အရမ်း ... ရက်စက်တယ်။
Vol. 122 Ch. 1702
ကောင်းကင် ရနံ့ သင်းသင်း တွင် တောင်ပေါင်း (၃၆)လုံး ရှိပြီး၊ တိမ်လွှာ မွှေးရနံ့ တောင် သည်လည်း၊ အပါ အဝင် ဖြစ်၏။
သာမာန် အချိန် များ၌ ဤနေရာတွင်၊ လူသူ ကင်းရှင်း နေတတ်၏သည်။ ယနေ့မူ လူအများ စည်ကား သိုက်မြိုက် နေ၏။
လင်းယွန်အား ခေါ်ဆောင်ကာ၊ လောရှုရီက တောင်ပေါ် ဆင်သက်ပြီး၊ နန်းဆောင်ထဲ ဝင်လာ သည်။
“ လင်းရှောင် လား ... ။ ”
“ သူက ဘာအတွက် လာတာလဲ ... ။ ”
“ အခုထိ သူ့ဂီတကို မပြသ ရသေးတဲ့၊ အရိုင်းအစိုင်း တစ်ယောက်ကို ဂိုဏ်းက၊ ဘာလို့ များ ခွဲတမ်း ပေးရ ပါလိမ့်။ ”
စိတ်ဓာတ် ကျနေပြီ ဖြစ်သော၊ တပည့် များက လင်းယွန်ကို မြင်သော အခါတွင် ဒေါသ ထွက်လာ ကြသည်။
ဂီတ စွမ်းရည်များ မပြသဘဲ၊ တိုက်ရိုက် ခွဲတမ်း ရရှိသည့် အပေါ် မကျေနပ် ကြ သည်မှာ၊ သဘာဝ ပေပင်။
ပတ်ဝန်းကျင်ရှိ အမုန်း တရား များကို ခံစားလိုက် ရသော လင်းယွန် သည်လည်း၊ သိပ် အဆင် မပြေ လှချေ။
“ လင်းရှောင် ... မင်း ဒီကို ဘာလာ လုပ်တာလဲ။ ”
လူအုပ် အတွင်းမှ တိုးထွက် လာသော ကျန်းမူက၊ လင်းယွန်ကို မြင်ချိန်၌ လမ်းပိတ်ကာ ရပ်မေး လိုက်သည်။
သူ့ နောက်တွင်၊ အခြားသော ရှေး သူတော်စင် မိသားစု ဝင်များ လိုက်ပါ လာသည်။ ၎င်းတို့ အားလုံး မျက်နှာများ ဖြူဖျော့လျက် ဒဏ်ရာများ ရရှိ ထား၏။
တိုက်ပွဲ၌ ရှုံးနိမ့် သွားပုံ ပေပင် ။
“ သခင်လေး လင်းက ... ကူညီဖို့ လာတာ။ ”
လောရှုရီက ပြန်ပြောသည်။
“ သူလား ... ငါတို့ သုံးယောက်တောင် ရှုံးသွားတာ၊ ဒီလူရိုင်းက ဘာများ လုပ်နိုင်မှာ မို့လဲ။ ”
ကျန်းမူက အထင် သေးစွာ ပြောသည်။ လင်းယွန်မှ စကား တစ်ခွန်မျှ မဆိုဘဲ၊ တစ်ဖက် လူအား တွန်းဖယ်လျက်၊ ဆက်ဝင် လာမိ၏။
ကျန်းမူက လင်းယွန် နောက် ကျောအား အေးစက်စွာ လိုက်ကြည့်သည်။ ဤလူ အတွက် သူ၏ ရန်လို မှုသည် နက်နဲ ချေ၏။
သူ့ အခွင့် အရေးကို၊ ခိုးယူ သွားသူ တစ်ဦး အပေါ်၊ မကြည်ဖြူ နိုင်သည်မှာ သဘာဝ ပေပင်။ မုရွယ်လင် ထံမှ လမ်းညွှန်မှုကို တစ်ဦးတည်း ရရှိ ပါက၊ ယနေ့ ရှုံးမည် မဟုတ်ချေ။
“ လိုက် ကြည့် ရ အောင် ... ။ ”
သုံးယောက်သား မျက်နှာများ မည်းမှောင်လျက်၊ ခန်းဆောင် အတွင်း လှည့် ဝင်လာ ခဲ့သည်။
