတ်ချေ။ လင်းယွန် တစ်ယောက် မိန်းမောနေ သည်ကို မြင်သော အခါ၊ မုရွယ်လင်မှ ပြုံးလိုက်၏။

“ ဘာလို့ ... သူ့မျက်နှာကို ကြည့်ခွင့် မပေးရတာလဲ ဆိုတာ ... အခု မင်း သိပြီလား။ ”

သို့တိုင် လင်းယွန်မှာ သူမ ပြောသည့် စကားများကို မကြား သကဲ့သို့၊ ငေးငိုင် နေဆဲ ဖြစ်သည်။

“ လင်း ရှောင် ... ၊ လင်းရှောင်။ ”

ထို့ကြောင့် မျက်မှောင် ကြုတ်လျက်၊ လင်းယွန်အား နှစ်ကြိမ် တိုင်တိုင် အော်ခေါ် လိုက် ရ၏။

“ တောင်းပန် ပါတယ်၊ နည်းနည်း စိတ်လွင့် သွားလို့။ ”

“ မင်း အရင်က နတ်သမီး လေးကို မြင်ဖူးလား။ ”

“ မမြင် ဖူးဘူး၊ တစ်ခါမှ မတွေ့ ဖူးဘူး၊ ဒါဆို ... အခုပဲ စလိုက် ရအောင်။ ”

လင်းယွန်မှ ထိုင်ချပြီး၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းကို ထုတ်ယူ လိုက်တော့သည်။ ကူညီ ရမည့် လူသည် ယွဲ့ဝေဝေ ဖြစ်နေ သဖြင့်၊ အချိန် ဖြုန်း စရာ အကြောင်း မရှိချေ။

မုရွယ်လင် တစ်ယောက်၊ ကမ်းလှမ်းမှု များကို ပယ်ဖျက်လိုက် လျှင်ပင်၊ သူမ အတွက် တီးခတ် ရပေမည်။

“ ဒင် ... ။ ”

ဗျပ်စောင်း သံက လျင်မြန်စွာ ထွက်ပေါ် လာသည်။ ကြည့်ရုံ ဖြင့်ပင်၊ ၎င်းအပေါ် စိတ်အား ထက်သန်စွာ လုပ်ဆောင် နေမှန်း မြင်သာသည်။

တီးခတ် လျက်မှ ယွဲ့ဝေဝေထံ တစ်ချက် တစ်ချက် မော့ကြည့် သည်။ လင်းယွန်ကို သတိ ပေးစကား၊ အနည်းငယ် ပြောကြား လိုသော မုရွယ်လင်က မပြော ဖြစ်လိုက်ချေ။

ဗျပ်စောင်း ပေါ်တွင်၊ လက်ချောင်းများ ကခုန်နေ သကဲ့သို့ အရှိန် ပြင်းပြင်းနှင့် ရွေ့လျား နေတော့သည်။ ယင်းကို ကြည့်ကာ၊ သူမ သည်လည်း၊ နစ်မျော သွား၏။

ရေကန် ပေါ်တွင် ကခုန် နေသော ယွဲ့ဝေဝေသည်၊ ကောင်းကင်မှ အလင်း ချည်မျှင် များ ဆင်းသက် လာသဖြင့်၊ တစ်ခုခု မူမမှန် သည်ကို၊ သတိ ပြုမိ လာသည်။

တစ်စုံ တစ်ယောက်သည် ကိုးပါး ကောင်းကင် ချပ်ဝတ်အား တီးခတ် နေခြင်း ဖြစ်ပေမည်။

သို့သော် ၎င်းမှ မည်မျှပင် ကြိုးစားပေး စေကာမူ၊ အဆုံးတွင် သူမ ကကွက် များအား၊ ရှုပ်ထွေး စေရုံသာ ဖြစ်လာ နိုင်မည်။

ဒေါ်လေးနှင့် စီနီယာ အစ်မမှ ထိုအကြံ အစည်ကို စွန့်လွှတ် လိုက်ပြီ ဟုပင်၊ ထင်ထား မိခဲ့သည်။

ယခု ထပ်မံ ကြိုးစား လာပုံ ရ၏။ ယင်းက သူမ အတွက် ကြိုးစားပေး နေမှန်း၊ နားလည်နေ သဖြင့်၊ ငြင်းဆန်ခြင်း မပြု တော့ဘဲ ဗျပ်စောင်း သံနှင့် ပေါင်းစပ်ရန် ကြိုးစား မိသည်။

အစ ပိုင်းတွင် စိတ်၀င် စားခြင်း သိပ် မရှိ ခဲ့ချေ။ သို့သော် သီချင်းသည် သူမနှင့် အံဝင်နေ သည်ကို၊ သတိ ထားမိ လာသည်။

