အရှက်မဲ့ သူ ... ။
Vol. 122 Ch. 1701
ယွဲ့ဝေဝေ အတွက် ကိုးပါး ကောင်းကင် ချပ်ဝတ်အား တီးခတ် ပေးနေ သည်မှာ (၇)ရက် ရှိသွားပြီ ဖြစ်သည်။
ထိုရက်များ အတွင်း၊ နောက်ဆုံး စမ်းသပ်မှုကို ခံယူ စရာ မလိုဘဲ၊ ခွဲတမ်း ရရှိ သွားသည့်၊ သူ့ သတင်း ပျံ့နှံ့ နေသည်။
ထိုသတင်းသည် ကောင်းကင် ရနံ့ သင်းသင်းအား၊ အကြီး အကျယ် ရုန်းရင်း ဆန်ခတ် ဖြစ်စေ ခဲ့၏။
လင်းရှောင် ဟူသည် မဟာ အကြီး အကဲ၊ ကျင်းယွီကို ရိုက်နှက်ကာ၊ ကျင်းဖုန်ကို ဒုက္ခိတ ဖြစ်စေ ခဲ့သည် သာမက၊ သူတော်စင် အကြီး အကဲအား၊ မဖွယ် မရာ ပြသ ခဲ့သည်။
ထိုသို့သော လူငယ်သည် အဘယ့်ကြောင့် အခွင့် အရေးများ ရသွား သည်ကို နားမလည်နိုင် တော့ချေ။
အထူး သဖြင့် ရှေးဟောင်း သူတော်စင် မိသားစုမှ လာသော လူငယ်များ အတွက် ဖြစ် သည်။
၎င်းတို့သည် မုရွယ်လင် ရှေ့၌ သူတို့၏ အရည်အချင်း များကို ပြသရန်၊ ကြိုးစား မိခဲ့ ကြသည်။
အမြင် သစ်ဖြင့်၊ သူမ ထံမှ သီးသန့် သင်ကြားခွင့် ရမည့် အချိန်ကို မျှော်လင့် ကြခြင်း ဖြစ်သည်။
သို့သော် လူရိုင်း တစ်ယောက်မှ၊ ထိုအခွင့် အရေးကို ရယူ သွားသည်။ ယင်းက ၎င်းတို့အား စိတ်တည် ငြိမ်မှု ဆုံးရှုံး စေ၏။
လင်းယွန် အတွက်မူ၊ ထိုအချင်း အရာ များကို စိတ် မဝင်စား နိုင်ချေ။ ခွဲတမ်းကို ရရှိပြီး ဖြစ်ရာ၊ အထောက် အထား ဖော်ထုတ် ခံရ မည် အား၊ စိတ် ပူစရာ မလိုတော့ သဖြင့်၊ သူ၏ နေ့ရက် များမှာ၊ တဖြည်းဖြည်း သာယာ လာခဲ့သည်။
ထို့ကြောင့် တစ်ခါ တစ်ရံတွင်၊ နှင်း သူတော်စင် တောင်ပေါ် တက်ကာ၊ ယွဲ့ဝေဝေ အတွက်၊ ဗျပ်စောင်း တီးခတ် ပေးခြင်းမှ လွဲ၍ လုပ်စရာ မရှိ တော့ချေ။
အားလပ်ချိန် များ၌၊ တောင်တန်းများ ပေါ်တွင် လမ်းလျှောက်ပြီး၊ ဆရာ သခင်ပေး သော ဓားရေးအား၊ ဆင်ခြင် မိသည်။
သို့သော် သွေးလွှတ် ကြောများ ပြန်၍ ကောင်းမွန် လာခြင်း မရှိသေး သဖြင့် လက်တွေ့ လေ့ကျင့် နိုင်ခြင်း မရှိ ခဲ့ချေ။
ထိုပြင် ဤဓားရေး၏ သတ်မှတ်ချက်မှာ၊ လောက နိယာမ နယ်ပယ် ဖြစ်ပြီး၊ မြင့်မားသော ဓား ရည်ရွယ်ချက် ရှိသည့် သူ သည်ပင်၊ အရည် အချင်း ပြည့်မီခြင်း၊ မရှိ သလောက် ဖြစ်သည်။