နန်းဆောင် အတွင်း၌ လင်းဝမ်မှာ၊ အမျိုးသမီး တစ်ဦးနှင့် တိုက်ခိုက် နေ၏။ သူမ ပြိုင်ဘက်မှာ ပုလွေကို မှုတ်လျက် ဂုဏ်ယူစွာ ပြုံးသည်။
“ သူမက ခမ်းနားသော ရုံးတော်ရဲ့၊ ထက်မြက်တဲ့ တပည့် တစ်ဦးပဲ၊ သူမရဲ့ စိတ် စွမ်းအင်က ဆဌမတန်း အထွတ် အထိပ်မှာ ရှိတယ်၊ အရိယာ အသံ ကိုလည်း၊ ဆုပ်ကိုင် ထားနိုင်တယ်။ ”
လောရှုရီမှ ရှင်းပြသည်။ လင်းယွင်က ခေါင်းညိတ် လိုက်၏။ လင်းဝမ် ဟူသည် ရှေး သူတော်စင် မျိုးနွယ်မှ မဟုတ် သော်လည်း၊ ကောင်းကင် မှတ်စု ဂိုဏ်းမှ တပည့်ကြီး ဖြစ်သည်။
ထို့ကြောင့် ပြိုင်ဘက်၏ ပလွေ သံကို ဗျပ်စောင်းဖြင့်၊ ကောင်းမွန်စွာ တုန့်ပြန် နိုင်ခဲ့ လေသည်။
“ ဒင် ... ။ ”
အစွမ်း ထက်သည့် နုတ် များကို တီးခတ် နေသဖြင့်၊ အမျိုးမျိုးသော ဖြစ်စဉ်များ ထွက်ပေါ် လာသည်။
ထိုစဉ် ပလွေသံသည် ကြောက်မက်ဖွယ် ကောင်းသော ကြက်သွေးရောင် မြွေများ အဖြစ် ထင်ရှား လာ၏။
အဆင်းမှာ လှပပြီး ကျက်သရေ ရှိသော်လည်း၊ အဆိပ် ရှိနေ သည်မှာ သဘာဝ ပေပင်။
တစ်ဖက်တွင် ထိုတိုက်ပွဲကို တည်ငြိမ်စွာ ကြည့်နေသော မျက်နှာစိမ်း တစ်စု ရှိနေသည်။ ခမ်းနားသော ရုံးတော်မှ အကြီးအကဲ အချို့နှင့် တပည့်များ ဖြစ်၏။
လူအုပ် အတွင်း၊ ခရမ်းရောင် ဝတ်ရုံနှင့် ထူးထူး ခြားခြား ဖြစ်နေသော လူငယ် တစ်ဦးကို လင်းယွန်မှ သတိထား မိသည်။
၎င်းမှ ထုတ်လွှတ်သော စိတ်စွမ်းအင်သည် သတ္တမ တန်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်ချေ၏။
“ အဲဒီ လူက ခမ်းနားသော ရုံးတော်ရဲ့ အသန်မာဆုံး မျိုးဆက်သစ် ရှတောင်ဖေး ပဲ၊ သူက နတ်သမီး လေးကို စိန်ခေါ် နေတာ။ ”
လောရှုရီက ဆက်ပြောသည်။ နှစ်ဦးသား စကား ပြောနေစဉ် ခမ်းနားသော ရုံးတော်မှ လူ များက၊ သတိ ထားမိ လာသည်။
ဤလူ ရောက်လာ ချိန်၌ လူအုပ်ကြီး ရှဲသွား ခဲ့သည်။ ထို့ကြောင့် လင်းယွန် အပေါ် အာရုံစိုက် မိကုန်၏။
“ သူက ဘယ်သူလဲ ... ၊ ဒီရက်ထဲ ကောင်းကင် ရနံ့ သင်းသင်းက၊ တပည့် အသစ် လက်ခံ ခဲ့တာ လား။ ”
“ မသိဘူး ... ။ ”
တပည့် ငယ်များ အချင်းချင်း ဆွေးနွေး နေကြစဉ် ရှတောင်ဖေးက၊
“ ကျန်းမူလို ... ရှေးဟောင်း သူတော်စင် မိသားစုရဲ့၊ ပါရမီရှင်တွေ ကိုတောင်၊ အနိုင်ယူ ထားတာ၊ သူက ဘာမို့လဲ။ ”
-ဟု အေးစက်စွာ ပြောလိုက်သည်။