အလင်း ကိုးသွယ် ကောင်းကင်မှ ဖြာဆင်းလျက်၊ ပိတ်စများ သဖွယ် သူမ အပေါ် ဖုံးအုပ် လာ၏။ ထို့ကြောင့် ကောင်းကင် ကိုးပါး အကအား၊ စိတ်ပါ လက်ပါ ထုတ်ဖော် လိုက်မိ တော့သည်။

“ ဒင် ... ။ ”

သူမ နှလုံး ခုန်သံနှင့် ဗျပ်စောင်း သံမှာ၊ ကြိမ်နှုန်း တစ်သားတည်း ဖြစ်တည် လာပြီး၊ နရီ မိသွားသည်။

မိတ်ဆေွ နှင့်၊ ပြန်လည် ဆုံတွေ့လာ သကဲ့သို့၊ ရင်းနှီးသော ခံစားချက်မျိုး ရရှိ လာစေ သည်။ ထို့ကြောင့် ဗျပ်စောင်းရှင်ထံ တစ်ချက် တစ်ချက် ကြည့်မိသည်။

ဆယ်မိုင် အကွာတွင်၊ စိတ်ပါ လက်ပါဖြင့်၊ ကခုန် နေသော ပုံရိပ်ကို မြင်ချိန်၌၊ မုရွယ်လင် တစ်ယောက်၊ ပြုံးရွှင် လာသည်။

“ အောင်မြင်ပြီ ... ။ ”

ဝမ်းသာ အားရနှင့် လင်းယွန်ထံ ပြန်ကြည့် မိ၏။ ဤလူငယ်သည် စစ်မှန်သော ပါရမီရှင် တစ်ပါး ပေပင်။

အုပ်စိုးရှင် နက္ခတ်ကို ပိုင်ဆိုင် ထားရုံ သာမက၊ ဂီတ တာအို ၌လည်း နက်ရှိုင်းသော အမြင်များ ရှိလေသည်။

“ ဒင် ... ။ ”

နောက်ဆုံး နုတ်ကို တီးခတ် ပြီးချိန်၌ လက်ချောင်းများ ဗျပ်စောင်းပေါ် တင်လိုက်ကာ၊ လင်းယွန်က သီချင်း အကြောင်း အနည်းငယ် စဉ်းစား နေ မိသည်။

“ ရော့ သူတော်စင် ဆေးလုံး ... ၊ မင်း အရင် ထွက်သွား နိုင်ပြီ၊ နောက်မှ ကိုးပါး ကောင်းကင် ချပ်ဝတ်ကို၊ အပြည့် အစုံ သင်ပေးမယ်။ ”

“ ကျေးဇူး တင်ပါတယ်။ ”

လင်းယွန်က ကျောက်စိမ်း ပုလင်းကို ယူလျက်၊ ချက်ချင်း ထွက်ခွာ သွားတော့သည်။ လက်ရှိ အချိန်၌ ယွဲ့ဝေဝေနှင့် တွေ့ဆုံရန် အဆင်သင့် မဖြစ် သေးချေ။

“ ဝှစ် ... ။ ”

သူမ အဆင်ပြေ နေသည်ကို သိလိုက် ရသဖြင့်၊ ဝမ်းသာ ရပေသည်။ သူ ထွက်သွားပြီး မကြာခင်၊ ယွဲ့ဝေဝေ ရောက်ရှိ လာ၏။

“ အစ်မ သူက ... လင်းရှောင် မဟုတ်လား။ ”

“ ဘယ်လို သိလဲ။ ”

“ ဒီလိုပဲ ပြောလိုက် တာပါ။ ”

“ တွေ့ ချင် လား ... ။ ”

ယွဲ့ဝေဝေ တစ်ယောက် အောင်မြင်မှု ရရှိ နိုင်သည့် အလား အလာကို မြင်လိုက် ရ သဖြင့်၊ မုရွယ်လင်မှ မေးမိသည်။

သူတို့ အချင်းချင်း တွေ့ဆုံ ခြင်းသည် အကောင်းဆုံး ပေပင်။ နှစ်ဦသား လက်တွဲပြီး လုပ်ဆောင် စရာများ ရှိနေ သေး၏။

“ မလိုတော့ ပါဘူး ... ၊ အခု နည်းလမ်းလည်း အဆင်ပြေ ပါတယ်။ ”

ယွဲ့ဝေဝေက နှင်းပွင့် တစ်ပွင့်ကို လက်ဖဝါးဖြင့် ခံယူလျက်မှ ပြန်ဖြေ လာလေ သည်။

နှင်းပွင့်မှာ သူမ လက်ဖဝါး ပေါ်၌၊ ဖြည်းညှင်းစွာ အရည်ပျော် နေ သည်ကို ကြည့် ပြီး၊ တောက်ပစွာ ပြုံးလိုက် တော့၏။

***

All Chapters