ဓားရေး လေ့ကျင့် မရ သဖြင့်၊ စိတ်စွမ်းအင် တိုးလာ စေရန်၊ နဂါးပြာ ကောင်းကင် ဖျက်သိမ်း ခြင်းအား၊ လေ့ကျင့် မိသည်။
တော်ဝင် သူတော်စင် ဆေးလုံး အကူ အညီကြောင့်၊ သူ့ စိတ်ဝိညာဉ်မှာ ဆဋ္ဌမတန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် အဆင့်သို့၊ ရောက်ရှိ လာ ခဲ့သည်။
သို့သော် စိတ် စွမ်းအင် နည်းစနစ်များ မရှိသဖြင့်၊ အခြေခံ အုတ်မြစ်သည် ရှေးဟောင်း သူတော်စင် မိသားစုဝင် ပါရမီရှင် များကို မမီချေ။
ကံကောင်း စေသည်မှာ၊ ဖီးနစ် အတွေ့နှင့် ဖီးနစ် နှလုံးသား သီချင်း တို့သည်၊ ၎င်းတို့အား ရင်ဆိုင်ရန် လုံလောက် နေသည်။
လက်ရှိ ဘဝသည် တည်ငြိမ် နေသော်လည်း ခဏသာ ဖြစ်သည်။ သူ့ပန်းတိုင်မှာ နိဗ္ဗာန် ခန်းမ ဖြစ်ချေ၏။
သူတို့အား အုပ်စိုးရန် ဆန္ဒ မရှိ သော်မှ၊ မိုးပြာနဂါး မိသားစု ဝင်များ ဟုတ်-မဟုတ် အတည် ပြုရ ပေမည်။
၎င်းတို့၏ ထောက်ခံမှု ရရုံဖြင့်၊ ထျန်ရွှမ်ဇီအား ရင်ဆိုင် ရာတွင်၊ ယုံကြည်ချက် ပို ရှိလာမည် ဖြစ်သည်။ ခွန်လွန်၌ ခိုင်မာသော နောက်ခံ တစ်ခု ရရှိခြင်း မည်သည်။
သို့သော် ပြင်ပ အင်အားစုသည် အဖြေ မဟုတ် သောကြောင့်၊ ဒဏ်ရာများ မြန်မြန် ပြန် ကောင်းလာ စေရန်သာ၊ ဆန္ဒ ရှိသည်။
ကျင့်ကြံခြင်း ဟူသည် ရေဆန်ကို လှန်တက်နေသော လှေဖြင့် တူသည်။ ရပ်လိုက် ပါက၊ ရှေ့သို့ မရွေ့ တော့ဘဲ၊ နောက်ပြန် ရောက် သွားပေ လိမ့်မည်။ ထို့ပြင် သူ့ဘဝ တစ်ခုလုံး၊ ဂီတ တာအို၌ မြှပ်နှံ ထားရန် ဆန္ဒ မရှိချေ။
ဤခေတ်တွင် ထူးချွန်သူ များစွာ ထွက်ပေါ် နေသဖြင့်၊ ရပ်တန့်သွား သူသည် ကျန်ရစ် မည် ဖြစ်သည်။
ကောင်းကင် နှင်းကြာ ပန်းသည် ဒဏ်ရာ အပေါ်၊ အာနိသင် မရှိတော့ သောကြောင့် ကုသ ခြင်းကို၊ ရပ်ထား ရသည်။
အန်းလျူယွင် မှလည်း၊ မည်သည့် အချက် အလက် ကိုမျှ၊ ထပ်မံ မရရှိ သေးသည့် အတွက်၊ သူ လုပ်နိုင်စရာ မရှိ သေးချေ။
တစ်ရက်တွင် ကူကျွင့် နှင့်အတူ စစ်တုရင် ထိုးနေ မိသည်။ ဤရက် အတွင်း သူတို့ ကြား၊ ပဋိပက္ခကို ဖြေရှင်းပြီး ဖြစ်သည်။
ကျင်းယွီကို စော်ကား ထား သဖြင့် ကောင်းကင် ရနံ့ သင်းသင်းရှိ၊ အခြားသော အကြီး အကဲ များကို မစော်ကား ချင်ချေ။