“ မှန်တယ် ... အစ်ကိုကြီး ပြိုင်ဘက်က၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်သမီး လေးပဲ၊ တခြားလူ မရှိဘူး ။ ”
“ သူတို့ကို ပြတ်ပြတ် သားသား အနိုင်ယူ ပြလိုက်၊ ဒါမှ ... နိဗ္ဗာန် ပွဲတော် တက်ရောက်ဖို့ သူတို့ အဆင့် မမီဖူး ဆိုတာ သိကြမှာ။ ”
ခမ်းနားသော ရုံးတော်သည် ၎င်းတို့၏ စကားသံ များကို ထိန်းကွပ်ခြင်း မရှိ ကြချေ။ ယင်းကြောင့် လူတိုင်း ကြားလိုက် ရသည်။
နတ်သမီးလေး ဟူသည် ယွဲ့ဝေဝေ ဖြစ်သဖြင့်၊ လင်းယွန် မျက်နှာမှာ အေးစက် လာတော့၏။
“ ဒါက ... မင်းရဲ့ အကောင်းဆုံး စွမ်းရည် ဆိုရင် ... ၊ ပွဲကို အဆုံးသတ် လိုက်တော့မယ်။ ”
ခမ်းနားသော ရုံးတော်၏ တပည့်မက၊ ပလွေကို နှိမ့်ချကာ၊ လင်းဝမ်အား ကြည့်ပြီး ပြော လိုက်သည်။
“ ကောင်းပြီ ... မင်း ဘယ်လောက် စွမ်းလဲ ကြည့်ပါရစေ။ ”
လင်းဝမ်မှ မကြောက် မလန့် ပြန်ဖြေ၏။
“ ဟမ့် ... ။ ”
ခမ်းနားသော ရုံးတော် တပည့်မက၊ ကောက်ကျစ်စွာ ပြုံးလျက်၊ ပလွေကို နှုတ်ခမ်း ဆီသို့ ပြန်တင် သည်။ ပလွေသံသည် အဆိပ်မြွေ တစ်ကောင် အဖြစ်၊ ထွက်ပေါ် လာ၏။
မကြာမီ မြွေများက၊ လင်းဝမ် ထံသို့ ပျံသန်းလာ တော့သည်။ မရေ မတွက် နိုင်သော မျှားသဖွယ် ဖြစ်သည်။
သူမ အမည်မှာ လန်ဟောင်ယန် ဖြစ်ပြီး၊ ရှတောင်ဖေး အောက် အသန်မာဆုံး တပည့်မ ပေပင်။ ပလွေနှင့် တိုက်ခိုက် ရာ၌ များစွာ အတွေ့ အကြုံ ရှိကြောင်း၊ မြင်သာ ၏။
သို့သော် တိုက်ဆိုင် စွာပင်၊ လင်းဝမ် သည်လည်း၊ အရှေ့ဘက် ပျက်စီးခြင်း နန်းတော် မှ ထွက်လာသူ ဖြစ်သဖြင့်၊ မညံ့ လှချေ။
ထို့ကြောင့် မြွေများကို ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့သည်။ သူမ ပုံသဏ္ဍာန်မှာ စာရွက် တစ်ရွက် ကဲ့သို့ ရွေ့လျား နေပြီး၊ လန်ဟောင်ယန်ကို တန်ပြန် တိုက်စစ် ဆင် နေခဲ့၏။
လန်ဟောင်ယန်ကို ခက်ခဲသော အနေ အထား ချက်ချင်း ကျရောက် သွားစေသည်။ များမကြာခင် မြွေများ ပျက်စီး သွား၏။
ပလွေ သံ၌ အားနည်းချက်များ ဖြစ်ပေါ်လာကာ၊ လန်ဟောင်ယန်၏ ရောင်ဝါ၊ ဖရိုဖရဲ ဖြစ်ကုန်သည်။
“ အစ်မ လင်း ... နိုင်တော့တယ်။ ”
“ နောက်ဆုံးတော့ ... ငါတို့ တစ်ပွဲ ပြန်နိုင်ပြီ။ ”
ကောင်းကင် ရနံ့ သင်းသင်း၏ တပည့် များမှာ၊ စိတ်လှုပ်ရှား လာတော့သည်။ ကျန်းမူ တို့ကြောင့်၊ ရှုံးပွဲ (၃) ကြိမ် ကြုံထား ရသဖြင့်၊ ခေါင်းမဖော် နိုင်ခဲ့ချေ။