ထို့ကြောင့် အခြား သူများနှင့် ရင်းနှီးသော ဆက်ဆံ ရေးကို လျင်မြန်စွာ ထူထောင် ခဲ့သည်။
မုရွယ်လင်နှင့် ခန်းမ သခင်သည်၊ ဤလင်းရှောင် အပေါ်၊ သက်ရှိ ရတနာ တစ်ပါး ကဲ့သို့၊ သဘော ထားသည် ဟူသော အချက်ကို၊ ကူကျွင့်မှာ သိရှိ ထားသည်။
“ ကောင်လေး ... ၊ မင်း စိတ်တွေ ဘယ်ရောက် နေတာလဲ၊ တော်ဝင် သူတော်စင် ဆေးလုံးတွေ ကုန်သွားပြီ လို့တော့ ... ငါ့ကို မပြောနဲ့။ ”
“ မင်းကို အနိုင် ယူဖို့ တော့ ... လုံလောက် ပါတယ်။ ”
“ ဟား ဟား ဟား ... ၊ ဒါဆို Chess Make ၊ မင်းရှုံးပြီ။ ”
ကူကျွင့်က (Knight) ဖြင့် (Pawn) ကို စားကာ၊ ပြုံးလိုက်သည်။
“ အိုက် ရား ... ။ ”
လင်းယွန် တစ်ယောက် မျက်လုံးပြူး သွား၏။ နောက်ထပ် နှစ်ကြိမ် ရွေ့ရုံဖြင့် ရှုံးနိမ့် သွားပြီ ဖြစ်သည်။
“ ဆယ်ပွဲမှာ ခြောက်ပွဲ အထိ တိုးရအောင်။ ”
လင်းယွန်က စည်းမျဉ်းကို ပြင်သည်။
“ ဆယ်ပွဲမှာ ခြောက်ပွဲ တောင်လား၊ ကောင်လေး မင်း မရှက် ဖူးလား။ ”
ကူကျွင့်မှ နှုတ်ခမ်း တွန့်ကာ ပြုံးလျက် ဆိုသည်။ လင်းယွန်သည် ဂီတ တာအိုတွင် ပါရမီ ရှိ သော်လည်း၊ စစ်တုရင် ကစားသော အခါ အရည် အချင်း မပြည့် မီချေ။
လောင်းကြေး အဖြစ်၊ တော်ဝင် သူတော်စင် ဆေးလုံးအား အသုံးပြုသည်။ ပွဲစ ကစား ချိန်၌၊ တစ်ပွဲနိုင် တစ်လုံး နှုန်းဖြင့်၊ စည်းမျဉ်း သတ်မှတ် ခဲ့သည်။
ထို့နောက် သုံးပွဲလျှင်၊ နှစ်ပွဲ တိတိ နိုင်မှသာ ကူကျင့် အနိုင် အဖြစ်၊ ပြောင်းလဲ ပစ်၏။ ယခုမူ (၁၀) ပွဲလျှင် (၆)ပွဲ နိုင်မှသာ၊ သူ့ အနိုင်ဟု ဆိုလာ ပြန်သည်။
“ အရှက် မဲ့တဲ့ နေရာမှာ ... မင်းက အဆင့် တစ်ပဲ၊ သူတော်စင် အကြီး အကဲက ... ၊ မျက်နှာ သာ ပေးလွန်းတော့၊ အဘိုးကြီး တစ်ယောက် ကိုတောင်၊ အနိုင်ကျင့် ဝံ့လာပြီ။ ”
“ ဟမ့် ... ကိုယ့်အသက် ကိုယ်လည်း ပြန်ကြည့်ဦး ... ၊ အနှစ် (၂၀၀)ကျော် နေပြီ ... ၊ မင်း အသက် အရွယ် ကြီးနဲ့၊ ငါ့ရဲ့ တော်ဝင် သူတော်စင် ဆေးလုံး တွေကို ယူဖို့၊ ဒီလို နည်းလမ်းတွေ သုံးတာလား။ ”
“ အိုး ... ၊ ငါက ဒါကို မင်း အတွက် ... ၊ လုပ်ပေး နေတာပါ အထင် မလွဲနဲ့ ကောင်လေး၊ မင်းက နဂါးသွေး လွှတ်ကြော နယ်ပယ်နဲ့၊ တော်ဝင် သူတော်စင် ဆေးလုံး တွေကို၊ ...
... အသုံးပြု နေရင်၊ လောက နိယာမ နယ်ပယ် ရောက်တဲ့ အခါမှာ၊ မင်း သုံးစရာ ဘာမှ ရှိတော့မှာ မဟုတ်ဘူး။ ”
“ သူတော်စင် ဆေးလုံးတွေ အထက်မှာ ဘာရှိလဲ။ ”
“ ကောင်းကင် အဆင့်တွေ၊ ဒါပေမယ့် သူတို့က သန့်စင်ရ ခက်ပြီး၊ မြင့်မြတ်သော ဝိညာဉ် ရေးရာ ဆရာသခင် တေွသာ သန့်စင် နိုင်တယ်၊ လက်ရှိ နတ်နဂါး ခေတ်မှာ၊ ...
... အဲဒီလို ပညာရှင် တွေက ဧကရာဇ် ထက်တောင် ရှားပါးတယ်၊ ဒါကြောင့် စေသနာ ကို မစော်ကားနဲ့ ကောင်လေး၊ ငါ တကယ် မင်းကောင်းဖို့ လုပ်ပေး နေတာ။ ”
ကူကျွင့်က နိုင်ကြေး အဖြစ်၊ တော်ဝင် သူတော်စင် ဆေးလုံး တစ်လုံးကို ကောက်ယူ ကာ ပြုံးလိုက်ပြီး၊
“ သူတော်စင် အကြီး အကဲက မင်းကို သူတော်စင် ဆေးလုံး နည်းနည်း ထပ်ပေးခဲ့ တယ် ဆိုတာ ငါ ကြားတယ်။ ”
-ဟု ပြောလိုက် တော့သည်။
“ နောက်ထပ် ဘာကြား သေးလဲ ... ။ ”
လင်းယွန်မှ မေးသည်။
“ ကောင်းကင် မူလ ကြေးမုံမှာ ပေါ်ခဲ့တဲ့၊ မင်းရဲ့ လျှို့ဝှက်ချက်။ ”
ကူကျွင့်က မျက်ဝန်း မှေးစင်းလျက်၊ လင်းယွန်ကို စိုက်ကြည့် လိုက်သည်။ လင်းယွန် မှ ပွဲပြန် စရန်၊ ပြင်ဆင် နေသော အရုပ် များကို နေရာ ချလျက်မှ၊
“ မဖြစ် နိုင်တာ ... အဲဒါကို မင်း ဘယ်လို သိနိုင် မှာလဲ၊ သူတော်စင် အကြီး အကဲက သူနဲ့ ရင်းနှီးတဲ့ သူလောက် ကိုသာ ဒီသတင်း ဝေမျှ မှာပေါ့။ ”
-ဟု ဟန်မပျက် ငြင်းလိုက်သည်။
“ ဟား ဟား ဟား ... ၊ ဒီလို မေးလို့ ရမယ်များ ထင်နေလား၊ ငါက ကောင်းကင် ရနံ့ သင်းသင်းမှာ၊ သူတော်စင် အကြီး အကဲ ထက်၊ နေတာ ပိုကြာ ပါတယ်။ ”
“ ဒါဆို ... ပြော ... ။ ”
“ တော်ဝင် သူတော်စင် ဆေးလုံး တစ်လုံး။ ”
“ မင်းက တကယ့်ကို အရှက် မဲ့တဲ့ အဖိုးကြီးပဲ။ ”
လင်းယွန် မျက်နှာ မည်းမှောင် သွား သော်လည်း၊ ဆေးလုံး တစ်လုံးကို ထုတ်ပေးမြဲ ဖြစ်သည်။
“ မင်းမှာ ... အုပ်စိုးရှင် နက္ခတ် ရှိတယ်။ ”
ကူကျွင့်က သူတော်စင် ဆေးလုံးကို သိမ်းဆည်းကာ ပြောပြ လာသည်။ လင်းယွန်က သက်ပြင်း တစ်ချက် ချလိုက် မိ၏။ ယင်းမျှသာ ဆိုက အဆင် ပြေသည်။
“ ဒါဆို ... အဲဒါက တကယ်ပဲ အုပ်စိုးရှင် နက္ခတ်ပေါ့။ ”
လင်းယွန်မှ မငြင်းဆို သည်ကို မြင်သော အခါ၊ ကူကျွင့်က အံ့ဩ သွားသည်။ ထိတ်လန့် မှုမှာ အဆုံး မရှိချေ။