သို့သော် လင်းယွန်မှာ မျက်မှောင် ကြုတ်လိုက် မိသည်။
“ ဘာမှား လို့လဲ။ ”
ပြုံးရွှင် လာသော လောရှုရီမှာ၊ ထိုအချင်းအရာကို မြင်ပြီး၊ စိုးရိမ် သွားသည်။
“ စိုးရိမ် ရတယ်။ ”
နတ်နဂါး မျက်လုံး များကို အသုံး ပြုကာ ပြန်ဖြေ၏။ သံသယ ဖြစ်ဖွယ် တစ်စုံ တစ်ရာကို သတိ ပြုမိ လိုက်သည်။
“ မကောင်း တော့ဘူး။ ”
လန်ဟောင်ယန်၏ ပလွေ အိုး အတွင်းမှ ကြက်သွေးရောင် အငွေ့ အချို့ ထွက်လာကာ၊ လေထုထဲ ပျော်ဝင် ကုန်သည်။
“ အဆိပ် ... ။ ”
တိုက်ပွဲတွင် အဆိပ် မသုံးရ ဟူသော တားမြစ်ချက်ကို သတ်မှတ် မထား သဖြင့်၊ အပြစ် ဆိုဖွယ် မရှိချေ။
သို့သော် မျက်နှာချင်းဆိုင် တိုက်ပွဲ များတွင်၊ ကြိုတင် သတိ ပေးခြင်း မရှိဘဲ၊ အဆိပ် သုံးခြင်း သည်၊ စက်ဆုပ်ဖွယ် ကောင်းချေ၏။
“ ဝေါ့ ... ။ ”
ရုတ်တရက် လင်းဝမ် ခမျာ၊ စွမ်းအားမဲ့ သွားပြီး၊ ပါးစပ်မှ သွေးများ စီးထွက် လာသည်။ ထွေးထုတ် လိုက်သော သွေးများမှာ မည်းနက် နေ၏။
“ အစ်မ လင်း ... ။ ”
“ ပြီးပြီ ... ။”
ကောင်းကင် ရနံ့ သင်းသင်းမှ တပည့်များ အားလုံး ထိတ်လန့်စဉ်၊ ရှတောင်ဖေးက ပြုံးကာ မှတ်ချက် ပေးလာသည်။
မြွေများက လင်းဝမ်ကို ကိုက်မိ ကုန်၏။ ယင်းကို ကျေနပ်ပုံ မရသော လန်ဟောင်ယန်က ပေတစ်ရာ ရှည်သော မြွေတစ်ကောင် ထပ်မံ ဖန်တီးကာ၊ လင်းဝမ်ကို မျိုချ စေသည်။
“ မလုပ် နဲ့ ... ။ ”
“ ဝှစ် ... ။ ”
လောရှုရီမှ အော်ဟစ် လိုက်သည်။ သူမ အော်သံ မဆုံးခင် လင်းယွန်မှာ ဘေးမှ ထွက်ခွာ သွားပြီ ဖြစ်၏။
“ ဝူး ... ။ ”
လင်းဝမ် ပခုံးကို ဆုပ်ကိုင်လျက်၊ လက် ဝှေ့ယမ်းကာ၊ မြွေကြီးအား ဖယ်ရှား ပစ်လိုက် လေသည်။
“ ဂျိန်း ... ။ ”
မိုးခြိမ်း သံများ မြည်ဟည်းလျက်၊ နဂါး လက်ကြီး တစ်ဖက် ပေါ်လာကာ၊ မြွေတိုင်းကို ကြိတ်ချေ သွားတော့၏။
ကောင်းကင်မှ ကြက်သွေးရောင် မိုးရေ စက်များ ကျဆင်း လာသည့် ဖြစ်စဉ်ကြောင့်၊ တိုက်ပွဲ ခဏ ရပ်သွားသည်။
“ မင်းက ... အမျိုး သမီး တစ်ယောက် ဖြစ်ပြီး၊ ရက်စက် လွန်းတယ်၊ အနိုင်ရ ပြီးတာ တောင် ... လူသတ်ဖို့ ကြံရွယ် ဝံ့သလား။ ”
လင်းယွန် စကားကြောင့်၊ လန်ဟောင်ယန် အပါအဝင် ခမ်းနားသော ရုံးတော်မှ အဖွဲ့ဝင်များ မျက်နှာ ပျက်ယွင်း ကုန်တော့၏။
***