အံ့ဩ သွားသော ကူကျွင့်၏ အမူ အရာကြောင့်၊ ဤကိစ္စ အပေါ် အတိ အကျ မမြင် ခဲ့ကြောင်း၊ နားလည် လိုက်သည်။
“ ပြောပါဦး ... မင်းက ဘယ် အုပ်စိုးရှင် မျိုးနွယ်လဲ၊ အုပ်စိုးရှင် နက္ခတ် တွေရဲ့ အမွေက ကျန်လှတာ မဟုတ်ဘူး ။ ”
“ ကောင်းကင် မူလ ကြေးမုံက ... ၊ မပြောနိုင် ဖူးလား။ ”
လင်းယွန်မှ မဖြေဘဲ ပြန်မေး မိ၏။
“ အဟွတ် အဟွတ် ... ၊ ကောင်းကင် မူလ ကြေးမုံက အကုန် လုံးကို မြင်နိုင် တာပေါ့၊ ငါက ဒီအတိုင်းပဲ မေးလိုက် တာပါ။ ”
ကူကျွင့်က ချောင်းဆိုးပြီး၊ ရှက်ကိုး ရှက်ကန်းဖြင့် စစ်တုရင် ပွဲကို စတင် ခဲ့သည်။ ထပ်မမေး ဝံ့တော့ချေ။ ယင်းက လင်းယွန်ကို တိတ်ဆိတ် သွားစေ၏။
သူ့ နက္ခတ်ကို အပြည့် အ၀ မဖွဲ့စည်း ရသေးဘဲ၊ ကောင်းကင် မူလ ကြေးမုံမှ ပုံဖော် နိုင်စရာ အကြောင်း မရှိချေ။
မုရွယ်လင် မြင်ခဲ့သည် ဟူသော လျှို့ဝှက်ချက်သည် ထိုတစ်ခု တည်းသာ ဖြစ်ပုံ ရ၏။ ထို့ကြောင့် စိုးရိမ် စရာ မရှိချေ။
သူတို့ စကားစမြည် ပြောလျက်၊ ကစား နေစဉ်၊ လောရှုရီ တစ်ယောက် အပြေး အလွှား ဝင်ရောက် လာ သည်။ သူမ မျက်နှာ ပေါ်တွင် စိုးရိမ်မှု အချို့ ရှိနေ၏။
“ မိန်းကလေး လော ... ဘာဖြစ် လာတာလဲ။ ”
လင်းယွန်မှ မေးမိသည်။
“ ခမ်းနားသော ရုံးတော် ရောက်နေတယ်။ ”
လောရှုရီမှ ဖြစ်ပျက် နေသည် များကို၊ ချက်ချင်း ပြောပြ လိုက်သည်။ ကောင်းကင် ရနံ့ သင်းသင်းအား၊ ခမ်းနားသော ရုံတော်မှ လာရောက် စိန်ခေါ် နေခြင်း ဖြစ်၏။
ယင်းမှာ တပည့် များကြား ပြိုင်ဆိုင်မှု ဖြစ် သော်လည်း၊ ရလဒ်သည် ဂိုဏ်း၏ ဂုဏ် သိက္ခာ ဖြစ်ပေမည်။
“ ဂီတ အိမ်လေးလုံး ထဲက ... တစ်လုံး ဖြစ်တဲ့၊ ကောင်းကင် ရနံ့ သင်းသင်း အနေနဲ့ ... ၊ ဒါကို ဖြေ မရှင်း နိုင်ဖူးလား။ ”
လင်းယွန်မှ မေးသည်။
“ အရင် ကတော့ ဟုတ်တယ်။ ”
ကူကျွင့်မှ ပြုံးလျက် ဝင်ဖြေ၏။
“ အခုချိန် မှာတော့ ... ၊ ကောင်းကင် ရနံ့ သင်းသင်းက၊ ဂီတ အိမ်လေး လုံးရဲ့ အောက်ခြေ အဆင့်မှာ ရောက်နေပြီ၊ ယွဲ့ဝေဝေ မရောက်ခင် ကဆို၊ နှစ်တစ်ရာ လောက် ကြာတယ်၊ ငါတို့မှာ တော်ဝင် နတ်သမီးလေး တောင် မရှိ ခဲ့ဘူး၊ ဒါကြောင့် မုရွယ်လင် ရောက်လာ တာပဲ၊ ...
... ဒါက အဓိပ္ပါယ် ရှိပါတယ်၊ ငါတို့ရဲ့ ကောင်းကင် ရနံ့ သင်းသင်း ဆိုတာ အခြား ဂီတ အိမ် သုံးလုံးထက် ပို ထူးခြားတယ်၊ ဒီနေရာ ကတောင် ... ဌာနခွဲ တစ်ခုပဲ မဟုတ်လား။ ”
ကူကျွင့်မှ (Queen)ကို ကောက် ကိုင်လျက်၊
“ ခမ်းနားသော ရုံးတော် ဆိုတာ ကလည်း၊ အားနည်းသူ မဟုတ်ဘူး၊ ဂီတအိမ် လေးလုံးကို၊ မျက်စိ ကျနေတာ ကြာပြီ၊ အခု နိဗ္ဗာန် ပွဲတော် နီးလာတော့ သူတို့ ထွက်လာတာ နေမယ်။ ”
-(G7) သို့ ချလိုက်သည်။
လင်းယွန်မှ ကူကျွင့် တစ်ယောက် အဘယ့်ကြောင့် ပြုံးနေ သည်ကို မသိ သဖြင့်၊ စိုက်ကြည့် လိုက်မိသည်။
“ ကြည့်ရတာ ... သူတော်စင် အကြီး အကဲက ... မင်းကို သူတို့နဲ့ ရင်ဆိုင် စေချင် ပုံပဲ၊ မဟုတ်ရင် နတ်သမီး လေးကို ... လွှတ်ပြီး ယှဉ်ပြိုင် ခိုင်းရ တော့မယ်။ ”
ကူကျွင့်က သူ့ အကြည့်ကို ဂရု မစိုက်ဘဲ၊ ဆက်ပြော လာသဖြင့်၊ လင်းယွန်မှ လောရှုရီထံ လှည့်ကြည့်သည်။
“ ..... ။ ”
“ ဟုတ်တယ် တကယ် လို့သာ ... ဒီအရှုပ် အထွေးကို နတ်သမီး လေးက ရှင်းရမယ် ဆိုရင်၊ သခင်လေး လင်း စားထားတဲ့ ဆေးလုံး တွေကို ပြန်အန် ထုတ်ပေး ပါတဲ့။ ”
လောရှုရီက တိုးတိုးလေး ပြန်ဖြေ၏။ ထိုစကားကို ကြားသော အခါ၊ ကူကျွင့်မှ ပြုံး လေသည်။
“ သခင်လေး လင်း၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ တပည့်ကြီး၊ ဒီမှာ မရှိ သေးဘူး၊ ငါတို့ အခု မင်းကိုပဲ အားကိုး ရတော့မယ်။ ”
လောရှုရီက ရှင်းပြသည်။
“ လိုက်သွား ... မင်းက ကောင်းကင် ရနံ့ သင်းသင်းရဲ့ အမြင်မှာ အပြစ် သားပဲ၊ အခု အဲဒီ အပြစ် တွေကို၊ ပယ်ဖျက် လာခဲ့၊ အိုး ... နေဦး ဒီပွဲလည်း မင်း ... ရှုံးပြန်ပြီ။ ”
လင်းယွန် မှာမူ၊ စားထား သမျှကို ပြန်အန်ရန်၊ မဖြစ်နိုင် သောကြောင့်၊ ချက်ချင်း ထလိုက် သွားရ တော့သည်။
***